အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဟားဗတ်တက္ကသိုလ်ကို ထောက်ပံ့မယ့် ဘီလီယံဒေါ်လာတွေကို အမေရိကန်တဝှမ်းရှိ အသက်မွေးဝမ်းကြောင်း နည်းပညာကျောင်းများသို့လွှဲပြောင်းပေးသွားမယ်လို့ တနင်္လာနေ့က ခြိမ်းခြောက်လိုက်ကာ ဟားဗတ်လို ထိပ်တန်းတက္ကသိုလ်ကြီးနဲ့ တင်းမာမှုမြင့်တက်နေပါတယ်။
#World_News
Published 29 May 2025
#အမေရိကန်သမ္မတဒေါ်နယ်ထရမ့် #ဟားဗတ်လိုထိပ်တန်းတက္ကသိုလ်ကြီး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 29 May 2025
၁။ စစ်ကိုင်းအထက်ပိုင်းမိုးကြီးပြီး ချင်းတွင်းမြစ်ရေ ရုတ်တရက်မြင့်တက်နိုင်
၂။ ရန်ကုန်ဆေးရုံကြီး၌ သဘာဝဘေးဖြစ်ပေါ်လာပါက လူနာ ၁၀၀အထိအရေးပေါ် ကုသနိုင်ရန် စီမံချက်ရေးဆွဲဆောင်ရွက်နေ
၃။ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဂျာမနီကြက်ခြေနီအသင်းမှ ရွက်ဖျင်တဲများ လှူဒါန်း
၄။ ဟားဗတ်တက္ကသိုလ်ထောက်ပံ့ငွေများအား အသက်မွေးဝမ်းကြောင်းတက္ကသိုလ်များသို့လွှဲပြောင်းပေးမည်ဟု ထရမ့်ခြိမ်းခြောက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ထက်အငှားပိုသွက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရပါတယ်။
#Local_News
Published 29 May 2025
#ရန်ကုန်အိမ်ခြံမြေဈေးကွက် #အငှားပိုသွက်နေ
#YMG/SW #Yangon_Times
#Local_News
Published 29 May 2025
▪️ ယခုကျောင်းဖွင့်ချိန်အမီငလျင်ဘေးသင့်ကျောင်းများ၌ ယာယီစာသင်ကျောင်းဆောင် အဆောင် ၂၀ တည်ဆောက်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဇွန်လပထမပတ်အတွင်း ကျောင်းများ အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာကလေးများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင် ၂၀ ကို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငါးဆောင်စီတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးငလျင်ဘေးသင့်ဒေသများအတွက် AHA Centre မှတစ်ဆင့် အလှူရှင်နိုင်ငံများက လှူဒါန်းထားသော အသင့်တပ်ဆင်အသုံးပြုနိုင်သည့် ယာယီစာသင်ကျောင်းဆောင်များ (Prefabricated Schools) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
▪️ ယာယီစာသင်ကျောင်းဆောင်လွှဲပြောင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး AHA Centre ၏ အမှုဆောင် ညွှန်ကြားရေးမှူး Mr. Lee Yam Ming က ယာယီစာသင်ကျောင်းဆောင်များကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့ထံသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိတဲ့ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းမှလှူဒါန်းတဲ့ Tent များ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 29 May 2025
#မြန်မာနိုင်ငံကြက်ခြေနီအသင်း #ရွက်ဖျင်တဲများလှူဒါန်း
#YMG/SW #Yangon_Times
ရန်ကုန်ဆေးရုံကြီးမှာ တစ်ရက်ကို လူနာသုံးထောင်ကျော်ကုသပေးနေပြီး ထိခိုက်သူ နဲ့ သဘာဝဘေး ဖြစ်ပေါ်လာပါကလည်း လူနာ ၁၀၀ အထိအရေးပေါ် ကုသနိုင်ဖို့ စီမံချက်ရေးဆွဲဆောင်ရွက်နေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။
#Local_News
Published 29 May 2025
#ရန်ကုန်ဆေးရုံကြီး #စီမံချက်ရေးဆွဲဆောင်ရွက်နေ
#YMG/NN #Yangon_Times
စစ်ကိုင်းအထက်ပိုင်းမိုးကြီးပြီး ချင်းတွင်းမြစ်ရေ ရုတ်တရက်မြင့်တက်နိုင်တယ်လို့ ECMWF နဲ့ Meteoblue ကြိုတင်ခန့်မှန်းချက်တွေကို ကိုးကားပြီး ပြည်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
#Local_News
