၁၂ ဇွန် ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇွန် ၁၂ရက်နေ့တွင် အိန္ဒိယလေကြောင်း Al-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံး ခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာများကို အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီမတီဒရောပါဒီ မာမူ နှင့် ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ တို့ထံသို့ ပေးပို့ခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘတ်မြို့ အနီး၌ အိန္ဒိယ လေကြောင်း Al-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယလေကြောင်းလိုင်း ခရီးစဉ်အမှတ် AI171 လေယာဉ်ဟာ အိန္ဒိယနိုင်ငံ အာမက်ဒါဘတ် မြို့မှ လန်ဒန် ဂက်ဝစ်လေဆိပ်သို့ ပျံသန်းရန် ဇွန် ၁၂ရက် မွန်းလွဲ ၁နာရီ ၃၈ မိနစ်မှာ လေဆိပ်မှ အတက်ပျက်ကျခဲ့တာဖြစ်ပြီး ခရီးသည် ၂၄၂ဦး အနက် ၂၀၄ ဦးသေဆုံးခဲ့တယ်လို့ နောက်ဆုံးရသတင်းများအရသိရပါတယ်။
#ymg/knl
ယခုနှစ် တောင်အာဖရိကမှာ ငါးသေတ္တာငါးများ ရွှေ့ပြောင်းတဲ့အလေ့အထကို ကြည့်ပြီးတော့ သဘာဝပတ်ဝန်းကျင် ပိုမိုထိန်းသိမ်းကြဖို့ လိုအပ်လာကြောင်း ထောက်ပြနေပါတယ်။
#World_Environment
Published 12 June 2025
#တောင်အာဖရိကကမ်းရိုးတန်း #ငါးသေတ္တာငါးရွှေ့ပြောင်းမှုဖြစ်စဉ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 12 June 2025
၁။ မြန်မာ-ရုရှားခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်များအပြန်အလှန်စီစဉ်ရေးဆွေးနွေး
၂။ ရွှေဘိုနှင့်ဧရာဝတီပေါ်ဆန်းဆန်များကို သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးသွားမည်
၃။ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်
၄။ တောင်အာဖရိကကမ်းရိုးတန်းမှ ငါးသေတ္တာငါးရွှေ့ပြောင်းမှုဖြစ်စဉ်ကနေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် လိုအပ်ကြောင်းထောက်ပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၂ ဇွန် ၂၀၂၅
အဲယားအိန္ဒိယ Air India လေကြောင်း ဘိုအင်း ၇၈၇-၈ လေယာဉ်ပျံသည် ယနေ့ ဇွန်လ ၁၂ ရက် မွန်းလွဲ ပိုင်းက အာမက်ဒါဘတ် မြို့မှ ပျံတက်ပြီး မကြာခင်မှာပင် ပျက်ကျသွားခဲ့ပါတယ်။ လေယာဉ်သည် ပျံတက်ပြီးသိပ်မကြာ အမြင့်ပေ ၈၂၅ ပေခန့်မှ ပျက်ကျခဲ့တာဖြစ်ပါတယ်။
အဲဒီ ခရီးစဉ်အမှတ် AI171 လေယာဉ်ဟာ အိန္ဒိယနိုင်ငံ အာမက်ဒါဘတ် မြို့မှ လန်ဒန် ဂက်ဝစ်လေဆိပ်သို့ ပျံသန်းရန် လေဆိပ်မှ အတက်ပျက်ကျခဲ့တာလို့ သတင်းများကဆိုပါတယ်။
လေယဉ်ဟာ အာမက်ဒါဘတ် မြို့မှ မွန်းလွဲ ၁နာရီ ၃၈မိနစ်မှာ ခရီးသည် ၂၄၂ဦးတင်ဆောင်ပြီး ပျံတက်ခဲ့တာဖြစ်ပါတယ်။ ခရီးသည်တွေအထဲမှာ အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ကနေဒါနိုင်ငံသားတစ်ဦးနှင့် ပေါ်တူဂီနိုင်ငံသား ၇ ဦးတို့လိုက်ပါသွားကြပါတယ်။
သေဆုံးသူအရေအတွက်အတိအကျမသိရပေမယ့် ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံများထံသို့ ပို့ဆောင်ပေးခဲ့ကြတယ်လို့သတင်းများကဆိုပါတယ်။
#ymg/knl
ယခုလဆန်းပိုင်းက စတင်ပြီး ဆက်လက်မြင့်တက်လာခဲ့တဲ့ အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားဈေးနှုန်းဟာ ယနေ့မှာတော့ တစ်ကျပ်သားကို ကျပ်၇၉သိန်းနဲ့ ဈေးဖွင့်လာခဲ့တယ်လို့ ရွှေဈေးကွက်မှ တဆင့်သိရပါတယ်။
