#Local_News
Published 6 December 2024
▪️ တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်၇နာရီအချိန် ထုတ်ပြန်ချက် အရသိရသည်။
▪️ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေကြောင်း သိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက် အရတနင်္သာရီတိုင်းဒေသကြီး နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန် ရာနှုန်း ၆၀ ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်း ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
▪️ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 6 December 2024
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြား ငွေကြေးများဆက်တိုက် ထုတ်ရောင်းပေးလျှက်ရှိရာ တရုတ်ယွမ် ၁ဒဿမ၅ သန်းကျော် ယမန်နေ့က ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ငွေလဲနှုန်း ၅၃၃.၆ ကျပ်ဖြင့် တရုတ်ယွမ် ၁.၅ သန်းကျော်ကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ရောင်းခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါနေ့ တစ်ရက်တည်းမှာပင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များ အကြား ဒေါ်လာ ၁၇ သန်းကျော်၊ တရုတ်ယွမ် ၂ဒသမ၂ သန်းကျော်နှင့် ထိုင်းဘတ် ၇၂ သန်းကျော် အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ဗဟိုဘဏ်သည် ဒီဇင်ဘာလ ၄ ရက်နေ့၏ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်တွင် တရုတ်ယွမ်သန်းပေါင်း ၁.၄၈၅ သန်းကျော်အား ထုတ်ရောင်းပေးခဲ့ပြီး ငွေလဲနှုန်း ၅၃၃.၆ ကျပ်နှင့် တရုတ်ယွမ် ၁.၄ သန်းကျော်ကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ၎င်းအပြင် ငွေလဲနှုန်း ၃၅၈၅ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၃၈ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ရောင်းခဲ့ပြီး ယင်းနေ့ တစ်ရက်တည်းမှာ ငွေလဲနှုန်း ၅၃၃ ကျပ်နှင့် တရုတ်ယွမ် ၁.၄ သန်းကျော်၊ ငွေလဲနှုန်း ၁၂၉ ကျပ်၊ ထိုင်းဘတ် ၁၀၇ သန်းကျော် ရောင်းပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 06 December 2024
▪️ ဘင်္ဂလားဒေ့ရှ်မှ အထူးတရားခုံရုံးတစ်ခုဟာ ဩဂုတ်လက ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ မိန့်ခွန်းတွေ ထုတ်ဝေခွင့်ကို ပိတ်ပင်လိုက်ပါတယ်။
▪️ ဟာဆီနာက နယူးယော့ခ်ရှိ အဝါဝီလိဂ်ပါတီ ထောက်ခံသူများထံ အွန်လိုင်းမှ ပထမဆုံးမိန့်ခွန်းပြောကြားခဲ့ပြီး နောက်တစ်ရက်မှာပဲ အခုလို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
▪️ မိန့်ခွန်းပြောကြားရာမှာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်ခေါင်းဆောင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက်ယူနွတ်စ်ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကြိုးကိုင်ခဲ့ပြီး လူနည်းစုများ အထူးသဖြင့် ဟိန္ဒူများကို မကာကွယ်နိုင်ဘူးလို့ စွပ်စွဲလိုက်ပါတယ်။
▪️ အစိုးရရှေ့နေတွေက ရုပ်သံတွေ ဆိုရှယ်မီဒီယာတွေမှာ ဟာဆီနာပြောကြားသမျှကို ပိတ်ပင်ရန် တောင်းဆိုသဖြင့် ဒါကာအခြေစိုက် နိုင်ငံတကာ ရာဇဝတ်မှုတရားခုံရုံးက ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တယ်လို့ ရှေ့နေ ဂိုလမ်မိုနာဝါဟိုစိန်တာမင်က ပြောပါတယ်။
▪️ ဩဂုတ်လနဲ့ ဇူလိုင်လတို့မှာ ပုန်ကန်ထကြွမှုများ ဖြစ်ပွားပြီးနောက် ဟာဆီနာက အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ပါတယ်။
▪️ ဆန္ဒပြပုန်ကန်မှုများအတွင်း လူရာနဲ့ချီ သေဆုံးကာ ထောင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
