ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ရုပ်ရှင်မြို့တော်စီမံကိန်းအတွက် စိတ်ဝင်စားမှုဖော်ပြလွှာEOI များကို ယခုလ ၁၁ရက်နောက်ဆုံးထားတင်ပြရမယ်လို့ သိရပါတယ်။
#Local_News
Published 4 July 2025
#ရုပ်ရှင်မြို့တော်စီမံကိန်း #EOI
#YMG/SW #Yangon_Times
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းအထောက်အပံ့လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 4 July 2025
#မဲခေါင်-လန်ချန်းစီမံကိန်း #အထူးရန်ပုံငွေ
#YMG/SW #Yangon_Times
စစ်ကိုင်းမြို့ရှိ ငလျင်ဒဏ်သင့် အလယ်တန်းကျောင်းအချို့မှာ ကွန်တိန်နာကျောင်းဆောင်တွေနဲ့ စာသင်ကြားနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။
#Local_News
Published 4 July 2025
#ငလျင်ဒဏ်သင့်ကျောင်းအချို့ #ကွန်တိန်နာကျောင်းဆောင်
#YMG/NN #Yangon_Times
စက်သုံးဆီနဲ့သွင်းကုန်လုပ်ငန်းရှင်တွေကို FX Market Online Trading Platformကနေ အမေရိကန်ဒေါ်လာ ၃၃ သန်းနဲ့ တရုတ်ယွမ်ငွေ၁၀သန်း ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးလာပါတယ်။
#Local_News
Published 4 July 2025
#စက်သုံးဆီနှင့်သွင်းကုန်ကဏ္ဍ #FX_Market_Online_Trading_Platform
#YMG/NN #Yangon_Times
#Local_News
Published 3 July 2025
▪️ တပ်မတော်မှ တိုက်လေယာဉ်တစ်စင်း ညအချိန် ခရီးဝေးလေ့ကျင့်ပျံသန်းစဉ် အဆက်သွယ်ပြတ်တောက် ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ထားသည်။
▪️ သတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၁ ရက် ညအချိန်၌ တပ်မတော်မှ တိုက်လေယာဉ် တစ်စင်းခရီးဝေးလေ့ကျင့်ပျံသန်းနေစဉ် နေပြည်တော် အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာ၌ ရုတ်တရက်ရာသီဥတုဆိုးရွားမှုကြောင့် ရေဒါမြင်ကွင်းကပျောက်ကွယ်ကာ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ကြောင်း၊ ပဏာမစစ်ဆေးချက်အရ စက်ချို့ယွင်းမှု သို့မဟုတ် ရာသီဥတု ဆိုးရွားမှုကြောင့် ဖြစ်နိုင်ကြောင်း ယေဘုယျ မှတ်ချက်ချပြီး ဆက်သွယ်မှုပြတ်တောက်ရာ နေရာတဝိုက်သို့ ရာသီဥတုဆိုးရွားလျက်ရှိသော်လည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ရှာဖွေနေကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 3 July 2025
▪️ ယခုလ ၇ရက်နေ့မှစတင်ကာ မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ၌ ဗီဇာနှင့်ကောင်စစ်ရေးရာလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ထားသည်။
