#World_Health
Published 25 February 2026

■ ရာသီဥတု မိုးတွေရွာတဲ့အခါ လူတွေက လျှော်ပြီးသားအဝတ်တွေကို အိမ်ထဲမှာပဲ လှန်းကြပါတယ်။

■ ဒီလိုမျိုး အိမ်ထဲမှာ အဝတ်လှန်းတာဟာ အိမ်တွင်းထဲမှာ စိုထိုင်းဆတက်စေပြီး လေတွေ လေးလံလာပါတယ်။

■ စိုစွတ်မှုများလာကာ မှိုပေါက်ဖွားနိုင်ပြီး အသက်ရှူကြပ်ခြင်း၊ ဓာတ်မတည့်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

■ လေဝင်လေထွက် မကောင်းတော့ဘဲ နံရံတွေ၊ မျက်နှာကျက်တွေ၊ ပရိဘောဂတွေမှာ စိုစွတ်လာပါတယ်။

■ အချိန်ကြာလာရင် မှိုတွေ ရှင်သန်ပေါက်ဖွားလာကြပြီး ပစ္စည်းမျက်နှာပြင်တွေ ပျက်စီးစေပါတယ်။

■ လေထဲက မှိုအပေါက်တွေက မျက်စိ၊ နှာခေါင်း၊ လည်ချောင်းတို့ကို ယားယံစေပြီး ရင်ကြပ်၊ အသက်ရှူပြဿနာ ရှိသူတွေဆိုရင် မှိုနဲ့ထိတွေ့တဲ့အခါ ပိုဆိုးစေနိုင်ပါတယ်။

■ မှိုအမှုန်အမွှားတွေက အသက်ရှူလမ်းကြောင်းများ ရောင်ရမ်းစေကာ ရင်ကြပ်ကို ပိုဆိုးစေသလို ကျန်းမာတဲ့လူတွေမှာတောင် စိုထိုင်းတဲ့လေနဲ့ ကြာရှည်ထိတွေ့တဲ့အခါ ချောင်းဆိုးခြင်းလိုမျိုး လက္ခဏာတွေ ဖြစ်စေပါတယ်။

■ ချသတ္တဝါတွေကို အားပေးရာရောက်ပြီး ပရိဘောဂတွေ ကြမ်းခင်းတွေ ပျက်စီးစေသလို အခန်းထဲမှာ ချမ်းအေးမှု ပိုမိုခံစားရစေပါတယ်။

■ လေဝင်လေထွက် မကောင်းတဲ့အိမ်တွေမှာ အဝတ်စိုတွေလှန်းရင် ဒီလိုအန္တရာယ်တွေ အဖြစ်များပါတယ်။

■ မတတ်သာလို့ အိမ်ထဲမှာ လှန်းရမယ်ဆိုရင် ပြတင်းပေါက်တွေဖွင့်၊ လေမှုတ်ထုတ်ပန်ကာများ အသုံးပြုခြင်း၊ အခန်းထဲမှာ လေသန့်စင်စက် ထားရှိခြင်း၊ အိပ်စက်တဲ့နေရာအနီး မလှန်းခြင်း၊ စိုစွတ်မှုတွေ ထွက်သွားအောင် တံခါးများဖွင့်ထားခြင်းတို့ ပြုလုပ်သင့်ပါတယ်။

■ လေဝင်လေထွက် ကောင်းအောင်ထားပြီး စိုစွတ်မှုကို ထိန်းသိမ်းနိုင်ပါက မှိုပေါက်ဖွားမှု လျှော့ချနိုင်ပြီး အိမ်တွင်းလေ အန္တရာယ်ကင်းစေမှာ ဖြစ်ပါတယ်။

Source: India Today