#World_Science
Published 25 March 2026
■ UC ဆန်တာခရုဇ်မှ သုတေသီတွေဟာ ဓာတ်ခွဲခန်းထုတ် လူသားဦးနှောက်ဆဲလ် အစုအဖွဲ့တွေကို cart-pole ကစားနည်း ဖြေရှင်းနိုင်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။
■ ဆုပေးဒဏ်ပေး အချက်ပြစနစ်များဖြင့် အဆိုပါ ဦးနှောက်ငယ်များကို လေ့ကျင့်ပေးခဲ့ရာ ၄.၅ ရာခိုင်နှုန်းမှ ၄၆ ရာခိုင်နှုန်း အောင်မြင်တိုးတက်ခဲ့ပါတယ်။
■ ၂၀၁၃ ခုနှစ် မက်ဒယ်လင်းလန်ကက်စတာအဖွဲ့ ပထမဆုံးအနေနဲ့ လူသားပင်မဆဲလ်တွေကနေ 3D ဦးနှောက်တစ်ရှူးကို ထုတ်လုပ်ခဲ့ချိန်မှာ ဦးနှောက်အင်္ဂါတူအရာတွေ ဖြစ်ပေါ်လာပါတယ်။
■ ဦးနှောက်တုတွေက အာရုံခံထည့်သွင်းချက်တွေ ဒိုပါမင်းတွေ မလိုဘဲ လေ့လာမှတ်သားနိုင်ကာ လျှပ်စီးကြောင်းပေးပို့မှုတွေကနေ ဇီဝပတ်လမ်းကြောင်း သဟဇာတဖြစ်အောင် သင်ကြားပေးပါတယ်။
■ အာရုံကြောကွန်ရက် အနည်းဆုံးဖြင့်ပင် လုပ်ဆောင်ရမယ့် တာဝန်တွေကို ကျွမ်းကျင်အောင် လေ့လာနိုင်တယ်လို့ သရုပ်ပြနိုင်ခဲ့ပါတယ်။
■ နော့သ်ဝက်စတန်းတက္ကသိုလ်ကလည်း နေရာပေါင်းရာနဲ့ချီတဲ့ မှတ်တမ်းတွေကနေ ရယူကာ ဦးနှောက်တစ်ရှူးကို တိုက်ရိုက်ဆက်သွယ်ပေးတဲ့ ဇီဝအီလက်ထရွန်နစ်ကို ထုတ်လုပ်ခဲ့ပါတယ်။
■ ဒီလိုမျိုး ဇီဝပညာနဲ့ နည်းပညာပေါင်းစပ်နိုင်တာက ဦးနှောက်ဟာ ယခင်ထင်ထားတာထက် ပိုပြီးအဆင်ပြေချောမွေ့တဲ့ ဆော့ဖ်ဝဲကို လုပ်ဆောင်နိုင်တဲ့သဘော ဖြစ်ပြီး ဇီဝဗေဒနဲ့ AI ရောစပ်တဲ့စနစ်ဆီ ပိုမိုနီးစပ်လာစေပါတယ်။
■ ဦးနှောက်ငယ်တွေ လေ့ကျင့်သင်ကြားပေးခြင်းက စိတ်မသက်မသာဖြစ်စရာ မေးခွန်းတွေ ရှိလာပြီး အသိဉာဏ်အကန့်အသတ်နဲ့ သုတေသနနယ်နိမိတ်ဘောင်တွေအကြောင်း မေးစရာတွေ ဖြစ်လာပါတယ်။
Source: Gadget Review.