#Local_News
Published_15 May 2025
▪️ ယခုနှစ် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ 9𝒕𝒉 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐅𝐚𝐢𝐫 (𝐌𝐲𝐚𝐧𝐦𝐚𝐫)ကို မေလ ၂၄ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။
▪️ ယင်းပညာရေးပြပွဲကို မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် (၉)ကြိမ်မြောက်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲအတွင်း ထိုင်းနိုင်ငံရှိ နိုင်ငံတကာအဆင့်မီ နာမည်ကျော်တက္ကသိုလ် ကျောင်း (၂၀) မှ ပါဝင်ပြသမည်ဖြစ် သော ကြောင့် ပြပွဲသို့လာရောက်သည့် မြန်မာကျောင်းသားကျောင်းသူများအနေဖြင့်ထိုင်းနိုင်ငံ၏ တက္ကသိုလ်၊ ကောလိပ်များ၊ ပညာ ရေး အဖွဲ့အစည်း များ၊ကိုယ်စားလှယ်များထံမှသတင်းအချက်အလက် များကို တစ်နေရာတည်းတစ်ပြိုင်တည်းရယူနိုင်မည်ဖြစ်၍ အခွင့်အလမ်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ St Teresa International University ၊Stamford University၊ Ignite Education၊King Mongkut's University of Technology North Bangkok (KMUTNB)၊Mahidol University International College (MUIC)၊Southeast Bangkok University, Thailand၊ King Mongkut's Institute of Technology Ladkrabang(KMITL)၊Asian Institute of Technology (AIT) ၊University of the Thai Chamber of Commerce (UTCC)၊Assumption University ၊North Chiang Mai University၊Asian Maritime International College(AMCOL)၊MUT International College (MUTIC)၊Dusit Thani International College၊Bangkok University ၊Silpakorn University International College ၊Thammasat Business School, Thammasat University ၊ The Global Academy at Siam University ၊ Asian Institute of Hospitality Management(AIHM)၊ Dhurakij Pundit University (DPU) စသည့် တက္ကသိုလ်များမှ တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ပညာရေးပြပွဲသို့မည်သူမဆိုဝင်ကြေးအခမဲ့ဖြင့်လာရောက်လေ့လာနိုင်မည်ဖြစ်ပြီးထိုင်းတက္ကသိုလ်အများအပြားနှင့်တိုက်ရိုက်ဆွေးနွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 15 May 2025
ယနေ့မနက်ပိုင်း မတ္တရာနှင့်ဆွာမြို့အနီး၌ ငလျင်ငယ်များလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာမှ သိရသည်။
ထိုသို့လှုပ်ခတ်ရာတွင် ယနေ့မနက် မြန်မာစံတော်ချိန် ၅ နာရီ၂၈မိနစ်အချိန်က မန္တလေးမြို့မှ မြောက်ဘက်၊ပိုင်း ၁၉ မိုင်ခန့်၊ မတ္တရာမြို့အနောက်မြောက်ဘက် ၅ မိုင်ကျော်ခန့်အကွာ မြေအောက်ဒေသအနက် ၆ မိုင်ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၃.၂ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ယနေ့မနက် မြန်မာစံတော်ချိန် ၈ နာရီ၄၂မိနစ်အချိန်ကလည်း ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှ မြောက်ဘက်၊ပိုင်း ၂၃ မိုင်ခန့်၊ ရေတာရှည်မြို့မြောက်ဘက် ၇ မိုင်ကျော်ခန့်အကွာ ဆွာအနီး ကညင်အိုင်ကျေးရွာကိုဗဟိုပြုကာ မြေအောက်ဒေသအနက် ၆ မိုင်ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၃.၀ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားသွားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 15 May 2025
