#Local_News
Published 28 May 2025
▪️ ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအမျိုးသမီးလုပ်သား ၉၃ဦးကို ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်( OWIC) ပြုလုပ်ခွင့်ပြုခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ ဂျပန်နိုင်ငံသို့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် ( OWIC) ပြုလုပ်ခွင့် တင်ပြထားလျှောက်ထားလာကြသည့် အေဂျင်စီ ၂၃ ခုမှ အမျိုးသမီး အလုပ်သမား ၉၃ ဦး အတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် OWIC ကတ် ပြုလုပ်ခွင့်ပြုသည့် စာရင်းကို Safe Migration Channel က ကြေညာပေးခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ နာမည်စာရင်းပါ အမျိုးသမီးလုပ်သား ၉၃ ဦးသည် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းကို ၂၉-၅-၂၀၂၅ ရက်နေ့တွင်တက်ရောက်ရမည်ဖြစ်ပြီး OWIC ကတ်ကို ၃၀-၅-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သတ်မှတ်နေ့ရက်တွင် သင်တန်းတက်ရောက်ခြင်း၊ OWIC ကတ် ပြုလုပ်နိုင်ခြင်းမရှိပါက ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_28 May 2025
▪️ ငလျင်ကြောင့်ပျက်စီးမှုများသည့် စာရင်းပါ ပြည်ထောင် စုတရားလွှတ်တော်ချုပ်ရုံး နှင့်အလုပ်သမား ဝန်ကြီး ဌာနရုံးအဆောက်အဦတို့ကိုပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်စေရေးအတွက် ငလျင်ဆိုင်ရာပညာရှင်များ၊ ဆောက်လုပ်ရေးဆိုင်ရာပညာရှင် များ၏ အကြံဉာဏ်များရယူခြင်း၊ မြေအရည်အသွေးစမ်းသပ်စစ်ဆေးခြင်း၊ စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန် နစက ဥက္ကဌက ပြောသည်။
▪️ ယင်းအပြင် ကနဦးဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်၍ ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး ဆောင် ရွက်သွား ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
▪️ ယနေ့ မေလ ၂၇ ရက်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံး အဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အဦတို့ကိုသွားရောက်ကြည့်ရှု စစ်ဆေးစဉ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း လမ်းညွှန်ပြောကြားခြင်းလည်း ဖြစ်သည်။
▪️ ယင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အပျက်အစီးများဖယ်ရှားရှင်းလင်းပြီးစီးမှု၊ အန္တရာယ်ရှိသည့် အပျက်အစီးများရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရုံးခန်းအဆောက်အဦများ၌ ထိခိုက်ပျက်စီးမှု၊ ရုံးအဆောက်အဦရှေ့၌ Prefabricated Office များဖြင့် ယာယီရုံးခန်းများဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ အလုပ်သမားဝန်ကြီးဌာန၌ Prefabricated Office များဖြင့် ယာယီရုံးခန်းများဖွင့်လှစ်၍ လုပ်ငန်းလည် ပတ်မှုပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို လိုက်လံကြည့် ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 28 May 2025
