#Daily_News
Published 2 December 2024
၁။ မြန်မာ့ရွှေကို နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး စတင်ဆောင်ရွက်နေ
၂။ မြို့ပတ်ရထားလက်မှတ်ခနှုန်းထားများထပ်မံ တိုးမြှင့်ကောက်ခံ
၃။ ထိုင်းသို့ free visa ဖြင့် သွားရောက်သူများ သတ်မှတ်ရက်အပြည့်မရရှိမှုများကြုံတွေ့နေရ
၄။ အောက်လွှတ်တော်တွင် ထောက်ခံမဲဆုံးရှုံးခဲ့သည့်ဂျပန်အာဏာရအစိုးရအဖွဲ့ မရေရာမသေချာမှုများကြုံတွေ့လာနိုင်ဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 2 December 2024
▪️ ယခုပတ်အတွက် ထုတ်ပြန်သည့် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်း ဈေးများ ထပ်မံမြင့်တက်လာကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့်ဈေးနှုန်းများအရ သိရသည်။
▪️ မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူခ၊ ဘဏ်စရိတ်၊ အခွန်အခများ ထည့်သွင်းတွက်ချက်ပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဈေးသတ်မှတ်ကာ အပတ်စဉ် ရည်ညွှန်းဈေးများကို ထုတ်ပြန်ပေးလျှက်ရှိသည်။
▪️ ရည်ညွှန်းဈေးများ သတ်မှတ်ထုတ်ပြန်ပေးခြင်းအပြင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု လည်း ထုတ်ပြန်ထားသည်။
▪️ ကော်မတီက ထုတ်ပြန်ပေးသည့် ဈေးနှုန်းမှာ ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ (၇၃၀၅) ကျပ် သတ်မှတ်လိုက်ရာ ယခင်အပတ်က တစ်ပိဿာလျှင် (၇,၂၈၀) ကျပ် သတ်မှတ်ထားခြင်းကြောင့် ၂၅ကျပ်မြင့်တက်လာခြင်းဖြစ်သည်။
#YMG/SW#Yangon_Times
မန္တလေးတိုင်းဒေသကြီးရှိ တောင်သမန် အင်းသို့ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများလာတယ်လို့ တောင်သမန်ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 2 December 2024
#တောင်သမန်အင်း #မန္တလေးတိုင်းဒေသကြီး
#YMG/NN #Yangon_Times
#Local_News
Published 2 December 2024
▪️ တောင်သူများ အဓိကသုံးစွဲနေသည့် မြေသြဇာသုံးမျိုးအတွက် ယခုဒီဇင်ဘာလအတွက် ရန်ကုန်အထိုင်ဈေးနှုန်းများကို ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှ သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
▪️ ထိုသို့ သတ်မှတ်ရာတွင် ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ် ၉၇,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၂၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ် ၁၃၇,၀၀၀ ကျပ် သတ်မှတ်ထား ကြောင်းသိရသည်။
▪️ ထို့အပြင် ဒေသအလိုက် သယ်ယူစရိတ်များပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်ပြီး ရည်ညွှန်းဈေးနှုန်းတွေအတိုင်း မရောင်းချပါက တိုင်ကြားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 December 2024
