#World_Science
Published 29 July 2025
▪️ လက်ချောင်းအတိုအရှည်ပေါ် မူတည်ပြီး လိင်စိတ်ဆန္ဒ၊ အပြုအမူ၊ ကြိုက်နှစ်သက်ပုံတွေ ကွဲပြားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ပြောလာပါတယ်။
▪️ လူတစ်ဦးရဲ့ လိင်အပြုအမူပုံစံတွေက မိခင်ဝမ်းတွင်းထဲရှိစဉ်ထဲက ပုံဖော်သွားတယ်လို့ ဆိုထားပါတယ်။
▪️ ကျားဟော်မုန်းတစ်မျိုးဖြစ်တဲ့ အန်ဒရိုဂျင်နဲ့ ပတ်သက်ပြီး ဦးနှောက်တုံ့ပြန်ပုံကလည်း သက်ဆိုင်နေပါတယ်။
▪️ ဒီအတွက် ဂျပန်နိုင်ငံ အိုကာယာမာတက္ကသိုလ်မှ သုတေသီတွေက ကြွက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ သူတို့ရဲ့ လက်ချောင်းအတိုအရှည်က လိင်စိတ်ဆန္ဒနဲ့ ပြုမူပုံတွေကို ညွှန်ပြနေတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
▪️ ဒုတိယမြောက်လက်ချောင်းနဲ့ စတုတ္ထမြောက်လက်ချောင်းတို့ရဲ့ အချိုး 2D:4D က ကြွက်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူနဲ့ အကြိုက်တွေကို ခန့်မှန်းနိုင်ကြောင်း တွေ့ရှိလာပါတယ်။
▪️ လက်ညှိုးက လက်သူကြွယ်ထက် ပိုတိုခြင်း၊ တစ်နည်းအားဖြင့် 2D:4D အချိုးနည်းခြင်းက လိင်စိတ်ဆန္ဒပြင်းပြတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
▪️ လက်ညှိုးပိုတိုတဲ့ကြွက်တွေက တခြားကြွက်တွေထက် လိင်စိတ်ဆန္ဒပိုမြင့်မားသလို ထောင်မတ်နိုင်စွမ်း ပိုအားကောင်းတာ တွေ့ရပါတယ်။
▪️ ဒါ့အပြင် လှောင်အိမ်ထဲထည့်ကာ ကြွက်မအနံ့ရှိတဲ့ နေရာနဲ့ ကြွက်ထီးအနံ့ရှိတဲ့ နေရာဆိုပြီး ထည့်ပေးထားပါတယ်။
▪️ ထိုအခါမှာ ကြွက်မအနံ့ရှိတဲ့နေရာဆီကို ပိုပြီးစူးစမ်းလေ့လာနေတာ တွေ့ရပါတယ်။
▪️ ဟော်မုန်းသက်ရောက်မှုက ဦးနှောက်အပေါ်မှာ ဝမ်းဗိုက်ထဲမှာတည်းက သက်ရောက်နေပြီး နောက်ပိုင်းမှာ 2D:4D အချိုးအတိုင်း ဖြစ်လာပါတယ်။
▪️ စမ်းသပ်ချက်တွေက ကြွက်ထီးတွေမှာပဲ တစ်ဖက်သတ် စမ်းသပ်ထားတာ ဖြစ်ပါတယ်။
#Source: WION
ယီမင်ရဲ့ရီယယ်ငွေကြေးက အစိုးရထိန်းချုပ်ဒေသတွေမှာ အတော်လေး ဆက်လက်ကျဆင်းနေပြီး ယခုနောက်ဆုံး ကုန်သွယ်ရေးတွေမှာ အမေရိကန်တစ်ဒေါ်လာကို ရီယယ် ၂,၉၀၀ ခန့်အထိ ကျဆင်းသွားပါတယ်။
#World_Business
Published 28 July 2025
#ယီမင်ရဲ့ရီယယ်ငွေကြေး #ယီမင်ငွေကြေးတန်ဖိုးကျ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 July 2025
၁။ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဒုတိယအဆင့်ဓာတ်အားထုတ်လုပ်မှုကို နွေရာသီအမှီဆောင်ရွက်မည်
၂။ ဂျိုးဖြူရေသုံးစွဲသူအားလုံး ရေမီတာမဖြစ်မနေတတ်ဆင်ရမည်
၃။ စားအုန်းဆီရည်ညွှန်းဈေး တက်ရိပ်ပြ
၄။ စီးပွားရေးအကြပ်အတည်းများကြား ယီမင်ငွေကြေးတန်ဖိုးစံချိန်တင်ကျဆင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပူထရာဂျာယာ၊မလေးရှား၊ဇူလိုင်၂၈ (ရိုက်တာ) - ကမ္ဘောဒီးယားနှင့် ထိုင်းခေါင်းဆောင်များသည် ဆယ်စုနှစ် တစ်ခုကျော်အတွင်း အပြင်းထန်ဆုံး ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်၍ တနင်္လာနေ့ သန်းခေါင်ယံ မှစ၍ အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့ကြသည်။ ငါးရက်ကြာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီး နောက် ယင်းသဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။
