#Local_News
Published 21 May 2025
▪️ ပြင်ဦးလွင်မြို့နယ်၌ ယနေ့မနက်အစောပိုင်းတွင် အိမ်စီးကား တစ်စီးအပေါ် ညောင်ပင်ပိမိ၍ ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ မေလ၂၁ ရက်နေ့၊ မနက်၇ နာရီ ၂၈ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၂)၊ မန္တလေး-လားရှိုးလမ်းတွင် လုံးပတ်(၅)၊ အမြင့်(၃၀)ပေခန့်ရှိညောင်ပင်(၁)ပင်သည် ဆွေးမြေ့လဲကျ၍ ကား(၁)စီးပေါ်ပိမိနေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 21 May 2025
▪️ မေလ ၂၀ ရက်မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့နယ်အတွင်း တပ်မတော်မှ ရဟတ်ယာဉ်တစ်စင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် စက်ချွတ်ယွင်း၍ ပျက်ကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
▪️ ထုတ်ပြန်ချက်တွင် တပ်မတော်မှ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များသည် ဗန်းမော်မြို့နယ်အတွင်းရှိ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်နေသည့် တပ်မတော်ရှေ့တန်းလုံခြုံရေးစခန်းများရှိ တပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာထောက်ပံ့ပစ္စည်းများ သွားရောက်ပို့ဆောင်ခဲ့ပြီး ပြန်လည်ထွက်ခွာလာစဉ် ရဟတ်ယာဉ်တစ်စင်းသည် ဗန်းမော်မြို့၏ အနောက်တောင်ဘက်မီတာ ၁၄၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် ရုတ်တရက်စက်ချွတ်ယွင်းမှုဖြစ်ပွားကာ မတော်တဆပျက်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
▪️ အဆိုပါ ရဟတ်ယာဉ်ပျက်ကျခဲ့မှုအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရဟတ်ယာဉ်ပျက်ကျသည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 21 May 2025
▪️ ဒေါ်လာ ၁၇၅ ဘီလီယံတန်ကြေးရှိ Golden Dome ဒုံးကျည်အကာအကွယ်ဒိုင်း အစီအစဉ်အတွက် ဒီဇိုင်းပုံစံတစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရွေးချယ်လိုက်ပြီဖြစ်ကာ တရုတ်နဲ့ ရုရှားတို့မှ ခြိမ်းခြောက်မှုများကို ပိတ်ဆို့ကာကွယ်ရန် ရည်ရွယ်တဲ့ ဒီအစီအစဉ်ကို ဦးဆောင်ဖို့ Space Fore ဗိုလ်ချုပ်တစ်ဦးကို ခန့်အပ်လိုက်ကြောင်း အင်္ဂါနေ့က ပြောသွားပါတယ်။
▪️ ဇန်နဝါရီလတည်းက ထရမ့်ပထမဦးဆုံးညွှန်ကြားခဲ့တဲ့ အစီအစဉ်မှာ ဂြိုဟ်တုကွန်ရက်တစ်ခု ဖန်တီးသွားရန် ရည်ရွယ်ထားပြီး အရေအတွက်ပေါင်း ရာနဲ့ချီရှိနိုင်ကာ ဝင်ရောက်လာမယ့် ဒုံးကျည်တွေကို စောင့်ကြည့်ခြေရာခံကာ ဖြတ်တောက်သွားဖို့ ဖြစ်ပါတယ်။