▪️ ရန်ကုန်တက္ကသိုလ်တွင် စားသောက်ကုန်လုပ်ငန်းအတတ်ပညာသင်တန်းကို သုံးလကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ဖွင့်လှစ်ရာတွင်ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology)သင်တန်းကို မေလ (၂၀)ရက်နေ့ တွင်စတင်ဖွင့်လှစ် ပြီး သင်တန်းကာလမှာ (၃)လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများမှစတင် လျှောက်ထားနိုင်ပြီး၊ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ (၁၃)ရက်နေ့မှ မေလ (၁၆)ရက်နေ့အထိ လာရောက်လျှောက်ထားနိုင်ကြောင်း ၊ ယင်း
သင်တန်းကို အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေတို့တွင် မနက် (၇) နာရီမှ (၉)နာရီအထိ တက်ရောက်ရမှဖြစ်ကာ သင်တန်းကြေးမှာ တစ်သိန်းကျပ်တိတိ ပေးသွင်းရမည် ဖြစ်သည်။
▪️ ထိုသင်တန်းတွင် အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းပညာရပ်တို့အပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးထိန်းချုပ်ခြင်းနှင့် အာဟာရလုံလောက်မှုတို့ကိုပါ သိရှိနားလည်စေရန် သင်ကြားပေးသွားမည် ဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက Cerficate in Food Technology အောင်လက်မှတ်ကိုလည်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စုံစမ်းလိုပါက ရန်ကုန်တက္ကသိုလ်ရှိ ကုန်ထုတ်ဗေဒဌာနသို့ လူကိုယ်တိုင်သွား၍ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၉၄၃၈၄၉၄၁၅၊ ၀၉-၈၈၃၄၉၁၈၉၀ တို့ကို ရုံးချိန်အတွင်း ဆယ်သွယ်မေးမြန်းနိုင် ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 15 May 2025
▪️ တရုတ်နိုင်ငံမှပေးပို့လှူဒါန်းသည့်ယာယီနေအိမ်များကို မန္တလေး၊စစ်ကိုင်းနှင့် နေပြည်တော်သို့ ခွဲဝေပို့ဆောင်ေပးထားကြောင်းခွဲဝေပို့ဆောင်ေပးထားကြောင်းနိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
▪️ ယာယီနေအိမ်အဖြစ် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Prefabricated Houseအလုံး ၄၅၀၀ အနက် ၁၅၇၆ လုံးသည် ၉-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ထို၁၅၇၆လုံးတွင် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ ၂၁၆ လုံး၊ နေပြည်တော်သို့ ၁၈၄ လုံးတို့ကို ၁၁-၅-၂၀၂၅ ရက်နေ့တွင် မြန်မာ့မီးရထားဖြင့် ပို့ဆောင်ခဲ့ရာ ၁၂-၅-၂၀၂၅ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း၊ထိုရောက်ရှိလာသည့်ယာယီအိမ်များကို ဖြန့်ခွဲဆောင်ရွက်လျက်ရှိပြီး ထပ်မံပို့ဆောင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထို့အပြင် ယာယီရုံးအဖြစ် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Prefabricated Office အလုံး ၅၀၀ အနက် အလုံး ၃၄၀သည် ၂-၅-၂၀၂၅ ရက်နေ့တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ ၂၁၆ လုံးကို နေပြည်တော်သို့ ၆-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးသို့ အလုံး ၈၀ နှင့် နေပြည်တော်သို့ ၄၄ လုံးတို့ကို ၁၂-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း မြန်မာ့မီးရထားဖြင့် သယ်ဆောင်ခဲ့ပြီးဖြစ်၍ ယာယီရုံးခန်းများအဖြစ် အသုံးပြုနိုင်ရန် ဖြန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ မေလ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဘရာဇီးနိုင်ငံနှင့် ဗင်နီဇွဲလားဘိုလီဗာရီယန်သမ္မတနိုင်ငံတို့မှ ထပ်မံပေးပို့လှူဒါန်းလာသော တာပေါ်လင်/ မိုးကာစ၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ရေသန့်စက်၊ ဆေးနှင့်ဆေးပစ္စည်းများအနက် ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန)သို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ပစ္စည်းများကို ဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ ဖြန့်ခွဲပေးပို့ပြီးဖြစ်ကြောင်း၊တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဒီဇယ်ဆီ တန် ၃၀၀၀၀၊ ဓာတ်ဆီ တန် ၂၀၀၀၀ အနက် ဒီဇယ်ဆီ တန် ၁၈၀၀၀ သည် ၂-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ဓာတ်ဆီတန် ၁၇၀၀၀ သည် ၇-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိခဲ့ရာ စွမ်းအင်ဝန်ကြီးဌာနက စနစ်တကျ သိမ်းဆည်းသိုလှောင်၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 15 May 2025
▪️ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားပြီး မေ ၂၂ ရက်မှစ၍ ကျောင်းအပ်နှံနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ဌာနက ထုတ်ပြန်သည်။
▪️ ထုတ်ပြန်ချက်တွင် ငါးနှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရန်နှင့် ခြောက်နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရန် အသိပေးထားပြီးမိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်အနေဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန်၊ ငွေကြေးသို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအားပေးအပ်ခြင်း မပြုရန်၊ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်ရန်၊ ပညာသင်ကာလအတွင်းစစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ E-စီးကရက်(Vape)၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး ၊ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေးတို့ကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း အသိပေးထားသည်။
ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ပေးရန်နှင့် ဆေးကုသမှုခံယူနိုင်ရေးကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သတ်မှတ်ကြိမ်ရေပြည့်မီအောင် ထိုးနှံကြရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ မိဘများအနေဖြင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကြံပြုကြရန် စသဖြင့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို အဆင့်ဆင့် ဆက်လက် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်ကိုလည်း ကျောင်းသားမိဘများအားအသိပေးတိုက်တွန်းထားသည်။
#YMG/SW #Yangon_Times
#Local_News
Published_14 May 2025
▪️ တရုတ်အစိုးရက ငလျင်ဒဏ်သင့်ဒေသများအတွက် ရွေ့လျားခွဲစိတ်ခန်း ၉၅ ခု အပါအဝင် အသင့်နေအိမ်နှင့်ဆက်စပ်ပရိဘောဂ (၁၈၀၄)စုံ ထပ်မံ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