ပဋိပက္ခငြိမ်းအောင် နိုင်ငံတကာမှ ကြိုးပမ်းနေချိန်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များသည် အာဆီယံဒေသဆိုင်ရာအဖွဲ့၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ဦးဆောင် ကျင်းပသည့် မလေးရှားနိုင်ငံတွင် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်စလုံးက ရန်လိုမှုများကို ရပ်ဆိုင်းရန် နှင့် တိုက်ရိုက်ဆက်သွယ်မှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသည်။
“ယနေ့ ကျွန်တော်တို့ အလွန်ကောင်းမွန်တဲ့ အစည်းအဝေးတစ်ခုနှင့် အလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့ပါတယ်။ ဒါဟာ အသက်ပေါင်းများစွာ ဆုံးရှုံးထိခိုက်ဒဏ်ရာရတာတွေအပြင် လူတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေကို ဖြစ်စေခဲ့တဲ့ တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်မာနက်က ပြောကြားခဲ့ပြီး ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ပေး ခဲ့သည့် ထရမ့်နှင့် တရုတ်နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း သူက ဆက်လက်ပြောဆိုသည်။
"ဝန်ကြီးချုပ် အန်ဝါ ခုလေးတင် ကြေညာခဲ့တဲ့ ဖြေရှင်းနည်းတွေက ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံ ဆွေးနွေးမှု တွေ ပုံမှန်ဆက်ဆံရေးအတိုင်း ပြန်ဖြစ်လာဖို့နဲ့ အနာဂတ်မှာ တပ်ဖွဲ့တွေရဲ့ တင်းမာမှု လျှော့ချရေးအတွက် အခြေခံတစ်ခု ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ထိုင်းယာယီ ဝန်ကြီးချုပ် ဖူမ်သမ် ဝေချာချိုင်းက ပြောကြားခဲ့သည်


အမျိုးသားကင်ဆာရောဂါ ကုသရေးဌာန (ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကို နိုင်ငံတော်ရဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၃၂ ဘီလီယံကျော်နဲ့ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 28 July 2025
#အမျိုးသားကင်ဆာရောဂါကုသရေးဌာန #စီမံကိန်းချမှတ်ဆောင်ရွက်
#YMG/NN #Yangon_Times
ဘန်ကောက်၊ ဇူလိုင် ၂၈ (ရိုက်တာ) - ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာ တနင်္လာနေ့က သေနတ်သမားတစ်ဦး ဈေးထဲမှာ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ သေနတ်သမားလည်း ပါဝင်တယ်လို့ မြို့တော် ရဲဌာန ချုပ်ရဲ့ ဒုတိယရဲမင်းကြီး ချာရင် ဂိုပတ်တာက ရိုက်တာကို ပြောကြားခဲ့ပါတယ်။
"ရဲတပ်ဖွဲ့က သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဖြစ်စဉ်ရဲ့ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေ ပါတယ်" လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေနတ်သမား ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ လူ ၅ ဦးကတော့ ဈေးရဲ့ လုံခြုံရေးဝန်ထမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
.ဘန်ကောက်ရဲ့ ဘန်ဆူးခရိုင်မှာရှိတဲ့ အဓိကအားဖြင့် စိုက်ပျိုးရေးထွက်ကုန်တွေ ရောင်းချတဲ့ ဈေးမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ခရီးသွားဧည့်သည်တွေ သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရတာမျိုးမရှိဘူးလို့ ဘန်ကောက်ရဲအရာရှိ ဆာနောင် ဆင်မဏီက ပြောပါတယ်။
ခရီးသွားလုပ်ငန်းဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်တဲ့ ထိုင်းနိုင်ငံအတွက် အဓိက စီးပွားရေးမောင်းနှင်အားတစ်ခုဖြစ်ပြီး စီးပွားရေးတိုးတက်မှု နှေးကွေးနေတာကြောင့်အခုလို ဖြစ်စဉ်တွေက စိတ်ဓာတ်တွေကို ထိခိုက်စေနိုင်ပါတယ်။

