#Local_News
Published 01 April 2026

■ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

■ အဆိုပါ ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်း)ကြီး ဖွင့်လှစ်ခြင်းကိုအာရှလမ်းမကြီးအစပိုင်းဖြစ်သည့် ဘားအံမြို့နယ်တံတားဦးကျေးရွာ(လွန်းညရေပြာအိုင်အနီး) တွင် အခမ်းအနားဖြင့် ကျင်းပမည်ဖြစ်သည်။

■ အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ ကုန်သွယ်မှုအတွက်အရေးပါသည့်လမ်းမကြီးဖြစ်ရာ
ပြန်လည်ဖွင့်လှစ်ပါက ကုန်စည်စီးဆင်းမှုပြန်လည်ကောင်းမွန်လာနိုင်ပြီး ကုန်စျေးနှုန်းများလည်း ပြန်လည်ကျဆင်းလာနိုင်ကြောင်း သိရသည်။

#YMG/NN #Yangon_Times