၂၃ ဇူလိုင် ၂၀၂၅
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင်ရှိ သပိတ်ကျင်းမြို့ကို ဇူလိုင်လ ၂၃ ရက်၊ယနေ့တွင် တပ်မတော် က အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့်သပိတ်ကျင်း မြို့နယ်အတွင်း အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation) ဖြင့် တပ်ရင်း ဌာနချုပ် ပတ်ဝန်းကျင်၌ စတင်၍ နယ်မြေရှင်းလင်းခဲ့ပြီးတန်ပြန် တိုက်စစ်များ တစ်ဆင့်ပြီးတစ်ဆင့် ခြေကုပ်ယူ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။
အဆိုပါ စစ်ဆင်ရေးကြောင့် ၂၀၂၅ ခုနှစ်၊ဇွန်လ ၃၀ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့်သပိတ်ကျင်းမြို့နယ်အတွင်းရှိ ၆ မိုင်ကျေးရွာအား လည်းကောင်း၊ ဇူလိုင်လ ၅ရက်နေ့ တွင် ၅ မိုင်ကျေးရွာအား လည်းကောင်း၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ၄ မိုင်ကျေးရွာနှင့်အဆိုပါကျေးရွာအနီး တာဝါတိုင်ကုန်းအားလည်းကောင်း အသီးသီးပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့ ယနေ့တွင် သပိတ်ကျင်းမြို့အားတပ်မတော်က အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အချက်အချာကျသည့်နေရာတွင်ရှိနေတဲ့ သပိတ်ကျင်းမြို့ အား မိုးမိတ်၊ မိုးကုတ်မြို့နယ်မှတဆင့် အကြမ်း ဖက်အဖွဲ့အစည်းများဖြစ်သည့် TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှစ၍သပိတ်ကျင်း မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်စခန်းများ၊ တပ်ရင်း/တပ်ဖွဲ့နှင့် မြို့/ရွာများအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ဆင်ရေးကာလ ၁၁ လအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၁၇ ကြိမ်၊ ထိတွေ့ မှုပေါင်း ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီးရန်သူ့ထံမှ အလောင်း ၅၁ လောင်းနှင့် လက်နက်မျိုးစုံ ၁၁၂ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သပိတ်ကျင်းမြို့ အတွင်းသို့ ယာယီနေရပ်စွန့်ခွာနေကြရသည့် ဒေသခံပြည်သူများအား အန္တရာယ် ကင်းရှင်းစွာ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက မြို့တွင်း မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ စတင်ရှင်းလင်းဆောင်ရွက်နေပါတယ်။
မိမိတို့၏ အိုးအိမ်နေရာများသို့ ပြန်လည်နေထိုင်လိုပြီး ရိုးသားစွာ မိမိတို့၏ လူမှုစီးပွားဘဝ လုပ်ကိုင် စားသောက်လိုသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များထံ စနစ်တကျသတင်းပို့၍ နေထိုင်နိုင်ရေးသက်ဆိုင်ရာမှ နှိုးဆော်ထားပါတယ်။
သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လည်းဌာနဆိုင်ရာဝန်ထမ်းများဖြင့် အစိုးရအုပ်ချုပ်မှု ယန္တရားများ ၊ စာသင်ကျောင်းများ၊ဆေးရုံများ အမြန်ဆုံးလည်ပတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်။
သပိတ်ကျင်းမြို့သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့ရှိမြို့ များနှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး ဧရာဝတီမြစ်၏ အရှေ့ဘက် ကမ်းပေါ်၌ရှိသောသင်္ဘောဆိပ်မြို့လည်း ဖြစ်ပါတယ်။
#ymg/knl

July 23, 2025, Mandalay - The Myanmar Military (Tatmadaw) has announced that it has fully recaptured and brought under control Thabeikkyin Town in the Thabeikkyin District of Mandalay Region today, July 23. This information was released by the State Administration Council (SAC) Information Team.
According to the statement, Myanmar Military (Tatmadaw) columns initiated a counter-terrorism operation within Thabeikkyin Township, which was previously controlled by terrorist insurgents. They began clearing the area around the battalion headquarters and subsequently gained ground through successive counter-attacks.
As a result of this operation, the Myanmar Military (Tatmadaw) successfully recaptured 6 Mile Village on June 30, 2025, followed by 5 Mile Village on July 5, and 4 Mile Village along with a nearby tower hill on July 17. Today, July 23, the Myanmar Military (Tatmadaw) has completely regained control of Thabeikkyin Town.
