၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ခေါ်ယူထားတဲ့ရွှေကြိုမောင်မယ်လျှောက်ထားသူတွေရဲ့"ပဏာမလူတွေ့စစ်ဆေးခြင်း"ကို ယခုလ၁၅ရက်မှာ ပြုလုပ်သွားမယ်လို့ ရွှေကြိုရွေးချယ်ရေးကော်မတီ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။
#Local_News
Published 12 December 2024
#ရွှေကြိုမောင်မယ် #လူတွေ့စစ်ဆေး
#YMG/SW #Yangon_Times
#Local_News
Published 12 December 2024
▪️ IBEC Buddhist University ၌ ကျင်းပမည့် သုတေသနစာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ်မြောက်ကျွန်းလှဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူများအား ဘွဲ့များပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သုတေသနစာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ်မြောက်ကျွန်းလှဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားကို လာမည့် ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီတွင် IBEC Buddhist University ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။
▪️ IBEC Buddhist University နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ တက္ကသိုလ်ဆီးနိတ်မှ ပထမဆုံးချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (Honorary Doctorate)ရရှိသူ(၇)ဦးရှိပြီး ကျွန်းလှဗုဒ္ဓတက္ကသိုလ်၏ နာယကဆရာတော်၊ ပါမောက္ခဒေါက်တာစောပြုံးနိုင်(ပါမောက္ခချုပ် (ငြိမ်း) စစ်ကိုင်းပညာရေးတက္ကသိုလ်)(ဧည့်ပါ မောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာတင်မောင်ဝင်း(ဒု-ပါမောက္ခချုပ်(ငြိမ်း) လွိုင်ကော်တက္ကသိုလ်)(ဒု-ပါမောက္ခချုပ် (သင်ကြား) ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ ထို့ပြင် ပါမောက္ခဒေါက်တာရီအေး(ပါမောက္ခ ချုပ်(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာမို့မို့ရီ(ပါမောက္ခချုပ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာအောင်ဆန်းလင်း(ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်၊ ရတနာပုံ ဆိုက်ဘာစီးတီး)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ဒေါက်တာပိယရတနမဟာရာဂျန်
(နိုင်ငံတကာပူးပေါင်းဆောင်ရွက်သူ၊ နီပေါ)(ဧည့်ကထိက၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့ကိုလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များ ချီးမြှင့်အပ် နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 December 2024
