#World_News
Published 02 April 2026
■ အီရန်ခေါင်းဆောင်သစ် မော့တာဘာခါမေနီက အီရန်ဟာ သူတို့ရဲ့ အာဇာနည်ခေါင်းဆောင်တွေ လမ်းကြောင်းအတိုင်း ဆက်လျှောက်မှာဖြစ်ပြီး အမေရိကန်-အစ္စရေးလ် ရန်သူတွေကို ဆက်လက်ခုခံသွားမယ်လို့ X ဆိုရှယ်မီဒီယာမှာ ဖော်ပြလိုက်ပါတယ်။
■ အစ္စလာမ်တော်လှန်ရေး အစောင့်တပ်ဖွဲ့များ(IRGC)နဲ့ ဟစ်ဇ်ဘိုလာတို့မှ စစ်ရေးပုဂ္ဂိုလ်ကြီးများကိုလည်း လေးစားဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။
■ အမေရိကန်နဲ့ အစ္စရေးလ်တို့ကို အစ္စလာမ်တို့ရဲ့ အဆိုးရွားဆုံးရန်သူများအဖြစ် သတ်မှတ်ကာ အမေရိကန်နဲ့ ရက်စက်တဲ့ ဇီယွန်ဝါဒီအစိုးရတို့နဲ့ ရင်ဆိုင်နေရခြင်းက အာဇာနည်ခေါင်းဆောင်ရဲ့ ထင်ရှားတဲ့လက္ခဏာတစ်ခုအဖြစ် ဖော်ပြပါတယ်။
■ ဒီနောက် အင်မမ်ခါမေနီရဲ့ လမ်းစဉ်၊ အီရန်ရဲ့ မူဝါဒလမ်းစဉ်တို့ကိုလိုက်ပါပြီး အမေရိကန်နဲ့ ဇီယွန်တို့ကို ဆက်လက်တော်လှန်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
■ ဒါ့အပြင် မော့တာဘာခါမေနီက ဟစ်ဇ်ဘိုလာနဲ့ IRGC တို့မှ ခေါင်းဆောင်များကိုလည်း လေးစားကြောင်း ပြသသွားပါတယ်။
■ အမေရိကန်၊ အစ္စရေးလ် တိုက်ခိုက်မှုများအတွင်း ကျဆုံးခဲ့တဲ့ ဟာဆန်နက်စ်ရယ်လာ၊ ဟာရှမ်ဆာဖက်ဒင်း၊ ကာဆန်ဆိုလေမာနီတို့ကို ရည်ညွှန်းချင်တာ ဖြစ်ပါတယ်။
■ ဒီလိုခေါင်းဆောင်တွေ အသက်ပေးခဲ့တာဟာ အမေရိကန်နဲ့ ဇီယွန်တို့ကို ခုခံတော်လှန်တဲ့လမ်းကြောင်း တရားမျှတမှန်ကန်မှုရဲ့ သက်သေအဖြစ် ရပ်တည်နေတယ်လို့ ရေးထားပါတယ်။
Source: WION
#World_Health
Published 02 April 2026
■ အစိမ်းရောင်ဟင်းရွက်အုပ်စုက အစာအိမ်အူလမ်းကြောင်းအတွက် အကျိုးအာနိသင် ရစေတယ်လို့ လူအများ သဘောတူလက်ခံထားကြပါတယ်။
■ ဟင်းနုနွယ်၊ ကိုက်လံတို့လို အရွက်တွေဆိုရင် ပရီဘိုင်အိုတစ်ဒြပ်ပေါင်းများ ပါဝင်ပြီး ပရီဘိုင်အိုတစ်တွေနဲ့ ပရိုဘိုင်အိုတစ်တို့ ပေါင်းစပ်ပါဝင်ခြင်းက ပိုးမွှားစနစ် ညီညွတ်မျှတစေကာ အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ်တို့ကို ကောင်းမွန်စေပါတယ်။
■ အစိမ်းရောင်အရွက်တွေမှာ ပါဝင်တဲ့ ဆာလ်ဖိုကွီနိုဗို့စ်ဆိုတဲ့ အပင်သကြားဓာတ်က အကျိုးပြုဘက်တီးရီးယားတွေကို ထောက်ပံ့ကူညီပေးကြောင်း အစာအိမ်လမ်းကြောင်းပညာရှင် အယ်လစ်ဆာဆင့်ဆမ်က ပြောပါတယ်။
■ အစိမ်းရောင်အရွက်တွေမှာ ပါဝင်တဲ့ လူတိန်းက မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပေမယ့် အူလမ်းကြောင်းထဲက ဘက်တီးရီးယားပါဝင်မှုကိုလည်း မြင့်မားစေပါတယ်။
■ ကိုက်လံ၊ ဟင်းနုနွယ်၊ ဂေါ်ဖီ၊ အာရူဂူလာ၊ သကြားမုန်လာရွက်တို့မှာ အမျှင်ဓာတ်ပါဝင်သဖြင့် အစာကြေစေတဲ့အပြင် သွေးတွင်းသကြားဓာတ် ထိန်းညှိပေးပါတယ်။
■ အစိမ်းရောင်အရွက်တွေက အူလမ်းကြောင်းနဲ့ ဦးနှောက်ဝင်ရိုးကို အကူအညီပေးတာကြောင့် ဦးနှောက်ကျန်းမာရေးကိုလည်း အကျိုးပြုစေနိုင်ဖွယ် ရှိပါတယ်။