Published 29 May 2025
#စစ်ကိုင်းအထက်ပိုင်းမိုးကြီး #ချင်းတွင်းမြစ်ရေရုတ်တရက်မြင့်တက်နိုင်
#YMG/NN #Yangon_Times
#Local_News
Published 29 May 2025
▪️ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့အနီး၌ ငလျင်ငယ် တစ်ခု ယနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ မေလ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၃၂)မိနစ်၊ (၀၂)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၄၇) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မော်လိုက်မြို့၏ အရှေ့တောင်ဘက် မိုင် (၃၀) မိုင်ခန့်အကွာ)တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
▪️ အဆိုပါ မြေငလျင်ငယ်သည် မြောက်လတ္တီတွဒ် (၂၃.၅၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၇) ဒီဂရီ၊ အနက်(၈၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 29 May 2025
▪️ အမေရိကန်ဟာ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်စပ်နေသူများ၊ အရေးကြီးကဏ္ဍများမှာ သင်ယူလေ့လာနေသူများအပါအဝင် တရုတ်ကျောင်းသားတွေရဲ့ ဗီဇာကို ထဲထဲဝင်ဝင် ပြန်လည်ရုပ်သိမ်းသွားတော့မယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
▪️ အမေရိကန်ရှိ တရုတ်ကျောင်းသားပေါင်း သိန်းနဲ့ချီ ဗီဇာရုပ်သိမ်းခံရပါက အမေရိကန်ကျောင်းများအတွက် အဓိကဝင်ငွေရင်းမြစ်တွေနဲ့ အမေရိကန် နည်းပညာကုမ္ပဏီများအတွက် အရည်အသွေးရှိလူငယ်များ ထိခိုက်သွားနိုင်ပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်က လူဝင်မှုကြီးကြပ်ရေးလမ်းစဉ် တင်းကြပ်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းနေရာ နေရပ်ပြန်ပို့ခြင်းများနဲ့ ကျောင်းသားဗီဇာ ရုပ်သိမ်းခြင်းတို့ မြှင့်တင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
▪️ ဒါ့အပြင် အနာဂတ်မှာ တရုတ်နဲ့ ဟောင်ကောင်တို့မှ ဗီဇာလျှောက်ထားခြင်းများကို သေချာစိစစ်သွားမယ့် ဗီဇာလိုအပ်ချက်ကိုလည်း ပြင်ဆင်ကြပ်မတ်သွားမှာ ဖြစ်ကြောင်း ရူဘီယိုက ပြောပါတယ်။
▪️ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ယင်းတို့ရဲ့ နိုင်ငံခြားသွားကျောင်းသားများရဲ့ ပညာသင်ကြားပိုင်ခွင့်နဲ့ အကျိုးစီးပွားတို့ကို အခိုင်အမာ ကာကွယ်သွားမယ်လို့ အာမခံပြောကြားထားပါတယ်။
▪️ ထရမ့်ရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်က ဗဟိုချက်လို ဖြစ်နေပြီး မကြာသေးမီက အမေရိကန်-တရုတ် ကုန်သွယ်ရေးအငြင်းပွားမှု ရပ်ဆိုင်းခဲ့ပေမယ့်လည်း ယခုလို တရုတ်ကျောင်းသားဗီဇာတွေကို ပယ်ဖျက်ဖို့ ဆုံးဖြတ်လာတာ ဖြစ်ပါတယ်။
▪️ အမေရိကန်မှာရှိတဲ့ နိုင်ငံခြားသားကျောင်းသားတွေထဲမှာ အိန္ဒိယနဲ့ တရုတ်ပေါင်းလိုက်ရင် ၅၄ ရာခိုင်နှုန်းထိရှိနေပြီး ၂၀၂၃ ခုနှစ်က အမေရိကန်စီးပွားရေးမှာ ဒေါ်လာ ၅၀ ဘီလီယံကျော် ရရှိစေခဲ့ပါတယ်။
▪️ ဗီဇာရုပ်သိမ်းရာမှာ ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်သွားမလဲဆိုတာတော့ ရူဘီယို သေချာမပြောသွားပါဘူး။
#Source: Reuters
#Local_News
Published 29 May 2025
▪️ ကျင်းတုံးလေကြောင်းလိုင်း၏ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ကုန်တင်လေယာဥ် ခရီးစဉ်စတင်ပျံသန်းပြေးဆွဲခြင်းအခမ်းအနားကို ချန်ဒူးမြို့၌ ယခုလ၂၆ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းတက်ရောက်ခဲ့ပြီးချန်ဒူး Shuangliu လေကြောင်း စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ချန်ဒူး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအုပ်စုကုမ္ပဏီနှင့် JD လေကြောင်းတို့သည် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
