#Local_News
Published 27 May 2025
▪️ မြန်မာနိုင်ငံရှိမြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာမည်ဖြစ်ရာ မြစ်ရေတက်လာမှုပေါ်မူတည်၍ ရေယာဉ်များအန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
▪️ သို့သော် ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန် အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန် လိုအပ်ကြောင်း၊ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေတက်လာမှုကြောင့် ရေနည်းကာလတွင် ပေါ်ထွန်းခဲ့သော သောင်နှင့်ကျွန်းများ ရေမြုပ်၍ ရေမြွှာပေါက် ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေအနက်မလုံလောက်သော ရေမြွှာပေါက် ဖြတ်လမ်းများကို ဖြတ်သန်း ခုတ်မောင်းခြင်းမပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့်ရေစီးနှုန်းကို ချင့်ချိန်၍ သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းရန် လိုအပ်ကြောင်းမိုးဦးကာလရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်ရေလမ်းသတိပေးနှိုးဆော်ချက်တွင် ဖော်ပြထုတ်ပြန်ထားသည်။
▪️ မြစ်ကူးတံတား ရေလမ်းများတွင် ရေယာဉ်များဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါအစိမ်းရောင် တြိဂံအမှတ်အသား ပြသထားပြီးညအခါ မီးစိမ်းထွန်း ပြသထားမည်ဖြစ်ကာမဝင်ရမည့်ရေလမ်းတွင် နေ့အခါအနီရောင် ကြက်ခြေခတ်အမှတ်အသား ပြသထားပြီး ညအခါ မီးနီထွန်း ပြသထားမည်ဖြစ်ကြောင်း၊ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင်အုတ်ခုံများမှာ ရေမြုပ်နေပြီး ရေလယ်တိုင် ( ၂ )တိုင်အကြားတွင် ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတားရေလမ်းကို ဖြတ်သန်း ရာတွင် စက်နှင့် တက်မစနစ်များကို ကြိုတင်စစ်ဆေးပြီး လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်းခုတ်မောင်းကြရန်နှင့် တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုကြရန် လိုအပ်ကြောင်း၊ အထူးသဖြင့် သယ်ဆောင်ဝန်နှင့်စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်းကြရမည် ဖြစ်ကြောင်း၊ မနိုင်ဝန်ကို သယ်ဆောင်ခြင်းမပြုကြရန်နှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲ ချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမည်ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက်လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှု ဖြစ်ပေါ်သည့်အခါ ရေယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက်သတိပြု ခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များလိုက်နာရမည့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာကြရန်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက်အဖြစ် ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 27 May 2025