ရဲတပ်ဖွဲ့က မျှဝေခဲ့တဲ့ ဗီဒီယိုဖိုင်မှာ အဖြူရောင်ဦးထုပ်ဆောင်းထားပြီး ကျောပိုးအိတ်ကို ရင်ဘတ်မှာ လွယ်ထားတဲ့ သံသယရှိသူတစ်ဦး ဈေးရဲ့ ကားပါကင်ထဲမှာ လမ်းလျှောက်နေတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံမှာ သေနတ်အကြမ်းဖက်မှုနဲ့ သေနတ်ပိုင်ဆိုင်မှုတွေက အဆန်းမဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက အသက် ၁၄ နှစ်အရွယ် သံသယရှိသူတစ်ဦးဟာ ဘန်ကောက်မြို့လယ်က ဇိမ်ခံကုန်တိုက်တစ်ခုမှာ ပြုပြင်ထားတဲ့ သေနတ်နှင့် လူနှစ်ဦးကို သတ်ပြီး ငါးဦးကို ဒဏ်ရာရအောင်လုပ်ခဲ့ ပါတယ်။
တစ်နှစ်အစောပိုင်းကလည်း ရဲအရာရှိဟောင်းတစ်ဦးဟာ ထိုင်းနိုင်ငံအရှေ့ပိုင်းက မူကြိုကျောင်းတစ်ခုမှာ သေနတ်နှင့် ဓားတို့ဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၃၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေအထဲ ကလေး ၂၂ ဦး ပါဝင်ခဲ့ပါတယ်။
သတင်းကိုးကား-ဘန်ကောက်ပို့စ်

အခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွှန်းဈေးတွေ အရင်တစ်ပတ်ကထက် တစ်ပိဿာကို ၇၅ကျပ်နဲ့ တက်ရိပ်ပြလာတယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ထုတ်ပြန် ချက်အရသိရပါတယ်။
#Local_News
Published 28 July 2025
#စားအုန်းဆီရည်ညွှန်းဈေးတက် #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး
#YMG/NN #Yangon_Times
မင်းဘူးမြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဒုတိယအဆင့်စီမံကိန်းရဲ့ ဓာတ်အား၄၀ မဂ္ဂါဝပ်ကို လာမယ့်နွေရာသီအမှီထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 28 July 2025
#မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး #ဓာတ်အားပေးစက်ရုံ
#YMG/SW #Yangon_Times
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းရေးဌာနမှ ဖြန့်ဖြူးပေးလျှက်ရှိတဲ့ ဂျိုးဖြူရေကိုသုံးစွဲနေသူပြည်သူများအနေနဲ့ ရေမီတာကို မဖြစ်မနေတတ်ဆင်ရမယ်လို့ သိရပါတယ်။
#Local_News
Published 28 July 2025
#ဂျိုးဖြူရေသုံးစွဲသူ #ရေမီတာမဖြစ်မနေတတ်ဆင်ရ
#YMG/SW #Yangon_Times
#Local_News
Published 28 July 2025
▪️ ပင်းတယမြို့ သိမ်ကုန်းနှင့်ရွာအချို့ ရုတ်တရက်ရေကြီး လူအသေအပျောက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
▪️ "ပင်းတယ (၆)ဦးထပ်မနည်းသေဆုံး တယ်လို့ပြောကြတယ် ၊ ပျောက်သူလဲရှိတယ် ၊တောင်ကျရေ ရုတ်တရက်ကျလာတာ၊လုံးဝထင်မထားဘဲ ရုတ်တရက် ရေကြီးလာတာပါ၊ သိမ်ကုန်းရွာ၊ ကုန်းစောင်းရွာ၊ ရွှေပုထိုးရွာ တွေပါပါတယ် ၊ ရွှေဥမင်ဘုရားဆိုင်ခန်းတွေပါပြိုတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ ရွှေပုထိုးရွာတို့တွင် ဇူလိုင်လ ၂၇ ရက် ည ၁၂ နာရီကျော်၌ တောင်ကျရေ ရုတ်တရက်ထိုးဆင်း ထို့အပြင် ရွှေဥမင်ဘုရားဆိုင်၄ခန်းပြိုကျပြီး
ထပ်မံပြိုပါက အန္တရာယ်ရှိနိုင်သောကြောင့် ဘုရားအတက်လမ်းကို ယာယီပိတ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 28 July 2025
▪️ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီး လေးလပြည့်နေ့သည့် ယနေ့နံနက်အစောပိုင်းတွင် မန္တလေးမြို့၌ အင်အား၄.၁ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်၍ မန္တလေးမြို့ခံတစ်ဦးက " ၁၂မတ်တင်းလောက်ကအသာလေးတချက်အရင်လှုပ်လိုက်တယ်ထင်တယ်ပဲ။
