မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထိုင်းဘတ် ၅ သန်းနီးပါး ကို ယမန်နေ့က ထပ်မံ ထုတ်ရောင်းလိုက်ပါတယ်။
#Local_News
Published 29 November 2024
#ထိုင်းဘတ်၅သန်း #ဗဟိုဘဏ်ထပ်မံရောင်း
#YMG/NN #Yangon_Times
အခုအပတ် ငါးရက်တာအတွင်း ပြင်ပရွှေ ဈေး ၁၂သိန်းကျော်ကျဆင်းလာတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 29 November 2024
#ပြင်ပရွှေဈေးကျဆင်း #ရွှေဈေးကွက်
#YMG/NN #Yangon_Times
Yangon, Myanmar, 29 November
The CLMV countries—Cambodia, Laos, Myanmar, and Vietnam—have introduced an initiative for a joint tourism campaign under the banner "Four Countries, One Destination."
The proposal was made during the 7th Meeting of Tourism Ministers of the CLMV countries, held at the Sedona Hotel in Yangon, Myanmar. This initiative aims to strengthen regional tourism collaboration and promote a unified travel experience across the four countries.
During the meeting, the ministers approved the Tourism Cooperation Action Plan (2025-2026), outlining steps to enhance tourism development. Senior officials from the respective tourism ministries and lead country coordinators were tasked with implementing the plan effectively.
The gathering also recognized Myanmar's successful hosting of the event. The meeting was presided over by Myanmar's Union Minister of Hotels and Tourism, Dr. Thant Thant Khine, and attended by tourism ministers from Cambodia, Laos, and Vietnam.
This collaborative effort underscores the commitment of the CLMV countries to boost regional tourism and foster economic growth through shared initiatives.
@knl/ymg
၂၉ နိုဝင်ဘာ ၂၀၂၄
CLMV နိုင်ငံများအကြား လေးနိုင်ငံ ခရီးစဉ်တစ်ခု “ Four Countries, One Destination “ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေး အဆိုပါလေးနိုင်ငံက အဆိုပြုလိုက်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံရန်ကုန်မြို့၊ ဆီဒိုနားဟိုတယ်တွင်ကျင်းပတဲ့ ကမ္ဘောဒီးယား၊ လာအို၊မြန်မာ၊ဗီယက်နမ် CLMV နိုင်ငံများရဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးများ ၏ ၇ ကြိမ်မြောက် အစည်းအဝေးအတွင်း ယင်းကို အဆိုပြု ခဲ့တာဖြစ် ပါတယ်။
ခရီးသွားလုပ်ငန်းတွေထပ်မံမြှင့်တင်ဖို့အတွက် အဆိုပါ “လေးနိုင်ငံ ခရီးစဉ်တစ်ခု” ကို ဆွေးနွေးပြီး အဆိုပြုခဲ့ကြတာဖြစ်ပါတယ်။ ခရီးသွားဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ CLMV နိုင်ငံများရဲ့ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး (၂၀၂၅-၂၀၂၆) အလုပ်အစီအစဉ်ကိုလည်း အတည်ပြုခဲ့ကြ ပါတယ်။
ယင်းအလုပ်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့အတွက် လေးနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတွေရဲ့ အကြီးတန်းအရာရှိများနှင့် ဦးဆောင် နိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေးမှူးတွေကိုလည်း အစည်းအဝေးက တာဝန်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့တာကိုလည်း အစည်းအဝေးက အသိအမှတ် ပြု ချီးကျူးခဲ့ပါတယ်။
