#Daily_News
Published 30 May 2025
၁။ ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်သင့်အဆောက်အအုံများအားလုံး ရှင်းလင်းပြီးစီး
၂။ ရန်ကုန်သို့ CMP အထည်ချုပ်လုပ်ငန်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဝင်ရောက်လာ
၃။ အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအလွန်ကြီးမည်
၄။ ဟားဗတ်တက္ကသိုလ်နှင့် ဒေါ်လာသန်းတစ်ရာတန်ကြေးရှိ စာချုပ်များအား ထရမ့်အစိုးရဖျက်သိမ်းရန်ကြိုးပမ်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံအဝှမ်းက သမဝါယမအသင်းသား မိုးစပါးစိုက်တောင်သူတွေအတွက် မျိုးနဲ့ သွင်းအားစုတွေကို ထောက်ပံ့ပေးသွားမယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 30 May 2025
#ထောက်ပံ့ပေး #မိုးစပါးစိုက်ပျိုးရန်
#YMG/NN #Yangon_Times
လက်ရှိဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအလွန်ကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်ထားပါတယ်။
#Local_News
Published 30 May 2025
#လှိုင်းအလွန်ကြီး #အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့်
#YMG/SW #Yangon_Times
CMP အဝတ်အထည်ချုပ်လုပ်ငန်းတစ်ခု ရန်ကုန်တိုင်းသို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအဖြစ်ဝင်ရောက်ခွင့်ပြုပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက သိရပါတယ်။
#Local_News
Published 30 May 2025
#CMP #နိုင်ငံခြားရင်းနှီးမြုပ်နှံမှု
#YMG/NN #Yangon_Times
ငလျင်ကြီးအပြီး နှစ်လအကြာမှာတော့ ကျောက်ဆည်ခရိုင်အတွင်းက ငလျင်ဒဏ်သင့်အဆောက်အအုံတွေ စိစစ်ရှင်းလင်းရေးလုပ်ငန်းအားလုံးရှင်းလင်းပြီးစီးပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 30 May 2025
#ကျောက်ဆည်ခရိုင် #ငလျင်ဒဏ်သင့်အဆောက်အအုံ
#YMG/SW #Yangon_Times
#Local_News
Published 30 May 2025
▪️ လူမှုဖူလုံရေး အာမခံလုပ်သားများ၏ သားသမီးများ ပညာသင်စရိတ် ထောက်ပံ့ ငွေနှင့် ငလျင်ဒဏ်သင့် အာမခံလုပ်သားများအတွက် မိသားစုထောက်ပံ့ငွေများကို Online Payment စနစ်ဖြင့် ပေးချေနိုင်ရန် စီစဉ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့ပေးအပ်ရာတွင် Online Payment စနစ်များဖြစ်သော KBZ Pay ၊ AYA Pay ၊ Wave Pay ၊ UAB Pay နှင့် Mytel Pay စသည်တို့ဖြင့် ပေးအပ်နိုင်ရန်အတွက် စီစဥ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပညာသင်စရိတ်ထောက်ပံ့ကြေးနှင့်အတူတိုင်းနှင့် ပြည်နယ် ၆ ခုရှိ ငလျင်ဒဏ်သင့် အာမခံလုပ်သားများကို သဘာဝဘေးအန္တရာယ်ကျ ရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကိုပါ တစ်ပါတည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင် အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သား သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်သွား ရန်အတွက် အလုပ်သမား ဝန်ကြီးဌာနမှ လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း၊ ခေတ်နှင့်လျော်ညီသော ထောက်ပံ့ငွေ တစ်ပြေးညီခံစားခွင့်ရရှိရန် အာမခံထားရှိသူ၏ အများဆုံးလုပ်ခဝင်ငွေကို ကျပ် ၃ သိန်းတိတိ သတ်မှတ် ထားပြီးဖြစ်ရာ အာမခံထားရှိသူအလုပ်သမား၏ ပညာသင် ကြားနေသော သားသမီးပညာသင်စရိတ်ကို သတ်မှတ်ရာတွင် မူလတန်းသားသမီး တစ်ဦးအတွက် ၁၀ ရာခိုင်နှုန်း ကျပ် ၃ သောင်း၊ အလယ်တန်းအတွက် ၁၅ ရာခိုင်နှုန်း ကျပ် ၄ သောင်းခွဲ ၊ အထက်တန်းအတွက် ၂၀ ရာခိုင်နှုန်း ကျပ် ၆ သောင်း၊ တက္ကသိုလ်အတွက် ၂၅ ရာခိုင်နှုန်း ကျပ် ၇သောင်းခွဲတိတိကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 30 May 2025
▪️ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံမီဒီယာ ဆွေးနွေးပွဲကို ဇွန်လ၁ရက်တွင် “အနာဂတ်ဆီသို့ အတူလက်တွဲလျှောက် လှမ်းမည်” အမည်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း ကျင်းပသွားမည် ဖြစ်ပြီး နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ အနာဂတ်ဆီသို့ အတူလက်တွဲ လျှောက်လှမ်းနိုင်ရန်အတွက် နှစ်နိုင်ငံအကြား မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝဘေးအခြေအနေနှင့် သဘာဝဘေးအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင် မီဒီယာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဆွေးနွေးပွဲတွင် ပြန်ကြားရေဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)၊ မြန်မာ့ရေးရာ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် China Media Group (CMG)တို့မှ တာဝန်ရှိသူများက ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 30 May 2025
▪️ သာယာလှပတဲ့ ဆွစ်ဇာလန်ရွာမှာ ရေခဲပြင်ကြီးပြိုကျဖုံးလွှမ်းခြင်းကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရကာ ကြာသပတေးနေ့မှာ ရွာသူရွာသားတွေ ထိတ်လန့်ခံစားခဲ့ရပါတယ်။
▪️ ဒါဟာ ရာသီဥတုဖောက်ပြန်ခြင်းက အဲ့ပ်စ်တောင်တန်းတွေအပေါ် သက်ရောက်နေတဲ့ ဥပမာတစ်ခုအဖြစ် သိပ္ပံပညာရှင်များ ယူဆလာပါတယ်။
▪️ ဗုဒ္ဓဟူးနေ့မှာ ကုဗမီတာသန်းနဲ့ချီရှိတဲ့ ရေခဲ၊ ရွှံ့၊ ကျောက်တုံးတွေက တောင်တစ်ခုကို ဖြိုချပစ်ခဲ့ပြီး ဘလက်တန်ရွာနစ်မြုပ်သွားကာ ကျန်တဲ့အိမ်တွေဟာလည်း ခဏနေတော့ ဖုံးလွှမ်းသွားခဲ့ပါတယ်။