▪️ ယနေ့ဒီဇင်ဘာ ၂ ရက်မနက်ပိုင်းကရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့ကိုဗဟိုပြု၍ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါ ငလျင်လှုပ်ခတ်မှုကိုကျိုင်းတုံမြေငလျင်စခန်းမှ ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၁၁ နာရီ ၄၂ မိနစ် ၁၄ စက္ကန့်ခန့်က တိုင်းထွာရရှိခဲ့ခြင်းဖြစ်ပြီး ယင်းငလျင်သည် မိုင်းပြင်းမြို့၏ အရှေ့ တောင်ဘက်(၁၈)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၁ ဒသမ ၂၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉ ဒသမ ၂၆)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၈) အဆင့်ဖြင့်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို Free Visaနဲ့ သွားရောက် သူတွေအနေနဲ့ Free Visa သတ်မှတ်ရက် ၁၄ ရက် အပြည့်မရရှိမှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။
#Local_News
Published 2 December 2024
#Free_Visa #ထိုင်း
#YMG/SW#Yangon_Times
ရန်ကုန်မြို့ပတ်ရထားလက်မှတ်ခနှုန်းထားတွေကို ဒီကနေ့ ဒီဇင်ဘာ ၂ရက်ကနေစတင်ပြီး ထပ်မံတိုးမြှင့် ပြောင်းလဲကောက်ခံသွားမယ်လို့ မြန်မာ့မီးရထားက နေသိရပါတယ်။
#Local_News
Published 2 December 2024
#မြို့ပတ်ရထား #လက်မှတ်ခနှုန်းများတိုးမြှင့်
#YMG/NN #Yangon_Times
မြန်မာ့ရွှေကို နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ထုတ်ပေးနိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်ကပြောပါတယ်။
#Local_News
Published 2 December 2024
#မြန်မာ့ရွှေ #ISOလက်မှတ်ထုတ်ပေး
#YMG/SW#Yangon_Times
#World_News
Published 02 December 2024
▪️ ရုရှားနဲ့ ဆီးရီးယား တိုက်လေယာဉ်တွေက တနင်္ဂနွေနေ့မှာ ဆီးရီးယားမြောက်ပိုင်းရှိ သူပုန်များ ထိန်းချုပ်ထားတဲ့ အစ်ဒ်လစ်မြို့ကို တိုက်ခိုက်ခဲ့ကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။
▪️ ဆီးရီးယားသမ္မတ ဘာရှာအယ်အက်ဆက်ဒ်က အလက်ပိုမြို့ထဲသို့ ဝင်ရောက်လာတဲ့ သောင်းကျန်းသူများကို ချေမှုန်းမယ်လို့ ကြုံးဝါးထားပါတယ်။
▪️ တူရကီနယ်စပ်အနီး လူ ၄ သန်းခန့် ပုန်းကွယ်နေထိုင်နေတဲ့ သူပုန်နယ်မြေတစ်ခုရှိ အကြီးဆုံးမြို့ကြီးဖြစ်တဲ့ အစ်ဒ်လစ်မြို့ရှိ လူစည်ကားရာနေရာတစ်ခုကို ဒုတိယမြောက်နေ့ တိုက်ခိုက်ခဲ့တယ်လို့ အရပ်သားများက ဆိုပါတယ်။
▪️ ကယ်ဆယ်ရေးသမားများက လူ ၇ ဦးသေဆုံးပြီး ဒါဇင်ခန့် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
▪️ ဆီးရီးယားစစ်တပ်နဲ့ ရုရှားတို့ကတော့ သူပုန်အဖွဲ့များ ပုန်းခိုရာနေရာတွေကို ပစ်မှတ်ခဲ့တာဖြစ်ပြီး အရပ်သားများကို မတိုက်ခိုက်ဘူးလို့ ငြင်းဆိုထားပါတယ်။