■ အပင်အခြေပြုစားစရာများနဲ့ အချဉ်ဖောက်စားစရာများ စားသုံးခြင်း၊ ဖိစီးမှုလျှော့ချခြင်း၊ ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်း၊ တက်ကြွလှုပ်ရှားခြင်းတို့ဖြင့် အူလမ်းကြောင်းကျန်းမာရေး တိုးတက်စေနိုင်ပါတယ်။
■ အစိမ်းရောင်ဟင်းရွက်များပါဝင်တဲ့ ဟင်းတွေကို ပေါင်းစပ်စားသုံးပေးဖို့ အကြံပြုထားပါတယ်။
Source: Eating Well
#World_Health
Published 02 April 2026
■ စိတ်အပန်းဖြေတဲ့အနေနဲ့ အသုံးပြုကြတဲ့ ဆေးတွေဟာ လေဖြတ်ခြင်းအန္တရာယ်ကို နှစ်ဆကျော်ပိုများစေတယ်လို့ တွေ့ရှိထားပါတယ်။
■ လူပေါင်းသန်း ၁၀၀ ကျော်ထံမှ ဆေးဘက်ဆိုင်ရာ အချက်အလက်များကို ဆန်းစစ်ကြည့်ရာမှာ ဆေးမသုံးသူတွေနဲ့ယှဉ်ရင် အမ်ဖတမင်းသုံးစွဲသူတွေက လေဖြတ်နိုင်ခြေ ၁၂၂ ရာခိုင်နှုန်း ပိုများပြီး ကိုကိန်းအသုံးပြုသူတွေကတော့ ၉၆ ရာခိုင်နှုန်း ပိုများပါတယ်။
■ ဆေးရွက်ကြီးအသုံးပြုသူတွေမှာလည်း ၃၇ ရာခိုင်နှုန်းကျော် ပိုများနေကာ ဘိန်းစွဲသူတွေမှာတော့ လေဖြတ်နိုင်ခြေ ပိုများစေတဲ့ အထောက်အထားမျိုး မတွေ့ခဲ့ပါဘူး။
■ အသက် ၅၅ နှစ်အောက်တွေမှာ အမ်ဖတမင်းသုံးစွဲသူတွေက လေဖြတ်နိုင်ခြေ ၃ ဆနီးပါးပိုများပြီး ကိုကိန်းနဲ့ ဆေးရွက်ကြီးအသုံးပြုသူတွေမှာတော့ ၉၇ ရာခိုင်နှုန်းနဲ့ ၁၄ ရာခိုင်နှုန်းအသီးသီး ပိုများနေပါတယ်။
■ ဦးနှောက်ထဲက သွေးကြောတွေ ပိတ်ဆို့ပေါက်ထွက်သဖြင့် လေဖြတ်ခြင်းအခြေအနေ ဖြစ်ကြရပြီး အင်္ဂါချို့ယွင်းခြင်းနဲ့ အသက်ဆုံးပါးသည်အထိ ဆိုးရွားစေနိုင်ပါတယ်။
■ ဒီလိုဆေးတွေက သွေးပေါင်ချိန်တိုးခြင်း၊ သွေးကြောများကျဉ်းစေခြင်း၊ သွေးခဲခြင်း စတာတွေဖြစ်စေပြီး လေဖြတ်ခြင်းကို ဖြစ်စေပါတယ်။
■ တရားမဝင်ပစ္စည်းတွေနဲ့ မူးယစ်ဆေးများ သုံးစွဲမှုမြင့်တက်လာခြင်းက ကမ္ဘာတဝှမ်းမှာ အများပြည်သူကျန်းမာရေး စိုးရိမ်စရာ ဖြစ်လာပါတယ်။
■ လေဖြတ်ခြင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က နေထိုင်စားသောက်မှုပုံစံများဖြင့် ကာကွယ်နိုင်ပြီး အာဟာရမျှတစွာ စားသုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း၊ ဆေးလိပ်အရက်ရှောင်ရှားခြင်း၊ မူးယစ်ဆေး ရှောင်ရှားခြင်းတို့ဖြင့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: The Guardian
NAYPYITAW, April 1
Myanmar's Acting President, Senior General Min Aung Hlaing, has emphasized the need to implement a vehicle exchange system that allows the import of electric vehicles (EVs) to replace older, fuel-powered vehicles. The initiative aims to significantly reduce the nation's domestic fuel demands and curb foreign currency expenditure.
The Senior General announced the proposed policy during a coordination meeting focused on ensuring adequate supplies of fuel and agricultural fertilizers. The meeting was held on the afternoon of April 1 at the office of the Chairman of the National Defence and Security Council in Naypyidaw.