▪️ သို့သော် ထိမ်းမြားလက်ထပ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ပြီး အခြားကောင်စစ်ဝန်ဆိုင်ရာလုပ်ငန်းများကိုအပတ်စဥ်တိုင်း၏ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တိုင်း နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိအား လျှောက်လွှာများလက်ခံပြီး မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိအား ကျသင့်ငွေလက်ခံခြင်းနှင့် သက်ဆိုင်ရာလက်မှတ်များထုတ် ပေးခြင်းများကိုပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ငလျင်ကြီးဖြစ်ပွားပြီးေနာက်ခေတ္တရပ်နားထားသည့်ကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်ရေးရာကိစ္စများကို ယခုပြန်လည်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ရုံးတက်ရက်များ၏ နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီခွဲအတွင်း ဖုန်း 0095-9401470875, 0095-2-2000251 နှင့် သီးသန့် အီးမေးလ်ဖြစ်သော
#YMG/SW #Yangon_Times
#World_News
Published 03 July 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်အခနဲ့ ပြည်တွင်းရေးရာမူဝါဒဥပဒေများကြောင့် မကျေနပ်ချက်အငြိုးများဖြစ်ခဲ့တဲ့ ဘီလျံနာအီလွန်မက်စ်က နိုင်ငံရေးပါတီအသစ်တစ်ခု တည်ထောင်သွားမယ့်အကြောင်း ထပ်မံပြောကြားလာပါတယ်။
▪️ သမ္မတကြီးနဲ့ အီလွန်မက်စ်တို့ကြား အပြန်အလှန် အချေအတင်စကားများခဲ့ပြီးနောက် ယင်းတို့ရဲ့ နိုင်ငံရေးအရ ပေါင်းသင်းညီညွတ်မှု အဆုံးသတ်ဖို့များနေရာ အစောပိုင်းရက်တွေတုန်းက မက်စ်က 'အမေရိကားပါတီ'လို့ခေါ်တဲ့ ကြားနေပါတီတစ်ခု တည်ထောင်ဖို့ အသံလွှင့်ခဲ့ပါတယ်။
▪️ ယခုသီတင်းပတ်မှာလည်း မက်စ်က ဒီအကြောင်းကို ထပ်မံပြောကြားလာကာ လွှတ်တော်အမတ်တွေကတော့ အသုံးစရိတ်ကြီးမားလွန်းတဲ့ ဥပဒေ 'One Big Beautiful Bill Act' ကို တင်သွင်းဖို့ ကြိုးပမ်းနေကြပြီး ဒီတစ်ခေါက်မှာတော့ ထရမ့်က အချိန်သတ်မှတ်ပေးလိုက်ပါတယ်။
▪️ အဆိုပါအသုံးစရိတ် ဥပဒေမူကြမ်း အတည်ပြုလိုက်တာနဲ့ နောက်နေ့မှာ အမေရိကားပါတီ ဖွဲ့စည်းပြီလို့ မက်စ်က X ဆိုရှယ်မီဒီယာမှာ ဖော်ပြလိုက်ပါတယ်။
▪️ ဒီတိုင်းပြည်မှာ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကန်တို့ပဲ ကြီးစိုးနေတဲ့အချိန်မှာ လူအများလွတ်လပ်စွာ ပြောဆိုနိုင်မယ့် အခြားနည်းလမ်းတစ်ခု လိုနေပြီလို့ ဆိုပါတယ်။
▪️ မက်စ်က သူ့စကားအတိုင်း တကယ်လုပ်မလားဆိုတာ မသေချာပေမယ့် ပါတီအသစ်ထောင်ဖို့ဆိုတာက အပြောကသာ လွယ်ပါတယ်။
▪️ ရှုပ်ထွေးလှတဲ့ ပြည်ထောင်စုဥပဒေတွေ၊ အချိန်ကြာမြင့်လှတဲ့ မဲပေးမှုတွေကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
▪️ Forbes နဲ့ Bloomberg တွက်ချက်မှုများအရ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၃၅၀ ဘီလီယံကျော်တဲ့ အီလွန်မက်စ်အတွက်တော့ ပါတီအသစ်တစ်ခု ထူထောင်ရေးကုန်ကျစရိတ်က အခက်အခဲကြီး မဖြစ်နိုင်ပါဘူး။
▪️ ၂၀၂၄ ရွေးကောက်ပွဲ စည်းရုံးရေးကာလတွေမှာ မက်စ်က ထရမ့်နဲ့ အခြားရီပတ်ဘလစ်ကန် ကိုယ်စားလှယ်များအတွက် ဒေါ်လာ ၂၇၇ သန်း ကုန်ကျခံကူညီခဲ့ပါတယ်။
#Source: CBS News
#Local_News
Published 3 July 2025