▪️ ယင်းမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ (၁၄)သုတ်မြောက်ဖြစ်ပြီး မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် သီလဝါဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း မြန် မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ကသိရသည်။
▪️ အဆိုပါ အကူအညီပစ္စည်းများတွင် Prefabricated House နှင့် ဆက်စပ် ပရိဘောဂများ(၁၈၀၄)စုံနှင့် ရွေ့လျား ခွဲစိတ်ခန်း(၉၅)စုံတို့ပါဝင်ကြောင်း ၊မေလ ၁၄ ရက် ရန်ကုန် တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းထံသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_15 May 2025
▪️ သဘာဝဓာတ်ငွေ့ရည် ( LNG) သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ် ဓာတ်အား အမြန်ဆုံး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
▪️ အဆိုပါဌာနက ထုတ်ပြန်ချက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အများပြည်သူ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာဖြည့် ဆည်းပေးနိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံတော်အတွင်း စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များသို့ ဓာတ်အားစဉ် ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လည်းကောင်း ကာလတိုအနေဖြင့် သီလဝါ(သန်လျင်) နှင့် သာကေတ သဘာဝဓာတ်ငွေ့ရည်(LNG) သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း ဖော်ပြထားသည်။
▪️ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ရေအား(၃၀) ရုံ၊ (၃,၂၃၂) မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ (၂၆) ရုံ၊ (၃,၂၆၈) မဂ္ဂါဝပ်၊ ကျောက်မီးသွေး(၂) ရုံ၊ (၁၃၈) မဂ္ဂါဝပ်၊ နေရောင် ခြည်(၈) ရုံ (၂၄၀) မဂ္ဂါဝပ် ရှိပြီး နိုင်ငံတော်ဓာတ် အားစနစ်သို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်တဲ့ စက်တပ်ဆင်အင်အား စုစုပေါင်းမှာ (၆,၈၇၈) မဂ္ဂါဝပ် ရှိကြောင်း သိရသည်။
▪️ သို့ရာတွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်ပေးလျက်ရှိသော ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ဓာတ်အား ပမာဏလျော့နည်းမှု (၅၉၇) မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ရရှိမှု လျော့နည်းလျက်ရှိသဖြင့် (၁၅၉) မဂ္ဂါဝပ်၊ ရာဂီမုန်တိုင်းကြောင့် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော အထက်ပေါင်း လောင်းရေအားစက်ရုံအား အကြီးစားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေရ သဖြင့် (၁၄၀) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသဖြင့် စုစုပေါင်း (၈၉၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိကြောင်း သိရသည်။
▪️ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားလိုင်း တာဝါတိုင်များ၊ ကွန်ကရစ်တိုင်များကိုလျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၏ ဝန်ထမ်းများမှ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် အကြမ်းဖက်တိုက်ခိုက်မှုများကြုံတွေ့ရသော်လည်း ပြုပြင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ ထိုကဲ့သို့ ဓာတ်အားထုတ်လုပ်မှုလျော့နည်းလျက်ရှိသဖြင့် ယခုကာလတွင် (၁) ရက်လျှင် ပျမ်းမျှ (၂,၃၀၀) မဂ္ဂါ ဝပ်ခန့်သာ ထုတ်လုပ်ပေးနိုင်ပြီး စက်တပ်ဆင် အင်အား၏ (၅၀) % ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ပြီး လက် ရှိကာလတွင် နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ (၃,၄၀၀) မဂ္ဂါဝပ် ဝန်းကျင်ခန့် လိုအပ် သဖြင့် (၁,၁၀၀) မဂ္ဂါဝပ်ဝန်းကျင်ခန့်ကို ဝန်အား လျှော့ချထိန်းညှိမှု (Loadshed) ဆောင်ရွက်ရလျက်ရှိကြောင်း သိရသည်။
