#Daily_News
Published 5 December 2024
၁။ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ညီလာခံတွင် သင်္ကြန်ပွဲတော်အား မြန်မာတို့၏ ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အတည်ပြုမဲခွဲဆုံးဖြတ်မည်
၂။ ရှမ်းပြည်နယ်၌ ပြောင်းခင်းခြေရာခံစနစ်စတင်ဖော်ဆောင်နေ
၃။ ပြည်ပသို့ ပျားရည်တန်ချိန် ၇၀၀ကျော်တင်ပို့ထား ဂျပန်သို့အများဆုံးတင်ပို့
၄။ တစ်ချိန်က ကျွန်သိုလှောင်ကုန်ကူးရာအချက်အခြာနေရာဖြစ်ခဲ့သည့် အနောက်အာဖရိကမှဂိုရီကျွန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 5 December 2024
▪️ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံရုံး၊ ဩစတြေးလျသံရုံးတို့၏ထောက်ပံ့မှုဖြင့် "The Intersection of Culture, Tradition, and Gender Issues" အမည်ရ အစီအစဉ်တစ်ခုကို ဒို့အိမ်က Sagawa Centre တွင်ဒီဇင်ဘာလ (၇) ရက်၊ေန့လည် ၁နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုအစီအစဉ်တွင်လူ့အဖွဲ့အစည်းအတွင်းရှိ ယဉ်ကျေးမှုစံနှုန်းများ၊ ဓလေ့ထုံးတမ်းများက ဂျန်ဒါရေးရာကိစ္စရပ်များအပေါ် မည်သို့သက်ရောက်မှုရှိနေကြောင်းကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာရှင်တွေ ဆွေးနွေးသွားမည့်စကားဝိုင်းပါဝင်မည်ဖြစ်ပြီး ဂျန်ဒါရေးရာ အသိပညာပေး ရုပ်ရှင်တိုများ ပြသခြင်း စသည့်အစီအစဉ်များလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းအပြင်ပွဲကို လာရောက်လေ့လာမည့်သူများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်မည့် စိတ်ဝင်စားဖွယ်ဂိမ်းများ၊ အမှတ်တရလက်ဆောင်များ ရရှိနိုင်မည့် ဉာဏ်စမ်းမေးခွန်းအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်းေကြာင်းသိရသည်။
#YMG/SW#Yangon_Times
#Local_News
Published 5 December 2024
▪️ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေး မြန်မာနိုင်ငံမှတင်သွင်းထားသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” အဆိုပြုစာတွဲ နှင့်ပတ်သက်၍ ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့၌ ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပသည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ညီလာခံတွင် ဆုံးဖြတ်မည်ဖြစ်ရာယနေ့ ဒီဇင်ဘာ ၅ ရက်၌ တရားဝင်ဆုံးဖြတ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် “မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်”သည် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးတရားဝင်ပါဝင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
▪️ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) တွင် ပါဝင်နိုင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့်ပတ်သက်သည့် အဆိုပြုစာတွဲ (Nomination File) ကို UNESCO ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ (Committee of Intangible Cultural Heritage) သို့ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်တွင် ပေးပို့တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW#Yangon_Times
#Local_News
Published 5 December 2024
▪️ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် အရေးပေါ်သွေးလိုအပ်သည့် လူနာများအတွက် စေတနာသွေးလှူရှင်များနှင့် ချိတ်ဆက်ကူညီလျက်ရှိရာ အရေးပေါ်သွေးလိုအပ်ပါက အသင်းသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
