#Local_News
Published_23 July 2025
▪️ DPLA အဖွဲ့ဝင် ၁၉ ဦး ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နီးစပ်ရာ တပ်မတော်စခန်းများမှ တစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကောင်း သိရသည်။
▪️ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြား ချက်များအရ အများစုသည် ရိုးသားစွာ တောင်ယာလုပ်ငန်းလုပ်ကိုင် နေကြသူများ ဖြစ်ကြောင်းနှင့် အတင်း အဓမ္မခြိမ်းခြောက်ဖမ်းဆီး၍ လူသစ်စု ဆောင်း ခံရသူများဖြစ်ပြီး သီပေါမြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာမန်လွယ်ကျေးရွာအနီးတွင် သင်တန်း တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းသည့်အခါ နယ်မြေအလိုက် အခြေပြုလှုပ်ရှားသည့် ကျေးရွာများ၊ တော တွင်း စခန်းများတွင် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် လူ့အခွင့်အရေးများ ဆုံးရှုံးကာ နည်းမျိုးစုံဖြင့် ညှင်းပမ်း နှိပ်စက်မှုဒဏ်ကို ခံခဲ့ရပြီး အဓမ္မစေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်း များကို လုပ်ဆောင်ခဲ့ရကြောင်းသိရသည်။
▪️ ယင်းကြောင့် ဥပဒေဘောင်အတွင်းဝင်ရောက်ရန်အတွက် အင်ကြင်းကုန်းကျေးရွာ မှတစ်ဆင့် သုံးဆယ်ကျေးရွာ၊ ထိုမှတစ်ဆင့် လွယ်ခွန်ကျေးရွာ၊ ၎င်းမှတစ်ဆင့် ဇီးဖြူပင်ကျေးရွာလမ်းကြောင်းအတိုင်း ထွက်ခွာလာခဲ့ပြီး နောင် ချိုမြို့နယ်၊ ယင်းငူပင် ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းထံသို့ သတင်းပို့ကာ ယခုကဲ့သို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံအဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ဝင်ရောက်လာ မှုများမှာ ဇူလိုင်လ ၁၇ ရက်က ယနေ့အထိTNLAအဖွဲ့ဝင် ၄ ဦး ၊ MDY-PDF အဖွဲ့ဝင် ၁၅ဦးနှင့် DPLA အဖွဲ့ဝင် ၄၁ဦး ဖြစ်ပြီး လက်နက်မျိုးစုံ ၁၃ လက်နှင့် ကျည်မျိုးစုံ ၁၅၁၅ တောင့် ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 23 June 2025
▪️ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ Unique ID (UID )နံပါတ် ရရှိရန် သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်များသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
▪️ မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူလျက်ရှိသောနိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအနေဖြင့် ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ်စိစစ်မှုအား တိကျမှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ e-ID စနစ်တို့ချိတ်ဆက်၍ ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများက အငြိမ်းစားဝန်ထမ်းများ၏ Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။
▪️ ထိုသို့ဆောင်ရွက်ပေးလျက်ရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် UID နံပါတ်ရရှိရေးအတွက် မြို့နယ်ဦးစီးမှူးရုံးများသို့ လာရောက်လျှောက်ထားဆောင်ရွက်မှုများ များပြားလျက်ရှိနေသည့်အတွက် လုပ်ငန်းများအဆင်ပြေလွယ်ကူစေရန် အထူးအစီအစဉ်တစ်ရပ်အဖြစ် ယနေ့ ဇူလိုင် ၂၃ ရက်မှစ၍ ပင်စင်လစာထုတ်ပေးသည့်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများက သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်များသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆိုထားသည်။