အစည်းအဝေးတွင် မြန်မာနစကအစိုးရရဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီးကမ္ဘောဒီးယား၊လာအို၊ ဗီယက်နမ်တို့မှ ခရီးသွားလာရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
@knl/ymg
#World_News
Published 29 November 2024
▪️ အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာအဖွဲ့တို့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကြတယ်လို့ နှစ်ဖက်စလုံးကနေ အပြန်အလှန်စွပ်စွဲခဲ့ပြီးနောက် ကြာသပတေးနေ့ လက်ဘနွန်တောင်ပိုင်းမှာ တာလတ်ပစ် ဒုံးကျည်များ သိမ်းဆည်းထားတဲ့ ဟက်ဇ်ဘိုလာစက်ရုံတစ်ခုကို အစ္စရေးလ်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ပြောလာပါတယ်။
▪️ တောင်ပိုင်းရှိ နေရာအများအပြားမှာ သံသယရှိသူတွေကို ကားတွေနဲ့လာတာ တွေ့တဲ့အတွက်လည်း ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
▪️ ဒီလိုမျိုး သံသယရှိဖွယ် ယာဉ်များရောက်လာတာဟာ ဗုဒ္ဓဟူးနေ့က စတင်အကျုံးဝင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဟက်ဇ်ဘိုလာတို့ ချိုးဖောက်ရာကျတယ်လို့ ပြောထားပါတယ်။
▪️ ဟက်ဇ်ဘိုလာ လွှတ်တော်အမတ် ဟာဆန်ဖက်လယ်လာက အစ္စရေးလ်ဟာ သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ ပြန်စွပ်စွဲလိုက်ပါတယ်။
▪️ ရန်သူအစ္စရေးလ်တို့က နယ်စပ်ရွာတွေကို ပြန်လာကြတဲ့ သူတွေကို တိုက်ခိုက်နေကြပြီး သဘောတူညီချက် ချိုးဖောက်နေတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ ဒါ့အပြင် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တို့မှာ အစ္စရေးလ်တို့က အကြိမ်ကြိမ် ချိုးဖောက်တယ်လို့လည်း လက်ဘနွန်စစ်တပ်က စွပ်စွဲလိုက်ပါတယ်။
▪️ ဂါဇာစစ်ပွဲနဲ့ အပြိုင်ဖြစ်နေတဲ့ လက်ဘနွန်တောင်ပိုင်း ပဋိပက္ခ အဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ ပြင်သစ်တို့က ကြားဝင်ညှိနှိုင်းပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ခိုင်မာခြင်းမရှိတဲ့သဘော မြင်နေရပါတယ်။
▪️ သဘောတူညီချက်က ရက် ၆၀ အကျုံးဝင်မှာဖြစ်ပြီး ရန်လိုတိုက်ခိုက်မှုများ အမြဲတမ်းအဆုံးသတ်စေရန် မျှော်လင့်ထားပါတယ်။
▪️ သဘောတူညီချက်ထဲမှာ လစ်တနီမြစ်တောင်ပိုင်းမှ စစ်ရေးအဆောက်အအုံများကို ရုပ်သိမ်းရမှာဖြစ်ပြီး မြစ်မြောက်ပိုင်းကိုတော့ မပြောထားပါဘူး။
▪️ အစ္စရေးလ်တင့်ကားက လက်ဘနွန်တောင်ပိုင်းရှိ စိုက်ပျိုးရေးလယ်တွေနဲ့ မြို့ ၅ မြို့ကို ပစ်ခတ်ခဲ့တယ်လို့ မီဒီယာတွေနဲ့ လက်ဘနွန်လုံခြုံရေးရင်းမြစ်တွေက ဆိုပါတယ်။
▪️ သဘောတူညီချက်ကနေ သွေဖည်သမျှကို ပစ်ခတ်ဖြေရှင်းရမယ်လို့ အစ္စရေးလ် စစ်ဦးစီးချုပ် ဟာဇီဟာလက်ဗီက ပြောပါတယ်။
▪️ လက်ဘနွန်တောင်ပိုင်း နယ်စပ်နားမှ ထွက်ပြေးသူတွေဟာ သူတို့ရဲ့ နေအိမ်ဥစ္စာတွေကို စစ်ကြည့်ဖို့ ပြန်လာကြပေမယ့် အစ္စရေးလ်တပ်တွေက နေရာချထားဆဲဖြစ်ပါတယ်။
#Source: Reuters
#Local_News
Published 29 November