Policy Driven by Global Instability
The consideration of this new policy emerges as Myanmar grapples with domestic fuel shortages and surging prices, largely driven by global oil market instability and ongoing conflicts in the Middle East.
Senior General Min Aung Hlaing, who also serves as the Chairman of the State Security and Peace Commission, explained to attendees that facilitating EV imports in exchange for decommissioning old vehicles serves a dual macroeconomic purpose. It is projected to lower the country's reliance on imported fuel while simultaneously controlling the outflow of US dollars required to purchase foreign goods.
High-Level Coordination
The meeting underscored the urgency of the economic measures, bringing together top-tier government and financial figures. Attendees included Prime Minister U Nyo Saw, senior military officials, key cabinet ministers overseeing finance and home affairs, and the Governor of the Central Bank of Myanmar.
Ongoing Crisis Management Measures
To mitigate the immediate impacts of the ongoing fuel crisis, the government has already rolled out several conservation measures. Currently, authorities are enforcing an odd/even license plate rationing system for vehicle refueling. Additionally, government employees are mandated to carry out their office duties from home every Wednesday. The state is also actively encouraging citizens to rely primarily on public transportation networks, particularly the railway system, to further reduce individual fuel consumption.
ymg/knl
နေပြည်တော်၊ ဧပြီ ၁
ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးကို အဓိကထား ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးတောင်သူများ မဖြစ် မနေလိုအပ်သည့် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရန် အခွန်အခကောက်ခံမှုများကို တတ်နိုင်သမျှ လျှော့ချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
အဆိုပါ လမ်းညွှန်ချက်ကို ယနေ့ ဧပြီလ ၁ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပသော စက်သုံးဆီနှင့် မြေဩဇာ ဖူလုံစွာရရှိရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ သွင်းအားစုဖြစ်သော ဓာတ်မြေဩဇာဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာသည့်အတွက် တောင်သူများ စိုက်ပျိုးစရိတ် သက်သာစေရန် နိုင်ငံတော်က ယခုကဲ့သို့ ထောက်ပံ့ပေးရန် စီစဉ်ခြင်းဖြစ်သည်။
ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် ဒီဇယ်သုံး ရေတင်စက် များနေရာတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကို ပြောင်းလဲအစားထိုး ဆောင် ရွက်သွားရန်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ် မှူးကြီးက အဆိုပါအစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။ ကုန်ကျစရိတ်များသည့် ဓာတ်မြေဩဇာများနေရာတွင် သဘာဝမြေဩဇာများကို ပိုမိုအားထားသုံးစွဲကြရန်လည်း လမ်းညွှန်ခဲ့သည်။
ယင်းအပြင် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် နှစ်စဉ် ပြည်ပမှ အများအပြား တင်သွင်းနေရသည့် စားသုံးဆီကဏ္ဍကို အစားထိုးရန်လည်း ဆွေးနွေးခဲ့ကြသည်။ ပြည်တွင်း၌ နေကြာ၊ ပဲပုပ်နှင့် နှမ်း အစရှိသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန်နှင့် အထူးသဖြင့် နေကြာစိုက်ပျိုး ထုတ် လုပ်မှုကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပစားသုံးဆီ တင်သွင်းမှုကို သိသာစွာ လျှော့ချ နိုင်မည်ဖြစ်ကြောင်းကိုပါ ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောကြားခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အပိုင်းမှ လိုအပ်သည့် သွင်းအားစုများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး တောင်သူများဘက်မှလည်း ကုန်ထုတ်လုပ်မှုများ အတတ်နိုင်ဆုံး တိုးမြှင့်လုပ်ဆောင်ကြရန် နိုင်ငံတော်ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