▪️ အဆိုပါ လုပ်ငန်းစဉ်အား သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်များ၌ One Stop Service ဖြင့် နေ့ချင်းပြီး အဆင်ပြေစွာ ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် UID လျှောက်ထားရယူမှုအပေါ် စိုးရိမ်ပူပန်မှုမရှိဘဲ အဆင်ပြေလွယ်ကူစွာ သွားရောက်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 23 July, 2025
▪️ လူ့ဆံပင်မျှင်လောက်ပင်မရှိတဲ့ ပလတ်စတစ်မှုန်တွေဟာ ခန္ဓာကိုယ်ထဲက မထင်မှတ်တဲ့နေရာတွေအထိ ရောက်ရှိနေပါတယ်။
▪️ ဥရောပအစည်းအဝေးတစ်ခုမှာ ဖော်ပြတဲ့ အချက်အလက်အရ ပလတ်စတစ်အမှုန်ငယ်တွေဟာ မမျိုးဥပတ်ပတ်လည်ရှိ အရည်တွေထဲ ဝင်ရောက်ကာ သုတ်ပိုးတွေနဲ့အတူ သွားလာနိုင်ပါတယ်။
▪️ စပိန်မှ ဒေါက်တာ အမ်မီလီယိုဂိုမက်ဇ်ဆန်းချက်ဦးဆောင်တဲ့ သုတေသီအဖွဲ့ဟာ အမျိုးသမီး ၂၉ ဦးထံမှ မျိုးအိမ်အရည်နဲ့ အမျိုးသား ၂၂ ဦးထံမှ သုတ်ပိုးရည်တို့ကို လေ့လာကြည့်ခဲ့ကြပါတယ်။
▪️ အမျိုးသမီး ၆၉ ရာခိုင်နှုန်းနဲ့ အမျိုးသား ၅၅ ရာခိုင်နှုန်းတို့မှာ ပလတ်စတစ်အမှုန်များ တွေ့ရှိခဲ့ကြပါတယ်။
▪️ နေ့စဉ်သုံးပလတ်စတစ်ပစ္စည်းတွေမှ အမှုန်တွေက စားသောက်မိခြင်း၊ ရှူရှိုက်မိခြင်း၊ အရေပြားစုပ်ယူခြင်းတို့ကနေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်ပါတယ်။
▪️ မိုက်ခရိုပလတ်စတစ်တွေက သုတ်ပိုး DNA များကို ဖျက်ဆီးခြင်း၊ ဟော်မုန်းညီမျှခြင်းတို့ နှောင့်ယှက်ခြင်း၊ မမျိုးဥကြွေခြင်းတို့ကို ထိခိုက်စေကာ မျိုးပွားနိုင်စွမ်းကို အန္တရာယ်ဖြစ်စေပါတယ်။
▪️ မျိုးပွားအရည်တွေထဲမှာ ပလတ်စတစ်ပမာဏ အနည်းငယ်မျှ ပါဝင်ရုံဖြင့် သန္ဓေသားဖွံ့ဖြိုးမှုအန္တရာယ်များ ဖြစ်စေနိုင်ပါတယ်။
▪️ ဒီအတွက် သုတေသီများက ပလတ်စတစ် လျှော့ချအသုံးပြုကြဖို့ အကြံပြုထားပြီး မျိုးပွားနိုင်စွမ်းအပေါ် သက်ရောက်ပုံများကို ဆက်လက်လေ့လာသွားမှာပါ။
▪️ ကုလသမဂ္ဂကတော့ တစ်ကမ္ဘာလုံး ပလတ်စတစ်ထုတ်လုပ်မှု ထိန်းချုပ်ဖို့နဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုများကို လျှော့ချဖို့ ညှိနှိုင်းနေပါတယ်။
#Source: Earth.com
#Local_News
Published_23 July 2025
▪️ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို လာမည့် ဇူလိုင်လ ၂၇ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
▪️ အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည့်အပြင် ယင်းနေ့နံနက် (၄) နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် လည်း ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
▪️ ယင်းအပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်က ကြေညာပေးမည်ဖြစ်ကြောင်း သိရ သည်။
▪️ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာစာစစ်ဌာနများ၌ အောင်စာရင်း ကြည့်ရှုရန် လာ ရောက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းကူညီ ဆောင် ရွက်ပေးကြရန်လည်း ပန်ကြားထားသည်။