▪️ ငလျင်လှုပ်ပြီး နှစ်လနီးပါးအကြာ၌ မန္တလေးမြို့ရှိ Sky Villa အဆောက်အဦ၊(B)ဆောင်မှ အမျိုးသမီးရုပ်အေ-လာင်း သုံးေ-လာင်းထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ မေလ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (B) အဆောင်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ (B) ဆောင် အခန်းအမှတ် J 4 မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ တွေ့ရှိရာတွင် ယနေ့မနက် ၉ နာရီ၂၀ မိနစ်အချိန်တွင် မ(၁)ဦး၊ ၉နာရီ ၃၅ မိနစ်အချိန်တွင် မ(၁)ဦးနှင့် ၉နာရီ ၄၅မိနစ်အချိန်တွင် မ(၁)ဦး စုစုပေါင်း မ(၃)ဦး၏ ရုပ်အလောင်းများအား ထုတ်ယူရရှိခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 May 2025
▪️ ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရန်အတွက် ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေး ပထမအကြိမ် ပဏာမစူးစမ်းလေ့လာခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြမည့်ပူးပေါင်းအဖွဲ့အား စခန်းချအောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စွမ်းအင် ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
▪️ အခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ယခုကဲ့သို့ ကွင်းဆင်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရန်အတွက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း၊ ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီနှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း၊ ၎င်းဆွေးနွေးမှုများမှတစ်ဆင့် နယ်ပယ်စုံမှပါဝင်သည့် “စွမ်းအင်ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ယခုကဲ့သို့ “University - Industry - Research & Development Tripartite Collaboration” ပုံစံ ဖြင့် ပူးပေါင်းဆောင်ရွက်စေခဲ့ ခြင်းဖြစ်ကြောင်း၊ ယခင်ကကုန်းတွင်းရေနံမြေများ ရှာဖွေဖော်ထုတ်ရာတွင် အနေအထား ဘူမိဗေဒ (Structural Geology) လေ့လာရန်အတွက် ကောင်းကင်ဓာတ်ပုံ (Aerial Photo) များကိုသာ အသုံးပြုခဲ့ရပြီး ယခုအခါ တိုးတက်လာသည့် Remote Sensing နည်းပညာများကို အသုံးပြုပြီး Satellite Image များကို အသုံးပြုလာနိုင်သဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေရာတွင် အထောက်အကူပြုလာနိုင်ပြီး ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ယခုကွင်းဆင်းလေ့လာခြင်းသည် ပဏာမစူးစမ်း လေ့လာခြင်း အဆင့်သာဖြစ်ပြီး ဆက်လက်၍ အသေးစိတ် ထပ်မံလေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်သွားစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကွင်းဆင်းလေ့လာမှုများအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ နိုင်ငံအတွင်း၌ ကုန်းတွင်းအနည်ကျချိုင့် ဝှမ်း ၁၄ ခုရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကောင်းစွာ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း မပြုလုပ် ရသေးသည့် အနည်ကျချိုင့်ဝှမ်း ကိုးခုရှိကြောင်း၊ ၎င်းတို့အနက်မှ ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)တွင် ယခုကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 27 May 2025
