ရန်ကုန်တိုင်းအတွင်းက တိုက်ကြီးမွေးမြူရေးဇုန်ကို စံပြမွေးမြူရေးဇုန်အဖြစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 22 May 2025
#တိုက်ကြီး #စံပြမွေးမြူရေးဇုန်
#YMG/NN #Yangon_Times
လာမယ့်ရက်သတ္တတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာလေထုမငြိမ်မသက်ခြင်း၊ မုတ်သုံလေအားကောင်းလာနိုင်ခြင်းနဲ့အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းတွေကြောင့် ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းအသိပေးချက်အနေနဲ့ထုတ်ပြန်ထားပါတယ်။
#Local_News
Published 22 May 2025
#မုတ်သုံလေအားကောင်း #ဒေသအချို့တွင်မိုးကြီးနိုင်
#YMG/SW #Yangon_Times
#World_News
Published 22 May 2025
▪️ ဗုဒ္ဓဟူးနေ့ညက ဝါရှင်တန်ဒီစီရှိ ကပ်ပီတယ်ဂျူးပြတိုက်မှာပြုလုပ်တဲ့ ပွဲတစ်ခုအပြင်ဘက်မှာ ပစ်ခတ်မှုဖြစ်ပွားသဖြင့် အစ္စရေးလ်သံရုံးဝန်ထမ်း ၂ ဦးသေဆုံးခဲ့ပါတယ်။
▪️ သံသယရှိသူတရားခံကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အရာရှိများပြောပါတယ်။
▪️ ပြတိုက်အနီး နော့သ်ဝက်စ်ရှိ ၃ လမ်းနဲ့ F လမ်းနေရာမှာ အမျိုးသားတစ်ဦး အမျိုးသမီး အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း FBI နဲ့ အမေရိကန်အစိုးရရှေ့နေရုံးတို့က ပြောပါတယ်။
▪️ ယင်းတို့ဟာ စေ့စပ်ကြောင်းလမ်းတော့မယ့် စုံတွဲဖြစ်တယ်လို့ အစ္စရေးလ်သံအမတ်က ပြောပါတယ်။
▪️ ပွဲမတိုင်ခင် ပြတိုက်အပြင်ဘက်မှာ လျှောက်သွားနေတဲ့ တရားခံတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဝါရှင်တန် မက်ထရိုပိုလီတန် ရဲမှူးချုပ် ပါမယ်လာစမစ်က ပြောပါတယ်။
▪️ သံသယရှိသူဟာ အသက် ၃၀ အရွယ်ရှိတဲ့ အယ်လီယတ်စ်ရိုဒရီဂွက်ဇ်ဖြစ်ပြီး "ပါလက်စ်တိုင်းကို ချမ်းသာခွင့်ပေး" လို့ ကြွေးကြော်နေခဲ့ပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်က ဒီပစ်ခတ်မှုကို ရှုတ်ချလိုက်ကာ အမေရိကန်မှာ မုန်းတီးဆန့်ကျင်ရေးတွေ အလိုမရှိဘူးလို့ Truth Social မှာ ပြေထားပါတယ်။
▪️ ကြာသပတေးနေ့မှာတော့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ကမ္ဘာတဝှမ်းရှိ အစ္စရေးလ်သံရုံးတွေမှာ လုံခြုံရေးမြှင့်တင်သွားမယ်လို့ ပြောလိုက်ပါတယ်။
▪️ သံသယရှိသူဟာ ပစ်ခတ်ပြီးနောက် ပြတိုက်ထဲဝင်သွားပြီး လုံခြုံရေးများဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ စမစ်က ပြောပါတယ်။
▪️ သံသယရှိသူကို ရဲတွေနဲ့ FBI တို့က မေးမြန်းစစ်ဆေးနေကြောင်း FBI လက်ထောက်ညွှန်ကြားရေးမှူး ဒွန်ဘွန်ဂျီနိုက ပြောသွားပါတယ်။
#Source: Reuters
#Local_News
Published 22 May 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ၏ သီတဂူစက္ခုဒါနဆေးရုံ၌ (၁၂)ကြိမ်မြောက်အဖြစ် ကုသမှုကို မေလ ၂၃ ရက်မှ စတင်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဆေးရုံကြီး၌ အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျက်ရှိခြင်းဖြစ်သည်။
