#World_Health
Published 25 March 2026

■ သုတေသီတွေက ခံတွင်းပိုးမွှားစနစ်ရဲ့ သဘာဝမျှခြေကို မထိခိုက်စေဘဲ သွားဖုံးရောဂါကို တိုက်ဖျက်နိုင်မယ့် နည်းလမ်းတစ်ခု တီထွင်ထားပါတယ်။

■ သွားဖုံးရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားမျိုးစိတ် အနည်းစုက သွားချိုးတွေထဲမှာ စုပြုံလာပြီး သွားဖုံးရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။

■ ရောင်ရမ်းခြင်း ကြာရှည်လာတဲ့အခါ သွားဖုံးလျော့ပါး သွားဆုံးရှုံးနိုင်တဲ့အပြင် ဒီပိုးတွေ သွေးထဲရောက်သွားရင် ဆီးချို၊ အဆစ်ရောင်၊ နှလုံးသွေးကြောရောဂါ၊ အူရောင်ရောဂါ၊ အယ်ဇိုင်းမားရောဂါတို့ပါ ပတ်သက်လာနိုင်ပါတယ်။

■ သမားရိုးကျ ခံတွင်းကျန်းမာရေးပစ္စည်းတွေမှာ ကလိုဟက်ဆီဒင်း ပါဝင်ကာ ရောဂါပိုးဘက်တီးရီးယားသာမက အကျိုးပြုပိုးမွှားတွေကိုပါ ဖယ်ရှားလိုက်ပါတယ်။

■ ထိုကနေ ပိုးမွှားစနစ်ပျက်ယွင်းကာ ဆိုးကျိုးပြုဘက်တီးရီးယားတွေပါ အလျင်အမြန် ပြန်လည်တိုးပွားလာပါတယ်။

■ သတ္တိကြွဒြပ်ပေါင်း ဂွာနီဒီနိုအီသိုင်းဘင်ဇိုင်းအမိုင်နို အင်မီဒါဇိုပရီဒင်းအက်ဆီတိတ်က ဆိုးကျိုးပြု ဘက်တီးရီးယား ကြီးထွားမှုကို တားဆီးပြီး ကောင်းကျိုးပြုဘက်တီးရီးယားတွေကို ထိန်းသိမ်းပေးပါတယ်။

■ PerioTrap Pharmaceuticals ကုမ္ပဏီက ထိုဒြပ်ပေါင်းပါဝင်တဲ့ သွားတိုက်ဆေး ထုတ်လုပ်လိုက်ကာ သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်။

■ အသေအချာ စမ်းသပ်ခြင်းဖြင့် ဒြပ်ပေါင်းရဲ့ ဘေးကင်းမှု၊ ထိရောက်မှု၊ သွားတွေ သွားဖုံးတွေနဲ့ သဟဇာတဖြစ်မှုတို့ကို သေချာစေမှာ ဖြစ်ပါတယ်။

■ နောက်ထပ် ကျန်းမာရေးသုံးပစ္စည်းတွေကိုလည်း ထုတ်လုပ်စမ်းသပ်နေကြပါတယ်။

Source: SciTechDaily