▪️ သေဆုံးမှုများအတွက် တရားရေးကိစ္စများ ရင်ဆိုင်နေရကာ ရာဇဝတ်မှုစွပ်စွဲချက်အချို့ ပါဝင်နေပါတယ်။
▪️ တရားခုံရုံးက ဟာဆီနာနဲ့ နီးစပ်သူများကို ဖမ်းဝရမ်း ထုတ်ပြန်ထားသလို အစိုးရက နိုင်ငံတကာ ရဲအဖွဲ့အစည်း အင်တာပိုလ်ထံမှာ အကူအညီတောင်းခံထားပါတယ်။
▪️ ဒီလိုမိန့်ခွန်းတွေကို လူသိရှင်ကြား ဖော်ပြလိုက်ရင် တရားစွဲဆိုချက်များအတွင်း တရားခုံရုံးသို့ မျက်မြင်သက်သေများ ခေါ်လာနိုင်မှာ မဟုတ်ဘူးလို့ တာမင်က ပြောပါတယ်။
▪️ မိုဟာမက်ယူနွတ်စ်က နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်တို့နဲ့ တွေ့ဆုံပြီး စည်းလုံးနေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
#Source: AP News
၆ ဒီဇင်ဘာ ၂၀၂၄
▪️ မြန်မာအတာသင်္ကြန်ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့တော်၌ ဒီဇင်ဘာ ၅ရက် ကျင်းပသည့် (၁၉)ကြိမ်မြောက် အစိုးရချင်းဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီအစည်းအဝေးက အတည်ပြုဆုံးဖြတ်ခဲ့ပြီးနောက် အသိအမှတ်ပြုလွှာကို ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်/ သံအမတ်ကြီး ဦးကျော်ဇေယျ နှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်တို့ လက်ခံရယူခဲ့ကြပါသည်။
#Local_News
Published_6 Dec 2024
▪️ မြန်မာနိုင်ငံ၏ အသေးစားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု တောင့်တင်းလာစေရန် တရုတ်ကူညီပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၄ ရက် နေပြည်တော်၌ကျင်းပခဲ့သော က ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ဖော်ဆောင်သည့် “အသေးစားလုပ်ငန်းများ မြှင့်တင်ခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့်အငယ်စား စက်မှုလုပ်ငန်း များ၏ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ခြင်း” နှင့် “စိုက်ပျိုးရေးကုန်ကြမ်းသီးနှံ အခြေခံအသေးစား ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ရေး” စီမံကိန်း စတင်ခြင်းအခမ်းအနားတွင် တရုတ်နိုင်ငံဘက်က ပြောကြားခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံ၏ အသေးစားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု တောင့်တင်းလာစေ ရန်ကူညီ ပေး၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို အပြည့်အဝ ဖော်ဆောင်ကာ ပြည်သူများ လုပ်ငန်းခွင် ဝင်မှုနှင့် လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရန် တိုးမြှင့်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း မြန်မာ နိုင်ငံဆိုင် ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
▪️ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဥက္ကဋ္ဌ ဦးကျော်ညွန့်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Mr. Zhang Zhonghua စသဖြင့် တာဝန်ရှိသူများ ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_6 Dec 2024
▪️ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ နောင်ဟီးကျေးရွာရှိ နေအိမ်တစ်လုံး၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online အသုံးပြု၍ ငွေလိမ်လုပ် ငန်းများလုပ်ကိုင်နေကြောင်း လုံခြုံရေးတပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ကသည် သတင်းရရှိသဖြင့် အဆိုပါနေအိမ်ကို ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ရာ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ် နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးတို့အား လက်နက်၊ ခဲယမ်းများနှင့်အတူ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါနေအိမ်အတွင်း၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ ချိန်လှ (၃၀)နှစ်ပါ တရုတ်နိုင်ငံ သား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသားရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်နေ အားဖျင်(ခ) စောက်ရီချုံ(၃၅)နှစ်ပါ အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့အား Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းပြု လုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာမျိုးစုံ ၂၆ လုံး၊ ဆက်စပ်ပစ္စည်း ၂၆ မျိုး၊ Star Link ၁ စုံ၊ ဖုန်းမျိုးစုံ ၁၃၀ လုံးနှင့် CZ 75 D 9MM အမျိုးအစားပစ္စတိုသေနတ် ၁ လက်၊ ကျည် ၈ တောင့်၊ Beretta 9MM အမျိုးအစား ပစ္စတို သေနတ် ၁ လက်၊ ကျည် ၇ တောင့်၊ Type-81 အမျိုးအစားသေနတ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့်၊ ၄၀ မမ ပြောင်း ၁ ခု၊ စကားပြောစက် ၆ လုံး၊ ဆိုင်ကယ် ၂ စီး၊ မီးစက် ၁ လုံး၊ WiFi စက် ၃ လုံး၊ DONG FENG ၆ ဘီးယာဉ် ၁ စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး တန့်ယန်းမြို့မရဲစ ခန်း၌ အီ လက်ထရောနစ်ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃(က) ဖြင့်လည်းကောင်း၊ လဝကအက်ဥပဒေ ပုဒ်မ ၁၃(၁)ဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#Yangon_Times/PP
#Local_News
Published_6 Dec 2024
▪️ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မှတ်ပုံတင် ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ ၁၅ ခု တို့ မြန်မာနိုင်ငံနှင့်သဟဇာတဖြစ်နိုင်မည့်ဖက်ဒရယ် စနစ်ကျင့်သုံးနိုင်ရေး ဆွေးနွေး လျက်ရှိကြောင်း သိရသည်။
▪️ ယနေ့ဒီဇင်ဘာလ ၅ ရက် တွင် ပထမနေ့အဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော် ဆောင် မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီတို့ နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်း ရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
▪️ တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကမြန်မာနိုင်ငံနှင့်သဟဇာတဖြစ်နိုင်မည့် ဖက်ဒ ရယ် စနစ်ကျင့်သုံးနိုင်ရေးအတွက် လေ့လာတွေ့ရှိချက် များနှင့် မတူကွဲပြားမှုများကို နားလည်လက်ခံပြီး ပြည် ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် ညှိနှိုင်းဖြေရှင်းသွားနိုင်ရေး၊ ဒေသစွဲ၊လူမျိုးစွဲ၊ အယူဝါဒစွဲများပပျောက်ပြီး အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးဝါဒများထွန်းကား လာစေရေး၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့မှုအခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအ ပေါ် နိုင်ငံရေးပါတီများနှင့်ဆွေးနွေးမှု အခြေအနေများ၊NCA ကိုအခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော် ဆောင်မှု အခြေအနေ၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် များကိုပြည်သူလူထုအကြား ပျံ့နှံ့ရောက်ရှိစေပြီး တည်ငြိမ် အေးချမ်းမှုရရှိအောင် ဆောင်ရွက်နိုင်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က NSPNC ၏ ဖွဲ့စည်းမှု၊ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆောင်ရွက်မှုအခြေအနေများ၊ NSPNC နှင့် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ၊ နိုင်ငံရေးပါတီများ ခိုင်မာအား