▪️ အမေရိကန် Space Force ဗိုလ်ချုပ် မိုက်ကယ်ဂတ်လိုင်းက ထရမ့်ရဲ့ စစ်ရေးစီစဉ်ချက်ကြီးအတွက် အဓိကရှုမြင်ထားတဲ့ ဒီအစီအစဉ်မှာ ဦးဆောင်သူဖြစ်လာမယ်လို့ ထရမ့်က အိမ်ဖြူတော်မီဒီယာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
▪️ Golden Dome က နိုင်ငံတော်ကို ကာကွယ်သွားလိမ့်မယ်လို့ ထရမ့်ပြောလိုက်ပြီး ကနေဒါကလည်း ဒီအစီအစဉ်မှာ ပါဝင်ပတ်သက်ချင်တယ်လို့ ပြောပါတယ်။
▪️ ထုတ်ပြန်ချက်အရကတော့ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးနဲ့ ဝန်ကြီးများက အမေရိကန်တာဝန်ရှိသူများနဲ့ လုံခြုံရေး စီးပွားရေးဆက်ဆံမှုအသစ် ဆွေးနွေးနေကြတယ်လို့ ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။
▪️ အကာအကွယ်အစီအစဉ်က ဒေါ်လာ ၁၇၅ ဘီလီယံတန်ကြေးရှိနိုင်ကာ ၂၀၂၉ ဇန်နဝါရီခန့် ထရမ့်သမ္မတသက်တမ်းကုန်ဆုံးချိန်လောက်မှာ စတင်ဆောင်ရွက်နိုင်လောက်တယ်လို့ ထရမ့်က ပြောထားပေမယ့် အချိန်နဲ့ ကုန်ကျစရိတ်တွေအကြောင်း ကျွမ်းကျင်သူများ သိပ်မသေချာပါဘူး။
▪️ သမ္မတဟောင်း ရော်နယ်ရီဂန် လွန်ခဲ့တဲ့နှစ်တွေတည်းက ဒီစနစ်ကို လိုချင်ခဲ့ပေမယ့် နည်းပညာတွေ မရှိခဲ့ဘူးလို့ ထရမ့်ပြောပါတယ်။
▪️ Golden Dome အစီအစဉ်က နိုင်ငံရေးစိစစ်မှုတွေရော ရန်ပုံငွေမရေရာမှုတွေပါ ရင်ဆိုင်နေရပါတယ်။
▪️ လွှတ်တော်အသုံးစရိတ်ရုံးကတော့ Golden Dome ကြောင့် ဆယ်စုနှစ် ၂ ခုကျော်အတွင်း ဒေါ်လာ ၈၃၁ ဘီလီယံအထိ ကုန်ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
▪️ လက်ရှိဒုံးကျည်ကာကွယ်ရေးစနစ်များ အသုံးပြုမယ့်အပြင် ဆီလီကွန်ဗယ်လီနဲ့ အမေရိကန်ဆော့ဖ်ဝဲ ကျွမ်းကျင်မှုအားသာချက်များဖြင့် တိုးတက်မှုတွေ ထည့်သွင်းလာဦးမှာ ဖြစ်ပါတယ်။
▪️ Golden Dome အကြံအစည်က အစ္စရေးလ်ရဲ့ Iron Dome အကာအကွယ်စနစ်ကနေ စိတ်ကူးရယူထားတာ ဖြစ်ပါတယ်။
#Source: Reuters
#Local_News
Published 21 May 2025
▪️ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဓာတ်ခွဲခန်းစင်တာ၌ စားသုံးဆီအမျိုးမျိုး၊ရေနှင့် စားသောက်ကုန်များ၏ အရည်အသွေးများအားစစ်ဆေးပေးနေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးဓာတ်ခွဲခန်းစင်တာသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၂) ဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး စင်တာ၌ စားသောက်ကုန်များ၏ ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