▪️ ပဋိပက္ခများကြောင့်နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူ ၃.၄သန်းခန်းရှိလာပြီဖြစ်သော်လည်း လူဦးရေ၃သန်းခန့်ကိုသာ လူသားချင်းစာနာမှုအကူအညီများပေးနိုင်သေးကြောင်း ကုလသမဂ္ဂလူသားချင်ယစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)၏လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွာမှ သိရသည်။
▪️ မရပ်မနားဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများမြင့်တက်နေပြီး အရပ်သား ကာ ကွယ်စောင့်ရှောက်ရေးလိုအပ်ချက်များနှင့်အတူ မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကျပ်အတည်း သည် ဆက်လက်ဆိုးဝါးနေဆဲဖြစ်ကြောင်း ၊လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးနှင့် တပ်မတော်တို့အကြားက ပဋိပက္ခသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ကာ ပြင်းထန်လာခဲ့ပြီးနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခုမှ ၁၂ ခုသည်တိုက်ပွဲဒဏ်ကို ခံနေရကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
▪️ "ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အရပ်သားပြည်သူတွေဆီ လူမှုဘဝကယ်ဆယ်ရေးအ ကူအညီ တွေရောက်ရှိဖို့ ရှုပ်ထွေးတဲ့ကန့်သတ်ချက်တွေ ဖယ်ရှားပေးရပါမယ်" ဟု OCHA Myanmar မှ တာဝန်ရိသူတစ်ဦးကပြောသည်။
▪️ ပြင်းထန်သည့်တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်းမှာ စံချိန်တင်များ ပြားလာပြီး၊ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းရှိလာပြီဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အစမှ စက်တင်ဘာလကုန်အထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည်လူဦးရေ ၃ သန်းနီးပါးကို အကူအညီပေးခဲ့ပြီးဖြစ်သော်လည်း ရန်ပုံငွေရရှိမှုအလွန်အမင်းနည်းပါးခဲ့ခြင်းကြောင့် ပြည့်ပြည့်ဝဝ အကူအညီမပေးနိုင်ခဲ့ကြောင်း၊ နှစ်ကုန်ပိုင်းသို့ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း၂၀၂၄ ခုနှစ် လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုန့်ပြန်ရေးလုပ်ငန်းစီမံချက်အတွက် ရန်ပုံငွေသည် ၃၄ ရာခိုင်နှုန်းခန့်သာရရှိခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေးပေါ်အကူအညီများပေးရန်များစွာထိခိုက်ရကြောင်း အစီရင်ခံစာဖော်ပြချက်အရသိရသည်။
#YMG/SW#Yangon_Times
#World_Health
Published 29 November 2024
▪️ ဖုန်မှုန့်တွေထဲမှာ ဘက်တီးရီးယားများ၊ မွှားများ၊ စွန့်ပစ်အညစ်အကြေးများ၊ ပိုးကောင်များ၊ ဆဲလ်သေများ၊ မှိုများ ပါဝင်နေနိုင်ကာ ဖုန်တွေရှိနေခြင်းက ကျန်းမာရေး အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
▪️ လှုပ်ရှားမှုတစ်ခုခုကြောင့် ဖုန်မှုန့်တွေ ရွေ့လျားတဲ့အခါ ရှူရှိုက်မိပြီး ကျန်းမာရေးပြဿနာများ ဖြစ်နိုင်တယ်လို့ ပညာရှင်များ ဆက်စပ်တွေ့ရှိထားပါတယ်။
အချင်း ၂.၅ မိုက်ခရိုမီတာထက် သေးငယ်တဲ့ အမှုန်တွေဟာ အဓိကစိုးရိမ်စရာဖြစ်ပါတယ်။
▪️ ထိုအမှုန်အရွယ်အစားကို မျက်စိနဲ့ မမြင်ရသလို အဆုတ်ထဲအထိရောက်ပြီး သွေးထဲထိပါ ဝင်ရောက်နိုင်ပါတယ်။