#Local_News
Published 12 June 2025
#ကမ္ဘာ့ရွှေဈေးမြင့်တက် #မြန်မာ့ရွှေဈေးမြင့်တက်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (Familiarization Trip - FAM Trip) တွေကို အပြန်အလှန်စီစဉ်ဆောင်ရွက်ရေးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 12 June 2025
#မြန်မာ-ရုရှားခရီးသွားလုပ်ငန်း #Familiarization_Trip-FAM_Trip
#YMG/SW #Yangon_Times
တောင်တရုတ်ပင်လယ်ပြင် မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း အရှိန်ကြောင့် ဒေသအနှံ့အပြားမှာမိုးရွာမှာဖြစ်သလို နေရာကွက်ပြီးတော့လည်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 12 June 2025
#အပူပိုင်းမုန်တိုင်းအရှိန် #နေရာကွက်၍မိုးကြီးနိုင်
#YMG/NN #Yangon_Times
ရွှေဘိုနဲ့ ဧရာဝတီပေါ်ဆန်းဆန်တွေကို ဆန်စပါးကုန်စည်ဒိုင်တွေမှာ သက်သာတဲ့နှုန်းထားနဲ့ တစ်ပတ်ကို နှစ်ရက်ကြာရောင်းချပေးသွားမယ်လို့
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက သိရပါတယ်။
#Local_News
Published 12 June 2025
#ရွှေဘိုနှင့်ဧရာဝတီပေါ်ဆန်းဆန် #ဆန်စပါးကုန်သည်များအသင်း
#YMG/NN #Yangon_Times
#Local_News
Published 12 June 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းများအတွက် နိုင်ငံခြားငွေကြေးများကို ယမန်နေ့က ထုတ်ရောင်းလိုက်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် CMP ကုမ္ပဏီများမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၉၆ သန်းကို စက်သုံးဆီတွင်သွင်းသည့် ကုမ္ပဏီများသို့ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ငွေလဲနှုန်း ၅၄၈ဒသမ၂၄ ကျပ်ဖြင့် တရုတ်ယွမ် ၂၉၄,၂၀၆ ၊ ငွေလဲနှုန်း ၁၃၂ဒသမ၇၅ ကျပ်ဖြင့် ထိုင်းဘတ် ၁ သန်းကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 June 2025
▪️ မန္တလေးငလျင်ကြီးကြောင့်ပြိုကျခဲ့ရသည့် မန္တလေးမြို့ Sky Villa အဆောက်အဦမှ ရုပ်အေ-လာင်း ငါးလောင်းကို ယနေ့တူးဖော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန်၁၂ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (A)အဆောင်နှင့် (B)အဆောင်တို့အား ယာဉ်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်နေစဉ် မနက် ၁၁ နာရီ၄၅မိနစ် အချိန်တွင် B အဆောင် အခန်းအမှတ် H-4 မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦးတို့၏ ရုပ်အလောင်းများအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 June 2025
▪️ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန်တိုင်းရင်းသားတက္ကသိုလ်၊ နိုင်ငံခြားဘာသာနှင့် တောင်နှင့်အရှေ့တောင်အာရှကောလိပ်တို့တွင် ယခုလ၁၀ ရက်က မြန်မာ့ရိုးရာယဉ်ကျေးမှုအကဖြစ်သည့် နှစ်ပါးသွားအကနှင့် ရုပ်သေးနှစ်ပါးသွားအကများဖြင့် မိတ်ဆက်ခြင်းနှင့် ရုပ်သေးပညာနှင့်ပတ်သက်သည့် နှီးနှောဖလှယ်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားကိုမြန်မာကောင်စစ်ဝန်ချုပ်ရုံးကူမင်းမြို့နှင့် မြန်မာနိုင်ငံသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်၊ ဦးသွင်ထက်လင်း၊ ယူနန်တိုင်းရင်းသားတက္ကသိုလ် ဒုတိယပါမောက္ခချုပ် မစ္စတာရှောင်ဝေချင့်နှင့် ပါမောက္ခ၊ ဌာနမှူး ဆရာဆရာမများ၊ မဟာဝိဇ္ဇာတန်း၊ ဝိဇ္ဇာဘွဲ့ကြိုတန်းနှင့် ဒီပလိုမာတန်းအသီးသီးမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