▪️ မန္တလေးမြို့၊တံတားဦးမြို့နယ်အနီးကို ဗဟိုပြု၍ ယနေ့မနက်အစောပိုင်းကငလျင်လှုပ်ခတ်ခဲ့ရာ အနီးဝန်းကျင်ရှိမြို့များပါခံစားရကြောင်း ဒေသခံများထံမှ သိရသည်။
▪️ ဇူလိုင်လ ၃ရက်နေ့ မနက် ၇ နာရီ၁၀မိနစ်၃၉စက္ကန့် အချိန်၌ တံတားဦးမြို့၏ အနောက်မြောက်ဘက် (၅) မိုင်ခန့် ကို ဗဟိုချက်ပြု၍ အနက် - ၁၀ ကီလိုမီတာရှိသည့် အင်အားပမာဏ - ၄ဒဿအ ၈ ရစ်(ခ်)တာစကေး ရှိသည့် ငလျင်လှုပ်ခတ်သွားကြောင်း သိရသည်။
▪️ အဆိုပါ ငလျင်လှုပ်ခတ်မှုကို မန္တလေး ၊စစ်ကိုင်း၊ ပြင်ဦးလွင် ၊မြင်းခြံစသည့်မြို့နယ်များမှပါ သိရှိခံစားခဲ့ရပြီး တံတားဦးနှင့်မန္တလေးမြို့ရှိ ဒေသခံများလမ်းပေါ်ပြေးထွက်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 July 2025
▪️ အခုနှစ် ဇူလိုင်လအတွင်း ၌ သစ်လွင်ဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန် စုစုပေါင်း ၁၂၀၀ ကျော်ခန့်အပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) နေပြည်တော်၌ ယမန်နေ့က ကျင်းပခဲ့သည့် မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ၂၀၂၅ ခုနှစ် ဈဇူလိုင်လတွင် သစ်လွင်ဆရာဝန်များ၊ သွားနှင့်ခံတွင်း ဆရာဝန် စုစုပေါင်း ၁၂၀၀ ကျော်ကို ခန့်အပ်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါဆရာဝန်များ၏ ဆေးကုသခွင့်လိုင်စင်များနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဆေးကုသခွင့်လိုင်စင်များ အသစ်ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ယာယီပိတ်သိမ်းထားရာမှ ပြန်လည်ခွင့်ပြုခြင်းများကိုလည်း စနစ်တကျ စိစစ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ခွင့်ပြုရာတွင်လည်း ၎င်းတို့၏ အရည်အချင်းများပြည့်မီအောင် သက်ဆိုင်ရာကောင်စီများက စနစ်တကျစစ်ဆေးကာ ခွင့်ပြုပေးသွားရန်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနေကြသူများဖြစ်၍ မိမိတို့စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို အမြဲလိုက်နာစောင့်ထိန်းကြရန်နှင့် လူနာများနှင့် ပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးချိုသာစွာ ပြောဆိုဆက်ဆံရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီများမှလည်း နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆေးကုသခွင့်လိုင်စင်၊ အထူးဆေးကုသခွင့်လိုင်စင်၊ သူနာပြု/သားဖွားလိုင်စင်များ ထုတ်ပေးရာတွင် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်နှင့် အချိန်နှောင့်နှေးကြန့်ကြာမှုမဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် ပြောကြားသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာကောင်စီဥက္ကဋ္ဌများက ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။
▪️ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 03 July 2025
▪️ အန္တာတိတ်ရေခဲပြင်အတွင်းထဲမှာ ရှေးဟောင်းကမ္ဘာကြီးတစ်ခုကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။