လူကနိုးပြီးဟုတ်မဟုတ်ဇဝေဇဝါနဲ့ကိုယ့်ဟာကိုယ်ဘဲထင်နေတာလားဆိုတွေးရင်းမိုးလဲရွာနေတော့အကြီးစားတွေတော့ မလာလောက်တော့ပါဘူးဆိုထင်နေတာ ထပ်လှုပ်တာဘဲနည်းနည်းပြင်းတယ်။ ၄ကျော်လောက်ရှိမယ်ထင်တယ်အိပ်ယာထဲက ဖုန်းတောင်မယူနိုင် ထဆင်းပြေးတာ ခုကလူတွေကတအားကြောက်တတ်တာမဟုတ်ပေမယ့် ဒါကအသက်အန္တရာယ်ရှိတယ်ဆိုတာကို သိမြင်ထားရတော့ ခြေထောက်တွေကအကျင့်ရနေပြီရယ် ၄လပြည့်ပြီ ငလျင်ကခုထိလှုပ်နေတုန်း"ဟု ပြောသည်။
▪️ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီးမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ဇူလိုင်လ၂၈ရက် နံနက်အေစာပိုင်း ၀၀း၀၁နာရီတွင်မဟာအောင်မြေမြို့နယ်၏ တောင်ဘက် (၁) မိုင်ခန့်ကိုဗဟိုပြု၍အနက် - ၃၃ ကီလိုမီတာ ဖြင့် အင်အားပမာဏ - ၄.၁ ရစ်(ခ်)တာစကေး အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း ထုတ်ပြန်ထားသည်။
▪️ အဆိုပါငလျင်သည် မန္တလေးငလျင်ကြီးအပြီး ၂၁၄ကြိမ်မြောက်လှုပ်ခတ်သည့် ငလျင်ဖြစ်ကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 28 July 2025
▪️ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခနဲ့ ပတ်သက်ပြီး တနင်္လာနေ့မှာ နှစ်ဖက်ခေါင်းဆောင်များက မလေးရှားမှာပြုလုပ်သွားမယ့် ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်သွားမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
▪️ တနင်္လာနေ့ မွန်းလွဲ ၃ နာရီမှာ ဆွေးနွေးမှုပြုလုပ်ရန် စီစဉ်ထားပြီး ထိုင်းယာယီဝန်ကြီးချုပ် ဖွန်ထမ်ဝီချာယာချိုင်က ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်လာမှာဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။
▪️ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဦးစီးကျင်းပမယ့် မလေးရှားက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်လည်း တက်ရောက်မယ်လို့ အသိပေးထားပါတယ်။
▪️ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ မေလက နယ်စပ်တိုက်ပွဲတစ်ခုအတွင်း ကမ္ဘောဒီးယားစစ်သည်တစ်ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်း တင်းမာမှုမြင့်တက်နေကြကာ နှစ်ဖက်စလုံးမှ နယ်စပ်စစ်အင်အား တိုးချဲ့ထားသလို မတည်မငြိမ်ဖြစ်နေတဲ့ ထိုင်းညွန့်ပေါင်းအစိုးရ ပြိုလဲလုနီးပါး ဖြစ်ခဲ့ပါတယ်။
▪️ ကြာသပတေးနေ့က ပြန်လည်တိုက်ခိုက်လာကြပြီး ၄ ရက်အတွင်းမှာပဲ အရှေ့တောင်အာရှ နိုင်ငံများကြား ဆယ်စုနှစ်ကျော်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုအဖြစ် တင်းမာလာပါတယ်။
▪️ အသေအပျောက်စာရင်း ထိုင်းအရပ်သား ၁၃ ဦး၊ ကမ္ဘောဒီးယားအရပ်သား ၈ ဦးအပါအဝင် အယောက် ၃၀ ရှိလာကာ နယ်စပ်ဒေသတွေမှာ လူပေါင်း ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အာဏာပိုင်များ ဖော်ပြထားပါတယ်။
▪️ နှစ်နိုင်ငံကတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲပြောဆိုထားပါတယ်။
▪️ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် ၈၁၇ ကီလိုမီတာတလျှောက် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အချင်းများနေကြတာ ဆယ်စုနှစ်တွေ ကြာမြင့်နေပါပြီ။
#Source: Reuters
Page 200 of 1919