▪️ ထို့အပြင် စားသောက်ကုန်များ၏ အရည်အသွေးများဖြစ်သည့် အသားဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကဆီဓာတ်များ၊ လူကိုအကျိုးပြုသည့် သတ္တုဓာတ်များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် သတ္တုဓာတ်များကို Protein analyzer ၊ Fat Analyzer ၊ Fiber analyzer စသည့် အဆင့်မြင့်နည်းပညာသုံးစက်ကိရိယာပစ္စည်းများဖြင့် ဓာတ်ခွဲတိုင်းတာပေးသည့်အပြင် စားသုံးဆီအမျိုးမျိုးတို့၏ အရည်အသွေးများ၊ သောက်ရေ၊ သုံးရေနှင့် စွန့်ပစ်ရေများ၏ အရည်အသွေးများ၊ ရေများတွင် ပျော်ဝင်နေသော သတ္တုဓာတ်များနှင့် အန္တရာယ်ဖြစ်စေနိုင်သည့် သတ္တုဓာတ်များကို Atomic Absorption Spectrometer စက်များဖြင့် တိုင်းတာစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ စင်တာသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းက စားသောက်ကုန်များ၏ ကုန်ကြမ်းနှင့် ကုန်ချောပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့သည်။
▪️ ထိုသို့ စစ်ဆေးရာတွင် ဒုတိယဝန်ကြီးသည် ဓာတ်ခွဲခန်းအသီးသီးတွင် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရေးလုပ်ငန်းစဉ်များနှင့် တိုက်ရိုက်ပတ်သက်လျက်ရှိသော ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရသည်ဖြစ်ပြီး တိုင်းတာမှုရလဒ်များ၏ သက်ရောက်မှုသည် ကြီးမားသည်ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကို အစဉ်ရှေးရှုကာ အရည်အသွေးစံနှုန်းများနှင့်အညီ အထူးဂရုပြုတိုင်းတာဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 21 May 2025
▪️ သိပ္ပံပညာရှင်တွေက ကမ္ဘာကြီးရဲ့ဘေးနားမှာ တိမ်တိုက်မည်းကြီးတစ်ခု တွေ့ရှိခဲ့ကြပါတယ်။
▪️ Eos လို့ခေါ်တဲ့ ဧရာမမော်လီကျူးတိမ်တိုက်ကြီးဟာ နေလုံးထုကြီးထက် အဆပေါင်း ၃,၄၀၀ ရှိပြီး အလင်းနှစ် ၃၀၀ သာကွာဝေးကာ အလွန်ကြီးမားသော အခေါင်းပေါက်ကြီး Local Bubble ရဲ့ အစွန်နားမှာ လခြမ်းပုံသဏ္ဍာန်ဖြင့် ရှိနေပါတယ်။
▪️ မော်လီကျူးတိမ်တွေဟာ စကြဝဠာတစ်ခုလုံးမှာ ဖြန့်ကျက်တည်ရှိနေပြီး နဂါးငွေ့တန်းမှာလည်း အများအပြားရှိနေပါတယ်။
▪️ Eos ဟာ တွေ့ဖူးသမျှထဲမှာ အနီးကပ်ဆုံးနဲ့ အကြီးမားဆုံး မော်လီကျူးတိမ်တိုက်တွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာကနေကြည့်ရင် ကောင်းကင်မှာ လပြည့်ပေါင်း ၄၀ တည်ရှိနေသလိုမျိုး မြင်တွေ့နိုင်ပါတယ်။
▪️ ဒီတိမ်ကြီးဟာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့၊ ဖုန်မှုန့်များနဲ့ အများစုဖွဲ့စည်းထားပြီး ခရမ်းလွန်အရောင် တောက်ပနေကာ STSAT-1 ကိုရီးယားဂြိုဟ်တုကနေ တွေ့ရှိနိုင်ပါတယ်။
▪️ မော်လီကျူးဟိုက်ဒရိုဂျင် ခရမ်းလွန်တဆုံးထုတ်လွှတ်မှုကနေတဆင့် တွေ့ရတဲ့ ပထမဆုံးမော်လီကျူးတိမ်တိုက်ဖြစ်ပြီး ကြယ်တွေ ဂြိုဟ်တွေဖြစ်ပေါ်မှုအကြောင်း အသစ်အသစ်များတွေ့ရှိလာနိုင်စေမှာပါ။