▪️ ပြီးခဲ့သည့် (၁၁)ကြိမ်မြောက် အခမဲ့မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်ပေးရန် စီစဉ်ထားပြီး လူနာ ၁,၂၀၀ ကျော် စာရင်းပေးသွင်းထားရာ အဆိုပါကာလအတွင်း မန္တလေးမြေငလျင်ကြီးကြောင့် ဆရာဝန်၊ သူနာပြုများ အရေးပေါ်ကယ်ဆယ်ရေး သွားရောက်ခဲ့ရခြင်းကြောင့် (၁၁)ကြိမ်မြောက် ခွဲစိတ်ကုသမှုတွင် မျက်စိခွဲစိတ် ကုသရမည့်လူနာ ၂၀၀ ကျော် ကျန်ရှိခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် ယခုပြုလုပ်မည့် (၁၂)ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုတွင် လူနာသစ်များကို လတ်တလောလက်ခံဆောင်ရွက်ပေးနိုင်မည် မဟုတ်ဘဲ (၁၁)ကြိမ် မြောက်ခွဲစိတ်ကုသမှု ဆောင်ရွက်ချိန်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ခေတ္တရပ်နားခဲ့ရခြင်းကြောင့် ကျန်ရှိခဲ့သည့် မျက်စိစမ်းသပ်စစ်ဆေးပြီး လူနာ ၂၀၀ ကျော်အား ယခုပြုလုပ်မည့် (၁၂)ကြိမ်မြောက်တွင် ပြန်လည် စစ်ဆေးခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
▪️ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ပထမအကြိမ်အခမဲ့ မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်မှ ၁၀ ရက်အထိနှင့် (၁၀)ကြိမ်မြောက် အခမဲ့မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်မှ ၁၇ ရက် အထိ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်မှ (၁၀)ကြိမ်မြောက်အထိ မျက်စိစမ်းသပ်လူနာစုစုပေါင်း ၁၃,၂၄၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ခွဲစိတ်ကုသလူနာ ၄,၀၃၁ ဦး၊ လေဆာဖြင့်ကုသလူနာ ၂၃၆ ဦးရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_22 May 2025
▪️ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမွေးမြူရေးဇုန်ထွက်ကုန်များကို Export ပို့နိုင်ရေး စီမံချက်ချမှတ်လုပ်ဆောင်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
▪️ တိုက်ကြီးမွေးမြူရေးဇုန်ကို စံပြမွေးမြူရေးဇုန်ဖြစ်ရန် သတ်မှတ်ကာလအလိုက် လုပ်ငန်းများ အပိုင်းလိုက်စီမံချက်များရေးဆွဲ၍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လုပ်ဆောင်နေကြောင်းလည်း သိရသည်။
▪️ အဆိုပါဇုန်အတွင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရင်းနှီးမတည်ငွေများ လိုအပ်ပါက သတ်မှတ်ကာလအတွင်း မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ရမည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရင်းမ ပျောက် မတည်ငွေ၊ MSME ချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ များ ကို ချေးယူရရှိနိုင်ကြောင်းလည်း သိရသည်။
▪️ လက်ရှိတွင် မွေးမြူရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇုန်အတွင်း လုပ်ငန်းရှင်များက အသား စားကျွဲ၊ ဆိတ်၊ သိုး၊ ဝက်၊ အသားစားကြက်၊ ဥစားကြက်၊ နို့စားနွား၊ အသားစား နွား၊ ဘဲ၊ မျိုးဘဲမ၊ ငုံး၊ ငန်း၊ ငါးနှင့် ဇီဝဇိုးငှက် မွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်နေကြကြောင်း သိရသည်။