▪️ ခဏတာ ထိတွေ့မိရင် ချောင်းဆိုးခြင်း၊ မျက်ရည်ထွက်ခြင်း၊ ရင်ကြပ်ခြင်း၊ လေပြွန်ရောင်ခြင်းတို့ ဖြစ်နိုင်ကာ ကြာရှည်ထိတွေ့မိပါက အဆုတ်လုပ်ဆောင်ချက်၊ နှလုံးလုပ်ဆောင်ချက်တို့ ကျဆင်းစေပြီး အာရုံကြောပြဿနာများ၊ ကင်ဆာနဲ့ အသက်အန္တရာယ်အထိပါ ဖြစ်နိုင်ပါတယ်။
▪️ လတ်တလော သုတေသနမှာဆိုရင် အိမ်တွေမှာတွေ့ရတဲ့ ဖုန်မှုန့်တွေထဲမှာ ခဲနဲ့ ပိုးသတ်ဆေးတို့လို အဆိပ်သင့်အရာများအပြင် ကင်ဆာဖြစ်စေတဲ့ PFA ဓာတုပစ္စည်းတွေလည်း တွေ့ရပါတယ်။
▪️ မလိုလားအပ်တဲ့ အရာဝတ္ထုတွေ ပုံနေတာကို ရှင်းပစ်သင့်ပါတယ်။
ဖုန်တွေအလိပ်လိုက် တက်နေရာကနေ ဦးနှောက်၊ စိတ်အခြေအနေစတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်တာကြောင့် အိမ်မှာ ပစ္စည်းအနည်းငယ်ပဲ ထားမယ်ဆိုရင် ဖုန်တွေလည်း အနည်းငယ်သာ စုပြုံနိုင်ပါတယ်။
▪️ The Dust Test လိုမျိုး စစ်ဆေးရေးပစ္စည်းများဖြင့် ဖုန်မှုန့်ထဲမှာ အညစ်အကြေး ဘယ်လောက်ပါလဲဆိုတာသိရှိနိုင်ပြီး အကယ်၍ ဘက်တီးရီးယားများ၊ မှိုများ ပါဝင်တယ်ဆိုပါက မူလရင်းမြစ်နေရာကို ဖော်ထုတ်သင့်ပါတယ်။
▪️ ဖုန်တွေကို အလွယ်တကူ ရှင်းလင်းနိုင်မယ့် ပစ္စည်းကိရိယာတွေကို အဆင့်သင့်ထားသင့်ပါတယ်။
▪️ ဒါ့အပြင် အိမ်တွင်းအပင်စိုက်ပျိုးခြင်းကလည်း ဖုန်တွေကို လျော့ပါးစေနိုင်ပါတယ်။
▪️ ထွက်လာတဲ့ ဖုန်တွေက လေထဲကိုပျံ့နှံ့တာကြောင့် သန့်ရှင်းရေးလုပ်တဲ့အခါ အပေါ်ကနေ အောက်ကိုရှင်းလင်းသင့်ပြီး ဖြစ်နိုင်ရင် လေသန့်စင်စက်ကို အသုံးပြုသင့်ပါတယ်။
#Source: New York Post
#World_Science
Published 29 November 2024
▪️ ဘော်လ်တိတ်ပင်လယ်ထဲက အထီးကျန်နေတဲ့ လင်းပိုင်တစ်ကောင်ဟာ သူ့ကိုယ်သူ စကားပြောနေတာကို သိပ္ပံပညာရှင်များ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
▪️ လင်းပိုင်တွေက ပေါင်းသင်းဆက်ဆံတတ်တဲ့ တိရိစ္ဆာန်တွေလို့ သိထားကြပြီး တစ်ကောင်နဲ့တစ်ကောင် ပြုံးပြကြတယ်လို့လည်း တွေ့ရှိထားပါတယ်။
▪️ ယခုအခါမှာတော့ ဒိန်းမတ်နိုင်ငံ ဆဗင်ဘော့ဂ်ဆန် တူးမြောင်းအနီးရှိ ဒဲလ်လို့အမည်ရတဲ့ အထီးကျန် လင်းပိုင်ဟာ သူ့ကိုယ်သူ စကားပြောနေတာကို သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။
▪️ အသံဖမ်းကိရိယာတစ်ခုကို အသုံးပြုရာမှာ လင်းပိုင်က သူ့ကိုယ်သူပြောနေတယ်လို့ ခံစားမိခဲ့ကြပါတယ်။
▪️ ဒိန်းမတ်တောင်ပိုင်းတက္ကသိုလ်မှ ဇီဝပညာရှင် အော်လ်ဂါဖီလာတိုဗာက ထိုကိရိယာကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
▪️ အသံဖမ်းရာမှာ ကြိမ်နှုန်းအမျိုးမျိုးရှိတဲ့ အသံအမျိုးအစားပေါင်း ၁၀၈၃၃ မျိုးကို ၆၉ ရက်ကျော်အတွင်း ဖမ်းယူရရှိခဲ့ပါတယ်။
▪️ လင်းပိုင်ကနေ ထွက်လာတဲ့ လေချွန်သံကလည်း ၃ မျိုးကွဲထွက်နေတာကို ဖမ်းယူရရှိခဲ့ပါတယ်။
▪️ သူတို့ရဲ့ လေချွန်သံတွေက တစ်ကောင်နဲ့ တစ်ကောင် မတူညီကြဘူးလို့ ဖီလာတိုဗာက ပြောပါတယ်။
▪️ ဒဲလ်တစ်ကောင်လို့သာ မသိထားဘူးဆိုရင် လင်းပိုင်အနည်းဆုံး ၃ကောင်လောက် ပြောဆိုနေကြတယ်လို့ ထင်မိမှာဖြစ်ကြောင်း ဆိုပါတယ်။
▪️ သာမန်အားဖြင့် ထိုအသံတွေဟာ ယင်းတို့ဆက်ဆံပြောဆိုကြတဲ့ အသံတွေဖြစ်နေပြီး ဒဲလ်က တစ်ကောင်တည်း ဖြစ်နေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
#Source: WION
၂၈ နိုဝင်ဘာ ၂၀၂၄