▪️ Eos ဆိုတာက အမှောင်ထဲ ထွန်းလင်းခြင်းလို့ အဓိပ္ပာယ်ရပေမယ့် ဟိုက်ဒရိုဂျင်ပါဝင်မှု နည်းပါးတာကြောင့် ယခင်က မတွေ့ရှိခဲ့ဘဲ တိမ်မည်းကြီးသာ ဖြစ်ပေါ်နေခဲ့ပါတယ်။
▪️ Eos ထဲက ဟိုက်ဒရိုဂျင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃.၆ ဘီလီယံ ဘစ်ဘန်းစတင်ဖြစ်ပေါ်စဉ်တည်းက အစပြုခဲ့ပြီး မော်လီကျူးစကြဝဠာအကြောင်း နားလည်သိရှိဖို့ရာ အရေးပါတဲ့တွေ့ရှိမှု ဖြစ်နိုင်ပါတယ်။
▪️ Eos အကြောင်းလေ့လာရင်းကနေ ကြယ်စင်စုတွေဟာ ဓာတ်ငွေ့တွေနဲ့ ဖုန်မှုန့်တွေကို ကြယ်တွေ ဂြိုဟ်တွေအဖြစ် ပြောင်းလဲသွားပုံအကြောင်း သိရှိလာတော့မှာကို သိပ္ပံပညာရှင်များ စိတ်လှုပ်ရှားနေကြပါတယ်။
#Source: WION
#World_Health
Published 21 May 2025
▪️ စားလိုက်ရင် ချိုမြပြီး လန်းဆန်းစေတဲ့ နဂါးမောက်သီးက ကယ်လိုရီနည်းပါးပြီး အာဟာရများစွာပါဝင်ကာ ကိုယ်ခံအားစနစ် အကူအညီဖြစ်စေတဲ့အပြင် အစာခြေစနစ်ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
▪️ ဗိုက်တာမင်-စီ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အူလမ်းကြောင်းအကျိုးပြု အမျှင်ဓာတ်များပြည့်ဝနေကာ ကိုယ်ခံအားစနစ်ကော ဝမ်းပုံမှန်သွားမှုကိုပါ အကျိုးပြုနိုင်ပါတယ်။
▪️ တစ်နေ့ကို တစ်ခွက်မျှသောက်ပေးရင် အမျှင်ဓာတ် ၇ ဂရမ်ရနိုင်ကာ ဝမ်းပုံမှန်သွားစေနိုင်ပြီး အူလမ်းကြောင်းအကျိုးပြုပိုးမွှားတွေကို အကူအညီဖြစ်စေနိုင်ပါတယ်။
▪️ ဒါ့အပြင် မဂ္ဂနီဆီယံ၊ သံဓာတ်တို့လို အဓိကအာဟာရဓာတ်တွေလည်း ပါဝင်ပြီး ခန္ဓာကိုယ်ကို အားအင်ပြည့်ဖြိုးစေကာ ကိုယ်ခံအားစနစ်အားကောင်းဖို့ အရေးပါပါတယ်။
▪️ အူလမ်းကြောင်းထဲမှ အကျိုးပြုဘက်တီးရီးယားတွေကို အားပေးတဲ့ ပရီဘိုင်အိုတစ်တွေ ကြွယ်ဝပြီး အစာခြေစနစ်အားကောင်းစေနိုင်ပြီး သဘာဝကိုယ်ခံအားစနစ် ကြံ့ခိုင်စေနိုင်မှာပါ။
▪️ သကြားဓာတ်နည်းပါးပြီး ရေဓာတ်များတာကြောင့် ကျန်းမာရေးအတွက် သင့်လျော်တဲ့အစားအစာဖြစ်ပါတယ်။
▪️ အာဟာရဓာတ်များနဲ့ အမျှင်ဓာတ်များ ရောစပ်ထားတာကြောင့် နှလုံးကျန်းမာရေးမြှင့်တင်ပေးပြီး အသားအရေဝင်းပစေပြီး အားအင်မြှင့်တင်ပေးပါတယ်။
▪️ နဂါးမောက်သီးက မက္ကဆီကိုတောင်ပိုင်း၊ ဂွာတီမာလာ ကော်စတာရီကာ အယ်ဆာဗေဒေါ် အနောက်ကမ်းရိုးတန်းတို့မှ ဒေသထွက်အသီးဖြစ်ပြီး အာရှနဲ့ အခြားအပူပိုင်းဒေသတို့မှာလည်း စိုက်ပျိုးလာပါတယ်။
▪️ အသီးလိုက်စားရင် အရသာရှိသလို ဖျော်ရည်လည်း လုပ်သောက်နိုင်ပါတယ်။
#Source: New York Post