▪️ သူပုန်တွေလက်ထဲ ကျရောက်ခဲ့ကာ ပြည်တွင်းစစ်ဖြစ်နေတဲ့ အစ်ဒ်လစ်မှ အခြားမြို့များကို ရုရှားနဲ့ ဆီးရီးယားလေယာဉ်တို့က စနေနေ့မှာလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
▪️ အကြမ်းဖက်သမားတွေက အင်အားသုံးဖို့ကိုပဲ သိတာကြောင့် အင်အားနဲ့ပဲ ဖြိုခွင်းရမယ်လို့ အက်ဆက်ဒ်က မီဒီယာတွေကို ပြောသွားခဲ့ပါတယ်။
▪️ သူပုန်များ လတ်တလော ကြီးစိုးနေတဲ့ မြို့အများအပြားကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆီးရီးယားစစ်တပ်က ပြောပါတယ်။
▪️ တူရကီထောက်ခံပြု လက်နက်ကိုင်အဖွဲ့တွေနဲ့ အစ္စလာမ် ဟာယက်တာရီယာအယ်ရှမ်အဖွဲ့တို့ ပူးပေါင်းထားတဲ့ သူပုန်တွေကို အမေရိကန်၊ ရုရှား၊ တူရကီနဲ့ အခြားနိုင်ငံများက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားပါတယ်။
▪️ ၂၀၁၁ ခုနှစ်တည်းက ဖြစ်ပွားနေတဲ့ စစ်အတွင်း လူပေါင်းသိန်းချီ သေဆုံးထားကာ လူသန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
▪️ အလက်ပိုမြို့ထဲမှာ အရပ်သားများ ကြောက်လန့်နေကြပြီး အိမ်ထဲမှာပဲ နေနေကြကာ မြို့ထဲမှထွက်ခွာသူ အများအပြားရှိတယ်လို့ မျက်မြင်တွေ့ရှိသူများ ပြောပါတယ်။
#Source: Reuters
#World_Health
Published 2 December 2024
▪️ သွေးပေါင်ချိန်များခြင်း (သွေးတိုးခြင်း)ကို ထိန်းချုပ်နိုင်မယ့် ပေါင်းစပ်ဆေးဝါးကို အိန္ဒိယမှာ လေ့လာစမ်းသပ်နေတာ အပြီးသတ်ခါနီးပြီ ဖြစ်ပါတယ်။
▪️ အိန္ဒိယဆေးဝါးသိပ္ပံတက္ကသိုလ် (AIIMS)၊ အင်ပီရီယယ်ကောလိပ်လန်ဒန်နဲ့ NGO စင်တာတို့မှ ပညာရှင်များက ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
▪️ စမ်းသပ်ချက်မှာ အသုံးများတဲ့ ဆေးဝါးနှစ်မျိုးပေါင်းစပ်မှုတွေကတော့..
- Amlodipine/Perindopril
- Perindopril/Indapamide
- Amlodipine/Indapamide တို့ဖြစ်ပါတယ်။
▪️ ထိုပေါင်းစပ်မှုတွေက သွေးပေါင်ချိန်လျှော့ခြင်းနဲ့ နှလုံးပြဿနာများ ဖြစ်နိုင်ခြေ လျော့နည်းခြင်းတို့ ပေးစွမ်းနိုင်တာကြောင့် ရွေးချယ်ထားတာ ဖြစ်ပါတယ်။
▪️ ဆေးတစ်မျိုးထက်စာရင် ပေါင်းစပ်အသုံးပြုခြင်းက သွေးပေါင်ချိန်ကို ပိုမိုလျင်မြန်စွာ ထိန်းချုပ်နိုင်ပြီး ဘေးထွက်ဆိုးကျိုး ပိုနည်းစေပါတယ်။
▪️ စမ်းသပ်ခံတဲ့သူတွေကို အစပိုင်းမှာ ဆေးပမာဏအနည်းငယ် စပေးပြီး ၂လအပြီးမှာ တိုးမြှင့်လာပါတယ်။
▪️ ၆လအကြာမှာတော့ ဆေးပမာဏအပြည့်အတိုင်း နှိုင်းယှဉ်ခဲ့ကြပါတယ်။
ဒီလေ့လာချက်ဟာ သွေးပေါင်ချိန် လျော့ကျဖို့ကိုပဲ အာရုံစိုက်ခဲ့ကြကာ နှလုံးကျန်းမာရေး ရေရှည်အတွက်တော့ မစဉ်းစားခဲ့ပါဘူး။
▪️ ဒါ့အပြင် ယခုစမ်းသပ်တဲ့ လူတွေကလည်း အခြားလူမျိုးတွေထက်စာရင် ကျန်းမာရေးထူးခြားတတ်တဲ့ အိန္ဒိယတွေ ဖြစ်နေပါတယ်။
#Source: India Today
#World_Health
Published 2 December 2024
