#World_Health
Published 17 February 2026

■ တစ်နေ့လုံး ပင်ပန်းမောပန်းပြီးနောက် ညအိပ်ရာဝင်တော့မှ ဦးနှောက်က နိုးထလာတတ်ပါတယ်။

■ ရုတ်တရက် နိုးကြားခွန်အားရှိလာကာ မနက်ဖြန်အတွက် စီစဉ်နေတတ်ပါတယ်။

■ နှစ်နှစ်ခြိုက်ခြိုက် အိပ်တော့မယ်ဆိုမှ ရုတ်တရက် အားအင်မြင့်တက်လာတာက စိတ်ရှုပ်ထွေး စိတ်ပျက်စရာ ဖြစ်ပါတယ်။

■ ဦးနှောက်က နိုးကြားဖို့လိုအပ်တယ်လို့ သိတဲ့အချိန်မှာ ခန္ဓာကိုယ်က နွမ်းနယ်တာကိုကျော်ပြီး လုပ်ဆောင်ကြောင်း၊ စွမ်းအင်နဲ့ နိုးကြားမှုကို ထိန်းညှိပေးတဲ့ ခန္ဓာကိုယ်တွင်းနေ့ညစက်ဝန်းနဲ့ ဆက်စပ်နေကြောင်း ဒေါက်တာ ဂျာဂါဒစ်ရှ်ဟိုင်ယာမက်သ်က ပြောပါတယ်။

■ ညနေခင်းရောက်ပြီဆိုတာနဲ့ ကော်တီဆောဟော်မုန်း ကျဆင်းသွားပြီး ခန္ဓာကိုယ် ငြိမ်သက်လာရမှာဖြစ်ပေမယ့် အိပ်ချိန်ကိုကျော်ပြီး လှုပ်ရှားနေရင် ဦးနှောက်က နိုးကြားစေတဲ့ဟော်မုန်းတွေ ထွက်ရှိစေတာ ဖြစ်ပါတယ်။

■ ဒါကြောင့် ခန္ဓာကိုယ် ပင်ပန်းနေခဲ့ရင်တောင်မှ နိုးကြားတက်ကြွနေစေတာ ဖြစ်ပါတယ်။

■ ခန္ဓာကိုယ်တွင်းနေ့ညစက်ဝန်း အချိန်မမှန်တဲ့အခါ နိုးကြားလာစေကာ ဒါဟာ ညနေခင်းမှာ ဖုန်းကွန်ပျူတာတွေ ကြည့်ခြင်းကြောင့် အိပ်စက်မှုဟော်မုန်း မထွက်စေပါဘူး။

■ ကဖင်းဓာတ်ကလည်း အိပ်စက်စေတဲ့ ဟော်မုန်းကို ပိတ်ဆို့ပြီး ခန္ဓာကိုယ်က နိုးကြားဖို့လိုသေးတာလို့ အချက်ပြစေပါတယ်။

■ ဒါမျိုးမဖြစ်ဖို့အတွက် ခန္ဓာကိုယ်က အချိန်မှန်မှန် ထိန်းသိမ်းပေးနေဖို့ လိုအပ်ပါတယ်။

■ ပုံမှန်အိပ်ချိန်အတိုင်း အိပ်စက်ခြင်းဖြင့် ခန္ဓာကိုယ်နေ့ညစက်ဝန်းကို အကူအညီဖြစ်စေမှာပါ။

■ ညအိပ်ချိန်မတိုင်မီ ၆ နာရီခြားပြီး ကဖင်းနဲ့ များများစားခြင်းတို့ကို ရှောင်ရှားသင့်သလို ၁ နာရီခြားပြီး ဖုန်း ကွန်ပျူတာ တီဗီကြည့်ခြင်းကိုလည်း လျှော့ချသင့်ပါတယ်။

Source: Indian Express.