▪️ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန် အရှေ့တောင်အာရှခရီးစဉ် စတင်ထွက်ခွာလာရာ တနင်္လာနေ့က ဗီယက်နမ်သို့ရောက်ရှိစဉ် လေယာဉ်ပေါ်မှဆင်းခါနီးမှာ ဇနီးဖြစ်သူ ဘရီဂျစ်နဲ့ ကတောက်ကဆဖြစ်သလိုရှိခဲ့ပြီးနောက် အခြေအနေထိန်းသိမ်းလိုက်ရတဲ့သဘော မြင်တွေ့ခဲ့ရပါတယ်။
▪️ ဗီဒီယိုထဲမှာဆိုရင် ဘရီဂျစ်မက်ခရွန်က ခင်ပွန်းဖြစ်သူ လေယာဉ်ပေါ်မှ မဆင်းခင်မှာ တွန်းထုတ်လိုက်တဲ့ပုံပေါ်ခဲ့ပြီး သမ္မတက အနောက်သို့ယိုင်သွားကာ အခြေအနေပြန်ထိန်းလိုက်ပြီးနောက် ကင်မရာတွေထံ လက်ပြခဲ့ပါတယ်။
▪️ ဘရီဂျစ်ကတော့ ထိုအချိန် လေယာဉ်တံခါးအနောက်မှာ ကွယ်နေခဲ့သဖြင့် သူမရဲ့ခန္ဓာကိုယ်အနေအထား မမြင်ခဲ့ရပါဘူး။
▪️ ၂၀၀၇ ခုနှစ်က လက်ထပ်ခဲ့ကြတဲ့ ဒီစုံတွဲဟာ လေယာဉ်ပေါ်မှ အတူတူဆင်းလာပေမယ့် ဘရီဂျစ်က သမ္မတလက်ကို မတွဲခဲ့ပါဘူး။
▪️ သမ္မတမက်ခရွန်ကတော့ ဇနီးဖြစ်သူနဲ့ နောက်ပြောင်နေတာဖြစ်ပြီး ဘာအကြောင်းမှ မရှိပါဘူးလို့ ဟနွိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
▪️ သူ့ရဲ့ဗီဒီယိုတွေနဲ့ ပတ်သက်လို့ လူတွေအမြင်မှားနေကြတာ ဒါပထမဆုံးအကြိမ် မဟုတ်တော့တာကို သမ္မတသတိပြုမိပြီး ဒါတွေဟာ မဆီမဆိုင်ဖော်ပြတာတွေ ဖြစ်တယ်လို့ သမုတ်လိုက်ပါတယ်။
▪️ သမ္မတဆိုလိုတဲ့ ဗီဒီယိုတစ်ခုဆိုရင် ယူကရိန်းသို့ ရထားဖြင့်ခရီးသွားစဉ် စားပွဲပေါ်မှ အဖြူရောင်ပစ္စည်းလေး ဖယ်ရှားလိုက်တာကို တွေ့ခဲ့ရကာ ဒါကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ကိုကိန်းထုပ်ဆိုပြီး အထောက်အထားမရှိဘဲ ပြောနေကြပါတယ်။
▪️ မက်ခရွန်က အဲဒါဟာ တစ်ရှူးဖြစ်တယ်လို့ ဆိုလိုက်ကာ သမ္မတရုံးကလည်း ပြင်သစ်ရန်ဘက်တွေက သတင်းမှားတွေ ဖြန့်တယ်ဆိုပြီး စွပ်စွဲလိုက်ပါတယ်။
▪️ ယခုနောက်ဆုံးဗီဒီယိုနဲ့ ပတ်သက်ပြီး အယ်လီဆီပြင်သစ်သမ္မတရုံးအရာရှိတစ်ဦးက "သမ္မတနဲ့ သမ္မတကတော်တို့ဟာ ခရီးစဉ်မစတင်မီ နောက်ဆုံးအနေဖြင့် စိတ်ပြေလက်ပျောက် ရယ်မောနောက်ပြောင်နေခဲ့တာ ဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။
▪️ မက်ခရွန်က ပြင်သစ်ကိုလိုနီဟောင်း ဗီယက်နမ်အပေါ် မြှင့်တင်လွှမ်းမိုးလာဖို့ ရည်ရွယ်ကာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပြင်သစ်သမ္မတတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ရောက်လာတာ ဖြစ်ပါတယ်။
#Source: Reuters
#World_Health
Published 27 May 2025
▪️ ဖုန်းတွေ တက်ဘလက်တွေ ကွန်ပျူတာတွေကို ကလေးတွေ အချိန်ကြာမြင့်စွာ ကြည့်ရှုလာတာကြောင့် မိဘတွေနဲ့ ဆရာဝန်တွေ စိုးရိမ်စရာဖြစ်လာပါတယ်။
▪️ ဒါကို ဖုန်းစွဲလမ်းခြင်းလို့ခေါ်ပြီး ကလေးတွေရဲ့ ကျန်းမာရေးအပေါ် နည်းလမ်းအများအပြားဖြင့် သက်ရောက်စေပါတယ်။
▪️ ငယ်စဉ်ထဲက ဖုန်း၊ ကွန်ပျူတာ၊ တီဗီတို့ အကြည့်များခြင်းကြောင့် အဝလွန်နိုင်တဲ့အပြင် နှလုံးရောဂါ၊ ဆီးချိုတို့ ဖြစ်နိုင်စေသလို အမြင်အာရုံချို့တဲ့ခြင်းလိုမျိုး ဆိုးကျိုးကြီးအကြောင်းကို ကျွမ်းကျင်သူများ စိုးရိမ်လာကြပါတယ်။