▪️ မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ်ရှိ သီရိမင်္ဂလာကားဝင်းအတွင်း၌ မီးလောင်မှုတစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာ ၁၂ ရက်နေ့၊ မနက် ၂ နာရီ ၃၈မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ဝဝကျေးရွာ၊ သီရိမင်္ဂလာကားဝင်းအတွင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၃နာရီ ၁၁မိနစ် အချိန်၌ မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြေင့် ဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
၁၂ ဒီဇင်ဘာ ၂၀၂၄
▪️လာမယ့်လမှာ ကျင်းပမယ့် သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတရှီကျင့်ဖျင်ကို ဖိတ်ကြားလိုက်တယ်လို့ သတင်းများကရေးသားပါတယ်။
▪️ဒါဟာ မကြာသေးမီကမှ တရုတ်ကို အကောက်ခွန်နှုန်းထားအသစ်တွေနှင့် ခြိမ်းခြောက်ခဲ့တဲ့ထရမ့်က သမ္မတရှီကို မျက်နှာချိုသွေးလိုက်တာဖြစ်တယ်လို့ ဘလွန်းဘတ်သတင်းဌာနက ရေးသားပါတယ်။
▪️ဒါပေမယ့်ရှီတက်ဖို့ဆိုတာကတော့ ပြောရခက်ပါတယ်။ အမေရိကန်သမ္မတတွေရဲ့ကျမ်းကျိန်ပွဲကို မည်သည့် တရုတ်ခေါင်းဆောင်မှတက်ရိုးထုံးစံမရှိဘဲ သံအမတ်တွေပဲ တက်လေ့ရှိကြပါတယ်။ အဲဒီအပြင် ရာစုနှစ်တစ်စုအကျော်အတွင်း မည်သည့်နိုင်ငံခေါင်းဆောင်တစ်ဦးတစ်ယောက်မျှလည်း တက်ခဲ့တာမျိုး မရှိခဲ့ဘူးလို့ဆိုပါတယ်။
▪️တရုတ်သမ္မတရှီအနေနှင့်လည်း တက်ရောက်ဖို့ဆိုတာ နိုင်ငံရေးအရ အင်မတန်မှကြီးမားလှတဲ့ စွန့်စားမှု တစ်ခုဖြစ်ပါတယ်။ အဲဒီအပြင် ဝါရှင်တန်ရဲ့အေးမြလှတဲ့ ဇန်နဝါရီရက်မှာ ဟင်းလင်းပြင်ထဲ နာရီပေါင်း များစွာထိုင်ဖို့အတွက်လည်း အတော့်ကိုမသက်မသာရှိလှမှာပါ။
▪️တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒီကိစ္စကို ဘာမှထုတ်ပြောထားခြင်းမရှိသေးပါဘူး။
▪️ရှီနှင့် မကြာသေးမီက အဆက်အသွယ်လုပ်ထားတယ်လို့ ထရမ့်က ပြီးခဲ့တဲ့အပတ် အင်န်ဘီစီရုပ်သံ အစီအစဉ်တစ်ခုမှာ ထုတ်ပြောထားပါတယ်။ဘာတွေပြောတယ်ဆိုတာကိုတော့ထရမ့်က ပြောပြဖို့ ငြင်း ဆန်ပါတယ်။သူတို့နှစ်ဦးဟာ ၂၀၁၉ခုနှစ် ဇွန်တုန်းက ဂျပန်မှာကျင်းပတဲ့ ၂၀နိုင်ငံအုပ်စုအစည်းအဝေး ပြင်ပမှာ တွေ့ခဲ့တာ နောက်ဆုံးပါ။
▪️ဘိုင်ဒင်ဟာ သူ့သမ္မတသက်တမ်းအတွင်း တရုတ်နိုင်ငံကို တစ်ခါမှမသွားရောက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုဗစ်ကပ်ရောဂါကာလနှင့်ကြုံခဲ့ရလို့ဖြစ်ပါတယ်။
▪️ထရမ့်ရွေးကောက်ပွဲနိုင်တော့ ရှီက ဂုဏ်ပြုသတင်းစကားပါးခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်ဖို့ သူလိုလားတယ်လို့ရှီက အဲဒီတုန်းကထည့်ပြောခဲ့ပါတယ်။
Source Bloomberg
၁၂ ဒီဇင်ဘာ ၂၀၂၄
အမေရိကန်နိုင်ငံဟာ အိုးအိမ်မလုံလောက်မှုနှင့်ရင်ဆိုင်နေရတယ်လို့ ပင်န်ဆိုင်ဗန်နီးယားဝှိုက်တွန် တက္ကသိုလ်မှ စီးပွားရေးပညာရှင် ဘင်ကီးစ်က ပြောတဲ့အကြောင်း NPR သတင်းဌာနက သတင်းဖော်ပြ ပါတယ်။
