ကမ္ဘာလုံးဆိုင်ရာ အပူချိန်မှတ်တမ်းများ ၁၈၅၀ ခုနှစ်မှာ စတင်သတ်မှတ်လာကတည်းက ယခုနှစ်ဟာ အပူဆုံးနှစ် ဖြစ်တယ်လို့ ဥရောပသမဂ္ဂ ရာသီဥတုစောင့်ကြည့်လေ့လာရေးအဖွဲ့က တနင်္လာနေ့မှာ ပြောပါတယ်။
#World_Climate
Published 11 December 2024
#ကမ္ဘာ့အပူနွေးဆုံးကာလ #အပူချိန်မှတ်တမ်း
#YMG #Yangon_Times #Yangon_Media_Group
၁၁ ဒီဇင်ဘာ ၂၀၂၄
ရန်ကုန်မြို့၏ ပွဲတော်ညဈေးများတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်းတောပွဲတော်ဈေးကို စမ်းချောင်း မြို့နယ် ကျွန်းတောလမ်းမကြီးပေါ်တွင် ကျင်းပလျက်ရှိနေပါတယ်။
ယမန်နေ့ ဒီဇင်ဘာ ၁၀ရက်ကစခဲ့တဲ့ ပွဲတော်ဈေးမှာ ဒေသခံများရဲ့လက်လုပ် မြန်မာမုန့်၊ မြန်မာ့ရိုးရာ အစားအစာ များ၊အသုတ်စုံ၊အကြော်၊ရေမုန့်စသည်တို့ဖြင့် သွားရေယိုစရာအစားအစာစုံကို ခင်းကျင်း ရောင်းချနေပါတယ်။
အဲဒီအပြင် ပျော်ရွှင်ဆော့ကစားစရာ ချား၊ရဟတ်များကိုလည်း ထည့်သွင်းထားလို့ အစားအသောက်မြတ် နိုးသူတွေ၊ ဆော့ကစားသန်တဲ့ကလေးသူငယ် လူငယ်လူရွယ်တွေအများစုနှင့် ပွဲတော်ဟာ စည်ကားနေပါ တယ်။
ကျွန်းတောပွဲတော်ဈေးကို ဒီဇင်ဘာ ၁၆ ရက်နေ့အထိကျင်းပသွားမယ်လို့သိရပါတယ်။
#Daily_News
Published 11 December 2024
၁။ ပြည်တွင်းစားဆန် ဈေးကျပ်၈၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အကြား သတ်မှတ်ထားပြီး ၈ ရာခိုင်နှုန်းထက်ပို၍ ရောင်းချခြင်းမပြုရ
၂။ တစ်နိုင်ငံလုံးနှင့် တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲနိုင်သောကြောင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ယူနက်စကိုဝင်ခဲ့ဟုဆို
၃။ တရုတ်ယွမ် ၉ သိန်းနီးပါး ဗဟိုဘဏ်ထပ်မံထုတ်ရောင်း
၄။ ၂၀၂၄ ၏ ပထမ(၁၁)လသည် ကမ္ဘာ့အပူနွေးဆုံးကာလအဖြစ်စံချိန်တင်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11 December 2024
▪️ ယနေ့ဒီဇင်ဘာလ၁၁ရက်၌ တစ်ရက်အတွင်း ငလျင်နှစ်ကြိမ်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ပထမအကြိမ် ငလျင်လှုပ်ခတ်မှုမှာ ယနေ့ နံနက် မြန်မာစံတော်ချိန် (၇)နာရီ (၅၅) မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ် ငလျင်လှုပ်ခတ်မှုမှာ ယနေ့ နံမြန်မာစံတော်ချိန်နံနက်(၁၀)နာရီ (၂၆)မိနစ်အချိန်တွင် မိုင်းဆတ်မြို့အနီး ၃ ဒသမ ၃ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ တစ်ရက်အတွင်း မြေငလျင်လှုပ်ခတ်မှု နှစ်ခုအပါအဝင် ယခုလအတွင်းငလျင် ငါးကြိမ်ခန့်လှုပ်ခတ်ခဲ့ပြီး ဒီဇင်ဘာလ၁ရက်က ကြံခင်းမြို့အနီးလှုပ်ခတ်ခဲ့သည့် မြေငလျင်မှာ အင်အားရစ်(ခ်) တာစကေး ၄.၉အဆင့်ရှိခဲ့ပြီး ဒီဇင်ဘာလ ၂ရက်တွင် ရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့အနီး အင်အားရစ်(ခ်) တာစကေး (၃.၈)အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၉ရက်က သိန္နီမြို့အနီးလှုပ်ခတ်ခဲ့သည့် အင်အားရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိမြေငလျင်တွင် နေအိမ်တချို့အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 December 2024
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက် ( FX Trading Platform)တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများ ရောင်းချပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ (၁၀) ရက်တွင် အသိပေးကြေညာထားသည်။