Thabeikkyin, a strategically important town, had been under attack by terrorist organizations, specifically the TNLA and PDF-affiliated groups, since August 18, 2024. These groups, advancing from Mohnyin and Mogok townships, launched large-scale assaults on Myanmar Military (Tatmadaw) outposts, battalions, and towns/villages within Thabeikkyin Township.

During the 11-month operation, 17 major battles and 45 skirmishes occurred with the terrorist insurgents. The Myanmar Military (Tatmadaw) reportedly recovered 51 bodies of enemy combatants and seized 112 assorted weapons along with related equipment.
Myanmar Military (Tatmadaw) columns have now begun mine-clearing operations within Thabeikkyin Town to ensure the safe return of local residents who were temporarily displaced. Authorities are urging displaced residents who wish to return to their homes and resume their livelihoods to report systematically to the relevant security teams.
Furthermore, the respective regional government is working with departmental staff to quickly resume government administrative functions, schools, and hospitals.
Thabeikkyin Town is located on the eastern bank of the Ayeyarwady River and serves as a port town. It borders cities in Kachin State, Sagaing Region, and northern Shan State.
#ymg/knl

တရုတ်ပြည်မှ UBTech Robotics က အလိုအလျောက် ဘက်ထရီလဲထည့်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး လူသားပုံသဏ္ဍာန်စက်ရုပ် Walker S2 ကို မိတ်ဆက်ပြသလိုက်ပါတယ်။
#Asia_Technology
Published 23 July 2025
#Walker_S2 #ကမ္ဘာ့ပထမဆုံးလူသားပုံသဏ္ဍာန်စက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 July 2025
၁။ စိမ်းလဲ့မြေဆန်စက်ဆိုလာစီမံကိန်း ညောင်တုန်း၌စတင်
၂။ ရွှေဘို၊ ဧရာဝတီပေါ်ဆန်းနှင့် ရက် (၉၀) ဆန်များကို သက်သာသောဈေးနှုန်းများဖြင့် လိုက်လံရောင်းချပေးမည်
၃။ “ဝီဖာ”မုန်တိုင်းအရှိန်ကြောင့် ဒေသအများစု၌ မိုးကြီးပြီးလေပြင်းတိုက်နိုင်
၄။ အလိုအလျောက်ဘက်ထရီလဲထည့်နိုင်သည့် ကမ္ဘာ့ပထမဆုံးလူသားပုံသဏ္ဍာန်စက်ရုပ် Walker S2 ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှဓာတ်မြေဩဇာနဲ့ပိုးသတ်ဆေးတန်ချိန် ၁ ဒသမ ၆ သန်း ကျော်တင်သွင်းနိုင်ဖို့လျာထားဆောင်ရွက်နေတယ်လို့ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 23 July 2025
#ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး #ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး
#YMG/SW #Yangon_Times
“ဝီဖာ” မုန်တိုင်းအရှိန်ကြောင့် ဒေသအများစုမှာ မိုးကြီးပြီးလေပြင်းတိုက်နိုင် တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယမန်နေ့ညပိုင်းကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#Local_News
Published 23 July 2025
#“ဝီဖာ”မုန်တိုင်း #မိုးကြီးပြီးလေပြင်းတိုက်နိုင်
#YMG/NN #Yangon_Times
ယခုလ၂၄ရက်ကစတင်ပြီး ရန်ကုန်တိုင်းအတွင်းကမြို့နယ် ၉ခုရဲ့ ဈေး၉ ဈေးမှာ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနဲ့ရက် (၉၀) ဆန်တွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 23 July 2025
#လိုက်လံရောင်းချပေး #သက်သာတဲ့ဈေးနှုန်း
#YMG/SW #Yangon_Times
စိမ်းလဲ့မြေဆန်စက်ဆိုလာစီမံကိန်းကို ညောင်တုန်းမြို့နယ်မှာ စတင်လိုက်ပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 23 July 2025
#စိမ်းလဲ့မြေဆန်စက်ဆိုလာစီမံကိန်း #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
#Local_News