▪️ ယနေ့ခေတ်မှာ မဂ္ဂနီဆီယံဖြည့်စွက်အားဆေးတွေ လူပြောများလာသလို အွန်လိုင်းနာမည်ကြီးတွေ ကုမ္ပဏီတွေမှ ထောက်ခံအားပေးမှုတွေကြောင့် ဈေးကွက်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာပါတယ်။
▪️ မဂ္ဂနီဆီယံလို အာဟာရဓာတ်တွေရဲ့ အရေးကြီးပုံအကြောင်း အသိပညာတိုးလာကြသလို ကိုယ်တိုင်အသုံးပြုပုံတွေ အသိမှားတွေကြောင့်လည်း စိုးရိမ်စရာတွေ ဖြစ်လာနိုင်ပါသေးတယ်။
▪️ မဂ္ဂနီဆီယံဆိုတာက ပတ်ဝန်းကျင်မှာ သဘာဝအတိုင်းတွေ့ရတဲ့ အရေးကြီးသတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာလည်း မဂ္ဂနီဆီယံ လုံလောက်စွာပါဝင်ကာ လုပ်ဆောင်ချက် အသေးဆုံးကစလို့ ကြီးကြီးမားမားတွေအထိ ဆောင်ရွက်စေနိုင်ပါတယ်။
▪️ အရွယ်ရောက်ပြီးသူတစ်ဦးမှာ မဂ္ဂနီဆီယံ ၂၅ ဂရမ်ရှိပြီး အရိုးတွေထဲမှာ ၅၀ ကနေ ၆၀ ရာခိုင်နှုန်းနဲ့ ကျန်တာက တစ်ရှူးနုတွေမှာ ရှိပါတယ်။
▪️ ခန္ဓာကိုယ်က မဂ္ဂနီဆီယံ မထုတ်လုပ်နိုင်တာကြောင့် အစားအစာတွေကနေ ရရှိပါတယ်။
▪️ မဂ္ဂနီဆီယံက အာဟာရဓာတ်ချို့တဲ့မှုတွေထဲမှာ ဒုတိယအဖြစ်အများဆုံးဓာတ် ဖြစ်နေတယ်လို့ ဗြိတိန်ဆေးပညာဂျာနယ်က ဖော်ပြထားပါတယ်။
▪️ မဂ္ဂနီဆီယံက ဦးနှောက်ထဲက ဟော်မုန်းထုတ်လွှတ်ပစ္စည်းတွေကို ထိန်းညှိပေးပြီး စိတ်ပြေလျော့စေကာ အိပ်စက်မှုကို အစပြုပေးနိုင်ပါတယ်။
▪️ မဂ္ဂနီဆီယံချို့တဲ့ရင် မယ်လတိုနင်ပမာဏနဲ့ အိပ်စက်မှုအခြေအနေကို ထိခိုက်စေနိုင်ပါတယ်။
▪️ ယနေ့ခေတ် ထုပ်ပိုးထုတ်လုပ်စားစရာတွေမှာ မဂ္ဂနီဆီယံပါဝင်မှု နည်းပါးလာတာကြောင့် ချို့တဲ့မှုဖြစ်လာနိုင်ပါတယ်။
▪️ တစ်နေ့ကို မဂ္ဂဆီနီယံ ၃၁၀ မှ ၄၂၀ မီလီဂရမ် လိုအပ်နိုင်ပြီး မဂ္ဂနီဆီယံနည်းပါးလာတဲ့အခါ နွမ်းနယ်ခြင်း၊ ကြွက်သားတောင့်တင်းခြင်း၊ ထုံကျဉ်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ မူးဝေခြင်း၊ ဝမ်းချုပ်ခြင်းတို့ ခံစားရနိုင်ပါတယ်။
▪️ ဆရာဝန်နဲ့ စစ်ဆေးတိုင်ပင်ပြီးရင်တော့ မဂ္ဂနီဆီယံဖြည့်စွက်ဆေး အသုံးပြုနိုင်ပါတယ်။
▪️ အွန်လိုင်းနာမည်ကြီးများ ကြော်ငြာတဲ့အတိုင်း ဖြည့်စွက်ဆေးတွေ ဝယ်ယူအသုံးပြုတဲ့အခါ ကျောက်ကပ်ပြဿနာလိုမျိုးတွေ ဖြစ်လာနိုင်ပြီး မဂ္ဂနီဆီယံစုပြုံခြင်း အဆိပ်သင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
▪️ ဒါကြောင့် အဲဒီအစား မဂ္ဂနီဆီယံကြွယ်ဝတဲ့ ဖရုံစေ့၊ ချီယာစေ့၊ ဗာဒံသီး၊ သီဟိုစေ့၊ ဟင်းနုနွယ်၊ ကိုက်လံ၊ အစေ့အဆန်များ၊ ဆန်ညို၊ အုတ်ဂျုံ၊ ပေါင်မုန့်ကြမ်း၊ ပဲကြီး၊ မြေပဲ၊ နို့ထွက်ပစ္စည်းများ စားသုံးရင် ပိုမိုဘေးကင်းစိတ်ချရပါတယ်။
#Source: India Today
#World_Health
Published 28 May 2025
▪️ အမေရိကန်မှ ကလေး ၁၅ ရာခိုင်နှုန်းလောက်ဟာ ADHD ၊ အော်တစ်ဇင်၊ ဉာဏ်ရည်ချို့တဲ့လက္ခဏာလိုမျိုး အာရုံကြောဖွံ့ဖြိုးမှု ပြဿနာတွေ ရှိနေပါတယ်။
▪️ တရုတ်လေ့လာချက်တစ်ခုမှာ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခဲ့တဲ့ မိခင်တွေကနေ မွေးလာတဲ့ကလေးတွေဟာ အထက်ပါလက္ခဏာတွေ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းပိုများတာ တွေ့ရပါတယ်။
▪️ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ခြင်းကြောင့် မွေးလာတဲ့ကလေးမှာ အာရုံကြောဖွံ့ဖြိုးမှုပြဿနာမျိုးစုံ ဖြစ်နိုင်ခြေများစေပြီး အော်တစ်ဇင် ၂၅ ရာခိုင်နှုန်း၊ ADHD ၃၀ ရာခိုင်နှုန်းနဲ့ ဉာဏ်ရည်ချို့တဲ့ခြင်း ၃၂ ရာခိုင်နှုန်း အသီးသီး ဖြစ်နိုင်ခြေများစေတယ်လို့ တွေ့ခဲ့ကြပါတယ်။