▪️ တိုက်ကြီးမွေးမြူရေးဇုန်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃ ရက်က စတင်၍ မြေဧက ၂၁၀၁ ဒသမ ၀၄ ဧက ပေါ်တွင် မွေးမြူရေးလုပ်ငန်းများ အပိုင်းလိုက်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 22 May 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ မီးလောင်ပြီး သက်ကြီးပိုင်းလေးဦးေ-သဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
▪️ မေလ ၂၂ ရက်နေ့၊ မနက် ၁ နာရီ ၅၀မိနစ် အချိန် က ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီအုပ်စု၊ ဆီဆုံရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာမနက် ၂ နာရီ၂၅ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
▪️ မီးလောင်မှုမှာ နေအိမ်အတွင်းအသုံးပြုသည့် ဆိုလာဘက်ထရီကနေမှတဆင့် ရှော့ဖြစ်ပြီး မီးလောင်ခြင်းဖြစ်ကာယင်းဖြစ်စဉ်ကြောင့် မီးလောင်မှုကြောင့် သေဆုံးသူတွေက အသက် ၉၃ နှစ်အရွယ် ဒေါ်တင်အောင်၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ထွေးထွေး( မြို့နယ်ပညာရေးမှူးအငြိမ်းစား)၊ အသက် ၆၆ နှစ်အရွယ် ဒေါ်နွယ်နွယ်ဦး (မြို့နယ်ပညာရေးမှူး(အငြိမ်းစား)၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်သူဇာ (အမက-ကျောင်းအုပ်- သပြေကုန်း ကျေးရွာ၊ ကျောက်ဆည်မြို့နယ်)တို့ သေဆုံးခဲ့ရာ ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 May 2025
▪️ လာမည့် ဇွန်လအတွင်းနိုင်ငံတကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာပြပွဲကို ရန်ကုန်မြို့တွင် (၉) ကြိမ်မြောက်အဖြစ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲကို ဇွန်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ Yangon Convention Center (YCC)တွင် Silver Sea International Co., Ltd မှ ကြီးမှူး၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ပြပွဲတွင် ခေတ်မီနည်းပညာများ၊ ပြည်တွင်း၊ ပြည်ပကုမ္ပဏီအသီးသီးမှ လယ်ယာသုံးစက်ကိရိယာများ၊ ဆန်စက်၊ ဆီစက်၊ အရောင်ခွဲစက်၊ အခြောက်ခံစက်၊ လယ်ထွန်စက်၊ ခြွေလှေ့စက်များအပြင်၊ စိုက်ပျိုးရေးဆေးများ၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများ၊ မြေဆီ၊ မြေဩဇာများ၊ စိုက်ပျိုးရေးဆေးဝါးများနှင့် ခြံသုံးပစ္စည်းများ၊ မွေးမြူရေး ကဏ္ဍအတွက် အစာနှင့် ဖြည့်စွက်စာများ၊ အစာထုတ်လုပ်သည့် စက်များ၊ အအေးခန်းသုံး စက်ကိရိယာများ၊ ငါးကန်များ၊ နိုင်ငံတကာကုမ္ပဏီများမှ တင်သွင်းသည့် ငါးဖမ်းလှေများနှင့် ပတ်သက်သည့်အကြောင်းအရာများကို ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် အသေးစား၊ အလတ်စား လုပ်ငန်းများနှင့် လယ်ယာလုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေနှင့် ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ကုမ္ပဏီများလည်း ပါဝင်မည်ဖြစ်ကာမွေးမြူရေးနှင့် အစာဆိုင်ရာဟောပြောပွဲများ၊ စိုက်ပျိုးသီးနှံနှင့် ဈေးကွက်ဆိုင်ရာ ဟောပြောပွဲများ၊ ငါး၊ ပုစွန် မွေးမြူရေးနှင့် ဈေးကွက်ဆိုင်ရာ ဟောပြောပွဲများ၊ ပြည်တွင်းတွင် ထုတ်လုပ်နိုင်သော သဘာဝမြေဩဇာများ၏ အကျိုးကျေးဇူးများနှင့် အော်ဂဲနစ်လယ်ယာများတည်ထောင်ခြင်း စသည်တို့ကိုပါ စိုက်ပျိုးရေး ပညာရှင်များ၊ ခြံပိုင်ရှင်များ မှ ဆွေးနွေးပေးမည့် အစီအစဉ်များလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲသို့လဈေးကွက်ချဲ့ထွင်လိုသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကိုလည်း လာရောက် ရောင်းချရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 22 May 2025