▪️ မိတ်ဆက်ပွဲအခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာရုပ်သေးသမိုင်းဖြစ်စဉ်၊ မြန်မာတို့၏ရိုးရာယဉ်ကျေးမှုနှင့် စာပေတို့နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၏ သဘင်ပညာဌာနများမှ နည်းပြများဖြစ်ကြသော ဦးညီညီဇော်နှင့် ဒေါ်နန်းချယ်ရီအောင်တို့မှ မြန်မာ့နှစ်ပါးသွားအက၊ မြန်မာ့ရိုးရာရုပ်သေးနှစ်ပါးသွားအကများကို လက်တွေ့ကပြခဲ့ကြကာ မြန်မာ့ရုပ်သေးပညာ အကြောင်းနှင့်ပတ်သက်၍ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများနှင့် အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသူများက မြန်မာ့ရုပ်သေးကြိုးဆွဲပညာကို လက်တွေ့လေ့လာခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 12 June 2025
▪️ ဘီလျံနာစီးပွားရေးသမား အီလွန်မက်စ်နဲ့ အမေရိကန်အုပ်ချုပ်ရေး အရာရှိများ အချေအတင်ဖြစ်ပြီးနောက်မှာ မက်စ်က သမ္မတဒေါ်နယ်ထရမ့်အပေါ် ပြောဆိုခဲ့တာတွေကို ရုပ်သိမ်းလိုက်ကာ အလွန်အကျွံ ပြောဆိုခဲ့မိတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောသွားပါတယ်။
▪️ ယင်းတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဆိုရှယ်မီဒီယာအသီးသီးမှာ ပြောဆိုတိုက်ခိုက်မှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြကာ မက်စ်က ထရမ့်ရဲ့ အခွန်အခနှုန်းထားနဲ့ သုံးစွဲစရိတ်မူကြမ်းတွေဟာ ရွံရှာဖွယ်ကောင်းတယ်လို့ ပြောခဲ့တာကို နောင်တရမိတယ်လို့ ဆိုလာပါတယ်။
▪️ မက်စ်က နိုင်ငံရေးပြိုင်ဘက်ပါတီ တည်ထောင်ဖို့ ခြိမ်းခြောက်ခဲ့ပြီး ထရမ့်ဟာ တရားစွဲဆိုခံရသင့်တယ်လို့ ပြောတဲ့အထိ တင်းမာခဲ့ပါတယ်။
▪️ ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့ ဒီလိုမျိုး အချေအတင်ဖြစ်ကြတာဟာ Tesla, SpaceX, Starlink အပါအဝင် မက်စ်ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်စေနိုင်မှာပါ။
▪️ ဗုဒ္ဓဟူးနေ့က X ဆိုရှယ်မီဒီယာမှာ မက်စ်က သမ္မတထရမ့်အကြောင်း ပို့စ်တင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး နောင်တရမိကြောင်း ပြောထားကာ ပို့စ်အချို့ကို ပြန်ဖျက်ခဲ့ပေမယ့် ထရမ့်ရဲ့ အခွန်နှုန်းထားမူကြမ်းအကြောင်း ဝေဖန်ထားတဲ့ပို့စ်ကိုတော့ မဖျက်ထားပါဘူး။
▪️ ဒုသမ္မတ ဂျေဒီဗန့်စ်က သတင်းထောက်တွေကို ပြောကြားရာမှာ မက်စ်က သမ္မတလမ်းစဉ်အတိုင်း ထောက်ပံ့လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းတွေကို ယင်းတို့နဲ့ ပြောထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ထရမ့်ဟာလည်း မက်စ်ပြောကြားချက်တွေနဲ့ ပတ်သက်လို့ အလွန်စိတ်ပျက်ရပေမယ့် စည်းရုံးရေးတုန်းက အများဆုံးပါဝင်ကူညီခဲ့တဲ့မက်စ်နဲ့ ရေရှည်မှာ အငြိုးအတေးမဖြစ်ချင်ဘူးလို့ ဆိုပါတယ်။
▪️ ၂၀၂၄ ရွေးကောက်ပွဲမှာ မက်စ်က ရီပတ်ဘလစ်ကန်တွေအတွက် အကြမ်းဖျင်းဒေါ်လာသန်း ၃၀၀ ခန့် ပါဝင်ကူညီခဲ့ပါတယ်။
▪️ မက်စ်ရဲ့ တောင်းပန်မှုကို ထရမ့်က လက်ခံခဲ့တယ်လို့ သတင်းမီဒီယာဆိုင်ရာဝန်ကြီး ကယ်ရိုလိုင်းလီဗစ်က သတင်းထောက်တွေကို ပြောသွားပါတယ်။
#Source: Reuters
Page 186 of 1858