▪️ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လူမှုကရုဏာလုပ်ငန်းများတွင် အရေးပေါ်သွေးလိုအပ်သည့် လူနာများအတွက် မိမိတို့ကိုယ်တိုင် သွေးလှူဒါန်းခြင်းနှင့် သွေးလှူရှင်ရှာဖွေပေးပြီး သွေးလှူဒါန်းနိုင်ရေးအတွက် ကူညီပေးခြင်းလည်း ပါဝင်ရာ အရေးပေါ်သွေး လိုအပ်သည့် လူနာများအတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲများသို့ ဆက်သွယ် အကူအညီ တောင်းလာပါက ကြိုးစားကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ ကူညီဆောင်ရွက်ပေးလျှက်ရှိရာတွင်နိုဝင်ဘာလ(၂၉)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင်ဆေးရုံတွင် အရေးပေါ်ခွဲစိတ်ကုသမှုခံယူမည့် အမျိုးသားလူနာ(၁)ဦးအတွက် သွေး လိုအပ်နေကြောင်း အကူအညီ တောင်းလာသည့်အတွက်ကမာရွတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သွေးတာဝန်ခံက စေတနာအလျှောက် သွေးလှူရှင်များနှင့် ချိတ်ဆက်ရှာဖွေချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ရက်နေ့ကလည်း ထားဝယ်မြို့ရှိ သွေးလိုအပ်သူလူနာအား မြို့နယ်ကြက်ခြေနီအသင်းဝင်တစ်ဦး သွေးလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
#YMG/SW#Yangon_Times
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခုနှစ်လတာကာလအတွင်း ပြည်ပသို့ပျားရည် တန် ချိန် ၇၀၀ကျော်တင်ပိုထားပြီး ဂျပန်နိုင်ငံကို အများဆုံးတင်ပို့ထားတယ်လို့ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲက သိရပါတယ်။
#Local_News
Published 5 December 2024
#ဂျပန်သို့အများဆုံးတင်ပို့ #ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ
#YMG/NN #Yangon_Times
#Local_News
Published 5 December 2024
▪️ လာမည့် ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြုလုပ်မည့် အာဆီယံ ချန်ပီယံရှစ် AFF Mitsubishi Electric Cup 2024 အုပ်စု အဖွင့်ပွဲစဉ် ဖြစ်သည့်မြန်မာနှင့် အင်ဒိုနီးရှား ပွဲစဉ်ကြည့်ပရိတ်သတ်များအပြန် အဆင်ပြေစေရန် Bus ကားများ အခမဲ့စီစဉ်ပေးထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
▪️ အဆိုပါ မြန်မာနှင့် အင်ဒိုနီးရှား ပွဲစဉ်အတွက် ပွဲကြိုလက်မှတ်များအား ဒီဇင်
ဘာ ၆ ရက်မှ စတင်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်ရုံး၊ ဝေဇယန္တာလမ်းမကြီး၊ (သု၀ဏ္ဏကွင်းရှေ့)တွင် မနက်၁၀နာရီမှ၊ ညနေ ၄နာရီ အတွင်း ရောင်းချပေးသွားမည် ဖြစ်သည်။
▪️ ထို့အပြင် ပွဲနေ့ဖြစ်သည့် ဒီဇင်ဘာ၉ ရက်၊ သု၀ဏ္ဏကွင်းတွင်အထူးတန်း လက်မှတ်များအား ဂိတ်(၂)၊ ရိုးရိုးတန်း လက်မှတ်များအားဂိတ်(၈)တို့တွင် ရုံးချိန်အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
▪️ လက်မှတ်ခနှုန်းထားများမှာ အထူးတန်း- ၅၀၀၀ ကျပ် ၊ရိုးရိုးတန်း- ၂၀၀၀ ကျပ် အထိ အသီးသီးရှိပြီး ပရိသတ်များ ပွဲပြီးအပြန် အဆင်ပြေစေရေးအတွက် နီးစပ်ရာနေရာများသို ရောက်ရှိနိုင်ရန် Bus ကားများ အခမဲ့စီစဉ်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်က ပြောင်းစိုက်တောင်သူတွေရဲ့ စိုက်ဧကခုနှစ်သိန်းကျော်ကို ပြောင်းခင်းခြေရာခံတဲ့ စနစ်စတင်ဖော်ဆောင်နေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကနေ သိရပါတယ်။
#Local_News
Published 5 December 2024
#ပြောင်းခင်းခြေရာခံစနစ် #ရှမ်းပြည်နယ်
#YMG/NN #Yangon_Times
လက်ရှိကျင်းပနေတဲ့ ယူနက်စကိုရဲ့(၁၉) ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ညီလာခံမှာ မြန်မာ့ရိုးရာအတာသင်္ကြန်ကို မြန်မာတို့ရဲ့ ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် အတည်ပြုမဲခွဲဆုံးဖြတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 5 December 2024
#ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု #မြန်မာ့ရိုးရာအတာသင်္ကြန်
#YMG/SW#Yangon_Times
#World_News
Published 05 December 2024
▪️ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဇွန်လက သဘောတူညီခဲ့တဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်ဟာ ဗုဒ္ဓဟူးနေ့က မော်စကိုမှာ စာရွက်စာတမ်းများ လက်မှတ်ရေးထိုးဖလှယ်ခဲ့ကြကာ စတင်အသက်ဝင်လာပြီဖြစ်ကြောင်း မြောက်ကိုရီးယား သတင်းအေဂျင်စီ KCNA က ဖော်ပြပါတယ်။
