#World_Health
Published 21 April 2026

■ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်းက ဦးနှောက်အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေပါတယ်။

■ မရှိမဖြစ် အာဟာရဓာတ်တွေကြွယ်ဝတဲ့ အစားအစာတွေက ဦးနှောက်သို့ သွေးရောက်ရှိမှုကောင်းမွန်စေကာ စိတ်အခြေအနေ တိုးတက်စေပါတယ်။

■ မက်ဒီတာရေးနီးယန်း စားသောက်ပုံစံနဲ့ သွေးတိုးတားဆီး စားသောက်ပုံစံ ရောစပ်ထားတဲ့ MIND စားသောက်ပုံစံက ဖိစီးရောင်ရမ်းမှုတွေ လျှော့ချပေးကာ အမိုင်းလွိုက်အနည်တွေ စုပြုံခြင်းမှ လျှော့ချပေးပါတယ်။

■ MIND စားသောက်ပုံစံနဲ့ အနီးစပ်ဆုံး ကျင့်ကြံသူတွေဟာ ဦးနှောက်အိုမင်းရင့်ရော်ခြင်း ၂ နှစ်ခွဲလောက် နှေးစေတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

■ အသက်အရွယ် ရလာတဲ့အခါ ဦးနှောက်စွမ်းဆောင်မှုအတွက် အရေးကြီးတဲ့ မီးခိုးရောင်ဦးနှောက်အစိတ်အပိုင်းတွေ ကျုံ့သွားတတ်ပြီး MIND စားသောက်ပုံစံ စားသူတွေမှာတော့ မီးခိုးရောင်သား ဆုံးရှုံးမှု များစွာလျော့နည်းသွားတာ တွေ့ရပါတယ်။

■ ဒါ့အပြင် ဦးနှောက်အခန်းတွေ ကျုံ့သွားခြင်းကိုလည်း လျှော့ချပေးသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ပရိုးတိန်းတွေက ဦးနှောက်အိုမင်းမှုနှုန်းကို နှောင့်နှေးစေပါတယ်။

■ MIND စားသောက်ပုံစံ စတင်ကျင့်ကြံမယ်ဆိုရင် ပထမဆုံးအနေနဲ့ မက်ဒီတာရေးနီးယန်းနဲ့ သွေးတိုးတားဆီး စားသောက်ပုံစံတို့ ပေါင်းစပ်စားသုံးဖို့ကို နားလည်သင့်ပါတယ်။

■ အစိမ်းရင့်ရောင်အရွက်နဲ့ အခြားဟင်းရွက်များ၊ ဘယ်ရီသီးများ၊ အခွံမာသီးများ၊ အုတ် ဂျုံ ပြောင်း ဆန်၊ ငါး၊ ပဲကြီး၊ သံလွင်ဆီတို့ကို ဦးစားပေးစားသုံးသင့်ပါတယ်။

■ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို လျှော့ချပြီး ရေဓာတ်ပြည့်ဝအောင် နေထိုင်ရပါမယ်။

■ အချုပ်ဆိုရရင် အာဟာရဓာတ်မြင့်မားသော အစားအစာ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ကောင်းကျိုးပြုအဆီများ၊ အမျှင်ဓာတ်တို့က ဦးနှောက်အိုမင်းခြင်းကို လျော့နည်းစေပါတယ်။

Source: NDTV.