#Local_News
Published 26 August 2025
▪️ မန္တလေးငလျင်ကြီးဖြစ်စဉ်ကို သင်ခန်းစာယူ၍ အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်မှုစံနှုန်းများနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ စနစ်တကျစစ်ဆေးရန်အတွက် မူဝါဒသတ်မှတ်အတည်ပြုထုတ်ပြန်နိုင်ရန် အရေးအကြီးဆုံးဖြစ်ကြောင်းစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကပြောသည်။
▪️ ယမာန်နေ့က စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည့်သံမဏိမူဝါဒ မူကြမ်းပြုစုရေးညှိနှိုင်းအစည်းအဝေး၌
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးဖြစ်စဉ်ကို သင်ခန်းစာယူ၍ အဆောက်အအုံများ ဆောက်လုပ်ရာတွင် သတ်မှတ်ခံနိုင်မှုစံနှုန်းများနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ စနစ်တကျစစ်ဆေးရန်အတွက် မူဝါဒသတ်မှတ်အတည်ပြုထုတ်ပြန်နိုင်ရန် အရေးအကြီးဆုံးဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တို့၌ စက်တပ်ဆင်ရေးလုပ်ငန်းများ အပြီးသတ်၍ စွမ်းအားပြည့်လည်ပတ်နိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
▪️ ထို့အပြင် မြန်မာနိုင်ငံ၏သံမဏိထုတ်လုပ်မှုတွင် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ကဏ္ဍများမှ ဆောင်ရွက်လျက်ရှိ၍ သံမဏိထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများကို မှန်ကန်သောမူဝါဒ အထောက်အပံ့များဖြင့် ချဉ်းကပ်ရန်လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများအနက် အဓိကအရေးကြီးသည့် သံ၊ သံမဏိထုတ်ကုန်များအား ထုတ်လုပ်မှု၊ တင်သွင်းမှုများတွင် လိုက်နာကျင့်သုံးရမည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းရန်လိုအပ်လျက်ရှိသဖြင့် စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းနှင့် မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ သံမဏိဆိုင်ရာမူဝါဒကို ရေးဆွဲခဲ့ကြောင်း၊ ယခုပြုလုပ်သည့် အစည်းအဝေးတွင် သံမဏိဆိုင်ရာမူဝါဒကို မည်ကဲ့သို့ လက်ခံကျင့်သုံးမည်၊ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးနိုင်မည်တို့ကို ဆွေးနွေးပေးကြရန်နှင့် အများပြည်သူအသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်၊ ပါဝင်သင့် ပါဝင်ထိုက်၊ လုပ်ဆောင်သင့်သည့်အချက်များ မကျန်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးနိုင်ပါရန် တိုက်တွန်းပြောကြားသည်။