▪️ မေလအစောပိုင်း Birch ရေခဲပြင်နောက်ဘက်ရှိ တောင်တစ်နေရာ စတင်တုန်လှုပ်ပြီးနောက် ရွာခံ ၃၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေခဲ့ပါတယ်။
▪️ အသက် ၆၄ နှစ်အရွယ် လူတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေရေးခွေးများ ဒရုန်းများဖြင့် ဆက်လက်ရှာဖွေနေပေမယ့် မတွေ့ရှိသေးပါဘူး။
▪️ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ဒေသခံအာဏာပိုင်များက ရှာဖွေရေးကို ဆိုင်းငံ့လိုက်ပြီး နောက်ထပ်ကျောက်တုံးတွေ လိမ့်ဆင်းလာနိုင်တယ်လို့ သတိပေးထားပါတယ်။
▪️ ဆွစ်ဇာလန်တပ်မတော်က အနီးကပ်စောင့်ကြည့်နေပြီး နှစ်ကီလိုမီတာလောက်ရှိတဲ့ အပျက်အစီးတွေ လွန်ဇာမြစ်လမ်းကြောင်းကို ပိတ်ဆို့သွားကာ ပိုမိုရေကြီးလာသလို ရေကန်ကြီးသဖွယ်ဖြစ်လာပြီး နုန်းမြေပါသွားမှာကို စိုးရိမ်နေရပါတယ်။
▪️ ရေခဲပြင် အရည်ပျော်ခြင်းနဲ့ မြစ်ပိတ်ဆို့ခြင်းတို့ကြောင့် တစ်နာရီကို ၈၀ စင်တီမီတာလောက် ရေကြီးနေတယ်လို့ ဗယ်လစ်ကန်တန် လုံခြုံရေးဌာနခွဲခေါင်းဆောင် စတက်ဖာနီဂန်ဇာက သတင်းထောက်တွေကို ပြောပါတယ်။
▪️ စစ်မှုထမ်း ၅၀ လောက်က ရေမော်တာများ၊ တူးဖော်စက်များ၊ စက်ပစ္စည်းကြီးများဖြင့် အသင့်စောင့်နေကြပြီး မွေးမြူရေးတိရိစ္ဆာန်များကို လေထဲကနေ မတင်ဆယ်ထုတ်နေကြပါတယ်။
▪️ ထိခိုက်မှုက ဘယ်သူမှ မထင်မှတ်ထားလောက်အောင် ပြင်းထန်လွန်းတယ်လို့ ဒေသခံအရာရှိ ယိုနက်စ်ဂျိတ်ဇီနာက ပြောသွားပါတယ်။
#Source: Reuters
#Local_News
Published 30 May 2025
▪️ တရုတ်နိုင်ငံ Huishui(ဟွေ့ရှီ)မြို့တွင်ကျင်းပမည့် 2025 China – Asean Cup ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့မှ သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲကို ဇွန်(၁)ရက်မှ (၄)ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး ပြိုင်ပွဲတွင် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ တရုတ်နိုင်ငံက ပိုက်ကျော်ခြင်း အဖွဲ့များ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
▪️ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း (၂)သင်း ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲ အမျိုးအစားအနေဖြင့် (၃)ယောက်တွဲနှင့် (၄)ယောက်တွဲ ပြိုင်ပွဲနှစ်ရပ်ကို ယှဥ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲအတွက် ကစားသမားများတွင် ဇော်မင်းခန့်၊ သန့်ဇင်ထွန်း၊ ဇင်မင်းဦး၊ အောင်အောင်၊ ရဲထက်နှင့် ဟန်ဝင်းထွဋ်တို့ ပါဝင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 May 2025