▪️ ဒါ့အပြင် ဆက်ဆံပြောဆိုမှုအပိုင်း၊ လှုပ်ရှားမှုအပိုင်း၊ သင်ယူလေ့လာမှုအပိုင်းတို့မှာလည်း ရုန်းကန်ရနိုင်ခြေ မြင့်မားပါတယ်။
▪️ ကိုယ်ဝန်မဆောင်စဉ်ထဲက ဆီးချိုရှိနေတဲ့မိခင်တွေမှ မွေးလာတဲ့ကလေးတွေမှာ ဘေးအန္တရာယ်အများဆုံး ဖြစ်နေပါတယ်။
▪️ သွေးတွင်းသကြားဓာတ် မြင့်မားတဲ့ ဆီးချိုအမျိုးအစား-၁ ကလေးတွေမှာ အာရုံကြောဖွံ့ဖြိုးမှုပြဿနာများ ဖြစ်နိုင်ခြေများတာကို ယခင်ကလည်း တွေ့ရှိထားကြောင်း မိခင်နှင့်ကလေးအထူးကု ဒေါက်တာ ဂျိုနသန်ဖယ်ရိုက ပြောပြပါတယ်။
▪️ ဒီလိုသက်ရောက်မှုတွေကနေ ဦးနှောက်ဖွံ့ဖြိုးမှုကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ နည်းလမ်းများကို ရှာဖွေရန် သုတေသီအဖွဲ့က အကြံပြုလိုက်ပါတယ်။
၂၀၂၂ အတွင်း အမေရိကန်မှာ ဆီးချိုရှိသူ ၃၈ သန်းခန့်ရှိနေပြီး ဒီထဲက ၈.၇ သန်းက ရောဂါရှိမှန်း မသိကြပါဘူး။
▪️ အမျိုးသမီးငယ်တွေကြားမှာ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုတက်လာခြင်းက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ၃၀ ရာခိုင်နှုန်း ပိုများလာပါတယ်။
▪️ ကိုယ်အလေးချိန်များသူတွေ၊ လှုပ်ရှားမှုနည်းသူတွေ၊ အသက် ၃၅ နှစ်ကျော်တွေ၊ ဆီးချိုမျိုးရိုးလိုက်သူတွေ၊ သားဥအိမ်ရောဂါရှိသူတွေမှာကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေများပါတယ်။
#Source: New York Post
တရုတ်အရှေ့ပိုင်း ကျဲကျန်း ဟန်ကျိုးမြို့မှာ တနင်္ဂနွေနေ့ညက ကမ္ဘာ့ပထမဆုံး စက်ရုပ်တိုက်ခိုက်ပွဲ စတင်ပြုလုပ်လိုက်ပြီး ပွဲစီစဉ်သူတွေရော ယှဉ်ပြိုင်သူတွေပါ ပြင်ဆင်လာကြတာ တွေ့ရပါတယ်။
#World_Tech
Published 27 May 2025
#ကမ္ဘာ့ပထမဆုံးစက်ရုပ်လက်ဝှေ့ပြိုင်ပွဲ #တရုတ်ပြည်ဟန်ကျိုးမြို့
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 27 May 2025
၁။ မော်လမြိုင်-ရန်ကုန်ရထား မနက်ဖန်ပြန်လည်ပြေးဆွဲမည်
၂။ ငလျင်ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယကဘိလပ်မြေ(၂၂၅)တန်လှူဒါန်း
၃။ ပထမသုံးလပတ်အတွက် သက်ကြီးဘိုးဘွားများလူမှုရေးပင်စင်လျှောက်ထားနိုင်
၄။ ကမ္ဘာ့ပထမဆုံးစက်ရုပ်လက်ဝှေ့ပြိုင်ပွဲ တရုတ်ပြည်ဟန်ကျိုးမြို့၌စတင်ကျင်းပထုတ်လွှင့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပမှာ ပြုလုပ်တဲ့ ကုန်စည်ပြပွဲတွေနဲ့ကျောက်မျက် ရတနာပြပွဲတွေမှာ ပါဝင်ပြသတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကျောက်မျက်အတုအပတွေ၊ ဖန်စီပစ္စည်းတွေ ပြသပါက Black list စာရင်းသွင်းသွားမှာ ဖြစ်တယ်လို့
သိရပါတယ်။
#Local_News
Published 27 May 2025
#ကျောက်မျက်အတုအပ #Black_list
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ်၊ ပထမသုံးလပတ်အတွက်အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားတွေ လူမှုရေးပင်စင် လျှောက်ထားနိုင်ပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 27 May 2025