#ymg/knl
နေပြည်တော်၊ ဧပြီ ၁
နိုင်ငံတွင်း စက်သုံးဆီလိုအပ်ချက်နှင့် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်ရန်အတွက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများအပ်နှံကာ လျှပ်စစ်သုံးမော်တော်ယာဉ် (EV) များ အစားထိုးတင်သွင်းခွင့်ပြုမည့် စနစ်တစ်ရပ်ကို ဖော်ဆောင်သွားဖို့လိုအပ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားလိုက်သည်။
ယနေ့ ဧပြီလ ၁ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ရုံး၌ ကျင်းပသော စက်သုံးဆီနှင့် မြေဩဇာ ဖူလုံစွာရရှိရေး ညှိနှိုင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ရေနံဈေးကွက် မတည်ငြိမ်မှုနှင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ပြည်တွင်း၌ စက်သုံး ဆီ ရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုများကို ကြုံတွေ့နေရချိန်တွင် ယခုကဲ့သို့ မူဝါဒအသစ်တစ်ရပ်ကို စဉ်းစားလာခြင်းဖြစ်သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ယာဉ်ဟောင်းများအပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတွင်း စက်သုံးဆီတင်သွင်းရမှုကို လျှော့ချနိုင်မည့်အပြင် ပြည်ပသွင်းကုန်အတွက် ဒေါ်လာသုံးစွဲရမှု များကိုပါ တစ်ပါတည်း ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် ရှင်းလင်းပြောကြား ခဲ့သည်။
အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အဖွဲ့ဝင် ဦးအောင်လင်း ဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး နှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တို့ တက်ရောက်ခဲ့ကြသည်။
အစိုးရအနေဖြင့် လက်ရှိတွင် စက်သုံးဆီအကျပ်အတည်းကို ဖြေရှင်းရန် မော်တော်ယာဉ်များကို စုံ/မ အလှည့်ကျ ဆီဖြည့်စနစ်ကျင့်သုံးခြင်း၊ အစိုးရရုံးဝန်ထမ်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နေအိမ်မှ ရုံး လုပ်ငန်းများဆောင်ရွက်စေခြင်းနှင့် မီးရထား အပါအဝင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်များကို အဓိကအားထားအသုံးပြုရန် တွန်းအားပေးခြင်း စသည့်အစီအမံများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
#ymg/knl
အရှေ့အလယ်ပိုင်းမှ ပဋိပက္ခကနေ အစပြုလိုက်တဲ့ ထောက်ပံ့ရေးပြဿနာတွေကြောင့် ဥရောပသမဂ္ဂနိုင်ငံတွေကြားမှာ ဆလိုဗေးနီးယားက လောင်စာဆီခွဲတမ်းချပေးရတဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။
#World_News
Published 01 April 2026
#ဆလိုဗေးနီးယား #စက်သုံးဆီ
#YMG #Yangon_Times #Yangon_Media_Group
ဧပြီ၁၊၂၀၂၆(ရိုက်တာ)
ဟော်မုဇ်ရေလက်ကြားမှတဆင့် ကမ္ဘာ့ရေနံအများဆုံးတင်သွင်းသည့် နိုင်ငံသည် အဆိုပါရေလမ်းကြောင်း ပိတ်ဆို့သွားမည့်ဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေသည်မှာ ဆန့်ကျင် ဘက် အံ့သြဖွယ်ပင်ဖြစ်သည်။
တရုတ်နိုင်ငံသည် ပင်လယ်ကွေ့ဒေသမှ ရေနံပမာဏ အမြောက်အများကို သုံးစွဲနေပြီး ထိုဒေသမှ ယင်း၏ တင်သွင်းမှုသည် အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယား ၃ နိုင်ငံပေါင်း တင်သွင်းမှုနှင့် ခန့်မှန်းခြေအားဖြင့် တူညီနေသည်။
ရေလက်ကြား ပိတ်ဆို့မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အာရှတစ်လွှားရှိ တာဝန်ရှိသူများက စွမ်းအင် ချွေတာရန်အတွက် ရေချိုးချိန်လျှော့ချရန် သို့မဟုတ် အိမ်မှသာ အလုပ်လုပ်ကြရန် နိုင်ငံသားများကို တောင်းဆိုနေကြသည်။သို့သော် တရုတ်နိုင်ငံရှိ အာဏာရ ကွန်မြူနစ်ပါတီ၏ အဓိကသတင်းစာကနိုင်ငံ သည် ကိုယ်ပိုင်စွမ်းအင်အရင်းအမြစ်ကို ကိုယ်တိုင် ထိန်းချုပ်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ဖတ်ရှုသူများကို တင်ပြထားသည်။