▪️ ထိန်းကျောင်းခြင်းမရှိပါက ၂၀၅၀ အရောက်မှာ အိန္ဒိယမှ ကျောင်းနေအရွယ်ကလေး ၅၀ ရာခိုင်နှုန်းဟာ အဝေးမှုန်ခြင်း ကြုံတွေ့ရလိမ့်မယ်လို့ အိန္ဒိယမျက်စိဆရာဝန်များအသင်းက သတိပေးသွားပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံကြောင့် ပါဝင်သလို ဒီဂျစ်တယ်ပစ္စည်းများ အသုံးလွန်ခြင်းနဲ့ အပြင်ထွက်ချိန် မလုံလောက်ခြင်းတို့ကို ထောက်ပြလာပါတယ်။
လက်ရှိ အိန္ဒိယကျောင်းနေအရွယ်ကလေး ၂၃ ရာခိုင်နှုန်းမှာ အဝေးမှုန်ပြဿနာ ရှိနေပါတယ်။
▪️ ကိုဗစ်ကပ်ရောဂါကာလမှာ ကလေးတွေအနေနဲ့ အွန်လိုင်းသင်ကြားမှုတွေကို ပိုမိုအားထားလာရပြီး ဖုန်း၊ ကွန်ပျူတာတွေ ပိုကြည့်လာရတာကြောင့် ပိုပြီးအဖြစ်များလာကြပါတယ်။
▪️ သူတို့အတွက် လိုအပ်တာက ဖုန်းကြည့်ချိန်များခြင်း၊ အိပ်ရေးမဝခြင်း၊ ပြင်ပလှုပ်ရှားမှု နည်းပါးခြင်းတို့က သူတို့ရဲ့အမြင်အာရုံကို ဘယ်လိုထိခိုက်စေလဲဆိုတာ နားလည်ဖို့လိုအပ်ကြောင်း ဒေါက်တာ ဂိုယယ်က ပြောပါတယ်။
▪️ အခုအချိန်စပြီး ကာကွယ်လုပ်ဆောင်ပါက အနာဂတ်မှာ မျက်လုံးပြဿနာ ဆိုးဆိုးရွားရွားဖြစ်ခြင်းမှ ကာကွယ်နိုင်မယ်လို့ ဆရာဝန်တွေ ပြောနေကြပါတယ်။
▪️ ဒီပြဿနာတွေကို လျှော့ချနိုင်ဖို့ မိဘတွေအနေနဲ့ ဖုန်းကွန်ပျူတာအသုံးပြုချိန်ကို ကန့်သတ်ခြင်း၊ ပြင်ပလှုပ်ရှားမှုပြုလုပ်ရန် အားပေးခြင်း၊ အနီးကပ်ကြည့်ရှုရတဲ့ အလုပ်တွေမှာ အလင်းရောင်လုံလောက်စွာ ရှိစေခြင်း၊ ကလေးများအတွက် ပုံမှန်မျက်လုံးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအလေ့အထများ ပြုလုပ်ပေးခြင်းတို့ လုပ်နိုင်ပါတယ်။
▪️ အိန္ဒိယပညာရှင်တွေကတော့ နေထိုင်စားသောက်မှုပုံစံဖြင့် ကာကွယ်ခြင်းက အဓိကအနေဖြင့် အလေးပေးပြောနေကြပါတယ်။
#Source: India Today
#World_Health
Published 27 May 2025
▪️ သားအိမ်ခေါင်းကင်ဆာကို အိမ်မှာတင် ကိုယ်တိုင်စမ်းသပ်နိုင်မယ့်ပစ္စည်းကို အမေရိကန် FDA က အသိအမှတ်ပြုလိုက်ပြီလို့ Teal Health က သောကြာနေ့မှာ ပြောသွားပါတယ်။
▪️ ဆေးခန်းမှာ သားအိမ်ခေါင်းခြစ်ယူရတဲ့ Pap smears စစ်ဆေးနည်းနေရာမှာ အစားထိုးနိုင်မယ့် နည်းလမ်းဖြစ်လာပါတယ်။
▪️ သားအိမ်ခေါင်းခြစ်ယူ စစ်ဆေးနည်းက လွန်ခဲ့တဲ့နှစ် ၈၀ စတင်ပေါ်ပေါက်ပြီးတည်းက ကင်ဆာဖြစ်ပွားမှု သိသိသာသာ လျှော့ချလာနိုင်ပေမယ့် ဆေးခန်းသို့သွားပြီး စစ်ဆေးရတာကြောင့် မသက်မသာဖြစ်ရပါတယ်။
▪️ Teal Wand စမ်းသပ်ပစ္စည်းဖြင့် ကိုယ်တိုင်နမူနာရယူခဲ့တဲ့ အမျိုးသမီး ၆၀၀ ကျော်မှာ ဆရာဝန်စမ်းသပ်ရယူတဲ့ နမူနာများအတိုင်း ရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် FDA က ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ Teal Health က ပြောပါတယ်။
▪️ ဒါဟာ ဆန်းသစ်တီထွင်ပစ္စည်းဖြစ်ရုံမက အမျိုးသမီးများအနေနဲ့ ဘဝမှာ ရွေးချယ်စရာတစ်ခု ရှိလာစေပြီး အိမ်မှာတင် သက်တောင့်သက်သာဖြင့် မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်မှာဖြစ်တယ်လို့ Teal စီအီးအို ကာရာအီဂန်က ပြောပါတယ်။
▪️ အမေရိကန်မှာ နှစ်စဉ် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူ ၁၁,၅၀၀ ခန့်ရှိနေပြီး ၄,၀၀၀ ခန့်အသက်ဆုံးရှုံးကြရပါတယ်။
