#World_Health
Published 17 February 2026

■ လူသိပ်မသိကြတဲ့ ဖြည့်စွက်အားဆေးတစ်မျိုးဟာ ပြင်းထန်စွာ ဖျားနာခြင်း၊ ရောဂါဖြစ်ပြီးနောက် အသက်ဆုံးပါးခြင်းတို့မှ ကာကွယ်စေနိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ထားပါတယ်။

■ နေထိုင်စားသောက်မှုပုံစံလေး ပြောင်းလဲခြင်းဖြင့် အလျင်အမြန် ပြန်လည်သက်သာစေနိုင်ပုံတွေကို တွေ့ရှိခဲ့ကြပါတယ်။

■ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်ဘဲ အစားအစာမှသာရရှိတဲ့ မက်သီယိုနင် အမိုင်နိုအက်ဆစ်ကို သုတေသီတွေ လေ့လာခဲ့ကြပါတယ်။

■ မက်သီယိုနင်ကို ကြက်ဥ၊ ကြက်ဘဲ၊ ငါး၊ အမဲသားတို့လို ပရိုတိန်းကြွယ်ဝစာတွေမှာ တွေ့နိုင်သလို အခွံမာသီးများ၊ နှမ်းစေ့၊ ပဲပိစပ်၊ တိုဖူး၊ ပဲနီလေးတို့မှာလည်း တွေ့ရပါတယ်။

■ သူက ခန္ဓာကိုယ်ထဲမှာ ပရိုတိန်းဖြစ်စေခြင်း၊ DNA ထောက်ကူပေးခြင်း၊ ပျက်စီးတစ်ရှူးများ ပြုပြင်ခြင်းစတဲ့ ကဏ္ဍတွေမှာ ပါဝင်ပါတယ်။

■ ဒါပေမဲ့ သုတေသီအဖွဲ့က ရောင်ရမ်းမှု ထိန်းချုပ်ခြင်းနဲ့ ကိုယ်ခံအားစနစ် သတိပေးချက်တို့မှာ ပါဝင်ပတ်သက်မှုတွေကို စိတ်ဝင်စားနေပါတယ်။

■ ရောင်ရမ်းမှု မထိန်းချုပ်နိုင်တဲ့အခါ အကျိုးပြုဆဲလ်တွေပါ ထိခိုက်ကုန်ပြီး ကိုယ်ခံအားစနစ် အမြဲအသက်ဝင်နေပါက ရောဂါဘယတွေ ဖြစ်လာနိုင်ပါတယ်။

■ မက်သီယိုနင်က ကိုယ်ခံအားစနစ်ကို မကျဆင်းစေဘဲ ရောင်ရမ်းစေတဲ့ ဆိုင်တိုကိုင်းတွေကို ဖယ်ရှားပေးပြီး ကျောက်ကပ်လုပ်ဆောင်ချက် မြှင့်တင်ပေးကာ ရောင်ရမ်းခြင်းကို ထိန်းညှိပေးပါတယ်။

■ အချို့သောရောဂါတွေမှာ မက်သီယိုနင်ရဲ့ ကာကွယ်ပုံတွေကို ကြွက်တွေနဲ့ လေ့လာခဲ့ကြပြီး ရောင်ရမ်းခြင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေမှာ အသုံးချလာနိုင်မှာ ဖြစ်ပါတယ်။

■ လူသားတွေမှာ အထောက်အကူပေးနိုင်မလား သေချာသိရဖို့အတွက် နောက်ထပ်သုတေသန လုပ်သွားရဦးမှာ ဖြစ်ပါတယ်။

Source: New York Post.