ထောက်ပံ့မှုများကို ထိန်းသိမ်းရန်အတွက် ဘေဂျင်းသည် လောင်စာဆီတင်ပို့မှုများကို တရားဝင်မဟုတ်ဘဲ ပိတ်ပင်ထားသည်ကို အဆိုပါ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားခြင်းမရှိသော်လည်း၊ စွမ်းအင်ဆိုင်ရာ ရိုက်ခတ်မှုများအပေါ် ထိခိုက်လွယ်မှုကို လျှော့ချပေးခဲ့သည့် နှစ်ပေါင်းများစွာကြာ ချမှတ်ခဲ့သော မူဝါဒ အစီအမံများကြောင့် တရုတ်နိုင်ငံသည် ယင်း၏ အိမ်နီးချင်းများစွာထက် ပိုမိုလုံခြုံမှုရှိနေပါသည်။
တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံးရှိ လျှပ်စစ်မော်တော်ယာဉ်(EV) အရေအတွက်အားလုံးပေါင်း နီးပါး ရှိ သောလျှပ်စစ်မော်တော်ယာဉ်၊ကြီးမားကျယ်ပြန့်၍ တိုးပွားနေသော ရေနံသိုလှောင်မှုများ၊ မျိုးစုံသော ရေနံ နှင့် သဘာဝဓာတ်ငွေ့ ရင်းမြစ်များနှင့် ပြည်တွင်း ကျောက်မီးသွေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ကြောင့် ပြည်ပတင်သွင်းမှုအပေါ် မှီခိုစရာမလိုလောက်အောင် လုံခြုံမှုရှိနေသည့် လျှပ်စစ်မဟာဓာတ်အား လိုင်း စသည်တို့ကို ပိုင်ဆိုင်ထားသည်ကို ဂုဏ်ယူဝင့်ကြွားနေသည်။
"လက်ရှိအခြေအနေက တရုတ်စီမံကိန်းရေးဆွဲသူတွေ ဆယ်စုနှစ်များစွာကတည်းက စိတ်ထဲမှာရှိနေခဲ့ တာတွေနဲ့ တော်တော်လေးနီးစပ်နေပါတယ်" ဟု ဖင်လန်နိုင်ငံရှိ စွမ်းအင်နှင့် သန့်ရှင်းသောလေထု သုတေ သနစင်တာ (CREA) ၏ ပူးတွဲတည်ထောင်သူ လော်ရီ မိုင်လီဗာတာ က ပြောသည်။ "ဒါဟာ ပင်လယ် ရေကြောင်းမှတစ်ဆင့်လာတဲ့ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ ကြိုးပမ်းချက်က မှန်ကန်ကြောင်း သက်သေပြနေပါတယ်"

မျှော်လင့်မထားသော EV အဟုန်
၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတွင် ဘေဂျင်းသည် ၂၀၂၅ ခုနှစ်၌ လျှပ်စစ်မော်တော်ယာဉ် ဝယ်ယူမှုများအား ကားသစ်ရောင်းချရမှု၏ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိရန် ရည်မှန်းချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့ သည့်နှစ်တွင်မူ အရောင်းပမာဏသည် မော်တော်ယာဉ်သစ်အားလုံး၏ ထက်ဝက်ခန့်အထိ ရောက်ရှိခဲ့ သည်။
ဤမျှော်လင့်မထားသော EV ဖွံ့ဖြိုးမှုများကြောင့် ဆယ်စုနှစ်များစွာကြာ အရှိန်အဟုန်ဖြင့် တိုးတက် လာခဲ့သည့် တရုတ်နိုင်ငံ၏ လောင်စာဆီသုံးစွဲမှုသည် ထပ်မတက်တော့သည့် အမြင့်ဆုံးအမှတ်သို့ ရောက် ရှိသွားခဲ့ပြီးပြီဖြစ်သည်။ နိုင်ငံသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က မျှော်မှန်းထားသည်ထက် ရေနံသုံးစွဲမှု နှင့် တင်သွင်းမှု ပိုမိုနည်းပါးလာသည်။
စွမ်းအင်နှင့် သန့်ရှင်းသောလေထု သုတေသနစင်တာ၏ ခန့်မှန်းချက်များအရ ပြီးခဲ့သည့်နှစ်က EV များ ကြောင့် အစားထိုးလျှော့ချနိုင်ခဲ့သည့် ရေနံပမာဏသည် တရုတ်နိုင်ငံက ဆော်ဒီအာရေဗျမှ တင်သွင်းခဲ့ သည့် ပမာဏနှင့် ခန့်မှန်းခြေအားဖြင့် ညီမျှကြောင်း သိရသည်။

လုံခြုံစိတ်ချရသော လျှပ်စစ်မဟာဓာတ်အားလိုင်း
တရုတ်နိုင်ငံ၏ လျှပ်စစ်မဟာဓာတ်အားလိုင်းကို ကျောက်မီးသွေးနှင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြင့်သာ အဓိက လည်ပတ်ထားသည်။ ဘေဂျင်း၏ ကိုယ်ပိုင်ရည်မှန်း ချက်များထက် ကျော်လွန်နေသည့် သန့်စင်သောစွမ်းအင်များ၏ အဟုန်မှာ စီးပွားရေးအတွက် နှစ်စဉ် လိုအပ်သော အပိုစွမ်းအင်အားလုံးနီးပါးကို ဆိုလာ သို့မဟုတ် လေအားလျှပ်စစ်အသစ်များဖြင့် ဖြည့်ဆည်း ပေးနိုင်သည်အထိဖြစ်လာသည်။ ယင်းက ကျောက်မီးသွေး တင်သွင်းမှုနည်းပါးစေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် LNG ပါဝင်သည့် ကမ်းရိုးတန်းပြည်နယ်အချို့သို့ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှု လျော့နည်းစေခဲ့သည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်။
ရေနံအများအပြားရှိသော်လည်း ပေးသွင်းသူများစွာရှိခြင်း
တရုတ်နိုင်ငံသည် ရေနံအမြောက်အများကို တင်သွင်းသော်လည်း အခြားသော အဓိက အာရှတင်သွင်း သည့် နိုင်ငံများနှင့်မတူဘဲ မည်သည့် ပေးသွင်းသူ တစ်ဦးတစ်ယောက် တစ်နိုင်ငံတည်းအပေါ် မှီခိုမှု မရှိစေရန် ဂရုတစိုက် လုပ်ဆောင်ထားသည်။