Published 23 July 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နှစ်ရက်ဆက်တိုက် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး Level1 အဆင့်မီးငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ပထမဖြစ်စဉ်မှာယမန်ေန့၂၂.၇.၂၀၂၅ ရက်နေ့၊ ည၆နာရီ၅၃မိနစိ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာခဲ့ပြီးနောက် ည ၇ နာရီ ၁၀ မိနစ် အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ဒုတိယဖြစ်စဉ်မှာ ယနေ့ နံနက် ၀၉နာရီ ၂၇ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ အမှတ်(၄)လမ်းတွင် စက်ရုံမီးလောင်မှုဖြစ်ပွားသဖြင့် မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တညင်းကုန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၀၉ နာရီ ၄၉ မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ နံနက်၁၀ နာရီ၀၄ မိနစ်အချိန်တွင်မီးငြိမ်းခဲ့ေကြာင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 23 July, 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစက ဂျပန်မှတင်သွင်းလာမယ့် ကုန်ပစ္စည်းများအပေါ် ချမှတ်မယ့်အခွန်ပမာဏကို လျှော့ချပေးသွားမယ့် ညှိနှိုင်းမှုတစ်ခုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဂျပန်တို့ သဘောတူညီချက်ရရှိသွားကာ ဂျပန်အနေနဲ့ အမေရိကန်မှာ ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရမှာဖြစ်ပြီး အမေရိကန်ကုန်ပစ္စည်းများအတွက် ဈေးကွက်လမ်းဖွင့်သွားမှာ ဖြစ်ပါတယ်။
▪️ ဩဂုတ် ၁ ရက်နေ့ဆိုရင် မြင့်မားတဲ့အခွန်နှုန်းထားတွေ စတင်တော့မှာဖြစ်ကာ ဂျပန်မှတင်ပို့ကုန်များအတွက် မူလက အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာကနေ ၁၅ ရာခိုင်နှုန်းအထိ ချပေးလိုက်ခြင်းအပါအဝင် ယခုသဘောတူညီချက်က အိမ်ဖြူတော်အတွက်တော့ အရေးပါတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ရယူနိုင်လိုက်တာ ဖြစ်ပါတယ်။
▪️ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးကောင်း ဆက်ရှိသွားမှာဖြစ်တဲ့အတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်လို့ ထရမ့်က Truth Social မှာ ဖော်ပြထားပါတယ်။
▪️ အမေရိကန်သို့ အဓိကတင်ပို့တဲ့ ဂျပန်မော်တော်ယာဉ်အပိုင်းမှာလည်း အခွန်ကို ၁၅ ရာခိုင်နှုန်းသို့ လျှော့ချပေးထားကြောင်း သဘောတူညီချက်မှာ ပါဝင်ပါတယ်။
▪️ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ရေးကနေ ၂၀၂၄ အတွင်း ဒေါ်လာ ၂၃၀ ဘီလီယံနီးပါး ရှိခဲ့ပြီး အမေရိကန်အတွက်တော့ ကုန်သွယ်ရေးမိတ်ဖက်တွေထဲမှာ ဂျပန်က ပဉ္စမမြောက်အကြီးမားဆုံး မိတ်ဖက်ဖြစ်ပါတယ်။
▪️ ယခုသဘောတူညီချက် ကြေညာခဲ့ပြီးနောက် ဂျပန်မှာ ဟွန်ဒါ၊ တိုယိုတာ၊ နစ်ဆန်းတို့လို မော်တော်ယာဉ်ထုတ်လုပ်ရေးများ အပါအဝင် စတော့တန်ဖိုး ၈ ရာခိုင်နှုန်းကျော် မြင့်တက်လာပြီး ဂျပန်ယန်းငွေတန်ဖိုး မြင့်တက်လာပါတယ်။
▪️ ဂျပန်ဝန်ကြီးချုပ် ရှီဂျယ်ရူအီရှီဘာက ဝါရှင်တန်မှာရောက်နေတဲ့ ဂျပန်ကုန်သွယ်ရေးညှိနှိုင်းရေးမှူးဆီကနေ ကနဦးတင်ပြချက် ရရှိထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
▪️ ဒီသဘောတူညီချက်က ဂျပန်အတွက်လည်း ပိုမိုသာလွန်တဲ့ရလဒ်ဖြစ်တယ်လို့ ဩစတြေးလျ အကျိုးတူကြွယ်ဝရေးဘဏ်မှ စီးပွားရေးပညာရှင်ကြီး ခရစ္စတီနာကလစ်ဖ်တန်က ပြောသွားပါတယ်။
#Source: Reuters
#Local_News
Published 23 July 2025
▪️ စိတ်ကျန်းမာရေး အခမဲ့ဆွေးနွေးပွဲတစ်ခုကို လာမည့်ဇူလိုင်လ၂၆ရက်၊နေ့လယ် ၂ နာရီမှ ၄ နာရီအထိDoh Eain Youth Space အမှတ် (၁၆၇)၊ ၄၇ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ "နေ့စဥ်ဘဝမှာ ရှင်သန်လှုပ်ရှားနေကြရင်း ကိုယ်ခန္ဓာတွေ နာမကျန်း ဖြစ်တတ်သလိုမျိုး စိတ်ပင်ပန်းပြီး နေမကောင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများပြီး စိတ်အဆင်မပြေ ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ နေထိုင်မှုဘဝပုံစံနဲ့ ကျန်းမာရေးကို ထိခိုက်မှုနည်းစေဖို့ ထိရောက်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပြန်လည် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်"ဟု Doh Eainမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ထို့ကြောင့်လူငယ်များ၏စိတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး စိတ်လူမှုရေး အခက်အခဲများအကြောင်းကို တတ်သိကျွမ်းကျင်သည့် Counsellor များနှင့်ဆွေးနွေးမှုများ ရယူနိုင်မည့်Screening & Well-being အစီအစဉ်တစ်ခုကို ဒို့အိမ်က ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ဆွေးနွေးပွဲတွင် ကျွမ်းကျင်ပညာရှင်များနှင့်အတူ ဇာတ်လမ်းတိုများကို ကြည့်ရှုပြီး အဖွဲ့လိုက်ဖြစ်စေ တစ်ဦးချင်းဖြစ်စေ ခံစားချက်များကို ပြန်လည် ပြောပြနိုင်မည့် အစီအစဥ်များပါဝင်ကြောင်း၊လူဦးရေ ( ၂၀ ) သာလက်ခံပေးသွားမည် ဖြစ်ရာပါဝင်တက်ရောက် လိုသူများအနေဖြင့် ဒို့အိမ်ပေ့ချ်တွင်ေဖာ်ပြထားသောလင့်ခ်မှ တစ်ဆင့်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Yangon, Myanmar – July 23, 2025 – Myanmar Police Force announced a major bust of a drug trafficking ring operating via maritime routes, seizing over 48.4 billion Myanmar Kyats (MMK) worth of psychotropic drugs in Insein Township.
On July 12, at 6:30 PM, a joint team from the Anti-Narcotics Task Force, acting on intelligence, raided a rented house in Kyoekone East Ward, Insein Township. They apprehended Zaw Zaw Lwin with 1,875 kg of ICE (methamphetamine), valued at an estimated 46.875 billion MMK, and 1.6 million ecstasy pills with a local street value of 1.6 billion MMK. A Toyota Dyna vehicle was also seized at the scene.
Further investigation led to the arrest of Nay Myo Kyaw at 7:00 PM the same day on Parami Road in Hlaing Township (Ward 16). Nay Myo Kyaw was identified as the individual who transferred the seized psychotropic drugs.
Continuing the operation, on July 15, Kyi Phyu (aka Kyaw Win Htay) and Zaw Min Naing, who were responsible for transporting the psychotropic drugs and had fled towards Dawei, were apprehended near Nyaung Khashay Village in Waw Township, along with a KLUGER vehicle. It was revealed that Kyi Phyu (aka Kyaw Win Htay) was also a wanted fugitive in another drug-related case.
Later that day, at 4:30 PM, Soe Lin Paing (aka Lin Lin), who was responsible for transporting the psychotropic drugs by sea to Malaysian waters, was arrested at Nawaday Bridge in Pyay Township. The following day, July 16, at 10:30 AM, Ye Tun (aka Pae Nin aka Phoe Tha Gi), the owner of the motorboat used to transport drugs from the mouth of the Yangon River to Malaysian waters, was apprehended in Pathein Gyi Township. Ye Tun was also found to be a wanted fugitive for a previous drug offense.
Similarly, on July 17, at 4:30 PM, Thein Than Htay (aka Zaw Zaw Aung aka Ngay Htay), the owner of the Aung Ratana motorboat responsible for transporting psychotropic drugs to the mouth of the Yangon River, along with Kyaw Swar Min (aka Min Min) and Myo Tun (aka Ko Tun), were individually arrested in Mingalardon Township.
All arrested individuals have been charged under the Narcotic Drugs and Psychotropic Substances Law. Authorities are continuing to investigate and identify additional accomplices.
The Myanmar Police Force stated that this drug trafficking ring had repeatedly engaged in the illicit trade of narcotics and psychotropic drugs using maritime routes for international transport. Efforts are underway to confiscate their assets and financial gains derived from these illegal activities under the Anti-Money Laundering Law, with the aim of seizing them as public property.
Mgne/knl/ymg


Page 205 of 1919