လက်ရှိဈေးကွက်ဟာ အတော့်ကို မတတ်နိုင်တဲ့ ဈေးကွက်ဖြစ်နေတယ်လို့သူကပြောပါတယ်။၂၀၀၈ခုနှစ် ငွေကြေးအကျပ်အတည်းတုန်းက အခြေအနေတွေနှင့် ယခုပြဿနာအချို့ကိုသူက ခြေရာကောက်ကြည့် ပါတယ်။
“ ဆောက်လုပ်ရေးက ပြုတ်ကျတာတွေ့ခဲ့ရတယ်။ အဲဒီအခါ အိမ်ယာတွေဆောက်လုပ်တာတွေ ရပ်တန့် ပစ်လိုက်ကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး လူနေအိမ်ခန်းတွေဆောက်လုပ်တာရပ်ခဲ့ကြတယ်။ အခုအခါ အနည်းဆုံး အိမ်ရာပေါင်း လေးသန်းလောက် လိုအပ်နေတယ်လို့ခန့်မှန်းမိတယ်” လို့ သူက ပြောပါတယ်။
၂၀၂၅ခုနှစ်ကို ရောက်တော့မယ့် ယခုအချိန်မှာ သန်းပေါင်းများစွာသောအမေရိကန်တွေရဲ့စိတ်ထဲမှာ အိမ်ရာကိစ္စဟာ အရေးကြီးပြဿနာတွေထဲက တစ်ခုအဖြစ်ဆက်ရှိနေတုန်းဖြစ်ပါတယ်။ အိမ်ပိုင်ဖို့ ယုတ်စွအဆုံး အိမ်ငှားဖို့တောင်မှာ အမေရိကန်တော်တော်များများအဖို့ ဒုက္ခကြုံနေကြရပါတယ်။ အချို့ သောမြို့တွေမှာ လူနေရုံမျှလောက်အိမ်ခန်းကလေးကိုပင် ဒေါ်လာတစ်သန်းလောက်ပေးနေရပါတယ်။ အိမ်ငှားတွေရဲ့ တစ်ဝက်ကျော်ဟာ သူတို့ရဲ့ ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ကို အိမ်ရာအတွက် အသုံးပြုနေ ကြရပါတယ်။
အိမ်ရာအသစ်တွေဆောက်လုပ်တာဟာ အတော့်ကိုလေးလံနှေးကွေးနေတယ်လို့ ကီးက ဆက်ပြောပါ တယ်။ အလုပ်သမားခဈေးကြီးမှုနှင့် စီမံကိန်းအကြီးစားတွေကို အရင်းအနှီးရရှိဖို့ ခက်ခဲတဲ့အတွက် အဲသလို နှေးကွေးနေရတာပါ။
သမ္မတဖြစ်လာမယ့် ဒေါ်နယ်ထရမ့်ကတော့ အိမ်ရာဖွံ့ဖြိုးရေးအတွက် ဖက်ဒရယ်ပိုင်မြေတွေကို ခွင့်ပေးဖို့ အကြံပြုထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်လက်တွေ့ဖြစ်မလားဆိုတာကိုတော့ ကီးက မေးခွန်း ထုတ်နေပါတယ်။
Source NPR
#World_Politics
Published 12 December 2024
▪️ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်သမ္မတတာဝန် ထမ်းဆောင်ရတော့မယ့် ဒေါ်နယ်ထရမ့်က တာဝန်ယူရမယ့် ပထမဆုံးနေ့မှာပဲ အမိန့်ဥပဒေနဲ့ ညွှန်ကြားချက်ပေါင်း ၂၅ ခုကျော် ထုတ်ပြန်ရန် စီစဉ်နေပြီး လူဝင်မှုကြီးကြပ်ရေးကစလို့ စွမ်းအင်ကဏ္ဍအထိ အမေရိကန် အစိုးရပေါ်လစီတွေကို သိသိသာသာ ပြောင်းလဲရန် ကြံရွယ်နေပါတယ်။
▪️ ထရမ့်ဟာ ပထမအကြိမ် သမ္မတရာထူး ရယူစဉ်ကထက် အုပ်ချုပ်မှုအာဏာ ပိုမိုကြီးမားလျင်မြန်စွာ အသုံးချသွားရန် ရည်ရွယ်နေပြီး ပထမဆုံးနေ့မှာတင် အမိန့်ထုတ်ပြန်ချက် အများအပြား ပြုလုပ်သွားတယ်လို့ သမ္မတအဖွဲ့ကို ပြောကြားခဲ့ကြောင်း နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရပါတယ်။
▪️ ထရမ့်ဟာ ၂၀၁၇-၂၀၂၁ သမ္မတတာဝန် ထမ်းဆောင်စဉ်က ပထမဆုံးနေ့မှာ အမိန့်အနည်းငယ်သာ ထုတ်ပြန်ခဲ့ပါတယ်။
▪️ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ၂၀၂၁ သမ္မတတာဝန်ယူစဉ်မှာ အမိန့်ဥပဒေ ၁၇ ခုထုတ်ပြန်ခဲ့ပြီး အများစုက ထရမ့်ပေါ်လစီတွေကို ပြန်ရုပ်သိမ်းတာ ဖြစ်ပါတယ်။