▪️ ဇွန်လက ပြုံယမ်း ထိပ်သီးအစည်အဝေးမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ တွေ့ဆုံစဉ် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး တစ်နိုင်ငံမှ လက်နက်အင်အားဖြင့် တိုက်ခိုက်ခံရပါက စစ်ရေးကူညီပြီး အပြန်အလှန် ကာကွယ်ဖို့ ပါဝင်ပါတယ်။
▪️ အဆိုပါ သဘောတူစာချုပ်ဟာ လွှမ်းမိုးချုပ်ကိုင်မှု၊ ချုပ်ချယ်မှုများမရှိဘဲ လူမျိုးပေါင်းစုံပါဝင်ပြီး လွတ်လပ်တဲ့ ကမ္ဘာကြီး ထူထောင်ရေးကို အရှိန်မြှင့်နိုင်မယ့် အင်အားတစ်ခုဖြစ်လာမယ်လို့ KCNA က ဖော်ပြထားပါတယ်။
▪️ ရုရှားနဲ့ ယူကရိန်းစစ်ပွဲ တင်းမာမှုမြင့်တက်နေပြီး မြောက်ကိုရီးယားတပ်သား ၁သောင်းကျော်ကို ရုရှားဘက်ကနေ တိုက်ခိုက်ရန် နေရာချထားချိန်မှာ ပူတင်က စစ်ရေးပူးပေါင်းမှု ဆက်လက်တိုးမြှင့်ရန် ပူတင်က သဘောတူခဲ့တာ ဖြစ်ပါတယ်။
▪️ မြောက်ကိုရီးယားကနေ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာများ၊ ဒုံးကျည်လောင်ချာများပါတဲ့ ကွန်တိန်နာထောင်ချီ တင်ပို့ပေးထားတယ်ဆိုတာကို နှစ်နိုင်ငံစလုံးမှ ငြင်းဆိုထားပါတယ်။
#Source: Reuters
#Local_News
Published 5 December 2024
▪️ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၄)ကြိမ်မြောက် အစည်းအဝေး၌ ပိုးသတ်ဆေးအမျိုးပေါင်း ၁၄၆ မျိုးအား မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေးတင်ပြထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၄)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့က အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အားလျော်စွာ စိုက်ပျိုးထုတ်ကုန်များ အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးအတွက် ပိုးမွှားကာကွယ်ရေးလုပ်ငန်းများတွင် အရေးပါသည့် ပိုးသတ်ဆေးများ အရည်အသွေး ပြည့်မီရေး၊ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမဖြစ်ပေါ်စေရေးနှင့် စားသုံးသူဘေးကင်းလုံခြုံရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ထိန်းကျောင်းကြပ်မတ်ပြီး ပိုးသတ်ဆေးဥပဒေပါပြဋ္ဌာန်းချက်များကို လိုက်နာမှုမရှိသူများ၊ ဖောက်ဖျက်ကျူးလွန်သူများ လျော့နည်းပပျောက်သွားသည်အထိ ပိုးသတ်ဆေးဥပဒေ ဥပဒေလုပ်ထုံးလုပ်နည်းပါ သတ်မှတ်ထားသည့်အတိုင်း အရေးယူဆောင်ရွက်မှုများ တိတိကျကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
▪️ ရေရှည်တွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများ လျှော့ချသုံးစွဲနိုင်ရေးအတွက် မျှတသော ဂေဟစနစ်ကိုအခြေခံသည့် စိုက်ပျိုးထုတ်လုပ်မှုထွန်းကားလာစေရေး ကြိုးစားကြရမည်ဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံမှထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ (Food Safety Standard) များနှင့်အညီ ညီညွတ်စေရေး လေ့လာဆောင်ရွက်နိုင်ရေးအတွက် မိမိတိုပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ဝင်များအနေဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
▪️ ထို့နောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အတွင်းရေးမှူးက ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၄)ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေးအမျိုးပေါင်း ၁၄၆ မျိုးအား မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေး တင်ပြရာအစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၃)ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း ၄၂၈၇ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 05 December 2024
▪️ အသင့်စား ခေါက်ဆွဲထုပ်တွေက ပြုလုပ်ရလွယ်ကူပြီး အရသာရှိတာကြောင့် လူအများ လွယ်လင့်တကူ ဝယ်ယူစားသုံးနေကြပါတယ်။