▪️ နှစ်ပေါင်း ၃၄ သန်းသက်တမ်းကျော်ရှိပြီး အရှေ့အန္တာတိက မျက်နှာပြင်အောက် တစ်မိုင်လောက်မှာ ရှိပါတယ်။
▪️ ဂြိုဟ်တုအချက်အလက်များအရ အဲဒီမှာ မြစ်တွေ၊ သစ်တောတွေ၊ ထန်းပင်တွေရှိနေပါတယ်။
▪️ ဝီလ်ကက်စ်လန်းလို့ခေါ်တဲ့ နေရာမှာတည်ရှိပြီး အရွယ်အစားအားဖြင့် ၁၂,၀၀၀ စတုရန်းမိုင်ကျော်ခန့် ရှိပါတယ်။
▪️ လွန်ခဲ့တဲ့ နှစ် ၁၄ သန်းလောက်က အရှေ့အန္တာတိတ်ရေခဲပြင်က ဆက်လက်ကျယ်ပြန့်လာပြီး ဒီနေရာကို မားဂြိုဟ်လောက်တောင် မသိခဲ့ကြဘူးလို့ ဒါဟမ်တက္ကသိုလ်မှ ဦးဆောင်သုတေသီ စတီးဝပ်ဂျေမီဆန်က ပြောပါတယ်။
▪️ ဒီနေရာမျက်နှာပြင်က ရေခဲပြင်တိုက်စားသွားတာ မဟုတ်ဘဲ မြစ်တွေကြောင့် ဖြစ်ပေါ်လာတယ်လို့ ယူဆထားပါတယ်။
▪️ ထိုထဲမှာ တောင်ကြားတွေလည်း တွေ့ရှိပြီး ၁၂၀ ကနေ ၁၆၈ ကီလိုမီတာအထိ ရှည်လျားကြကာ အနက် ၃,၉၀၀ ပေနီးပါးရှိပါတယ်။
▪️ အရှေ့အန္တာတိကက အလွန်အေးခဲတာကြောင့် သေချာထိန်းသိမ်းတည်ရှိနေကာ ဘာမှမပျက်မယွင်း ရှိနေပါတယ်။
▪️ ဒီနေရာဟာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့ပြီး အခုလိုတွေ့ရှိတာက အရှေ့အန္တာတိကရေခဲပြင်အကြောင်း ပိုမိုသိရှိနိုင်မယ်လို့ နယူးကာဆယ်တက္ကသိုလ်မှ ဘူမိရူပပရော်ဖက်ဆာ နေးလ်ရော့စ်က ပြောပါတယ်။
#Source: WION
#Local_News
Published_3 July 2025
▪️ လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်၍ အချုပ်တရားခံကို ခေါ်ဆောင် သွားသည့် PDF များနှင့် အချုပ်တရားခံတို့အား လက်နက်ခဲယမ်းများနှင့်ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ဖမ်းဆီးထားသည့် အချုပ်တရားခံ ဇွန်ပွင့်လှိုင် (၃၀)နှစ်၊ (ဘ) ဦးလှမင်းအား ရဲတပ်ဖွဲ့မှ လုံခြုံရေး တာဝန်ရှိသူများက ဇူလိုင်လ ၁ ရက် ညပိုင်းတွင် ကျောက်ကပ်ရောဂါအရေးပေါ်ကုသရန် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိသပြေအထူးကုဆေးခန်းသို့ပို့ဆောင်ပေးပြီးအပြန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိOcean Center သို့ဝင်ရောက်ဆေးဝယ်ကာ ပြန်ထွက်လာစဉ် ကားပါကင်အနီးသို့ အရောက်တွင် PDF များက လက် နက် ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ရာ ဆေးခန်း သို့လိုက်ပါ ပို့ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များအား လက်နက် ငယ် ကျည်များထိမှန်၍ ထိခိုက်မှု များဖြစ်ပေါ်ခဲ့ပြီး အချုပ်တရားခံ ဇွန်ပွင့်လှိုင် ကိုခေါ်ဆောင်ထွက်ပြေးသွားကြောင်း သိရသည်။
▪️ ယင်းကြောင့်ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ (၆)လမ်းသွားလမ်းဆုံနေရာ၌ ဇွန်ပွင့်လှိုင် အပါအဝင် ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဘားအံမြို့နယ်၊ တောင်ဝိုင်းကျေးရွာနေ ချစ်ဇင်လင်း(ခ) စောအယ်ထူး (၃၈)နှစ် နှင့်လှိုင်သာယာ (အနောက်ပိုင်း)၊ မြို့နယ်(၁၃) ရပ်ကွက်နေ သီဟသူ (၂၃)နှစ် တို့ကို လည်း ကောင်း၊ စစ်ပစ်ကွင်းကျေးရွာအနီး