▪️ ကျင်းတုံးလေကြောင်းလိုင်းအေနဖြင့် ချန်ဒူး-ရန်ကုန် ကုန်တင်လေယာဥ်ခရီးစဉ်ကို မေလ၂၆ရက် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၃၆ မိနစ်တွင် လေယာဉ်အမှတ် 737-800BCF ဖြင့် အထည်အလိပ်နှင့် ပိုးထည်အပြည့် တင်ဆောင်ကာ Chengdu Shungliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ပျံသန်းခဲ့ကြောင်း၊ အဆိုပါလေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်တို့ကို တင်ဆောင်၍ တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 29 May 2025
▪️ ရန်ကုန်မြို့ရှိ ၁၉၀၀ ပြည့်နှစ်အစောပိုင်းက တည်ဆောက်ထားသည့်အမွေအနှစ်အဆောက်အအုံကို ယဉ်ကျေးမှုနှင့် လူထုလှုပ်ရှားမှု စင်တာအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ သိရသည်။
▪️ ဂျာမနီသံရုံးနှင့်ဒေသခံ လူမှုအခြေပြုလုပ်ငန်း Doh Eain တို့က ရန်ကုန်မြို့၌ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးပရောဂျက်အသစ်ကို စတင်ခဲ့ကြပြီး ထိုပရောဂျက်အတွက် Doh Eain မှလေ့ကျင့်သင်ကြားထားသော အမျိုးသမီး ဆောက်လုပ်ရေး ကျွမ်းကျင်သူများအဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်း၍ ၁၉၀၀ ပြည့်လွန်နှစ်အစောပိုင်းကတည်းက တည်ရှိလာသော Sino-Portuguese ပုံစံဖြင့် တည်ဆောက်ထားသော အမွေအနှစ်အဆောက်အအုံတစ်ခုအား ထိန်းသိမ်းပြုပြင်သွားမည်ဖြစ်ကြောင်း၊အဆောက်အအုံအား ပြုပြင်ပြီးနောက်တွင် ယဉ်ကျေးမှုနှင့် လူထုလှုပ်ရှားမှု စင်တာတစ်ခုအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ "မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးရဲ့ အကူအညီနဲ့ Doh Eainက The Women in Construction and Restoration of Community Centre အမည်ရ စီမံကိန်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံကိန်းမှာတော့ ရန်ကုန်မြို့ရှိ အမွေအနှစ်အိမ်တစ်အိမ်ကို ဆောက်လုပ်ရေး ကျွမ်းကျင် အမျိုးသမီးအလုပ်သမားများ၊ ပညာရှင်များနဲ့အတူ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်"ဟု Doh Eain မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ စီမံကိန်းကို ပါဝင်အကောင်အထည်ဖော်သွားမည့် အဖွဲ့၏ ၇၅ ရာခိုင်နှုန်းသည် အမျိုးသမီး ကျွမ်းကျင်ပညာရှင်များဖြစ်ပြီး ယခု စီမံကိန်းက ဆောက်လုပ်ရေးနယ်ပယ်အတွင်း အမျိုးသမီးများ၏အခန်းကဏ္ဍကိုမြှင့်တင်ရာတွင် အထောက်အပံ့ဖြစ်စေနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_29 May 2025
▪️ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့်ကင်ညာနိုင်ငံသားလေးဦး၊ ဘူရွန်ဒီနိုင်ငံသားသုံးဦး၊ စုစုပေါင်း ခုနစ်ဦးတို့အား ယမန်နေ့ မေလ ၂၈ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေ မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူ Ambassador Mr. Lindsay Kiptiness 'ndc' (K)နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ဇန်နဝါရီလ ၃၀ ရက်မှမေလ ၂၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၀၂ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၆၉၉ ဦးကို ထိုင်း နိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၄၀၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။
#Yangon_Times/PP
Page 200 of 1859