▪️ ယနေ့ နံနက်အစောပိုင်းက ရပ်ထားသည့်YBSခရီးသည်တင်ယာဉ်အား စားအုံးဆီပုံးများသယ်ဆောင်လာသည့်ကုန်ကားကြီးမှ အနောက်မှဝင်တိုက်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
▪️ မေလ၂၂ရက် နံနက် ၀၆ နာရီ၅၈ မိနစ်အချိန်ခန်.၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ သခင်မြပန်းခြံအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွါခဲ့ပြီး နံနက် ၀၇ နာရီ၂၀မိနစ်အချိန်တွင် ကျား(၁)ဦး ထိခုက်ဒဏ်ရာ(မစိုးရိမ်ရ)အား အလုံကြက်ခြေနီအသင်းမှ ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
▪️ အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွါးရာသို့အနာဂတ်အလင်းတန်းပရဟိတအသင်း မှ No.4ရှာဖွေကယ်ဆယ်ရေးအထောက်ကူပြုယာဉ်တစ်စီးထွက်ခွါ၍ကူညီ အသင်းမှ Hydraulic Spreader အသုံးပြုကာလူနာအား အလုံမြို့နယ်မီးသတ်စခန်းနှင့်အတူပူးပေါင်း၍ကူညီကယ်ဆယ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
Photo - FutureLightCharity
#World_News
Published 22 May 2025
▪️ B-2 Spirit လို့အမည်ပေးထားတဲ့ ကိုယ်ပျောက်ဗုံးကျဲလေယာဉ်ကို Northrop Grumman မှထုတ်လုပ်ပြီး အမေရိကန်လေတပ်ပိုင် ပစ္စည်းတွေထဲမှာ အဆင့်မြင့်ဆုံးနဲ့ ဗျူဟာအမြောက်ဆုံးတွေထဲ ပါဝင်ပါတယ်။
▪️ တွေ့ရှိဖို့ခက်ခဲတဲ့ ကိုယ်ပျောက်နည်းပညာပါဝင်ပြီး ထူထပ်လှတဲ့ လေကြောင်းဆန့်ကျင်ကာကွယ်ရေးတွေကို ထိုးဖောက်ဝင်ရောက်နိုင်ရန် ဖန်တီးထားပါတယ်။
▪️ စစ်အေးကာလအတွင်း မူလကဖန်တီးခဲ့ပြီး ဆိုဗီယက်ရေဒါများကို ရှောင်ရှားကာ ရန်သူနယ်မြေအတွင်းကျကျအထိ နျူကလီးယားလက်နက်များ ဝင်ကျဲဖို့ အသုံးပြုခဲ့ပါတယ်။
▪️ ဒီလေယာဉ်ရဲ့ အထူးခြားဆုံးအပိုင်းက ပျံသန်းနေတဲ့တောင်ပံပုံစံပဲဖြစ်ပြီး ရေဒါတွေ့ရှိမှုပိုင်း သိသိသာသာ လျော့ကျစေနိုင်ပါတယ်။
▪️ ရေဒါစုပ်ယူနိုင်စွမ်းရှိတဲ့ ပစ္စည်းများနဲ့ ချောမွေ့တဲ့အပြင်ပန်းပုံစံကြောင့် အစောပိုင်း ရေဒါသတိပေးချက်စနစ် အများစုကို ကျော်ဖြတ်နိုင်စွမ်း ရှိပါတယ်။
▪️ B-2 ဟာ အမြင့်ပေ ၅ သောင်းကနေ တိုက်ခိုက်ရေးမစ်ရှင်များ ပြုလုပ်နိုင်ကာ ရေပြင်မိုင် ၆ ထောင်ကျော်အထိ လောင်စာဖြည့်စရာမလိုဘဲ မိုင်တစ်သောင်းအထိ လေထဲမှာလောင်စာဖြည့်နိုင်တာကြောင့် အမေရိကန်မြေပေါ်ကနေ အခြားတိုက်များအထိပြုလုပ်တဲ့ မစ်ရှင်တွေ ပြုလုပ်နိုင်စေပါတယ်။
▪️ သာမန်လက်နက်များနဲ့ နျူကလီးယားလက်နက်များ လွှတ်ချနိုင်ကာ B61 နဲ့ B83 ကမ္ဘာ့ဆွဲအားဗုံးတွေလည်း ပါဝင်ပါတယ်။
▪️ ဒီလိုစွမ်းဆောင်နိုင်စွမ်းတွေရှိပေမယ့် ပြောစရာတွေလည်း ရှိနေပါတယ်။
တစ်စင်းကို ဒေါ်လာ ၂ ဘီလီယံကျော်ကုန်ကျသလို ၂ စင်းပျက်ကပြီးနောက် လေတပ်မှာအစင်း ၂၀ သာကျန်ပါတော့တယ်။