▪️ လက်ရှိဓာတ်အား ထုတ်လုပ်နိုင်မှုအရ မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးသို့ ၅၂ % ၊ မန္တလေး တိုင်းဒေသ ကြီးသို့ ၁၇ % ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၃၁ % ဖြင့် အချိုးကျ ဓာတ်အား ခွဲဝေ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 15 May 2025
▪️ မွမ်ဘိုင်းမှာ ပထမဆုံး ကြိုးမဲ့နှလုံးခုန်စက်ကို အသက် ၉၂ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာမကြီးရဲ့ လည်ပင်းသွေးပြန်ကြောကနေ ထည့်သွင်းနိုင်ခဲ့ပါတယ်။
▪️ အင်္ဂလိပ်စာနဲ့ သမိုင်းဆရာမဟောင်း အယ်လီဇဘက်ဖီဂျာဒိုဟာ အသက်ရှူကြပ်ခြင်း၊ မူးဝေခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်းတို့ ခံစားခဲ့ရပြီး မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ အသက်ရှူမရဘဲ နိုးလာခဲ့တယ်လို့ သားဖြစ်သူ ဝီဖရက်ဖီဂျာဒိုက ပြောပါတယ်။
▪️ ဆရာဝန်တွေက သူမရဲ့နှလုံးခုန်နှုန်းကို ချက်ချင်းပြုပြင်ဖို့ အကြံပေးခဲ့ပါတယ်။
▪️ မတ်လ ၂၃ ရက်နေ့မှာ SL ရာဟီဂျာဆေးရုံမှ ဒေါက်တာ ဟာရက်ရှ်မက်တာနဲ့အတူ ဒေါက်တာ ကာယန်ဆီယိုဒီယာ၊ ဒေါက်တာ ရက်ဟက်နက်ပယ်တို့က အသေးစားခွဲစိတ်မှုပြုလုပ်ပြီး ရင်ဘတ်ခွဲစိတ်စရာမလိုတဲ့ ကြိုးမဲ့နှလုံးခုန်စက်လေးကို ထည့်သွင်းခဲ့ပါတယ်။
▪️ ခန္ဓာကိုယ်ပြဿနာတွေနဲ့ ခြေထောက်မှ သွေးကြောများရဲ့ အခြေအနေကြောင့် လည်ပင်းသွေးပြန်ကြောကနေ စက်ကိုထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
▪️ ECG ထဲမှာ အယ်လီဇဘက်ဟာ နှလုံးလုံးဝပိတ်ဆို့နေခဲ့ပြီး ချက်ချင်းဆောင်ရွက်ဖို့ လိုအပ်ခဲ့ပါတယ်။
▪️ သာမန်နှလုံးခုန်စက်တွေဆိုရင် ခဲကြိုးများပါဝင်ပြီး အရေပြားအောက် ထည့်သွင်းရတာဖြစ်ကာ ယခုကြိုးမဲ့စက်ကတော့ ၂ လက်မခန့်သာရှိပြီး နှလုံးထဲကို တိုက်ရိုက်ထည့်သွင်းရပါတယ်။
▪️ ညာဘက်သွေးလွှတ်ခန်းထဲသို့ တိုက်ရိုက်ထည့်သွင်းခဲ့တာဖြစ်ပြီး လျှပ်စီးလှုံ့ဆော်မှုပေးကာ နှလုံးခုန်နှုန်းမှန်စေမှာ ဖြစ်ပါတယ်။
▪️ စက်ဟာသေးငယ်တဲ့အတွက် ရောဂါပိုးကူးစက်နိုင်ခြေနည်းသလို ခွဲစိတ်မှုကြီးကြီးမားမားလည်း မလုပ်ရတာကြောင့် အမာရွတ်မကျန်ပါဘူး။
▪️ ကြိုးမဲ့နှလုံးခုန်စက်က လူတိုင်းအတွက် မသင့်လျော်တာကြောင့် နှလုံးအထူးကုကြီးတစ်ယောက်မှ စေ့စပ်သေချာစွာ အကဲဖြတ်ခဲ့ပြီးနောက် အယ်လီဇဘက်အတွက် အသင့်လျော်ဆုံးကြိုးမဲ့နှလုံးခုန်စက် ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဒေါက်တာ မက်တာက ပြောပါတယ်။
▪️ အခုဆိုရင် လူနာက အပြည့်အဝသက်သာလာကာ မိသားစုနဲ့အတူ ရှိနေပြီဖြစ်ပါတယ်။
#Source: India Today
#World_News
Published 15 May 2025
▪️ မက္ကဆီကိုမှ အွန်လိုင်းနာမည်ကြီး အလှအပရေးရာ TikTok Influencer အမျိုးသမီး ဗယ်လာရီယာမားကွက်ဇ်ဟာ ဆိုရှယ်မီဒီယာ ဖော်လိုဝါပေါင်းသောင်းချီရှေ့မှာ တိုက်ရိုက်ပြသနေစဉ်မှာပဲ သေနတ်ပစ်သတ်ခံလိုက်ရပါတယ်။