ဂျပန်ကို ကြည့်ပါ။တိုကျိုသည် ပုံမှန်အားဖြင့် ယင်း၏ရေနံ ၈၀ ရာခိုင်နှုန်းနီးပါးကို ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့မှ ဝယ်ယူသည်။ တရုတ်နိုင်ငံကမူ ဝယ်ယူသူအများစု အတွက် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် ကန့်သတ်ချက်များရှိနေသည့် ရုရှား၊ ဗင်နီဇွဲလား နှင့် အီရန်တို့မှ ဈေးလျှော့ပေးထားသော ရေနံအမြောက်အများ အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံထံမှ ထိုပမာဏတူ ရေနံအချိုးအစားကို ဝယ်ယူခဲ့သည်။

တရုတ်နိုင်ငံသည် ယင်း၏ ရေနံတင်သွင်းမှုများကို မျိုးစုံကွဲပြားအောင် ထိန်းသိမ်းထားခြင်း
တရုတ်နိုင်ငံသည် အဆိုပါတင်သွင်းမှုများ၏ အစိတ်အပိုင်းတစ်ခုကို ယင်း၏ လျှို့ဝှက်ထားသော မဟာ ဗျူဟာမြောက် ရေနံသိုလှောင်ကန်များထဲသို့လည်း ထည့်သွင်းထားသည်။ သိုလှောင်ထားမှု မည်မျှကြီး မားကြောင်း မည်သူမျှ အတိအကျမသိသော်လည်း စီးပွားရေးလုပ်ငန်းသုံး ရေနံချက်စက်ရုံများတွင် သိုလှောင်ထားမှုများနှင့် ပေါင်းစပ်လိုက်လျှင် တချို့သော ခန့်မှန်းချက်များအရ ဟော်မုဇ်ရေလက်ကြား မှ တဆင့် တင်သွင်းမှုများအား အစားထိုးရန် ၇ လခန့်အထိ လုံလောက်သော ရေနံများ တရုတ်နိုင်ငံတွင် သိုလှောင်ထားပြီးဖြစ်နေသည်။
ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာခြင်း
တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က တစ်ရက်လျှင် ရေနံစည်ပေါင်း ၄.၃ သန်း ထုတ်လုပ်ခဲ့ပြီး၊ ယင်းသည် ရေနံတင်သွင်းမှုအားလုံး၏ ၄၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည့် စံချိန်သစ်တစ်ခုဖြစ်သည်။ သို့သော် ရေနံသိုက် များ ခန်းခြောက်လာနေပြီး တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၏ရှေးလ်ရေနံ (shale oil) အဟုန်ကို ထပ်မံ ပုံတူကူးရန် မဖြစ်နိုင်ပေ။
သို့သော် သဘာဝဓာတ်ငွေ့အခြေအနေကမူ ကွာခြားသည်။ ပြည်တွင်းထုတ်လုပ်မှုမှာ လျင်မြန်စွာ တိုး တက်နေသောကြောင့် ပိုက်လိုင်းမှတဆင့် တင်သွင်းသည့် သဘာဝဓာတ်ငွေ့နှင့် ပေါင်းစပ်လိုက်ပါက တရုတ်နိုင်ငံသည် တကယ်တမ်းတွင် ၂၀၂၀ ပြည့်နှစ်ကထက် LNG တင်သွင်းမှု ပိုမိုနည်းပါးလာနေသည်။
၂၀၁၅ ခုနှစ်မှစ၍ မတူညီသော သတင်းရင်းမြစ် သုံးခုမှ နှစ်စဉ် သဘာဝဓာတ်ငွေ့ရည် ပမာဏကို ပြသထားသည့် ဇယားများ။ ခန့်မှန်းခြေအားဖြင့် ၂၀၂၀ ပြည့်နှစ်ကတည်းက သင်္ဘောဖြင့် တင်သွင်းမှုများ တိုးမလာခဲ့သော်လည်း ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ပေးပို့မှုနှင့် ပြည်တွင်းထုတ်လုပ်မှုတို့ မြင့်တက်လာခဲ့သည်။
တရုတ်နိုင်ငံ၏ ပိုက်လိုင်းကွန်ရက်သည် ပင်လယ်ရေကြောင်းမှ တင်သွင်းမှုများကို လျှော့ချရန်နှင့် ရုရှား၊ ဗဟိုအာရှနှင့် မြန်မာနိုင်ငံတို့မှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရယူရန် ခွင့်ပြုပေးထားသည်။ နောက် ထပ် ရုရှား-တရုတ် ပိုက်လိုင်းဖြစ်သော 'Power of Siberia 2' အတွက် ရည်မှန်းချက်ကြီးမားသော စီမံ ကိန်းများကို အဆိုပြုထားသော်လည်း ပြီးစီးရန် နှစ်ပေါင်းများစွာ ကြာဦးမည်။
ဆိုက်ဘေးရီးယား၏ စွမ်းအင် ပိုက်လိုင်း တည်ဆောက်ပြီးကတည်းက တရုတ်နိုင်ငံ၏ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုများမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ဂျပန် သို့မဟုတ် ကိုရီးယား ကဲ့သို့သော ကျွန်းနိုင်ငံ အိမ်နီးချင်းများမှာမူ ထိုကဲ့သို့သော ပထဝီဝင် အားသာချက်မျိုး မရှိကြပေ။

ပိုမိုလုံခြုံသော အနာဂတ်
ဆယ်စုနှစ်များစွာကြာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံရပ်ခြားမှ တင်သွင်းသည့် ရုပ်ကြွင်း လောင်စာများ၊ အထူးသဖြင့် ရေနံစိမ်းများက မောင်းနှင်ပေးခဲ့သည်။ သို့သော် EV အဟုန်ကြောင့် တရုတ် နိုင်ငံသည် ယင်း၏ တိုးတက်မှုအင်ဂျင်ကို ပြည်ပရေနံများအပေါ် မှီခိုမှုမှ ဖြုတ်ချနေပြီဖြစ်သည်။
“China’s oil demand is likely to peak this year and decline thereafter,” said Chen Lin, vice president of oil and gas research at Rystad Energy. “So although the import share will remain high, the situation is unlikely to worsen.”
"တရုတ်နိုင်ငံရဲ့ ရေနံဝယ်လိုအားက ဒီနှစ်မှာ အမြင့်ဆုံးဖြစ်လာနိုင်ပြီး အဲဒီနောက်မှာ ကျဆင်းသွားဖွယ် ရှိပါတယ်" ဟု Rystad Energy မှ ရေနံနှင့် သဘာဝဓာတ်ငွေ့ သုတေသနဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ချန်လင်း က ပြောကြားခဲ့သည်။ "ဒါကြောင့် တင်သွင်းမှု အချိုးအစားက မြင့်မားနေဦးမှာဖြစ်ပေမယ့် အခြေ အနေ တွေ ပိုဆိုးလာဖို့တော့ မရှိပါဘူး။
(ရိုက်တာသတင်းဌာနပါ How China can survive without the Strait of Hormuz အထူးသုံးသပ်ချက် ဆောင်းပါးကို ဆီလျော်အောင်မြန်မာဘာသာသို့ပြန်ဆိုပါသည်။)


#World_News
Published 01 April 2026
■ မော်စကို၊ မတ် ၃၁ (ရိုက်တာ) - ရုရှားနိုင်ငံဟာ အင်တာနက်ထိန်းချုပ်မှုတွေနဲ့ ဆင်ဆာဖြတ်တောက် မှုတွေကို ကျော်လွှားဖို့ ရုရှားနိုင်ငံသား သန်းပေါင်းများစွာ အသုံးပြုနေကြတဲ့ Virtual Private Networks (VPN) တွေကို ပိုပြီး တင်းတင်းကျပ်ကျပ် နှိမ်နင်းသွားမယ်လို့ ရုရှား ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးက ပြောပါတယ်။
■ ရုရှားရဲ့ "အကြီးမားဆုံး နှိမ်နင်းမှု" လို့ သံတမန်တွေက ရှုမြင်ကြတဲ့ အဲဒီလုပ်ရပ်တွေအရ အာဏာပိုင် တွေဟာ လူထုဆက်သွယ်ရေးကို ဖြတ်တောက်ဖို့ ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ရယူထားရင်း မိုဘိုင်း အင်တာနက်တွေကို အကြိမ်ကြိမ် ပိတ်ပင်တာတွေနဲ့ အဓိက စာတိုပေးပို့ရေး ဝန်ဆောင်မှုတွေကို ကြားဖြတ်နှောင့်ယှက်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။
■ "အဓိက လုပ်ငန်းစဉ်ကတော့ VPN အသုံးပြုမှုကို လျှော့ချဖို့ပါပဲ" လို့ ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး Maksut Shadayev က တနင်္လာနေ့ နှောင်းပိုင်းမှာ နိုင်ငံတော်ပံ့ပိုးမှုနဲ့ လည်ပတ်နေတဲ့ MAX messenger မှာ ပြော ကြားခဲ့ပြီး၊ အသုံးပြုသူတွေအပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်စေမယ့် ကန့်သတ်ချက်တွေ ချမှတ်နိုင်ဖို့ ဝန်ကြီးဌာနက ကြိုးပမ်းနေတယ်လို့လည်း ဖြည့်စွက်ပြောသွားပါတယ်။
■ အမည်မဖော်ပြထားတဲ့ နိုင်ငံခြားပလက်ဖောင်း အများအပြားကို ဝင်ရောက်အသုံးပြုခွင့် ကန့်သတ်ဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်ထားတယ်လို့ သူက ပြောခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
■ လွန်ခဲ့တဲ့လတွေအတွင်း WhatsApp ကို ပိတ်ပင်ခဲ့ပြီး၊ Telegram ကို အသုံးပြုရ နှေးကွေးစေခဲ့သလို၊ မော်စကိုနဲ့ အခြားမြို့တွေ၊ ဒေသတွေမှာပါ မိုဘိုင်းအင်တာနက်ကို အကြိမ်ကြိမ် နှောင့်ယှက်ဖြတ် တောက်မှုတွေလုပ်ခဲ့တယ်။
■ နိုင်ငံခြားပလက်ဖောင်းတွေဟာ ဥပဒေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာရယ်၊ပြီးတော့ယူကရိန်းရဲ့ အလုံး အရင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တန်ပြန်ဖို့အတွက် မိုဘိုင်းအင်တာနက် ကန့်သတ်ချက်တွေ လိုအပ် တယ်လို့ ကရင်မလင်နန်းတော်က ဆိုပါတယ်။