▪️ ထို့နောက် အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြုစုရေးဆွဲထားသည့် သံမဏိဆိုင်ရာမူဝါဒနှင့်ပတ်သက်၍လည်းကောင်း၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက သံမဏိဆိုင်ရာ မူဝါဒရေးဆွဲနိုင်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုကိုလည်းကောင်း၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌတို့က သံမဏိဆိုင်ရာ မူဝါဒပါအချက်များနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာကြသူများက သံမဏိဆိုင်ရာမူဝါဒခိုင်မာအားကောင်းစေရေးအတွက် ပါဝင်သင့်သည့်အချက်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား
ပြောကြားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သံမဏိလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
တိုင်ဖွန်းမုန်တိုင်း“ကဂျိကိ”ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအချို့မှာ မိုးကြီးလေထန်၍ ရုတ်တရက်ရေကြီးပြီး မြေပြိုတာတွေဖြစ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ဒီကနေ့မနက်ပိုင်းမှာ သတိပေးလာပါတယ်။
#Local_News
Published 26 August 2025
#တိုင်ဖွန်းမုန်တိုင်း #ကဂျိကိ
#YMG/NN #Yangon_Times
စစ်ကိုင်းတိုင်းကို ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်လျှက်ရှိရာမုံရွာခရီးသွားဇုန်နဲ့စစ်ကိုင်းခရီးသွားဇုန်တွေကို အများဆုံး လာရောက်လည်ပတ်မှု များပြားနေတယ်လို့ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနကသိရပါတယ်။
#Local_News
Published 26 August 2025
#မုံရွာစစ်ကိုင်း #ပြည်တွင်းပြည်ပခရီးသွားဧည့်သည်
#YMG/NN #Yangon_Times
မြစ်ကြီးနားတွင် အပန်းဖြေစခန်းတည်ဆောက်မည်ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်ကမ်းဘေးမှာ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းတည်ဆောက်သွားမှာဖြစ်တယ်လို့ ကချင် ပြည်နယ်အစိုးရအဖွဲ့မှ သိရပါတယ်။
#Local_News
Published 26 August 2025
#ကချင်ပြည်နယ်မြစ်ကြီးနားမြို့ #ဧရာဝတီမြစ်ကမ်း
#YMG/SW #Yangon_Times
#Local_News
Published 26 August 2025
▪️ အွန်လိုင်းတွင် ပျံ့နှံနေသည့် ပြည်ပ (ဆိုက်ရောက်) ခရီးသည်များနှင့်ပတ်သက်၍ ညွန်ကြားချက်များမှာ လက်ရှိထုတ်ပြန်ထားခြင်းမဟုတ်ဘဲ ၂၀၁၉ခုနှစ်က ထုတ်ပြန်ချက်သာဖြစ်ကြောင်း ရန်ကုန်-ဘန်ကောက်-ရန်ကုန် ကုန်စည်ပို့ဆောင်နေသူတစ်ဦးကပြောသည်။
▪️ " တစ်မျိုးထဲကိုအများကြီး သယ်ခွင့်မပြုတာက ဟိုအရင်၂၀၁၉ထဲကဟာပါပဲ။ ခုမှအသစ်ထုတ်ပြန်လိုက်တာမဟုတ်ပါဘူး။ အရင်ကထက် ခုရက်ပိုင်းမှာ အစစ်အဆေးများလာတာတော့ဟုတ်တယ်။ အရင်က နည်းနည်းပါးပါးဆိုညှိလို့ရပေမယ့်ခုတော့ တချို့ဆိုအလုံးလိုက်သိမ်းခံရတာတွေရှိတယ်။အဲ့လို သိမ်းခံရရင်တော့ Invoice ဘာညာပြပြီးတော့ ပြန်ရှင်းရတာပေါ့"ဟု ယင်းကပြောသည်။