▪️ မော်တော်ဆိုင်ကယ်စီးလာကာ လက်ဆောင်ပစ္စည်း လာပို့သူဟန်ဆောင်ထားတဲ့ သေနတ်သမားက မက္ကဆီကို ဂျာလစ္စကိုရှိ သူမရဲ့ Blossom the Beauty Lounge အလှပြင်ဆိုင်ထဲမှာပဲ အင်္ဂါနေ့က ဝင်ရောက်ပစ်ခတ်သွားတာဖြစ်ကြောင်း El Imparcial က ဖော်ပြထားပါတယ်။
▪️ အသက် ၂၃ နှစ်ရှိပြီး ညှို့အားပြင်းတဲ့ ရွှေအိုရောင်ဆံပင်ပိုင်ရှင်ဟာ TikTok နဲ့ Instagram တို့မှာ ဖော်လိုဝါ ၂ သိန်းနီးပါးရှိထားပါတယ်။
▪️ ရင်ဘတ်နဲ့ ဦးခေါင်းတို့မှာ ကျည်ဆံထိမှန်ခဲ့ပြီး ခြောက်ခြားဖွယ်ရာပုံစံ ဖြစ်နေခဲ့ပါတယ်။
▪️ သေနတ်သမားက ဆိုင်အပြင်ဘက်မှာ ဆိုင်ကယ်ပေါ်မှဆင်းလာပြီး ပစ်ခတ်ချိန်မှာ မားကွက်ဇ်က တိုက်ရိုက်ပြသနေဆဲဖြစ်ပါတယ်။
▪️ ကြည့်ရှုနေသူတွေကတော့ မားကွက်ဇ်တစ်ယောက် သွေးသံရဲရဲဖြစ်ခဲ့ပုံကို ကင်မရာကနေ မျက်မြင်လက်တွေ့ ကြည့်ခဲ့ရပြီး နံရိုးနားကိုဖုံးဖိပြီးနောက် ကြမ်းပြင်ပေါ်လဲကျသွားပါတယ်။
▪️ သေနတ်သမားက အလှပြင်ဆိုင်ထဲ ဝင်ရောက်လာပြီး ထွက်မပြေးခင်မှာ နောက်တစ်ကြိမ်ပစ်ခတ်သွားတဲ့ပုံပေါ်ပါတယ်။
▪️ အလှအပရေးရာနဲ့ နေထိုင်စားသောက်မှုပုံစံ အကြောင်းအရာတွေကို အွန်လိုင်းကနေ မျှဝေပြီး နာမည်ကြီးလာတဲ့ မားကွက်ဇ်ကို အခင်းဖြစ်ပွားရာမှာပဲ သေဆုံးသွားကြောင်း ကြေညာခဲ့ပါတယ်။
▪️ အသတ်မခံရခင် နာရီပိုင်းအလိုကပဲ အလှပြင်ဆိုင်ထဲမှာ ရိုက်ထားတဲ့ ဆယ်လ်ဖီတစ်ပုဒ်ကို Instagram Story မှာ တင်ခဲ့ပါသေးတယ်။
▪️ ရဲတွေက သေနတ်သမားကို ခြေရာခံဖို့ ကြိုးစားနေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးရေးတွေက ပစ်သတ်ရတဲ့ အကြောင်းအရင်းကို မပြောနိုင်သေးပါဘူး။
#Source: New York Post
#Local_News
Published_15 May 2025
▪️ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၉ဝ ဦးကို ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံထိန်းသိမ်းခဲ့ကြောင်း သိရသည်။
▪️ ယင်းအီသီယိုးပီးယားနိုင်ငံသား ၉၀ ဦးအား ယနေ့ မေလ ၁၄ ရက်တွင်မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှု တို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲ ပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ များနှင့်တွေ့ ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေး၊ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
▪️ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးစော ထွန်းအောင် နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယားဖယ်ဒရယ် ဒီမိုကရက်တစ်သမ္မတ နိုင်ငံ သံရုံးမှ Second Secretary Mr. Wendwosen Melkamu နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင် မှုကြီး ကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင် ရာနိုင် ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံ ရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ် တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ အလားတူ ယနေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သော မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သ လေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများ သို့ တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၁၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၁၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာ သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၇၀ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၂၂၂ ဦးကို ထိုင်းနိုင်ငံ မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲ ပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၈၄၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ် ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။
#Yangon_Times/PP
#World_Health
Published 15 May 2025
▪️ ညဘက်အိပ်စက်မှုကို အားပေးနိုင်တဲ့ မယ်လတိုနင်ပါဝင်တဲ့ ပစ္စည်းတွေဟာ လူသုံးများလာပါတယ်။
▪️ ဒီဟော်မုန်းဟာ ဦးနှောက်ထဲမှာ သဘာဝအတိုင်း ထွက်ရှိစေနိုင်တာကြောင့် ဖြည့်စွက်ဆေးမသုံးဘဲနဲ့ မယ်လတိုနင်အထွက်များအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေရှိတယ်လို့ Liquivida တည်ထောင်သူ ဆမ်တက်ဂျာဒါက ပြောသွားပါတယ်။
(၁) နေရောင်ထိတွေ့ခြင်း
▪️ နံနက်ခင်းမှာ သဘာဝအလင်းရောင် ထိတွေ့ခြင်းဖြင့် ကိုယ်တွင်းဖြစ်စဉ်လည်ပတ်မှုကို ထိန်းညှိပေးကာ နောက်ပိုင်းမှာ မယ်လတိုနင်ထွက်ရှိဖို့ လှုံ့ဆော်ပေးပါတယ်။
(၂) ညဘက်အလင်းပြာလျှော့ချခြင်း
▪️ ဖုန်း၊ တီဗီ၊ ကွန်ပျူတာဖန်သားပြင်မှ အလင်းပြာက မယ်လတိုနင်ထွက်ရှိခြင်းကို လျော့နည်းစေနိုင်ပါတယ်။
(၃) မယ်လတိုနင်ကြွယ်ဝသောအစားအစာများ
▪️ ချယ်ရီသီး၊ ငှက်ပျောသီး၊ သစ်ကြားသီး၊ အုတ်ဂျုံတို့မှာ မယ်လတိုနင်ပါဝင်ပြီး ညနေပိုင်းစားခြင်းဖြင့် အကျိုးကျေးဇူး ရရှိစေနိုင်ပါတယ်။
(၄) ထရစ်တိုဖန် တိုးမြှင့်ခြင်း
▪️ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ ထရစ်တိုဖန်က ဆယ်ရိုတိုနင်ထုတ်လုပ်ပေးကာ မယ်လတိုနင်အဖြစ်သို့ ပြောင်းလဲစေပြီး ကြက်ဆင်သား၊ အခွံမာသီး၊ အစေ့အဆန်တို့မှာ ဆယ်ရိုတိုနင် ပါဝင်ပါတယ်။
(၅) အိပ်ချိန်မှန်ကန်စွာထားခြင်း
▪️ နေ့စဉ်နေ့တိုင်း အိပ်ချိန်ထချိန်မှန်အောင်လုပ်ပေးရင် ခန္ဓာကိုယ်ကနေ မယ်လတိုနင် သဘာဝအတိုင်းထွက်စေပါတယ်။
(၆) အိပ်ရာမဝင်ခင် ၂ နာရီခြားပြီးနောက်ဆုံးစားခြင်း
▪️ အစာရှိတဲ့အချိန်မှာ အစာခြေနေရတာကြောင့် ခန္ဓာကိုယ်ထဲလှုပ်ရှားနေစေကာ ရင်ပူခြင်း၊ အက်ဆစ်လျှံတက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
(၇) စိတ်ငြိမ်သက်အောင်ကျင့်ခြင်း
▪️ ဖိစီးမှုများရင် မယ်လတိုနင်ထွက်ရှိမှု အနှောင့်အယှက်ဖြစ်စေပြီး တရားထိုင်ခြင်း၊ အသက်ရှူခြင်း၊ ရေနွေးစိမ်ခြင်းတို့က ခန္ဓာကိုယ်နဲ့စိတ်ကို ပြေလျော့စေပါတယ်။
#Source: New York Post
စက်ဖြင့်ပြုလုပ်တဲ့ မာဂျောင်အတုံးတွေဟာ ဈေးနှုန်းသက်သာသလို လက်ဖြင့်ပုံဖော်သူ နောက်ဆုံးမျိုးဆက်တွေဟာလည်း အသက်အရွယ်ကြီးလာသဖြင့် လက်လုပ်မာဂျောင်တွေနေရာမှာ အစားထိုးဝင်ရောက်လာကြကာ ဟောင်ကောင်မှာ မာဂျောင်လက်ထွင်းလက်မှုပညာ တိမ်ပါးလာပါတယ်။
#World_Culture
Published 14 May 2025
#မာဂျောင်လက်ထွင်းလက်မှုပညာ #တိမ်ကောပပျောက်
#YMG #Yangon_Times #Yangon_Media_Group
Page 216 of 1859