▪️ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၌ ယနေ့မနက်ပိုင်းတွင်မိုးသည်းထန်စွာ ရွာသွန်း၍ သစ်ပင်ပြိုလဲရာ နေအိမ်သို့ ပိမိပြိုကျ ပျက်စီး
ခဲ့ကြောင်း သိရသည်။
▪️ မေ ၃၀ ရက်နေ့၊ မနက် ၄ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မြို့နယ်၊ လှေကျင်းရပ်ကွက်၊ လှေကျင်း(၅)လမ်းတွင် မိုးရွာသွန်းမှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 30 May 2025
▪️ TRIM63 ဆိုတဲ့မျိုးဗီဇပစ္စည်းဟာ ကမ္ဘာတဝှမ်း မျိုးရိုးလိုက် နှလုံးရောဂါတွေထဲမှာ အဖြစ်အများဆုံး နှလုံးကြွက်သားထူထဲတဲ့ နှလုံးသွေးကြောရောဂါ(HCM) ဖြစ်စေတဲ့ အရာအဖြစ် အစ္စရေးလ်မှ တွေ့ရှိထားပါတယ်။
▪️ ဒီတွေ့ရှိချက်ကနေ ကမ္ဘာတဝှမ်းမှ ရောဂါခံစားရသူများအတွက် မျိုးဗီဇစစ်ဆေးခြင်းနဲ့ ကုသမှုပုံစံများ ပြောင်းလဲနိုင်စေမှာ ဖြစ်ပါတယ်။
▪️ HCM က လူအယောက် ၅၀၀ မှာ တစ်ယောက်နှုန်း ဖြစ်နိုင်ခြေရှိပြီး သာမန်သက်တမ်းအတိုင်း နေနိုင်ကြသလို နှလုံးရောဂါတွေလို ပြဿနာတွေဖြစ်သူတွေလည်း ရှိပါတယ်။
▪️ ရောဂါရှိတဲ့မိဘတွေကနေ ကလေးတွေထံ မျိုးရိုးလိုက်ဖြစ်ပွားဖို့က ၅၀ ရာခိုင်နှုန်းရှိပါတယ်။
▪️ HCM ရောဂါဆိုတာက နှလုံးကြွက်သားထူထဲလာပြီး နှလုံးကနေ သွေးညှစ်ထုတ်ဖို့ ပိုမိုခက်ခဲစေတဲ့ရောဂါ ဖြစ်ပါတယ်။
▪️ ရောဂါလက္ခဏာတွေအနေနဲ့ ရုတ်တရက် နှလုံးခုန်နှုန်းမြင့်တက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေထောက် ခြေကျင်းဝတ် ခြေဖျား အစာအိမ် လည်ပင်းသွေးကြောတို့ ဖောရောင်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ မျိုးဗီဇအရ ဖြစ်နိုင်သူတွေအနေနဲ့ ရောဂါဆိုးရွားခြင်းမရှိစေရန် ဆေးလိပ်ရှောင်ရှားခြင်း၊ အဆီကျဆေးရှောင်ရှားခြင်း၊ အအေးမိဖျားနာဆေးများ ရှောင်ရှားခြင်း၊ ရေပူစမ်း ရေနွေးကန်တို့မှ ရှောင်ရှားခြင်း၊ ဆေးခြောက်ရှောင်ရှားခြင်းတို့ ပြုလုပ်ရပါမယ်။
▪️ အဆီချခြင်း၊ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ဖိစီးမှုဖြေလျှော့ခြင်း၊ သွေးတိုးကုသခြင်းတို့ဖြင့် လက္ခဏာများ သက်သာစေနိုင်ပါတယ်။
▪️ TRIM63 မျိုးဗီဇပစ္စည်းက HCM ရောဂါဖြစ်စေတဲ့ အဓိကမျိုးဗီဇအကြောင်းအရင်း ဖြစ်တယ်လို့ ကလာလစ်သုတေသနတက္ကသိုလ်နဲ့ ရေဘင်ဆေးရုံတို့မှ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီတွေ့ရှိချက်ကနေ HCM ရောဂါဆိုးရွားစွာဖြစ်ပွားခြင်းမှ ကာကွယ်ပြီး စောစီးစွာ ရောဂါသိရှိကုသစေနိုင်မယ်လို့ ဒေါက်တာ ရူဟာမန်ရှာဟာက ဖော်ပြထားပါတယ်။
#Source: The Jerusalem Post
#World_Health
Published 29 May 2025
▪️ လက်တွေမှာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာတာက နောက်ခံကျန်းမာရေး အခြေအနေရှိနိုင်တဲ့ သဘောဖြစ်ပါတယ်။