▪️ ပြည်ပ(ဆိုက်ရောက်)ခရီးသွားများကို စစ်ဆေးမှုယခင်ထက် တင်းကြပ်လာသကဲ့သို့ ပြည်ပ(ထွက်ခွာ)ခရီးသည်များကိုလည်း စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
▪️ " ဒီကနေ သွားရင်လည်း X ray ဖြတ်တာနဲ့ အစားအသောက်တွေများနေရင်လည်း ဘာလို့များတာလဲဆိုတာ ပြောရတယ်။ အိတ်ဖွင့်စစ်ဆေးတာတွေရှိတယ်။ ပြန်လာရင် အဝင်ကတော့ပိုစစ်တယ်။ တချို့စက်ပစ္စည်းကြီးတွေပါတာမျိုးဆို red line ကပ်ထားလိုက်ပြီး နောက်မှပြန်ဖြေရှင်းရတာတွေရှိတယ်။ အခုလိုင်းပေါ်မှာပျံ့နေတဲ့ စာတွေကိုအကုန်လုံး လျှောက်shareနေကြတာ အခုမှ ထထုတ်လိုကိသလိုလိုcargo groupတွေထဲလည်း share နေကြတာပဲ။ အဓိကကတော့ သတ်မှတ်ထားတဲ့အတိုင်းလိုက်နာနိုင်ရင် ပြသာနာမရှိပါဘူး"ဟု ယင်းက ဆက်လက်ပြောကြားသည်။
#YMG/SW #Yangon_Times
#Local_News
Published 26 August 2025
▪️ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး-လာရှိုး ရထားလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားဖျက်ဆီးခံရသည့် အကြမ်းဖက်မှုလုပ်ရပ်သည့် နိုင်ငံနှင့်ပြည်သူအတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်စေပြီး ငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေးနှင့်လူအခွင့်ရေးတို့ကို ခြိမ်းခြောက်သည့်လုပ်ရပ်ဖြစ်သည်ဟု မှတ်ယူကြောင်း မြန်မာနိုင်ငံအမျိုးသားလူအခွင့်ရေးကော်မရှင် (MNHRC)က ယနေ့ထုတ်ပြန်ထားလိုက်သည်။
▪️ ထုတ်ပြန်ချက်တွင်အဆိုပါအဖျက်လုပ်ရပ်သည် အများပြည်သူ သယ်ယူပို့ဆောင်ရေး နှင့် ဒေသခံပြည်သူများ၏ နေ့စဥ်ဘဝနှင့် စီးပွားရေးဆောင်ရွက်မှုများအပေါ် ပြင်းထန်းစွာထိခိုက်စေသည်သာမက မြန်မာနိုင်ငံ၏ သမိုင်းဝင်အမွေအနှစ်တစ်ခုကို ထိခိုက်ပျက်ဆီးစေခြင်းဖြစ်သည့်အပြင် အများပြည်သူ သို့မဟုတ် ပုဂ္ဂလိက အတွက်အရေးကြီးသည့် အခြေခံအဆောက်ဦးများကို ထိခိုက်ဆုံးရှုံးစေဖန်ပြုလုပ်မှုဖြစ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂ (ဂ)အရ အကြမ်းဖက်မှုဖြစ်ကြောင်း၊ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိုခြိမ်းခြောက်သည့် ရာဇဝတ်မှုမြောက်၍ တရားမျှတမှုမရှိသောအကြမ်းဖက်ကျူးလွန်မှုအားလုံးကို ပြတ်ပြတ်သားသားရှုတ်ချကြောင်း အသိအမှတ်ပြုထားကြောင်းဖော်ပြထားသည်။
▪️ ဂုတ်ထိပ်တံတားမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှုအပေါ် မြန်မာနိုင်ငံအမျိုးသားလူအခွင့်ရေးကော်မရှင်က ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည့်အပြင်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော် (ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာ-ရှိအာဟ် မွတ်စ်လင်စ်ဘာသာရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) တို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်းသိရသည်။