နိုင်ငံတကာရာဇဝတ်မှုတရားရုံးအနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါ် တရားစွဲဆိုခွင့်မရှိဘူး လို့ တရုတ်နိုင်ငံက သွယ်ဝိုက်ပြောကြားလိုက်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးအနေနှင့် ယင်းရဲ့ ဥပဒေများအရ အဖွဲ့ဝင်နိုင်ငံမဟုတ်သော နိုင်ငံတစ်ခုမှ နိုင်ငံသားများက အခြား အဖွဲ့ဝင်နိုင်ငံမဟုတ်သောပိုင်နက်တစ်ခုအပေါ် ကျူးလွန်သော လုပ်ရပ်အတွက် တရားစီရင်ပိုင်ခွင့်မရှိဘူး လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စ မော်နင်းက နိုဝင်ဘာ ၂၈ ရက်ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မေးခွန်းတစ်ခုကိုပြန်လည်ဖြေဆိုတုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အရေးကိစ္စသည် သမိုင်းအရ၊လူမျိုးနွယ်များအရနှင့် ဘာသာရေးနောက်ခံများအရ ရှုပ်ထွေး လှသည့်ကိစ္စဖြစ်တယ်လို့လည်း မစ္စ မော်နင်းကပြောကြားခဲ့ပါတယ်။
အဲဒါကြောင့် ရခိုင်ကိစ္စသည် နည်းလမ်းပေါင်းစုံဖြင့် ချင့်ချင့်ချိန်ချိန် ချည်းကပ်ဖြေရှင်းဖို့လိုအပ်ကြောင်း လည်းသူမကဆက်ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ရင်းနှီးတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံအနေနှင့် ရခိုင်ပြည်နယ်မှာ အခြေအနေ ဖြစ်ပေါ်တိုးတက် မှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး အခြေအနေတွေတည်ငြိမ်ပြီး အရှိန်တွေလျော့သွားထို့ နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ အတူဆောင်ရွက်ဖို့ တရုတ်နိုင်ငံက အဆင်သင့်ရှိနေတယ်လို့ သူမကပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးကို ဖမ်းဝရမ်းထုတ်နိုင်ရေးအတွက် အိုင်စီစီရဲ့ ရှေ့နေချုပ်က ကြိုးစားနေတာဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခ စိုးရိမ်မှုလျော့ကျလာတာကြောင့် ရေနံနဲ့ ရွှေဈေးနှုန်းများ တနင်္လာနေ့က သိသိသာသာ ကျဆင်းသွားကာ အနောက်တက္ကဆပ် အင်တာမီဒီယိတ်(WTI) ရေနံစိမ်းဈေးကွက်နဲ့ နိုင်ငံတကာရွှေဈေးနှုန်းတို့ ၃ ရာခိုင်နှုန်းကျော် ကျဆင်းလာပါတယ်။
#World_Business
Published 28 November 2024
#အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာ #ရွှေဈေးကျဆင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 November 2024
၁။ ပို့ကုန်အခြေပြုအရန်ဆန် အိတ်ရေ ၈ သိန်းအထိရှိသောကြောင့် ပြည်တွင်း ဆန်ပြတ်လပ်မှုမရှိနိုင်ဟု MRF ဥက္ကဋ္ဌပြော
၂။ အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာ့ရိုးရာသိုင်းအားကစားသမားများစခန်းသွင်းလေ့ကျင့်ခြင်းများပြုလုပ်နေ
၃။ ကျိုက်ထီးရိုးစေတီတော်သို့ တစ်လကျော်အတွင်း နိုင်ငံခြားသား ဧည့်သည်များအပါအဝင် ဘုရားဖူးတစ်သိန်းခုနှစ်သောင်းကျော်လာရောက်ဖူးမျှော်
၄။ အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာ အပစ်အခတ်ရပ်စဲရေးသတင်းများကြောင့် နိုင်ငံတကာရေနံနှင့်ရွှေဈေးကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမယ့် စတုတ္ထ အကြိမ်မြောက် မြန်မာ့နွားသိုးအလှ၊ အသားတိုးနွား၊ နို့စားနွားနှင့် ဆိတ်အလှပြပွဲပြိုင်ပွဲမှာ နွားနဲ့ဆိတ်ကောင်ရေ ၁၅၀ခန့် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 28 November 2024
#ဆိတ်အလှပြပွဲ #မြန်မာ့နွားသိုးအလှ
#YMG/NN #Yangon_Times
Page 212 of 1681