▪️ အသားအရောင်၊ အသွင်အပြင်ပြောင်းလဲခြင်း၊ ဖောရောင်ခြင်း၊ လက်သည်းပုံစံ ပြောင်းလဲခြင်းတို့က ရောဂါလက္ခဏာဖြစ်ခြင်းရဲ့ အစောပိုင်းအခြေအနေတွေ ဖြစ်နိုင်ပါတယ်။
(၁) လက်အေးစက်ခြင်း
▪️ လက်တွေ အမြဲအေးနေတာက သွေးလည်ပတ်မှု အားနည်းတဲ့လက္ခဏာဖြစ်ပြီး သိုင်းရွိုက်ကျဆင်းခြင်း၊ ရေးနော့ဒ်ရောဂါတို့ ဖြစ်နိုင်ကာ သွေးပေါင်ချိန်တွေ သိုင်းရွိုက်ပမာဏတို့ကို စစ်ဆေးသင့်ပါတယ်။
(၂) လက်တုန်ခြင်း
▪️ အဆက်မပြတ် လက်တုန်ခြင်းက ပါကင်ဆန်ရောဂါလို အာရုံကြောပြဿနာဖြစ်နိုင်ပြီး သိုင်းရွိုက်အလွန်အလုပ်လုပ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။
(၃) လက်ချောင်းထိပ်တုတ်ခိုင်ခြင်း
▪️ လက်ချောင်းထိပ်တွေ ဖောပြီး လက်သည်းတွေက အောက်ဘက်သို့ညွတ်နေရင် သွေးထဲမှာ အောက်ဆီဂျင်နည်းတဲ့သဘောဖြစ်နိုင်ပြီး အဆုတ်ရောဂါ၊ နှလုံးနဲ့ အသည်းပြဿနာတို့ ဖြစ်နိုင်ပါတယ်။
(၄) လက်သည်းအရောင်မရှိခြင်း
▪️ လက်သည်းဝါနေရင် မှိုရောဂါ၊ အဆုတ်ပြွန်ရောင်ခြင်းတို့ ဖြစ်နိုင်သလို အရောင်ဖျော့နေရင် သွေးအားနည်းခြင်း ဖြစ်နိုင်တဲ့အပြင် ပြာနေရင်တော့ သွေးထဲမှာ အောက်ဆီဂျင်မရှိတာ ဖြစ်နိုင်ပါတယ်။
(၅) လက်ချောင်းဖောရောင်ခြင်း
▪️ အဆစ်ရောင်ခြင်း၊ ကျောက်ကပ်ရောဂါ၊ ဟော်မုန်းမညီမျှခြင်းတို့ကြောင့် လက်ချောင်းတွေ ဖောနေတတ်ပြီး ဒါဟာ ကိုယ်တွင်းဖိစီးမှုဖြစ်တဲ့ လက္ခဏာဖြစ်ပါတယ်။
(၆) နီမြန်းယားယံခြင်း
▪️ လက်တွေမှာ အမြဲတမ်းနီမြန်းအကွက်ထနေတာက အရေပြားရောဂါကြောင့် ဖြစ်နိုင်သလို ကိုယ်ခံအားရောဂါများ၊ ဓာတ်မတည့်ခြင်း၊ အစားအစာ ဆေးဝါးတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(၇) လက်ချောင်းထိပ်အရေခွံကွာခြင်း
▪️ ဒါက ဗိုက်တာမင်-ဘီထဲက ဘီ၃၊ ဘီ၇တို့ ချို့တဲ့ခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် ဖြစ်တတ်သလို ဆပ်ပြာနဲ့ လက်သန့်စင်ဆေးပြင်းပြင်းတွေကြောင့်လည်း ကွာတတ်ပါတယ်။
(၈) ထုံကျဉ်စူးရှခြင်း
▪️ ဒါက အာရုံကြောတစ်ခုခု ဖိမိတာကြောင့် ခံစားရတတ်ပြီး ဆီးချိုပြဿနာကို ညွှန်ပြနေသလို ဗိုက်တာမင်-ဘီ၁၂ ချို့တဲ့တာလည်း ဖြစ်နိုင်ပါတယ်။
(၉) လက်သည်းအောက်အမည်းလိုင်းပေါ်ခြင်း
▪️ ထိခိုက်မှုတွေကြောင့် ဖြစ်တတ်တဲ့အရာလည်း ဖြစ်နိုင်ပေမယ့် ဘာကြောင့်မှန်းမသိ ပေါ်နေရင်တော့ အရေပြားကင်ဆာတစ်မျိုး ဖြစ်နိုင်တာကြောင့် အရေးတကြီးစစ်ဆေးသင့်ပါတယ်။
(၁၀) လက်ဆုပ်ကိုင်အားနည်းခြင်း
▪️ ဒါက အာရုံကြောပြဿနာ၊ ကြွက်သားအားနည်းခြင်း၊ လေးဖက်နာတို့ဖြစ်နိုင်သလို အသက်ကြီးသူတွေမှာ ကျန်းမာရေးဆုတ်ယုတ်လာတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။
#Source: DoctorNDTV
Page 199 of 1859