▪️ ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပါဝင်ပစ္စည်းများကြောင့် ပုံမှန်စားသုံးပါက ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။
▪️ ရံဖန်ရံခါမှ စားသုံးတာက ကိစ္စမရှိပေမယ့် ဒါကိုပဲ မှီခိုစားနေရင်တော့ ပြဿနာဖြစ်လာနိုင်ပါတယ်။
▪️ (၁) ဆိုဒီယမ်ပါဝင်မှုများခြင်း - အသင့်စားခေါက်ဆွဲထုပ်တွေမှာ အနံ့အရသာ ကောင်းမွန်ပြီး ကြာရှည်ခံစေဖို့ ဆားနဲ့ပြုလုပ်ရတာကြောင့် သွေးပေါင်ချိန်တိုးခြင်း၊ ကျောက်ကပ်ထိခြင်း၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ (၂) မကောင်းတဲ့အဆီများပါဝင်ခြင်း - ခေါက်ဆွဲပုံစံဖြစ်ပြီး ကြာရှည်ခံဖို့ ဆီထဲထည့်ကြော်တဲ့အတွက် မကောင်းတဲ့ ကိုလက်စ်ထရောလ်များ ပါဝင်ကာ နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ (၃) အာဟာရဓာတ်မပါဝင်ခြင်း - သန့်စင်ပြီးသား ဂျုံမှုန့်တွေနဲ့ အဓိကပြုလုပ်ထားတာကြောင့် စွမ်းအင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များ မပေးနိုင်ပါဘူး။
▪️ (၄) တာရှည်ခံဆေးများပါဝင်ခြင်း - TBHQ တာရှည်ခံဆေးများကို ပုံမှန်စားမိတဲ့အခါ မူးဝေခြင်းနဲ့ ရေရှည်မှာ အင်္ဂါထိခိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ (၅) အစာခြေစနစ်ကိုနှောင့်ယှက်ခြင်း - သန့်စင်ပြီးဂျုံမှုန့်က အစာကြေဖို့ ခက်ခဲပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းဖောခြင်းတို့ ဖြစ်နိုင်တဲ့အပြင် အူလမ်းကြောင်း ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။
▪️ (၆) ဇီဝဖြစ်စဉ်ရောဂါဖြစ်နိုင်ခြင်း - သွေးပေါင်ချိန်များခြင်း၊ သွေးတွင်းသကြားဓာတ်များခြင်း၊ ကိုလက်စ်ထရောလ်ပမာဏ ပုံမှန်မဖြစ်ခြင်းတို့ ဖြစ်စေနိုင်ကာ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ (၇) ကိုယ်အလေးချိန်တက်နိုင်ခြင်း - ကယ်လိုရီများပြီး အာဟာရတန်ဖိုး နည်းတာကြောင့် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။
▪️ (၈) ရေရှည်ကျန်းမာရေးအတွက် မသင့်လျော်ခြင်း - အသင့်စားခေါက်ဆွဲတွေပဲ စားပါက အသီးများ၊ ဟင်းရွက်များစတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ မစားမိတာကြောင့် အာဟာရချို့တဲ့လာနိုင်ပါတယ်။
#Source: DoctorNDTV
#Local_News
Published 5 December 2024
▪️ ပြည်ပတင်ပို့မှု လုံးဝမရှိသော ပြည်တွင်းစားဆန်များကို စျေးကစားမှုမပြုလုပ်ပဲ ရည်ညွှန်းဈေးအတိုင်းသာ ရောင်းဝယ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF )က တိုက်တွန်းထုတ်ပြန်ထားသည်။
▪️ ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊မနေသုခစသည့် ဆန်အမျိုးအစားများကို သိုလှောင်ဈေးကစားမှုများ(လုံးဝ) မပြုလုပ်ရန်နှင့် ရည်ညွှန်းဈေးသတ်မှတ်ချက်အတိုင်းသာ ရောင်းဝယ်ရန် တိုက်တွန်းထားပြီး လက်ရှိတွင် အဆိုပါ ပြည်တွင်းစားဆန်ပေါ်ဆန်းများကို ပြည်ပ ပို့၍ဈေးတက်သည်၊ သဘာဝဘေးဒဏ်ကြောင့် အထွက် အလွန်ထိခိုက်သည်ဆိုကာ ရည်ရွယ်ချက်ရှိရှိဖြင့် အချို့သောကုန်သည်များမှ ထုတ်ပြန်လာသည့် သတင်းများမှာ သတင်းအမှားသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
▪️ ထို့အပြင်ယခုကာလအတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဆန်ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသည့် ကြော်ငြာများအားတွေ့ရှိလာရခြင်း၊ ဈေးကွက်အတွင်း၌လည်း ဆန်ဈေးနှုန်းများကို ရည်ညွှန်းဈေးထက် ပိုမိုတိုးမြှင့်ရောင်းချမှုများကိုတွေ့ရှိရခြင်း၊ အထူးသဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များကို စပါးသစ်ပေါ်ချိန်တွင် ဈေးကိုမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအချို့ကို ကြားသိနေရကြောင်း ၊ထို့ကြောင့်စပါးအသစ်ပေါ်ချိန် ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ရည်ရွယ်ချက်ရှိရှိ ဈေးမြှင့်တင်ရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
#YMG/SW#Yangon_Times
Page 205 of 1680