▪️ အမေရိကန်သမ္မတတွေဟာ မဲဆွယ်စည်းရုံးရေးကတိများ ဖြည့်ဆည်းရန်နဲ့ လွှတ်တော်မှာ ဥပဒေပြဌာန်းချက်များ ကြာရှည်နေမှာစိုးတဲ့အတွက် ပေါ်လစီများကို မြန်မြန်ဆန်ဆန် ချမှတ်ကြပါတယ်။
▪️ လုပ်ဆောင်ချက်တိုင်းက သက်ဆိုင်ရာ အစိုးရအေဂျင်စီများကြား ပူးပေါင်းဆောင်ရွက်တွေ လိုအပ်တာကို သိရှိထားကာ ပထမဆုံးနေ့အမိန့်များ နှောင့်နှေးလျော့ကျနိုင်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
▪️ နောက်ထပ်အမိန့် ညွှန်ကြားချက်များကိုလည်း နောက်ရက်တွေမှာ ထုတ်ပြန်သွားဦးမှာ ဖြစ်ပါတယ်။
▪️ ထရမ့်ရဲ့ ပေါ်လစီတွေ အကြံဉာဏ်တွေကို အကောင်အထည်ဖော်ဖို့ ၂၀၂၁ မှာဖွဲ့စည်းထားကာ America First Policy Institute နဲ့ လက်ယာဘက်ရောက် အခြားအဖွဲ့အစည်းတွေဖြစ်တဲ့ Conservative Partnership Institute ၊ Heritage Foundation တို့လို အဖွဲ့အစည်းတွေကနေ ဖော်ပြထားတဲ့ ဥပဒေမူကြမ်းများကို အသုံးပြုနေတာ ဖြစ်ပါတယ်။
▪️ ထရမ့်ပထမဆုံးနေ့မှာ အဓိကလုပ်ဆောင်နိုင်တာက ဘိုင်ဒင်ခွင့်ပြုထားတဲ့ နယ်စပ်ပေါ်လစီတွေနဲ့ မက္ကဆီကို-အမေရိကန် နယ်စပ်တလျှောက် လူအများအပြား ဝင်လာခြင်းကို ကာကွယ်ဖို့ လုပ်ဆောင်သွားနိုင်ပါတယ်။
#Source: Reuters
#World_Health
Published 12 December 2024
▪️ မျက်လုံးနဲ့ မျက်တောင်နားတဝိုက်က အရေပြားမှာ ဗောက်ထတဲ့ အကြောင်းကို လူသိပ်မသိကြပါဘူး။
▪️ မျက်တောင်လိုင်းတလျှောက်မှာ ဦးရေပြားဗောက်တွေလို အဖြူဖတ်တွေ ဖြစ်တတ်ပြီး ဒါကိုမသိဘဲဖြစ်တတ်ပါတယ်။
▪️ မျက်တောင်ဗောက်ဖြစ်တာဟာ အလှကုန်ပစ္စည်းတွေကြောင့် ဆိုတာထက်ပိုပြီး အရေပြားပြဿနာနဲ့ ဆိုင်နေပါတယ်။
ဒါနဲ့ပတ်သက်ပြီး သိထားရမှာတွေက..
▪️ (၁) ဒါဟာ ရောဂါတစ်ခုမဟုတ်ဘဲ လက္ခဏာတစ်ခုသာဖြစ်ကာ အရေပြားခြောက်သွေ့ခြင်း၊ အဖတ်ကွာခြင်းတို့ကို ညွှန်ပြနေပါတယ်။
▪️ (၂) အခြားအရေပြား ပြဿနာတွေဖြစ်တဲ့ နှင်းခူ၊ အရေပြားနီမြန်းအဖုအပိမ့်ထသလိုမျိုးတွေကြောင့် ဖြစ်တတ်ကာ ဒါတွေကို ကုသရင် ဗောက်ပြဿနာလည်း ပြေလည်သွားတတ်ပါတယ်။
▪️ (၃) မျက်လုံးနားကို ကောင်းစွာ မသန့်ရှင်းတဲ့အခါ အထူးသဖြင့် မိတ်ကပ်လိမ်းပြီးနောက် အဆီ၊ အညစ်အကြေးများစုပြုံလာကာ ပိုမိုဆိုးရွားစေပါတယ်။
▪️ (၄) ဒီမိုဒက်စ်သန်းတွေက အန္တရာယ်မပေးနိုင်ပေမယ့် မျက်တောင်နား အလွန်များလာရင်တော့ ဗောက်ဖြစ်တတ်ပါတယ်။
▪️ (၅) မျက်လုံးနားတဝိုက် နီမြန်းဖောရောင်ခြင်း၊ ယားယံခြင်းတို့ ဖြစ်နိုင်ကာ အမြင်အာရုံပြဿနာ ဖြစ်စေတတ်ပါတယ်။
▪️ (၆) မျက်လုံးကို ညင်သာစွာ သန့်ရှင်းရေးလုပ်ပေးရင် အဖတ်များဖယ်ရှားနိုင်ပြီး ယားယံခြင်းကို သက်သာစေပါတယ်။
▪️ (၇) သာမန်သာဖြစ်ပွားပါက သန့်ရှင်းအောင်လုပ်လို့ရပေမယ့် မျက်တောင်ဗောက်များ ဆက်ရှိနေရင်တော့ ဆေးကုသမှု ခံယူသင့်ပါတယ်။