▪️ ၎င်းအပြင် အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၁-၆၅၃၅၀၉) သို့ အောင်စာရင်းထုတ်ပြန်ကြေညာမည့် ၂၇-၇-၂၀၂၅ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း ပါရှိသည်။
▪️ ၂၀၀၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၈၁၇ ခု ထဲမှ ဝင်ရောက်ဖြေဆိုရန် စာရင်း ပေး သွင်းသူဦးရေ ၂၂၀၈၄၃ ဦးရှိခဲ့ပြီး ဖြေဆိုရက်နောက်ဆုံးနေ့ထိ လာရောက်ဖြေဆိုသူ ၂၀၈၄၅၄ ရှိခဲ့ကြောင်း ၊ယင်းအပြင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ဖြေဆိုရမည့်သူ ၆၃၆၇၃ ဦး ရှိခဲ့ရာ နောက်ဆုံးနေ့ထိ ဖြေဆိုသူ ၉၈ ရာခိုင်နှုန်းကျော်ရှိခဲ့ကာ ပျက်ကွက်သူ အနည်းငယ်သာရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
#Yangon_Times/PP
#World_Science
Published 23 July, 2025
▪️ သက်ရှိတိုင်းရှူရှိုက်နေတဲ့လေထဲမှာ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းပါဝင်ပါတယ်။
▪️ ပြီးခဲ့တဲ့နှစ်သန်းပေါင်း ၅၄၀ အတွင်း ကမ္ဘာ့သံလိုက်စက်ကွင်းပြင်းအားနဲ့ လေထုအောက်ဆီဂျင်ပမာဏတို့ဟာ တချိန်တည်းမှာပဲ အတက်အကျဖြစ်ခဲ့ကြောင်း NASA Goddard အာကာသစင်တာနဲ့ လိဒ်စ်တက္ကသိုလ်တို့မှ ပူးပေါင်းလေ့လာမှုဖြင့် တွေ့ရှိခဲ့ကြပြီး ပတ်သက်မှုကြီးမားနေတဲ့သဘော ဖြစ်နေပါတယ်။
▪️ တွေ့ရှိချက်များအရ သံလိုက်စက်ကွင်းပြင်းအားနဲ့ လေထုအောက်ဆီဂျင်တို့ဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၃၃၀ မှ ၂၂၀ အတွင်း အမြင့်ဆုံးရောက်ရှိခဲ့ပါတယ်။
▪️ သံလိုက်စက်ကွင်းက ကမ္ဘာကြီးအနေနဲ့ သက်ရှိတွေနေထိုင်နိုင်တဲ့ ဂြိုဟ်ဖြစ်လာစေတဲ့နေရာမှာ ပါဝင်နေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ယူဆထားပါတယ်။
▪️ သက်ရှိတွေဖြစ်ပေါ်လာတဲ့အချိန်ကာလနဲ့ ဘူမိသံလိုက်စက်ကွင်း တည်ရှိခြင်းတို့က ထပ်တူတဲ့အနေအထား ရှိနေကြောင်းကို ယူဆဖော်ထုတ်ထားကြပါတယ်။
▪️ လေထုလွှာ တိုက်စားခံရခြင်း မဖြစ်စေတာက သံလိုက်စက်ကွင်းကြောင့်လို့ ယခင်သရုပ်ဖော်ပုံစံတွေမှာ တွေ့ရပါတယ်။
▪️ ပယ်လီယိုသံလိုက်မှတ်တမ်းများနဲ့ ဘူမိဓာတုအစားထိုးအမျိုးမျိုးတို့ကြား ဆက်စပ်မှုထင်ရှားတဲ့အကြောင်းကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ဘူမိသံလိုက်ဓာတ်အားတိုင်နဲ့ လေထုအောက်ဆီဂျင်ပမာဏတို့ကြား ပြီးခဲ့တဲ့နှစ်သန်းပေါင်း ၅၄၀ အတွင်း ဆက်စပ်မှု ၀.၇၂ အများဆုံးဖြစ်ခဲ့ပါတယ်။
ဒီတွေ့ရှိချက်တွေကနေ ကမ္ဘာမြေ ဆင့်ကဲပြောင်းလဲခြင်းသမိုင်းကြောင်း ပိုမိုသိရှိစေပြီး ကမ္ဘာဂြိုဟ်ဟာ သက်ရှိတွေ ရှင်သန်နေထိုင်နိုင်စေတဲ့ အကြောင်းအရင်းကို ပိုမိုနားလည်လာစေပါတယ်။
#Source: Phys
တရုတ်ကျေးလက်ဒေသဘက်တွေမှာ လျှပ်စစ်ကား ဝယ်ယူသုံးစွဲမှု မြင့်တက်လာရန် ပရိုမိုးရှင်းအစီအစဉ်က ကူညီပေးနိုင်မယ်လို့ မျှော်လင့်ထားပြီး အားသွင်းနေရာများ ချဲ့ထွင်လျက်ရှိပါတယ်။
#Asia_Industry
Published 22 July 2025
#ပရိုမိုးရှင်းအစီအစဉ် #လျှပ်စစ်ကားဝယ်ယူသုံးစွဲမှုမြင့်တက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 July 2025