အိုးပင်းတက္ကသိုလ်မှ ပရော်ဖက်ဆာ မာဟက်ရှ်အာနန်ဟာ တရုတ်ပြည်ရဲ့ ချန်ဂီ ၅ မစ်ရှင်မှ ရှားပါးလကမ္ဘာနမူနာပစ္စည်းများကို လက်ခံရရှိတဲ့ ဗြိတိန်ပြည်ထောင်စုမှ တစ်ဦးတည်းသော သိပ္ပံပညာရှင်ဖြစ်လာပြီး ကမ္ဘာတဝှမ်းမှ သုတေသီ ၇ ဦးထဲကတစ်ဦးဖြစ်လာပါတယ်။
#World_Science
Published 20 May 2025
#ချန်ဂီ(၅)အာကာသမစ်ရှင် #လကမ္ဘာနမူနာပစ္စည်းများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 20 May 2025
၁။ ဒေါ်လာ သန်း၃၀နီးပါးတန်ဖိုးရှိ ရေထွက်ကုန်ငါးတန်ချိန် သုံးသောင်းနီးပါးတင်ပို့ထား
၂။ ငွေကြေးလက်ဆောင်လက်ခံခြင်းမပြုရန်နှင့် ကျောင်းထွက်သူလုံးဝမရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနတိုက်တွန်း
၃။ ဧပြီလအတွင်း ပြည်ပသို့ ပျားရည် မက်ထရစ်တန် ၂၀၀ ကျော်တင်ပို့ခဲ့ပြီး ထိုင်းသို့အများဆုံးတင်ပို့
၄။ တရုတ်၏ချန်ဂီ(၅)အာကာသမစ်ရှင်မှ ရရှိသော လကမ္ဘာနမူနာပစ္စည်းများကိုလက်ခံရရှိသည့် ယူကေမှသိပ္ပံပညာရှင်ကြီးတစ်ဦး လက်ခံရရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးကဏ္ဍ ၁၂ ခုအနက်ယခုနှစ် ဧပြီလကုန်အထိ စွမ်းအင်ကဏ္ဍမှာ အများဆုံးရင်းနှီးမြှုပ်နှံထားကြတယ်လို့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရပါတယ်။
#Local_News
Published 20 May 2025
#စွမ်းအင်ကဏ္ဍ #အများဆုံးရင်းနှီးမြှုပ်နှံထား
#YMG/SW #Yangon_Times
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်တဲ့ ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် ၂၀၀ ကျော်တင်ပို့ခဲ့တယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရပါတယ်။
#Local_News
Published 20 May 2025
#ပျားရည် #ထိုင်းသို့အများဆုံးတင်ပို့
#YMG/SW #Yangon_Times
လာမယ့်ကျောင်းဖွင့်ရာသီမှာ အခြေခံပညာကျောင်းတွေက ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းတွေအနေနဲ့ ငွေကြေးလက်ဆောင်လက်ခံခြင်းမပြုကြဖို့နဲ့ ကျောင်းထွက်သူလုံးဝမရှိစေရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ပညာရေးဝန်ကြီးဌာနတိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 20 May 2025
#ငွေကြေးလက်ဆောင်လက်မခံရန် #ဆရာများအား တိုက်တွန်း
#YMG/NN #Yangon_Times
အခုဘဏ္ဍာနှစ်စဖြစ်တဲ့ ဧပြီလတစ်လတာအတွင်း ပြည်ပနိုင်ငံတွေကိုဒေါ်လာ သန်း၃၀နီးပါးတန်ဖိုးရှိ ရေထွက်ကုန်ငါးတန်ချိန် သုံးသောင်းနီးပါးတင်ပို့နိုင်ခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 20 May 2025
#ရေထွက်ကုန် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
Page 210 of 1859