▪️ ထိုသို့ ရောင်းချပေးရာတွင် သွင်းကုန်လုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ (၃၅) သန်းနှင့် ထိုင်းဘတ် သန်း (၄၀) ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးလျက်ရှိကြောင်း သိရသည်။
▪️ ဗဟိုဘဏ်မှ ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၆) ရက်အထိ ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁. ၂၅၈) သန်းကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီး ယခုဘဏ္ဍာနှစ်၏ (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
သုခဒဂုံအငှားအိမ်ရာမှာ အိမ်ခန်းရမယ်လို့ပြောဆိုပြီး ငွေကြေး လိမ်လည်သူတွေရှိနေတာကြောင့် ပြည်သူတွေ သတိပြုကြဖို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကအသိပေးထားပါတယ်။
#Local_News
Published 11 December 2024
#သုခဒဂုံအငှားအိမ်ရာ #ငွေကြေးလိမ်လည်သူများရှိနေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ တရုတ်ယွမ် ၉ သိန်းနီးပါးကို ယမန်နေ့က ထပ်မံထုတ်ရောင်း လိုက်ပါတယ်။
#Local_News
Published 11 December 2024
#တရုတ်ယွမ် #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/NN #Yangon_Times
တစ်နိုင်ငံလုံးရှိ လူကြီး၊ လူငယ်မရွေး တိုင်းရင်းသားအားလုံးပါဝင်ဆင်နွှဲနိုင်တဲ့ ပွဲ တော်ဖြစ်တာကြောင့် မြန်မာ့သင်္ကြန်ပွဲတော်အနေနဲ့ ကမ္ဘာ့ရှေးဟောင်းဒြပ်မဲ့အမွေအနှစ်အဖြစ် ယူနက်စကိုဝင်ခဲ့တယ်လို့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 11 December 2024
#မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် #ယူနက်စကိုဝင်
#YMG/NN #Yangon_Times
ယခုဒီဇင်ဘာလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း ထုတ်ပြန်ချက်အရ ပြည်တွင်းစားဆန်ဈေးကို ကျပ်၈၅,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အကြား သတ်မှတ်ထားပြီး သတ်မှတ်စျေးအပေါ် ၈ ရာခိုင်နှုန်းထက်ပိုရောင်းချခြင်းမပြုရဘူးလို့ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 11 December 2024
#ဈေးကွက်ဈေးနှုန်း #ပိုရောင်းချခြင်းမပြုရ
#YMG/SW #Yangon_Times
#World_News
Published 11 December 2024
▪️ အမေရိကန် ဒုံးကျည်ကာကွယ်ရေးအေဂျင်စီ (MDA)ဟာ ဂူအမ်ကျွန်းမှာ ပထမဆုံးစမ်းသပ်မှုအနေနဲ့ ဝေဟင်သို့ပစ်လွှတ်လိုက်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ပစ်မှတ်ကို အောင်မြင်စွာ ဖြတ်တောက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပင်တဂွန်က အင်္ဂါနေ့မှာ ပြောပါတယ်။
▪️ အနောက်ပစိဖိတ်ဒေသရှိ အမေရိကန်နယ်မြေ ဂူအမ်ကျွန်းဟာ ဗျူဟာမြောက် စစ်ရေးစခန်းတစ်ခုဖြစ်ပြီး တရုတ်ပြည်အနီးမှာ တည်ရှိပါတယ်။
▪️ ထိုဒေသမှာ အမေရိကန်ရဲ့ ရပ်တည်မှု ထိန်းသိမ်းဖို့နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ရန်လိုမှုများကို ဟန့်တားဖို့ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
▪️ ဒီစမ်းသပ်အောင်မြင်မှုဟာ ပြောင်းလဲတိုးတက်လာတဲ့ ဒုံးကျည်ခြိမ်းခြောက်မှုများကနေ ဂူအမ်ကာကွယ်ရေး မြှင့်တင်ဖို့အတွက် ပင်တဂွန်မှ ကတိကဝတ်ပြုထားတာကို ဖော်ပြနေပါတယ်။
▪️ Flight Experiment Mission-02(FEM-02) လို့ခေါ်တဲ့ Aegis Guam စနစ်ကို AN/TPY-6 ရေဒါအသစ်၊ ထောင်လိုက်ပစ်လွှတ်စနစ်တို့ဖြင့် ပေါင်းစပ်ကာ Standard Missile-3 Block IIA ဒုံးကျည်ကို ပစ်လွှတ်ခဲ့ပါတယ်။