▪️ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်းတံတားသည်နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ပြီးမြန်မာနိုင်ငံ၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးတံတား၊ ကမ္ဘာ့အကြီးဆုံးမီးရထားသံလမ်းတံတားဖြစ်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး ရထားလမ်းပေါ်တွင် တည်ရှိသည်။
▪️ အဆိုပါဂုတ်ထိပ်တံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ကျောက်မဲမြို့ဘက်ခြမ်း၊ တံတားတိုင်အမှတ် (P-16) နှင့် ကမ်းကပ်ခုံ (AB-2) နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံပေါင်နေရာနှင့် တံတား၏ ကမ်းကပ်ခုံ (AB-2) တို့ ပျက်စီးသွားခဲ့ရခြင်းဖြစ််သည်။
#YMG/SW #Yangon_Times
#World_News
Published 26 August 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုနှစ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံလိုပြီး တောင်ကိုရီးယားနဲ့ ကုန်သွယ်ရေးဆွေးနွေးမှုများ လမ်းဖွင့်ပေးထားတယ်လို့ တနင်္လာနေ့က ပြောခဲ့ပါတယ်။
▪️ အိမ်ဖြူတော်သို့ လာရောက်လည်ပတ်တဲ့ တောင်ကိုရီးယားခေါင်းဆောင် လီဂျယ်မြောင်ကို ကြိုဆိုရင်း ထရမ့်က အနာဂတ်မှာကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံလိုကြောင်း သတင်းထောက်တွေကိုပြောသွားပါတယ်။
▪️ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ နျူကလီးယားစွမ်းအင်၊ စစ်အသုံးစရိတ်၊ ဒေါ်လာ ၃၅၀ ဘီလီယံရင်းနှီးမြှုပ်နှံရေး အသေးစိတ်များနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြပါတယ်။
▪️ လီဂျယ်မြောင်က ထရမ့်နဲ့ တွေ့ပြီးနောက် အမေရိကန်အကြီးတန်းအရာရှိများ၊ တောင်ကိုရီးယားနဲ့ အမေရိကန်ကုမ္ပဏီများမှ စီအီးအိုများရဲ့ စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ကြပါတယ်။
▪️ ထရမ့်ပြောခဲ့တာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဘက်ကတုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။
▪️ တောင်ကိုရီးယားစီးပွားရေးက အမေရိကန်အပေါ် အလွန်အကျွံမှီခိုနေရပါတယ်။
▪️ ထရမ့်က လီဂျယ်မြောင်ကို ကာကွယ်ရေးအသုံးစရိတ်ပိုမိုသုံးစွဲဖို့ ဖိအားပေးသွားနိုင်ပြီး တောင်ကိုရီးယားမှာ အမေရိကန် ၂၈,၅၀၀ ခန့် ထားရှိသွားဖို့ စီစဉ်နေပါတယ်။
Source: Reuters
#World_Health
Published 26 August 2025
