#World_Health
Published 12 February 2026
■ ပရိုတိန်းဓာတ်ဆိုတာက ခန္ဓာကိုယ်ထဲက လုပ်ဆောင်ချက်အားလုံးနီးပါးမှာ ပါဝင်ကြောင်း Simply Wellness တည်ထောင်သူ အစာအာဟာရပညာရှင် ဆမန်သာပီတာဆန်က ရှင်းပြပါတယ်။
■ ပရိုတိန်းမလုံလောက်ရင် နွမ်းနယ်ခြင်း၊ အားပြန်မပြည့်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်း၊ မကြာခဏဆာလောင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ ကြက်ဥတစ်လုံးထက် ပိုပြီးပရိုတိန်းပါဝင်တဲ့ အစားအစာ ၃ မျိုးကို ဖော်ပြထားပါတယ်။
■ (၁) စက်မှုလျှော်စေ့
ထမင်းစားဇွန်း ၃ ဇွန်းစားရင် ပရိုတိန်း ၁၀ ဂရမ်ခန့် ရနိုင်သလို မရှိမဖြစ် အမိုင်နိုအက်ဆစ်အားလုံးလည်း ပါဝင်ကာ အမျှင်ဓာတ်၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တို့လည်း ကြွယ်ဝပါတယ်။
■ (၂) ဖရုံစေ့
ဖရုံစေ့ ၁ အောင်စမှာ ပရိုတိန်း ၈ ဂရမ်ခန့် ပါဝင်ပြီး မဂ္ဂနီဆီယံ၊ ဇင့်၊ သံဓာတ်တို့ ကြွယ်ဝကာ အိပ်စက်မှု၊ ကိုယ်ခံအားလုပ်ဆောင်ချက်၊ စွမ်းအားထုတ်လုပ်မှုတို့ကို တိုးတက်စေပါတယ်။
■ (၃) မြေပဲ
မြေပဲ ခွက် ၄ ပုံ ၁ ပုံမှာ ပရိုတိန်း ၁၁ ဂရမ်ပါဝင်ပြီး မပြည့်ဝဆီကြွယ်ဝတာကြောင့် နှလုံးကျန်းမာရေး အထောက်အကူဖြစ်စေသလို ကိုလက်စထရောပမာဏ ကျစေပြီး အူလမ်းကြောင်းကျန်းမာရေးလည်း အထောက်အကူပြုပါတယ်။
Source: Yahoo News