■ Kommersant သတင်းစာရဲ့ အဆိုအရ ဇန်နဝါရီလလယ်လောက်မှာ ရုရှားဟာ VPN ၄၀၀ ကျော်ကို ပိတ် ပင်ခဲ့ပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကထက် ၇၀ ရာခိုင်နှုန်း ပိုများလာတာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ ဒီအခြေအနေက ကြောင်နဲ့ကြွက် ကစားနေသလို ဖြစ်နေတယ်- အာဏာပိုင်တွေက VPN တစ်ခုကို ပိတ်လိုက်တာနဲ့ တစ်ပြိုင်နက် နောက်တစ်ခု ထပ်ထွက်လာပြီး၊ ရုရှားလူငယ် အများအပြားဟာ သူတို့ရဲ့ VPN တွေကို နေ့စဉ် ပြောင်းလဲအသုံးပြုနေကြတယ်လို့ ရိုက်တာသတင်းထောက်တွေရဲ့ အဆိုအရသိရပါတယ်။
အရင်းအမြစ်-ရိုက်တာ
#Local_News
Published 01 April 2026
■ မြန်မာနိုင်ငံတွင် သုံးစွဲရန် တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေးများစာရင်းကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ကထုတ်ပြန်ထားပြီး အဆိုပါစာရင်းအရ ပိုးသတ်ဆေး၅၅မျိုးကို မသုံးစွဲရန် တားမြစ်ချက်သည်ယနေ့ဧပြီလ၁ရက်တွင်စတင်အသက်ဝင်ကြောင်း သိရသည်။
■ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် ပိုးသတ်ဆေးဥပဒေပုဒ်မ၄၇၊ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယခုစာရင်းကိုထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ပိုးသတ်ဆေး၅၅မျိုးသည် လူ၊တိရိစ္ဆာန်၊သီးနှံ သဘာဝပတ်ဝန်းကျင်တို့ကို ဘေးအန္တရာယ်မြင့်မားစေနိုင်ပြီး အဆိပ်အတောက်ပြင်းထန်သာကြောင့် ပိုးသတ်ဆေးဥပဒေပုဒ်မ၈အရ မြန်မာနိုင်ငံအတွင်းသုံးစွဲရန် တားမြစ်ပိတ်ပင်သည့် ပိုးသတ်ဆေးများအဖြစ်သတ်မှတ်လိုက်ကြောင်းသိရသည်။
■ ထို့ကြောင့် အမည်စာရင်းပါ ပိုးသတ်ဆေး၅၅မျိုးကို မြန်မာနိုင်ငံအတွင်း မည်သည့်အစိုးရဌာန၊အဖွဲ့အစည်း၊ပုဂ္ဂိုလ်ကမျှ မည်သည့်အကြောင်းနှင့်မျှ မှတ်ပုံတင်ခြင်း၊တင်သွင်းခြင်း၊ဖော်စပ်ခြင်း၊ပြန်လည်ထုပ်ပိုးခြင်း၊ရောင်းချခြင်း၊သုံးစွဲခြင်းကို ခွင့်မပြုကြောင်းအသိေပးထုတ်ပြန်ထားသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 1 April 2026
■ ယခု ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ကြောင်း သိရသည်။
■ ထို့ကြောင့် လက်ရှိအချိန်တွင် နေ့အပူချိန် ၄၀ ဒီဂရီဆဲစီးယပ်အထက် မြင့်မားခဲ့သည့် တောင်ငူမြို၊ ပဲခူးမြိုနယ် ဇောင်းတူကျေးရွာ၊ ပဲခူးမြို၊ ဖြူးမြိုတို့သည် အပူချိန်မြင့်တက်လျက်ရှိနေသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန်နှင့် မဖြစ်မနေ အပြင်သို ထွက်ခွာပါက ထီး၊ ဦးထုပ်၊ အင်္ကျီလက်ရှည်စသည်တို့ကို ဝတ်ဆင်သွားလာရန် လိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်တွန်းနိုးဆော်ထားသည်။
■ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၁၀ ရက်ပတ် မိုးလေဝသခန့်မှန်းချက်တွင်လည်း နေ့အပူချိန်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ဧပြီလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလပျမ်းမျှ အပူချိန်ခန့်ရှိနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 01 April 2026
၁။ EV ယာဉ် လမ်းအသုံးပြုခများ ယနေ့မှစတင်၍ ပေးဆောင်ရမည်
၂။ ဧပြီ (၁) ရက်မှ (၃၀) ရက်အထိ ရောင်းချရမည့် မြေဩဇာဈေးနှုန်းများထုတ်ပြန်
၃။ မန္တလေးသင်္ကြန်၌ လက်ဖက်နှင့်သနပ်ခါးကိုဂုဏ်ပြုသည့် ဓာတ်ပုံပြိုင်ပွဲပါထည့်သွင်း ကျင်းပမည်
၄။ စက်သုံးဆီခွဲတမ်းချပေးသောပထမဆုံးဥရောပသမဂ္ဂနိုင်ငံဖြစ်လာသည့် ဆလိုဗေးနီးယား... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 160 of 2096