ကောင်းလာစေရေးနှင့် ပါတီဝင်များ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးကိစ္စတို့ကိုရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ ယင်းအပြင်နိုဝင်ဘာ ပထမပတ်အတွင်း အိန္ဒိယနိုင်ငံသို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲခရီးစဉ်သွားရောက်ခဲ့သည့် နိုင်ငံရေးပါတီကိုယ်စားလှယ် ၆ ဦးက အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတနှင့် အုပ်ချုပ်ရေးမှူးများ၏အခန်းကဏ္ဍ၊ ဖက်ဒရယ်ပြည်ထောင်စုပြန်လည်ဖွဲ့စည်းခြင်း၊ ဖက်ဒရယ်အာဏာခွဲဝေမှုနှင့် အခွန်အခခွဲဝေမှု၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဒေသတွင်း အတွေ့အကြုံများ၊ ဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်၊ ခေတ်မီနိုင်ငံတစ်ခုအတွင်း ဘာသာစကား၊ အခြားကွဲပြားမှုများနှင့် လိုက်လျောညီထွေနေထိုင်ခြင်း ခေါင်း စဉ်များကိုပြောကြားခဲ့ကြကြောင်း သိရသည်။
▪️ ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း) က ကော်မတီနှင့် နိုင်ငံရေးပါတီအစု အဖွဲ့များ၏ အလုပ်အဖွဲ့တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်နိုင်ရေး သဘောထားစုစည်းရရှိခဲ့သည့်အချက်များကို ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စု တည် ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၁၅ ဦးက သဘောထားများ၊ အကြံပြုချက်များကို ပထမနေ့ကို ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
#Yangon_Times/PP
#World_Science
Published 06 December 2024
▪️ လကမ္ဘာရဲ့ အတွင်းအူတိုင်ကို ဘာနဲ့ဖွဲ့စည်းထားလဲလို့ ပြင်သစ် သိပ္ပံသုတေသနဌာနမှ သိပ္ပံပညာရှင်များ လေ့လာခဲ့ရာမှာ သံလိုမျိုး သိပ်သည်းဆရှိတဲ့ အစိုင်အခဲကြီး ဖြစ်တယ်လို့ ယမန်နှစ် မေလက ဖော်ပြထားပါတယ်။
▪️ ဒါတွေဟာ လကမ္ဘာသံလိုက်စက်ကွင်း ဆင့်ကဲပြောင်းလဲမှုကို လေ့လာစရာဖြစ်လာတယ်လို့ နက္ခတ္တပညာရှင် အာသာဘရီယော့က ဖော်ပြခဲ့ပါတယ်။
▪️ မြေငလျင် အချက်အလက်များ အသုံးပြုကာ လှိုင်းတွေဖြတ်သန်းပုံတွေနဲ့ အတွင်းပိုင်း ပဲ့တင်ပုံတွေဖြင့် အခြေပြဇယား ဖန်တီးခဲ့ကြပါတယ်။
▪️ အပိုလိုမစ်ရှင်ကနေ လကမ္ဘာအချက်အလက်များ ရရှိပေမယ့် ပုံရိပ်အရည်အသွေး နိမ့်ပါးတာကြောင့် တိတိကျကျ မမြင်ရပါဘူး။
▪️ အပြင်ဘက်အူတိုင်မှာ အရည်ရှိတာ သိထားပေမယ့် အတွင်းပိုင်းမှာတော့ အစိုင်အခဲလား အရည်လားဆိုတာ ငြင်းခုန်နေကြပါတယ်။
▪️ ယင်းတို့ သုတေသနအဖွဲ့ဟာ အာကာသမစ်ရှင်တွေနဲ့ လေဆာစမ်းသပ်မှုတွေကနေ အချက်အလက်တွေကို ရယူကာ အူတိုင်အမျိုးမျိုးရဲ့ အချက်အလက်တွေနဲ့ အနီးစပ်ဆုံးနှိုင်းယှဉ်ခဲ့ကြပါတယ်။
▪️ သိပ်သည်းဆပိုများတဲ့ အရာတွေက ဗဟိုနားမှာ ရှိနေကြပြီး သိပ်သည်းဆနည်းတဲ့ အရာတွေက အပေါ်နားမှာ ရှိကြပါတယ်။
▪️ လကမ္ဘာအူတိုင်မှာ အပြင်ဘက်အရည်လွှာက ၃၆၂ ကီလိုမီတာ အချင်းရှိပြီးနဲ့ အတွင်းပိုင်း အစိုင်အခဲလွှာက ၂၅၈ ကီလိုမီတာရှိတာကို တွေ့ခဲ့ကြပါတယ်။
▪️ လရဲ့သိပ်သည်းဆက ၇၈၂၂ ကုဗမီတာကီလိုဂရမ်ခန့် ရှိပြီးတော့ သံသိပ်သည်းဆနဲ့ ဆင်တူတယ်လို့ ဆုံးဖြတ်ထားပါတယ်။
▪️ လကမ္ဘာအူတိုင်က ကမ္ဘာဂြိုဟ်အူတိုင်နဲ့ ဆင်တူတယ်လို့ သုတေသနအဖွဲ့က အတည်ပြုလိုက်ပါတယ်။
▪️ လကမ္ဘာအူတိုင် ဖွဲ့စည်းပုံကို နားလည်ခြင်းဖြင့် လွန်ခဲ့တဲ့ နှစ် ၃.၂ ဘီလီယံက သံလိုက်စက်ကွင်း ဘာကြောင့်ကျဆင်းလာလဲဆိုတာ သိလာစေပါတယ်။
#Source: WION
#World_Health
Published 06 December 2024
▪️ ကိုလက်စ်ထရောလ် များပြားလာခြင်းက ကမ္ဘာပေါ်မှာ ကျန်းမာရေးပြဿနာ ဖြစ်လာပြီး သွေးကြောတွေထဲမှာ ပိတ်ဆို့လာကာ နှလုံးသွေးကြော ပြဿနာများ ဖြစ်လာနိုင်ပါတယ်။
▪️ ဆေးဝါးများနဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းများ၊ ဆေးဖက်ဝင်အပင်များ အသုံးပြုခြင်းတို့ဖြင့် ကိုလက်စ်ထရောလ်ပမာဏကို လျှော့ချနိုင်ပါတယ်။
▪️ အထူးသဖြင့် ဆေးဖက်ဝင်အပင်တွေက မကောင်းတဲ့ ကိုလက်စ်ထရောလ်(LDL)ကို လျှော့ချပေးကာ ကောင်းတဲ့ ကိုလက်စ်ထရောလ်(HDL)ကို တိုးများစေပြီး နှလုံးအဆီပိတ်ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ (၁) ကြက်သွန်ဖြူ - အယ်လီဆင်လို့ခေါ်တဲ့ ဒြပ်ပေါင်းက LDL ကိုလက်စ်ထရောလ်များကို လျှော့ချပေးကာ သွေးကြောတွေထဲမှာ ပိတ်ဆို့ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ (၂) နနွင်း - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ရောင်ရမ်းဆန့်ကျင် ပစ္စည်းများ ပါဝင်ပြီး ကာကူမင် ဒြပ်ပေါင်းက သွေးကြောထဲမှာ အဆီစုပြုံခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ (၃) ပဲနံ့သာပင် - အစေ့နဲ့ အရွက်တို့ကို အိန္ဒိယဟင်းလျာတွေမှာ အသုံးပြုကြပြီး ကိုလက်စ်ထရောလ် စုပ်ယူခြင်းကို လျှော့ကျစေကာ ကျန်းမာရေးအာနိသင် ပေးစွမ်းပါတယ်။
▪️ (၄) နံနံပင် - အဆီဇီဝဖြစ်စဉ်ကို ပံ့ပိုးပေးကာ LDL ကိုလက်စ်ထရောလ် လျော့နည်းစေပါတယ်။
▪️ (၅) ဂျင်း - ဓာတ်တိုးဆန့်ကျင်နဲ့ ရောင်ရမ်းဆန့်ကျင် အစွမ်းသတ္တိများရှိကာ ဂျင်ဂျရောလ်ဒြပ်ပေါင်းက သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။
▪️ (၆) ပင်စိမ်း - အာယုဗေဒဆေးပညာမှာ အသုံးများပြီး နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးကာ ကိုလက်စ်ထရောလ်ပမာဏ လျှော့ချပေးပါတယ်။
▪️ (၇) တောရှုံးအမွှေးအကြိုင်ပင် - ကာဗာခရောလ်နဲ့ သိုင်မိုလ်ဒြပ်ပေါင်းတွေက LDL နဲ့ ထရိုင်ဂလစ်စရိုက်တို့ကို လျှော့ချနိုင်ပါတယ်။
▪️ (၈) သစ်ကြံပိုးခေါက် - ကိုလက်စ်ထရောလ် ပမာဏကို ထိန်းချုပ်စေပြီး HDL ကို တိုးများစေပါတယ်။
▪️ (၉) စပျစ်ခြောက် - အာယုဗေဒဆေးပညာမှာ အသုံးများပြီး ဂူဂါလ်စတီရုန်းက LDL ကို လျှော့ချနိုင်ကာ သွေးကြောတွေထဲ ပိတ်ဆို့မှုကို ကာကွယ်နိုင်ပါတယ်။
▪️ (၁၀) လက်ဖက်စိမ်း - ကိုလက်စ်ထရောလ် ပမာဏကို လျှော့ချနိုင်ကာ သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးပြီး ကျန်းမာရေးအကျိုးကျေးဇူး ရရှိဖို့အတွက် လက်ဖက်စိမ်း ၂-၃ ခွက် နေ့စဉ်သောက်သုံးနိုင်ပါတယ်။
#Source: DoctorNDTV
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင်ထည့်သွင်းလိုက်ကြောင်း ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို၌ ကျင်းပနေသည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံတွင် ယနေ့ဒီဇင်ဘာ ၅ ရက်က တရားဝင် ကြေညာခဲ့သည့် ရုပ်သံမှတ်တမ်းအပြည့်အစုံကို ဂုဏ်ယူစွာ တင်ဆက်ပါသည်။
#YMG
ဂိုရီကျွန်းဟာ တစ်ချိန်က အာဖရိကအနောက်ကမ်းရိုးတန်းမှ ကျွန်ရောင်းဝယ်ရေးအတွက် အဓိက ကူးပြောင်းပို့ဆောင်ရေးနေရာ ဖြစ်ခဲ့ပါတယ်။
#World_History
Published 5 December 2024
#ကျွန်သိုလှောင်ကုန်ကူးရာ #အာဖရိကမှဂိုရီကျွန်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 5 December 2024
၁။ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ညီလာခံတွင် သင်္ကြန်ပွဲတော်အား မြန်မာတို့၏ ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အတည်ပြုမဲခွဲဆုံးဖြတ်မည်
၂။ ရှမ်းပြည်နယ်၌ ပြောင်းခင်းခြေရာခံစနစ်စတင်ဖော်ဆောင်နေ
၃။ ပြည်ပသို့ ပျားရည်တန်ချိန် ၇၀၀ကျော်တင်ပို့ထား ဂျပန်သို့အများဆုံးတင်ပို့
၄။ တစ်ချိန်က ကျွန်သိုလှောင်ကုန်ကူးရာအချက်အခြာနေရာဖြစ်ခဲ့သည့် အနောက်အာဖရိကမှဂိုရီကျွန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 204 of 1680