▪️ (၈) ကုသတာထက် ကာကွယ်တာက ပိုကောင်းပြီး သန့်ရှင်းမှုနဲ့ အရေပြားကျန်းမာရေးကို ထိန်းသိမ်းသင့်ပါတယ်။
#Source: DoctorNDTV
#Local_News
Published 12 December 2024
▪️ ပဲခူးတိုင်းဒေသကြီး၏ ဒေသထုတ်ကုန်များရောင်းချမည့်တတိယမြောက်အရောင်းစင်တာကိုတောင်ငူမြို့တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
▪️ တတိယမြောက် ပဲခူးတိုင်းဒေသကြီးဒေသထုတ်ကုန် အရောင်းစင်တာကို တောင်ငူမြို့ အမှတ်(၁၄) ရပ်ကွက်၊ နံပါတ်(၁)လမ်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အဆောက်အဦးတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အရောင်းစင်တာဖွင့်လှစ်နိုင်ရန်အတွက် အဆောက်အဦ ပြင်ဆင်မွမ်းမံခြင်းကို တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကလည်းကောင်း၊ အရောင်းစင်တာအတွင်း ပစ္စည်းတင်စင်များပြင်ဆင်ခြင်း၊ ရောင်းချမည့်ပစ္စည်းများစုဆောင်းခြင်းကို တောင်ငူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှလည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ပဲခူးတိုင်းဒေသကြီး ဒေသထုတ်ကုန်အရောင်းစင်တာများကို ပဲခူးမြို့နှင့် ပြည်မြို့တို့တွင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် တောင်ငူမြို့၌ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ အဆောက်အဦ ပြင်ဆင်ခြင်းလုပ်ငန်း ပြီးစီးတော့မည်ဖြစ်၍ မကြာမီကာလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published_12 Dec 2024
▪️ မန္တလေးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ခန့် ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။
▪️ ဒီဇင်ဘာလ ၃ ရက်ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ အနီးတွင် သိန်းထိုက်အောင် မောင်းနှင်သည့် ISUZU ၁၂ ဘီး မော်တော်ယာဉ်နှင့် ကျော်ဝင်း မောင်းနှင်သည့် FUSO ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီး ပေါ်တွင် နွားချေးမြေဩဇာများဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် ယင်းထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂ တန်ခန့်ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ စစ်ဆေးဖော်ထုတ်ချက်အရ ကဖင်းများတရားမဝင် သယ်ဆောင် ရောင်းဝယ်ရာတွင်ပါဝင်သူ နေအောင် အား ဒီဇင်ဘာလ ၄ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပြီး ကဖင်းများကို မန္တလေးမှရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ်ဆောင်ခိုင်းသူ အိုက်စိုးပေါက်(ခ)စိုင်းထွန်းထွန်း နှင့် ရင်အောင်သူ တို့အား ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် FORD