▪️ အန်ဒါဆန်လေတပ်စခန်းကနေ ဝေဟင်သို့ ပစ်လွှတ်လိုက်တဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကို RTX Corpမှ ထုတ်လုပ်တဲ့ ဒုံးကျည်ဖြင့် အောင်မြင်စွာ ဖြတ်တောက်နှောင့်ယှက်နိုင်ခဲ့ပါတယ်။
▪️ MDA ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး ဟိသ်ကောလင်းစ်က ဒုံးကျည်လိုက်စနစ်နဲ့ ဂူအမ်အတွက် လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် အောင်မြင်မှုနဲ့ ပတ်သက်ပြီး ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
▪️ ယခု ဖြတ်တောက်ဖျက်ဆီးစမ်းသပ်မှုဟာ ဂူအမ်ကာကွယ်ရေးစနစ် (GDS) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် ပူးပေါင်းမြှင့်တင်ရန် ရည်ရွယ်ထားပါတယ်။
▪️ MDA က ယခုစမ်းသပ်ချက်မှ အချက်အလက်များ ရယူကာ အနာဂတ် GDS လိုအပ်ချက်များ ထပ်မံမွမ်းမံသွားဖို့ စီစဉ်နေပါတယ်။
#Source: Reuters
#Local_News
Published 11 December 2024
▪️ ထိုင်းဘုရင့်သမီးတော်ဖလား၊ အသက်(၁၄)နှစ်မှ(၁၈)နှစ်အတွင်း၊မြင်းစီးတန်းခုန်ပြိုင်ပွဲတွင် မြန်မာလူငယ်မြင်းစီးသမား ဖြိုးကျော်မြင့်သန်းသည် ကြေးတံဆိပ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။
▪️ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သည် ထိုင်းနိုင်ငံ၊ပတ္တယားမြို့၌ ဒီဇင်ဘာ ၇ရက်မှ ၁၀ရက်အထိ ကျင်းပသည့် ထိုင်းဘုရင့်သမီးတော်ဖလား၊ အသက်(၁၄)နှစ် မှ(၁၈)နှစ်အတွင်း၊မြင်းစီးတန်းခုန်ပြိုင်ပွဲ "Princess Cup - FEI SEA Cup (CSIJ-B PATTAYA 2024) သို့ ဖြိုးကျော်မြင့်သန်းအားဝင်ရောက်ယှဥ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ(Junior တန်း)မှ မြန်မာ့လက်ရွေးမြင်းစီးအားကစားသမား ဖြိုးကျော်မြင့်သန်းသည် ဒီဇင်ဘာ ၁၀ရက်နေ့ပြိုင်ပွဲနောက်ဆုံးနေ့ ယှဥ်ပြိုင်ရာ၌ ကြေးတံဆိပ်ဆုကြီးအား တိုင်းပြည်ဂုဏ်ဆောင်လျှက် ပိုင်ဆိုင်ရယူလာပြီဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဌဦးပြုံးမောင်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်များ လိုက်ပါအားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 December 2024
▪️ ရွှေတိဂုံစေတီတော်ရှိ သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော ထရန်စမော်အား (၂၄)နာရီ ဓာတ်အားရရှိရေးအတွက် တင်ဒါခေါ်ယူနေကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံးမှ သိရသည်။
▪️ အဆိုပါ ရွှေတိဂုံစေတီတော်သိင်္ဂုတ္တရ ဥယျာဉ်တော်နှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ဥယျာဉ်သို့ ဓာတ်အားပေးသော 6.6/0.4 kV,(315kV) ထရန်စဖော်မာအား (၂၄)နာရီ ဓာတ်အားရရှိရေး အတွက် 6.6kV မြေအောက်ဓာတ်ကြိုးပေ (၁၄၅၀)ခန့် ချမြှုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိသောကြောင့် လုပ်ငန်း
အားဆောင်ရွက်ရန် စိတ်ပါဝင်စားသူလုပ်ငန်းရှင်များဈေးပြိုင်တင်ဒါစနစ်ဖြင့်ခေါ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ခေါ်ယူရာတွင် (တင်ဒါပုံစံနှင့် စည်းကမ်းချက် တစ်စုံလျှင် ၃၀,၀၀၀/- (နှုန်း)ဖြင့် ဒီဇင်ဘာလ (၁၀)ရက် (အင်္ဂါနေ့) မှစ၍ ရုံးချိန်အတွင်း ဂေါပကအဖွဲ့ရုံး လျှပ်စစ်နှင့် ရေသန့်ဌာနတွင် ဝယ်ယူပြီး ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ (၁၄) ရက် (အင်္ဂါနေ့) ညနေ (၄)နာရီ နောက်ဆုံးထား၍ ဈေးပြိုင် (တင်ဒါ) တင်သွင်းနိုင်ကြောင်း၊ အသေးစိတ်အချက်အလက်များကို လျှပ်စစ်နှင့်ရေသန့်ဌာနရုံးခန်းတွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
Page 197 of 1680