သန်လျင်-သုံးခွကားလမ်းရှိ စစ်ပင်ကွင်း ကားမှတ်တိုင်၌ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနေ သုခပြည့်စုံ (ခ)ဖိုးခွား (၂၀)နှစ် လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်နေ သူရဝင်း (၃၅)နှစ် နှင့် မုံရွာမြို့နယ်၊ မြို့ သစ်ရပ်ကွက်နေ အောင်စန်းမိုး (ခ) ပေါင်မုန့် (၂၂)နှစ် တို့ကိုလည်းကောင်း၊ ပစ္စတို ၂ လက်၊ ကျည်မျိုးစုံ ၄၃ တောင့်၊ ကျည် အိမ် ၃ ခု၊ လက်ပစ်ဗုံး ၄ လုံးတို့နှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အချုပ်တရားခံ ဇွန်ပွင့်လှိုင် အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် PDF အမည်ခံ အကြမ်းဖက်သမား ၆ ဦးကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ် နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရသည်။
#Yangon_Times/PP
#World_Health
Published 03 July 2025
▪️ အသက် ၆၅ နှစ်နဲ့ ၇၄ နှစ်ကြား အမေရိကန် ၃ ဦးမှာ ၁ ဦးနှုန်းက အကြားအာရုံဆုံးရှုံးနေကြပါတယ်။
▪️ ဒါဟာ နားအတွင်းပိုင်းရှိ အမျှင်ဆဲလ်များ ပြိုကွဲလာကာ တုန်ခါမှုတွေကို မတုံ့ပြန်နိုင်တာကြောင့် ဖြစ်ပါတယ်။
▪️ ပြုမူနေထိုင်ပုံ ပြောင်းလဲခြင်းဖြင့် နောက်ပိုင်းကျရင် အကြားအာရုံနဲ့ နားကိုကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
(၁) ကျယ်လောင်သောဆူညံသံများ လျှော့ချပါ
▪️ လူအုပ်များတဲ့ပွဲများ၊ ကျယ်လောင်လှတဲ့ အသံတွေက နားအတွင်းပိုင်းရှိ နူးညံ့တဲ့အရာများကို အပြီးတိုင်ထိခိုက်စေနိုင်တာကြောင့် ဒီလိုနေရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။
(၂) ဆူညံသောအနေအထားတွင် နားကိုဖုံးထားပါ
▪️ ကျယ်လောင်တဲ့ ပတ်ဝန်းကျင်မှာ မလွှဲသာမရှောင်သာ ရှိနေရင်တော့ နားအကာအကွယ်၊ နားကြပ်၊ ဆူညံသံလုံတဲ့ကိရိယာများ ဝတ်ဆင်ဖို့ အကြံပြုပါတယ်။
(၃) အကြားအာရုံ ပုံမှန်စစ်ဆေးပါ
▪️ WHO က အသက် ၅၀ မှ ၆၄ နှစ်ကြား လူကြီးတွေအနေနဲ့ ၅ နှစ်ကြာတိုင်းတစ်ခါ အကြားပညာရှင်နဲ့ စစ်ဆေးဖို့ အကြံပြုထားပါတယ်။
(၄) ဆေးလိပ်ဖြတ်ပါ
▪️ ဆေးလိပ်က အဆုတ်နဲ့ နှလုံးကိုသာမက အကြားအာရုံကိုလည်း ထိခိုက်စေကာ ဆေးလိပ်သောက်နေသူတွေက မသောက်သူတွေထက် အကြားအာရုံဆုံးရှုံးနိုင်ခြေ ၆၁ ရာခိုင်နှုန်း ပိုများနေကြောင်း တွေ့ရှိထားပါတယ်။
(၅) အသက်အရွယ်ကြောင့်ဖြစ်လာသော ပြဿနာများဂရုပြုပါ
▪️ အသက် ၆၀ နဲ့ ၆၉ ကြားမှာ နားအူခြင်းပြဿနာဖြစ်တတ်ပြီး များသောအားဖြင့် နားထဲအသံမျိုးစုံမြည်ခြင်းမျိုး ဖြစ်တတ်ပါတယ်။
▪️ ဒါဟာ အထဲက ကယ်လ်စီယံအခဲများ နေရာရွေ့တာကြောင့်ဖြစ်ပြီး ကျွမ်းကျင်သူများဖြင့် ပြန်လည်နေရာချနိုင်ပါတယ်။
(၆) ဘေးထွက်ဆိုးကျိုးရှိနိုင်မည့်ဆေးများ စစ်ဆေးပါ
▪️ ကင်ဆာဆေးများနဲ့ ပဋိဇီဝဆေးအချို့ဟာ အကြားအာရုံထိခိုက်နိုင်တယ်လို့ သိရှိထားပြီး ပညာရှင်တွေနဲ့ တိုင်ပင်စစ်ဆေးနိုင်ပါတယ်။
#Source: New York Post
Page 164 of 1858