RANGER မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ ချမ်းမြသာ စည် မြို့နယ်ရှိ ရင်အောင်သူ ၏နေအိမ်မှ TOYOTA LANDCRUISER မော်တော်ယာဉ်တစ်စီးကို လည်းကောင်း၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် အောင်စိုးလင်း(ခ) အောင်အောင် အား အမရပူရမြို့နယ်တွင်လည်းကောင်း၊ စိုင်းသီဟငယ်(ခ)သီဟ(ခ)မောက်ဆိုင် အား ပုသိမ်ကြီးမြို့နယ်တွင်လည်းကောင်း၊ ဒီဇင်ဘာလ ၆ ရက်တွင် မန္တလေးမှ ကဖင်းအိတ်များ သယ်ဆောင်ခဲ့သူ စိုင်းနေမင်းထွန်း အား အောင်မြေသာစံမြို့နယ်တွင် ကဖင်းများ သယ်ဆောင်ပေးခဲ့သည့် PRADO မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ မန္တလေးမြို့၌ ကဖင်းအိတ်များသို လှောင်ပေးခဲ့သည့် ဂိုဒေါင်ပိုင်ရှင် ချစ်စိန်အား မဟာအောင်မြေမြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း များကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နေ ယုံကော ၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီးမှ တစ်ဆင့် ရှမ်းပြည် နယ်(မြောက်ပိုင်း)သို့ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီများ၏ သုတေသနပြုသတင်းဖလှယ်ချက်များအရ ကဖင်း တစ်တန်အား အခြားဓာတုပစ္စည်းများနှင့်ရောစပ်၍ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မည်ဆိုပါက ဆေးပြား ၁၄ သန်းခန့် ထုတ်လုပ်နိုင်ကြောင်းသိရှိရပြီး မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း နယ်စပ် ဒေသများမှတစ်ဆင့် တရားမဝင်တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၂၄ တန်ကျော် ဖမ်းဆီးအရေးယူထားရှိသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆ သန်းကျော် ထုတ်လုပ်ခြင်းကို တားဆီးကာကွယ် နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့က သိရသည်။
#Yangon_Times/PP
#World_Science
Published 12 December 2024
▪️ သုတေသီတွေက လူ့ခန္ဓာကိုယ်ထဲမှ ခန့်မှန်းခြေ ဆဲလ်ပေါင်း ၃၇.၂ ထရီလီယံရဲ့ အစောပိုင်း လုပ်ဆောင်ပုံလမ်းကြောင်းများကို ဖန်တီးနိုင်ခဲ့ပါတယ်။
▪️ ဆဲလ်တစ်ခုချင်းစီမှာ မတူခြားနားတဲ့ တာဝန်ရှိပြီး ဆဲလ်တွေဘာလုပ်လဲဆိုတာ သိရှိနားလည်ခြင်းဖြင့် ကျန်းမာရေးနဲ့ ရောဂါများအကြောင်း ပိုမိုသဘောပေါက်စေမှာ ဖြစ်ပါတယ်။
▪️ သိပ္ပံပညာရှင်တွေက ပါးစပ်၊ အစာအိမ်၊ အူတို့မှ ဆဲလ်တွေရဲ့ တာဝန်တွေအပြင် အရိုးနဲ့ အဆစ်တွေ ဖြစ်ပေါ်လာစေတဲ့ ဆဲလ်တွေအကြောင်းကိုပါ အာရုံစိုက်လေ့လာခဲ့သလို ဘယ်လိုဆဲလ်တွေက တစ်ရှူးတွေ ဖြစ်သွားလဲ၊ ခန္ဓာကိုယ် ဘယ်နေရာမှာ တည်ရှိသလဲ၊ ဘယ်လိုပြောင်းလဲလာလဲ ဆိုတာတွေလည်း လေ့လာခဲ့ကြပါတယ်။