၁။ ရွှေအရည်အသွေးအရပြည့်စုံမှုရှိမရှိ XRF machine X.ray ဖန်ချောင်းစက်ဖြင့်မကြာမီ စစ်ဆေးပေးမည်
၂။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ မှတ်ပုံတင်ကြေးပေးသွင်းခြင်းရက်ကျော်ပါက ဒဏ်ရိုက်မည်
၃။ ငလျင်ဘေးသင့်ပြည်သူများအတွက် ကန့်သတ်ချက်မဲ့ငွေသားထောက်ပံ့မှုများပေးအပ်မည်
၄။ လျှပ်စစ်ကားအားသွင်းနေရာများချဲ့ထွင်ခြင်းနှင့် ပရိုမိုးရှင်းအစီအစဉ်များဖြင့် တရုတ်ကျေးလက်၌ EV ဝယ်ယူသုံးစွဲမှုမြင့်တက်လာရေး တရုတ်ကြိုးပမ်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 July 2025
▪️ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးလျှက်ရှိရာ (၃၂)ကြိမ်မြောက် အဖြစ်ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကိုပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆောင်ရွက်ပေးလျှက်ရှိရာပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
▪️ ဝန်ကြီးချုပ်ကပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့အများနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေမှုနှင့် ရေသန့်နှင့်ကော်ဖီများ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီနောက် ကျန်းမာပျော်ရွှင် အသက်ရှည်စွာနေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု လစဉ်တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှုစစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင်အခမဲ့ဆေးဝါး(၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
ကမ်းဝေးကမ်းနီး ငါးဖမ်းစက်လှေများအတွက် ရာသီဥတုဆိုးရွားလာပါက အနီးဆုံးကျွန်းတွေမှာ ရပ်နားနိုင်ဖို့ နေရာတွေကို နှစ်စဉ်သတ်မှတ်ထုတ်ပြန်ပေးထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 22 July 2025
#ငါးဖမ်းစက်လှေ #နားခိုနိုင်ရန်နေရာများသတ်မှတ်ပေး
#YMG/SW #Yangon_Times
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများ အတွက် ကန့်သတ်ချက်မဲ့ငွေသားထောက်ပံ့မှုတွေ ပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရပါတယ်။
#Local_News
Published 22 July 2025
#ငလျင်ဘေးသင့်ပြည်သူ #ငွေသားထောက်ပံ့
#YMG/SW #Yangon_Times
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ မှတ်ပုံတင်ကြေးတွေကို သတ်မှတ်ကာလအတွင်းပေးသွင်းရမှာဖြစ်ပြီး ရက်ကျော်ပါကဒဏ်ကြေးပေးဆောင်ရမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 22 July 2025
#ရက်ကျော်ပါကဒဏ်ကြေးပေးဆောင်ရ #ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
ရွှေဝယ်ယူသူတွေ အဆင်ပြေစေဖို့ အရည်အသွေးအရပြည့်စုံမှု ရှိမရှိ စစ်ဆေးပေးမယ့် XRF machine X.ray ဖန်ချောင်းစက်နဲ့ မကြာမီစစ်ဆေး ပေးသွားမယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က သိရပါတယ်။
#Local_News
Published 22 July 2025
#XRF_machine_X.ray #မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်
#YMG/NN #Yangon_Times
Page 206 of 1919