▪️ ဆင့်ကဲပြောင်းလဲလာတဲ့ ရှာဖွေရေးနည်းပညာများဖြစ်တဲ့ ကြိမ်နှုန်းနိမ့်ရေဒါနဲ့ အနီအောက်ခြေရာခံစနစ်များမှာတော့ တွေ့နိုင်တဲ့အန္တရာယ် ရှိနေပါတယ်။
▪️ သာမန်စစ်ဆင်ရေးအတွက် နျူကလီးယားလက်နက် သယ်ဆောင်နိုင်တဲ့ လေယာဉ်အသုံးပြုခြင်းဟာ ထူထပ်တဲ့နေရာတွေမှာ မှားယွင်းတွက်ချက်မိတဲ့ အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။
#Source: WION
မက္ကဆီကိုနိုင်ငံက ဆယ်စုနှစ်တွေတိုင်အောင် ကြာခဲ့ပြီဖြစ်တဲ့ Made in Mexico စည်းရုံးရေးကို ပြန်လည်လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပြီး အမေရိကန်နဲ့ ကုန်သွယ်ရေးပြဿနာ တင်းမာမှုများကြားမှာ ပြည်တွင်းထုတ်ကုန်များကို အားပေးရန် သုံးစွဲသူများကို တိုက်တွန်းဖို့ ရည်ရွယ်နေပါတယ်။
#World_Business
Published 21 May 2025
#Made_in_Mexico #မက္ကဆီကို
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 May 2025
၁။ ကိုဗစ်-၁၉ လူနာသစ်စတင်တွေ့ရှိ၊ လေဆိပ်နှင့်ဝင်ထွက်ပေါက်များအား ကြပ်မတ်စစ်ဆေး
၂။ MSME လုပ်ငန်းများ၌ လုပ်သားလေးသိန်းကျော်လုပ်ကိုင်နေ
၃။ တရုတ်ကော်ဖီပြပွဲတွင် ပူးပေါင်းပါဝင်ရန် မြန်မာနိုင်ငံမှ ကော်ဖီ လုပ်ငန်းရှင်များကို ဖိတ်ကြား
၄။ ပြည်ပရိုက်ခတ်မှုများမှကာကွယ်ရန် Made in Mexicoအစီအစဉ်ပြန်လည်အသက်သွင်းဖို့ မက္ကဆီကိုစီစဉ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published_21 May 2025
▪️ ငလျင်ကြောင့်အဖြေလွှာများမီးလောင်ပျက်စီးခဲ့ရသောကြောင့် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွင်း လာရောက်အပ်နှံကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် အထူးအလေးထားလုပ်ဆောင်နေကြောင်း နစက ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးကပြောသည်။
▪️ မေလ ၂၁ ရက်က နေပြည်တော်၌ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့တွင် ယင်းက ပြောကြားခြင်းလည်း ဖြစ်သည်။
▪️ နိုင်ငံတော်အနေဖြင့် ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် အကြမ်းဖက်အဖျက်သမားများ အနေဖြင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် အထက်ပါအတိုင်း လုပ်ဆောင်နေခြင်းဖြစ် ကြောင်း ယင်းကဆိုသည်။
▪️ အလားတူ နစက ဥက္ကဌက ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအရည်အသွေးပြည့်မီစေရေး လေ့ကျင့်ဆောင်ရွက်ပေးသွားရန် ၊ တပ်ဖွဲ့ဝင်များ၏ သက်သာချောင်ချိရေး၊ နေရေးထိုင်ရေးနှင့် ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် ၊ စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွား လာစားသောက်မှုရှိစေရေး၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိအမြဲရှိစေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက် သွား ရမည်ဖြစ် ကြောင်း၊ လူထုနှင့် ထိတွေ့ဆက်ဆံနေရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သဖြင့် ၎င်းတို့၏ သက်သာချောင် ချိရေးဆိုင်ရာကိစ္စရပ်များကို ကြည့်ရှုဆောင်ရွက်ပေးသွားရန် လမ်းညွှန်ထားသေးသည်။
#Yangon_Times/PP
Page 208 of 1859