▪️ အလွန်ပြတ်သားပြီး လူအများသိရှိခွင့်ရှိတဲ့ ပထမဆုံးခန္ဓာကိုယ် မြေပုံကြမ်းဖြင့် ရောဂါများကို တိုက်ခိုက်ဖျက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
▪️ ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်တဲ့အခါ ဆဲလ်တွေက အရင်ဆုံးဖြစ်ပွားတယ်လို့ Human Cell Atlas အဖွဲ့အစည်းမှ ပူးတွဲဥက္ကဌ အေဗစ်ရီဂက်ဗ်က ပြောပါတယ်။
▪️ ပိုမိုပြည့်စုံတဲ့ မြေပုံကြမ်းကို ၂၀၂၆ မှာ ပြသရန်စီစဉ်ထားပြီး ခန္ဓာကိုယ်စနစ်နဲ့ အင်္ဂါပေါင်း ၁၈ မျိုးမှ ဆဲလ်များအကြောင်း ပါဝင်မှာဖြစ်ပါတယ်။
▪️ လက်ရှိဆဲလ်လမ်းကြောင်းမြေပုံမှာ ဆဲလ်အမျိုးအစားများသာမက ဆဲလ်အချင်းချင်း ပတ်သက်မှုတွေလည်း ပြသထားတယ်လို့ ကလိဗ်လန်းဆေးရုံမှ ကင်ဆာပညာရှင် ဒေါက်တာ တင်မိုသီချန်က ပြောပါတယ်။
▪️ ခန္ဓာကိုယ်အချို့နေရာတွေက ကျန်းမာရေးနဲ့ ရောဂါအကြောင်းတွေကို သိရှိနိုင်အောင် အခြားလမ်းကြောင်းတွေလည်း ဖန်တီးနေကြပါတယ်။
▪️ ဦးနှောက်လမ်းကြောင်းတွေ ဖန်တီးခြင်းဖြင့် ဦးနှောက်ဆဲလ်အမျိုးမျိုးရဲ့ တည်နေရာနဲ့ လုပ်ဆောင်ချက်တွေကို သိရှိနိုင်ပါတယ်။
▪️ အူလမ်းကြောင်း အဏုဇီဝပိုးမွှား လမ်းကြောင်းမြေပုံသစ်မှာဆိုရင် အစာခြေခြင်းနဲ့ ကိုယ်ခံအားစနစ်တို့မှာ ပါဝင်နေတဲ့ အူလမ်းကြောင်းထဲက အဏုဇီဝပိုးမွှားတွေအကြောင်း ပါဝင်ပါတယ်။
#Source: AP News
၁၁ ဒီဇင်ဘာ ၂၀၂၄
တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေနှင့်မူဝါဒချမှတ်သူတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်အကောက်ခွန် တွေ တိုးမြှင့်မယ့်အစီအစဉ်ကြောင့် လာမယ့် ၂၀၂၅ခုနှစ်မှာ တရုတ်ယွမ်ငွေကို တန်ဖိုးချဖို့ စဉ်းစားနေကြပါ တယ်။
ထရမ့်က သွင်းကုန်ခွန်ကို ပုံမှန်အားဖြင့် ၁၀ရာခိုင်နှုန်းကောက်မှာဖြစ်ပြီး တရုတ်နိုင်ငံသွင်းကုန်ကိုတော့ ၆၀ ရာခိုင်နှုန်းကောက်မယ်လို့ ပြောထားပါတယ်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး တရုတ်ဗဟိုဘဏ်ကတော့ ရိုက်တာသတင်းဌာနကို ချက်ခြင်းမတုန့်ပြန် သေးပါဘူး။
၂၀၁၈ခုနှစ် တရုတ်-အမေရိကန်တင်းမာမှုတွေဖြစ်ခဲ့စဉ်က တရုတ်ယွမ်ငွေ ဇောက်ထိုးဆင်းခဲ့ဖူးပါတယ်။
တန်ဖိုးချထားတဲ့ယွမ်ငွေကြောင့် တရုတ်ရဲ့ပို့ကုန်တွေ တိုးမြင့်လာစေပြီး ငွေကြေးဖောင်းပွမှုကို ရင်ဆိုင် ဖြေရှင်းရနိုင်ပါတယ်။
တရုတ်ဗဟိုဘဏ်ကတော့ ယွမ်ငွေဟာ တည်ငြိမ်လိမ့်မယ်လို့ပြောထးပါတယ်။
Source Reuters
ကမ္ဘာလုံးဆိုင်ရာ အပူချိန်မှတ်တမ်းများ ၁၈၅၀ ခုနှစ်မှာ စတင်သတ်မှတ်လာကတည်းက ယခုနှစ်ဟာ အပူဆုံးနှစ် ဖြစ်တယ်လို့ ဥရောပသမဂ္ဂ ရာသီဥတုစောင့်ကြည့်လေ့လာရေးအဖွဲ့က တနင်္လာနေ့မှာ ပြောပါတယ်။
#World_Climate
Published 11 December 2024
#ကမ္ဘာ့အပူနွေးဆုံးကာလ #အပူချိန်မှတ်တမ်း
#YMG #Yangon_Times #Yangon_Media_Group
Page 196 of 1680