▪️ ကျောက်ကပ်ထဲမှာ သတ္တုဓာတ်တွေ ဆားတွေ အနည်ထိုင်ပြီး မာလာတဲ့အခါ ခဲကပ်သွားပြီးတော့ ကျောက်တည်ခြင်းတွေ ဖြစ်လာပါတယ်။
▪️ မျိုးရိုးဗီဇ၊ ရေဓာတ်ခန်းခြောက်ခြင်းတို့က ဒီလိုမျိုး ခဲစေနိုင်သလို အစားအစာတွေကလည်း အရေးပါပါတယ်။
▪️ ဒါကြောင့် ကျောက်ကပ်မှာ ကျောက်တည်တဲ့သူတွေ ရှောင်ရှားသင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဟင်းနုနွယ် - အောက်ဆဲလိတ်ကြွယ်ဝခြင်းက ကျောက်ကပ်ထဲမှာ ကယ်စီယံနဲ့ပေါင်းပြီး ကယ်စီယံအောက်ဆဲလိတ်ကျောက်များ ဖြစ်နိုင်ပါတယ်။
▪️ (၂) သကြားမုန်လာ - သူ့မှာလည်း အောက်ဆဲလိတ်ပမာဏ များပြားကာ ကယ်စီယံအောက်ဆဲလိတ်ကျောက် ဖြစ်စေနိုင်ပါတယ်။
▪️ (၃) အခွံမာသီးနဲ့ အစေ့များ - အသင့်အတင့်စားသုံးရင် ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် ကျောက်ကပ်ကျောက်တည်သူများကတော့ အလွန်အကျွံစားရင် ကျောက်ပြန်ဖြစ်နိုင်ပါတယ်။
▪️ (၄) ချောကလက် - အောက်ဆဲလိတ်များပြားတာကြောင့် မကြာခဏစားတဲ့အခါ ကျောက်တည်သူတွေမှာ ပြဿနာဖြစ်နိုင်ပါတယ်။
▪️ (၅) လက်ဖက်ခြောက် - အောက်ဆဲလိတ်မြင့်မားပြီး အများအပြား ရေနွေးကြမ်းသောက်တဲ့အခါ ကျောက်ဖြစ်နိုင်ခြေ များပါတယ်။
▪️ (၆) အသားကြီးငါးကြီး - သူတို့မှာပါတဲ့ ပြူရင်းဓာတ်က ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ်မြင့်မားစေကာ ယူရစ်အက်ဆစ်ကျောက်တွေ ဖြစ်စေနိုင်ပါတယ်။
▪️ (၇) ဆိုဒီယံများသောရယ်ဒီမိတ်စားစရာများ - အဆင့်ဆင့်ထုပ်ပိုးထုတ်လုပ်ထားတဲ့ စားစရာတွေထဲမှာ ဆိုဒီယံများပြားပြီး ဆီးထဲမှာ ကယ်စီယံစွန့်ပစ်စေတဲ့အတွက် ကယ်စီယံကျောက်ဖြစ်စေနိုင်ပါတယ်။
▪️ (၈) အချိုရည်ယမကာများ - ကိုလာမှာ ဖော့စ်ဖရစ်အက်ဆစ်ပါဝင်သလို အခြားအချိုရည်တွေမှာ ယူရစ်အက်ဆစ် မြင့်မားစေကာ ကျောက်ဖြစ်စေနိုင်ပါတယ်။
▪️ (၉) ရူဘတ် - ဆီးထဲမှာ အောက်ဆဲလိတ်ပမာဏ မြင့်တက်စေကာ စူးရှချဉ်စုတ်တဲ့အရသာအတိုင်း ကျောက်ကပ်မှာ ကျောက်ဖြစ်စေနိုင်ပါတယ်။
▪️ (၁၀) ဗိုက်တာမင်-စီဖြည့်စွက်ဆေးများ - ဗိုက်တာမင်-စီ မြင့်မားရင် ခန္ဓာကိုယ်ထဲ အောက်ဆဲလိတ်ဖြစ်သွားပြီး များများဆက်သောက်နေပါက ကျောက်ဖြစ်လာနိုင်ပါတယ်။
Source: DoctorNDTV
#World_Science
Published 26 August 2025
▪️ ကမ္ဘာဂြိုဟ်နဲ့ ၄.၃ အလင်းနှစ်ကွာဝေးတဲ့နေရာမှာ Alpha Centauri A လို့ခေါ်တဲ့ကြယ် တည်ရှိပြီး ကျွန်ုပ်တို့နေနဲ့ ဆင်တူတဲ့ အနီးဆုံးကြယ်ဖြစ်ပါတယ်။
▪️ နာမည်ကျော် Avatar ရုပ်ရှင်တွေထဲမှာ Pandora လို့ခေါ်တဲ့ စိတ်ကူးယဉ်လဂြိုဟ်က အဆိုပါကြယ်ရှိနေတဲ့ စကြဝဠာထဲရှိနေပါတယ်။