#သက်ကြီးဘိုးဘွားများ #လူမှုရေးပင်စင်လျှောက်ထားနိုင်
#YMG/NN #Yangon_Times
ငလျင်ပြန်လည်ထူထောင်ရေးအတွက် အိန္ဒိယနိုင်ငံကဘိလပ်မြေ(၂၂၅)တန်ကို လှူဒါန်းခဲ့တယ်လို့ ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
#Local_News
Published 27 May 2025
#အိန္ဒိယကဘိလပ်မြေ #၂၂၅တန်လှူဒါန်း
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ရက်ပိုင်းက ယာယီရပ်နားခဲ့ရတဲ့ မော်လမြိုင်-ရန်ကုန် ရထား ခရီးစဉ် တွေကို မနက်ဖန်မေ ၂၈ရက်နေ့မှာ ပြန်လည်ပြေးဆွဲသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 27 May 2025
#မော်လမြိုင်-ရန်ကုန် #ရထားပြန်လည်ပြေးဆွဲ
#YMG/NN #Yangon_Times
#Local_News
Published 27 May 2015
▪️ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးမှုများပြုလုပ်လျှက်ရှိရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချခြင်းမရှိသည့် ဆိုင်များကိုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းစားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးများရှိ ဆန်ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဒေသကော်မတီတို့ပါဝင်သော ပူးပေါင်းအဖွဲ့များ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ဆန်လက်လီ/ လက်ကား ရောင်းချလျက်ရှိသော ဆန်ဆိုင်များတွင် ရောင်းချနေသော ဧည့်မထဆန်၊ ဧရာဝတီဆန်းဆန်၊ ကြားပျံ၊ ရွှေဘိုပေါ်ဆန်း ဆန်များ၏ ရောင်းဈေးနှုန်းများ ကောက်ခံခြင်း၊ သိုလှောင်ထားရှိသော ဆန်အိတ်အရေအတွက် လက်ကျန်စာရင်းများကောက်ခံခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးမှုများပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 May 2025
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆) ဦး ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ ယနေ့ မေလ ၂၇ ရက် ထုတ်ပြန်ချက်အရသိရသည်။
▪️ မေလ ၁၈ ရက်မှ ၂၅ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၇၅၄) ခုကို စစ်ဆေးပြီးစီးခဲ့ရာ ပိုးတွေ့အတည်ပြုလူနာသစ် (၆) ဦးကို တွေ့ရှိခဲ့ပြီး ဒဂုံမြို့နယ်မှ (၂) ဦး၊ အင်းစိန်မြို့နယ်မှ (၁) ဦး၊ သာကေတမြို့နယ်မှ (၁) ဦး၊ ကော့မှူးမြို့နယ်မှ (၁) ဦးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှ (၁) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (ဝ.၂၂) ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသည့် လူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်းလည်း သိရသည်။
▪️ လက်ရှိတွေ့ရှိရသည့် ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်လျက်ရှိပြီး ပြင်းထန်မှုမရှိသည့် မျိုးကွဲများ ဖြစ်၍ ယခု ထိုးနှံပေးနေသည့် ရောဂါကာကွယ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နိုင်ကြောင်း ၊
▪️ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလက္ခဏာရှိသူများကို ဓာတ်ခွဲစစ်ဆေးခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှု စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 202 of 1859