▪️ Analgesics လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ ကမ္ဘာပေါ်မှာ လူသုံးများတဲ့ဆေးဖြစ်ပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေပေမယ့် ကြာရှည်အသုံးပြုရင်တော့ ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်ပါတယ်။
▪️ လွဲမှားစွာ အသုံးပြုပါက အတွင်းအင်္ဂါများ လုပ်ဆောင်ချက်ကို နှောင့်ယှက်စေပါတယ်။
▪️ အကိုက်အခဲပျောက်ဆေးများ ကြာရှည်အသုံးပြုခြင်းကို ကျောက်ကပ်နဲ့ အစာအိမ်တို့က အဓိကဒဏ်ခံရပါတယ်။
▪️ (၁) ကျောက်ကပ်ထိခိုက်ပြီး လုပ်ဆောင်ချက်ကျဆင်းခြင်း
နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်ကာ ကျောက်ကပ်သို့ သွေးစီးဆင်းစေတဲ့ ဟော်မုန်းများကို တားဆီးတာကြောင့် ကျောက်ကပ်ခမ်းခြောက်ပြီး ကျောက်ကပ်ထိခိုက်စေပါတယ်။
▪️ (၂) ကျောက်ကပ်ကျောက်တည်နိုင်ခြင်း
အချို့ အကိုက်အခဲ ပျောက်ဆေးတွေက ဆီးထဲမှာ ကယ်လ်စီယမ်ပမာဏကို မြင့်တက်စေကာ ကျောက်ဖြစ်ပေါ်စေနိုင်ပါတယ်။
▪️ (၃) အစာအိမ်အနာနှင့် သွေးထွက်ခြင်း
အစာအိမ်နံရံကို ထိခိုက်စေသဖြင့် အက်ဆစ်ဓာတ် မြင့်မားလာပြီး အစာအိမ် သွေးထွက်ခြင်းနဲ့ အနာဖြစ်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ (၄) အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း
အလွန်အကျွံ သုံးစွဲမိပါက အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းကာ မူးဝေအော့အန်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
▪️ (၅) အစာအိမ်စုပ်ယူမှုလျော့နည်းခြင်း
အစာအိမ်ရဲ့ အာဟာရဓာတ်စုပ်ယူမှုကို ထိခိုက်စေကာ အာဟာရဓာတ် ချို့တဲ့မှုများ ဖြစ်လာနိုင်ပါတယ်။
▪️ (၆) ကျောက်ကပ်ရောဂါပိုးဝင်ခြင်း
ခန္ဓာကိုယ်ထဲမှ စစ်ထုတ်စနစ်ကို ပြောင်းလဲစေသဖြင့် ဘက်တီးရီးယား ဝင်ရောက်ကာ ကျောက်ကပ်ထဲ ရောက်လာနိုင်ပါတယ်။
▪️ (၇) အစာအိမ်ကင်ဆာဖြစ်နိုင်ခြင်း
အက်ဆစ်ဓာတ် များစေပြီး ရောင်ရမ်းခြင်း ဖြစ်စေတာကြောင့် အစာအိမ်နံရံမှာ ဆဲလ်များပြောင်းလဲကာ အစာအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
▪️ (၈) အီလက်ထရိုလိုက် မညီမျှခြင်း
ကျောက်ကပ်က ခန္ဓာကိုယ်ထဲက အီလက်ထရိုလိုက်တွေကို ထိန်းညှိပေးတာကြောင့် အကိုက်အခဲပျောက်ဆေးက ဒါကိုနှောင့်ယှက်ပြီး ကြွက်သားအားနည်းခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နွမ်းနယ်ခြင်းတို့ ခံစားရစေပါတယ်။
#Source: DoctorNDTV
၁ ဒီဇင်ဘာ ၂၀၂၄ ယူကရိန်းအရှေ့ပိုင်းက နောက်ထပ် ရွာလေးရွာကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ထပ်မံထိန်းချုပ် သိမ်းပိုက်လိုက်နိုင်တယ်လို ရုရှားက ပြောလိုက်တာနှင့်တစ်ပြိုင်တည်းလိုပဲ ယူကရိန်းကလည်း ယင်းတိုရဲ့ တပ်တွေဟာ ရုရှားပိုင်နက်ထဲက ရေနံသိုလှောင်စခန်းတစ်ခုကို တိုက်ခိုက်လိုက်နိုင်တယ်လို ကြေညာ ပါတယ်။
Source CCTV+
Page 209 of 1681