▪️ Teal Wand ရဲ့ဈေးနှုန်းကို ကုမ္ပဏီက ဖော်ပြခြင်းမရှိပေမယ့် ပေးချေမှုပုံစံအမျိုးမျိုးအတွက် အာမခံကြီးများနဲ့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် Cologuard လို့ခေါ်တဲ့ အူမကြီးကင်ဆာ အိမ်တွင်းစစ်ဆေးပစ္စည်းအကြောင်းလည်း ပြောသွားပါတယ်။
#Source: New York Post
အားကစားပစ္စည်းကဏ္ဍမှာ အခွန်တိုးမြင့်လာတာကြောင့် အမေရိကန် အားကစားပစ္စည်းကုမ္ပဏီကြီး Nike က ယင်းတို့ရဲ့ ဖိနပ်များ၊ အဝတ်အစားများ၊ ပစ္စည်းများရဲ့ ဈေးနှုန်းကို မြှင့်တင်ဖို့ စီစဉ်နေကြောင်း CNBC က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြသွားပါတယ်။
#World_Business
Published 26 May 2025
#အခွန်တိုးမြှင့်စည်းကြပ်မှု #Nikeကုမ္ပဏီမှပစ္စည်းများဈေးတက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 May 2025
၁။ ရက်ပိုင်းအတွင်း ရွှေဈေးကျပ်တစ်သိန်းဝန်းကျင်ထပ်မံတက်လာ
၂။ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလီယံ ၆၈၀ကျော် ထုတ်ချေးရန် လျာထား
၃။ စားအုန်းဆီရည်ညွန်းစျေး ဆက်တိုက်ကျဆင်းနေသော်လည်း ပြင်ပပေါက်ဈေး ကျပ်တစ်သောင်းအထက်၌သာရှိနေ
၄။ အခွန်တိုးမြှင့်စည်းကြပ်မှုများကြောင့် နာမည်ကြီးNikeကုမ္ပဏီမှပစ္စည်းများဈေးတက်မည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 May 2025
▪️ လာမည့် ၁၂နာရီအတွင်း မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နေ့လယ်၁ နာရီအချိန်တွင် ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မြန်မာစံတော်ချိန် (၁၂:၃၀) နာရီ တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင် ရောက်ရှိနေ ရာမှ မယ်ဆိုင်ချောင်းရေသည် နောက် ၁၂ နာရီအတွင်း တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ)၏ စိုးရိမ်ရေမှတ်ကို ထပ်မံရောက်ရှိနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
ယမန်နေ့ညနေကနေစတင်ပြီး ဇွန်လ၂ရက်နေ့အထိ ဒေသအနှံအပြားမိုးရွာ ပြီး အချိုဒေသတွေမှာ မိုးသည်းထန်တာနဲ့ လေပြင်းတိုက်ခတ်တာကြောင့်သဘာဝဘေး အန္တရာယ်တွေကို သတိပြုကြဖို့ လိုအပ်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယမန်နေ့ကထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းမှာ ဖော်ပြထားပါတယ်။
#Local_News
Published 26 May 2025
#အချို့ဒေသ၌မိုးကြီးနိုင် #သဘာဝဘေးများသတိပြု
#YMG/NN #Yangon_Times
စားအုန်းဆီ ရည်ညွန်းစျေး ဆက်တိုက်ကျဆင်းနေပေမယ့် ပြင်ပဈေးကွက်မှာ ရောင်းချနေတဲ့ ဈေးနှုန်းမှာတော့ တစ်ပိသာကို ကျပ်တစ်သောင်းအထက်မှာသာရှိနေတယ်လို့ သိရပါတယ်။
#Local_News
Published 26 May 2025
#စားအုန်းဆီ #ရည်ညွန်းစျေးကျဆင်း
#YMG/SW #Yangon_Times
အခု၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်၆၈ဝ ဘီလီယံကျော် ထုတ်ချေးဖို့လျာထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 26 May 2025
#စိုက်ပျိုးစရိတ်ချေးငွေ #စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
#YMG/NN #Yangon_Times
Page 203 of 1859