▪️ တကယ့်လက်တွေ့မှာလည်း ဒီဂြိုဟ်ကြီးဟာ Alpha Centauri A ကို လှည့်ပတ်နေဖွယ်ရှိတယ်လို့ အာကာသနက္ခတ်ပညာရှင်များက James Webb Space အဝေးကြည့်မှန်ပြောင်းအသုံးပြုပြီး တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီဂြိုဟ်ဟာ သက်ရှိတွေနေနိုင်လောက်တဲ့ အပူချိန်နေရာလောက်ကနေခွာပြီး ကြယ်ကိုလှည့်ပတ်နေပုံ ပေါ်ပါတယ်။
▪️ Alpha Centauri A မှာ Alpha Centauri B နဲ့ Proxima Centauri ဆိုတဲ့ အပေါင်းအပါတွေလည်းရှိပြီး Alpha Centauri A နဲ့ B တို့ကို ရှာဖွေရတာ ခက်ခဲလှပါတယ်။
▪️ ဒီဂြိုဟ်တွေ ကြယ်တွေနားမှာ တောက်ပတဲ့အလင်းရောင်တွေ ဆွဲအားသက်ရောက်မှုတွေ ရှိနေပေမယ့် James Webb Space အဝေးကြည့်မှန်ပြောင်းကနေ တွေ့ရှိနိုင်ခဲ့တာဖြစ်ပါတယ်။
▪️ ဒီဂြိုဟ်ဟာ စေတန်နဲ့ ဂျူပီတာတို့လိုဂြိုဟ်တွေနဲ့ အရွယ်အစားထုထည် နီးစပ်ဖွယ်ရှိပြီး လတွေလည်း ရှိနေနိုင်ပါတယ်။
▪️ အချို့လတွေဆိုရင် သူတို့ရဲ့ အရွယ်အစားတွေ အခြေအနေတွေက ပြောရခက်ပေမယ့် သက်ရှိတွေနေထိုင်ဖို့ ထောက်ပံ့နိုင်ဖွယ်ရှိပါတယ်။
▪️ ဒီဂြိုဟ်တည်ရှိမှုကို အတည်ပြုနိုင်ဖို့ နောက်ထပ်စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားဖို့ လိုအပ်နေပါတယ်။
Source: NPR
ရုရှားတို့က ပြီးခဲ့တဲ့ရက်တွေမှာ ဒိုနက်စ်ဒေသမှာ အရေးပါတဲ့အခြေကုပ်ရယူထိန်းချုပ်မှု ပြုလုပ်ခဲ့ပြီလို့ ကြာသပတေးနေ့က ကြေညာခဲ့သလို ယူကရိန်းက ထိုနေ့မှာပဲ ဒိုနက်စ်ရှိ တော့ဗ်စ်ဒေသအများစုကို ပြန်လည်ထိန်းချုပ်ရယူနိုင်ခဲ့ကာ ရုရှားပစ်မှတ်များကို ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
#World_Military
Published 25 August 2025
#ရုရှား #ယူကရိန်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 August 2025
၁။ စစ်ကိုင်းတွင် မြန်မာ-တရုတ်ချစ်ကြည်ရေး ဈေးရုံတည်ဆောက်မည်
၂။ ပြန်လည်ဝင်ရောက်လာသည့်ပို့ကုန်ရငွေအမျိုးအစားကို ဘဏ်များတွင် အမြန်ဆုံးစာရင်းရှင်းလင်းရန်လို
၃။ နာနတ်သီးရာသီချိန်အတွင်း တန်ချိန်လေးသောင်းခန့် တင်ပို့ရန်အဆင်သင့်ဖြစ်နေ
၄။ တစ်ဖက်နှင့်တစ်ဖက်နယ်မြေသိမ်းပိုက်ထိန်းချုပ်ထားကြောင်း ယူကရိန်းနှင့်ရုရှားထုတ်ပြန်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တောင်ပိုင်းခရိုင် ၊ သန်လျင်မြို့နယ် ၊ ငပကျေးရွာ တောင်ကွင်း ၊
'ရွှေခရမ်း ကျောင်းတိုက်'၌ အသံမစဲမဟာပဌာန်းကျမ်းမြတ်ပူဇော်ပွဲ၊ဓမ္မာရုံ ရေစက်ချပွဲ ၊ရှင်သီဝလိ ရဟန္တာမထေမြတ်ကြီးရဲ့ ရုပ်ထုရေစက်ချပွဲ
နဲ့ (၇၃)ကြိမ်မြောက် အဘအောင်မင်းခေါင် ထွက်ပွဲ၊အောင်ပွဲ ပူဇော်ပွဲကို ဩဂုတ်လ(၂၄)ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 25 August 2025
#အဘအောင်မင်းခေါင် #ရှင်သီဝလိရဟန္တာမထေမြတ်ကြီး
#YMG/NN #Yangon_Times
Page 169 of 1918