#Local_News
Published 16 May 2025
▪️ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပိုမိုတိုးတက်စေရေး မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၁၃-၅-၂၀၂၅ ရက်တွင် ချုံချင့်မြို့၌ ကျင်းပခဲ့သည့် မြန်မာ-ချုံချင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးမိတ်ဆက်ဆွေးနွေးပွဲ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
▪️ အခမ်းအနားကို ချုံချင့်မြူနီစီပယ်အစိုးရနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ တို့မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင် ညွှန်ကြား ရေးမှူးချုပ် Mr. Zhang Yongwu နှင့် တာဝန်ရှိသူများ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ဝင်များ၊ မြန်မာကောင်စစ်ဝန်ချုပ်၊ ချုံချင့်မြူနီစီပယ် အစိုးရတာဝန်ရှိသူများ၊ ချုံချင့် မြူနီစီပယ်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေး စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
▪️ ဆွေးနွေးပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲများမှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ၊ နေပြည်တော် စက်မှုဇုန်တည်ထောင်မည့်အခြေအနေများ၊ စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အရေးများအား တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များအား မိတ်ဆက် ဆွေးနွေးခဲ့ပြီး စက်မှုဇုန်နှင့်ပတ်သက်၍ တက်ရောက်လာသည့်သူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_News
Published 16 May 2025
▪️ ယူအေအီးနဲ့ အမေရိကန်တို့ဟာ အမေရိကန်အပြင်ဘက်မှာ ကမ္ဘာ့အကြီးဆုံး AI ပရိဝုဏ်နယ်မြေကြီးကို ယူအေအီးဆောက်လုပ်သွားမယ့် သဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
▪️ ဒီမတိုင်ခင်ကတော့ နည်းပညာတွေကို တရုတ်ရရှိသွားမှာ စိုးရိမ်တဲ့အတွက် ကန့်သတ်ပိတ်ဆို့ခဲ့ပါသေးတယ်။
▪️ ယူအေအီး ဒေတာစင်တာတွေမှာ Nvidia နဲ့ အခြားသောကုမ္ပဏီများမှ ဘယ်လို AI ဆားကစ်တွေ ပါဝင်မလဲဆိုတာ မပြောထားပေမယ့် အဆင့်မြင့် AI ဆားကစ်တွေကို ယူအေအီးအား အသုံးပြုခွင့်ပေးတဲ့အကြောင်း သတင်းရင်းမြစ်တွေ ဖော်ပြထားပါတယ်။
▪️ Nvidia အမှုဆောင်ချုပ် ယန်ဆန်ဟွမ်ကို အဘူဒါဘီရှိ နန်းတော်တစ်ခုမှာ ရောက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူအေအီးသမ္မတ ရှိတ်ခ်မိုဟာမက်ဘင်ဇာယက်အယ်နာဟန်တို့နဲ့ ရုပ်သံဗီဒီယိုကနေ စကားပြောတာကို တွေ့ခဲ့ရပါတယ်။
▪️ အဘူဒါဘီသို့ ထရမ့်လာရောက်စဉ် အပြီးသတ်သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်တရုတ်တို့ကြား ဆက်ဆံရေးတို့မှာ ဟန်ချက်ညီအောင်ကြိုးစားနေတဲ့ ယူအေအီးအတွက် အကျိုးကြီးမားတာပဲ ဖြစ်ပါတယ်။
▪️ အမေရိကန်ကုမ္ပဏီတွေကနေပဲ လိုအပ်တဲ့ ဒေတာစင်တာတွေကို ထိန်းချုပ်ကာ ဆားကစ်တွေကို စိတ်ချစွာထိန်းသိမ်းနိုင်မယ်ဆိုတာကို ထရမ့်အစိုးရက ယုံကြည်ထားပုံပေါ်ပါတယ်။
▪️ ယူအေအီးက ကမ္ဘာပေါ်မှာ AI အင်အားကြီးဖြစ်လာဖို့ ဒေါ်လာဘီလီယံချီ သုံးစွဲထားပြီး ဂျိုးဘိုင်ဒင်လက်ထက်က ယူအေအီးနဲ့တရုတ် ဆက်ဆံရေးကြောင့် အမေရိကန်ဆားကစ်များ အသုံးပြုခွင့်မရဘဲ ဖြစ်ခဲ့ပါတယ်။
▪️ နည်းပညာပိုင်းဆိုင်ရာ အခြေခံဘောင်သဘောတူညီချက်ကို အပြီးသတ်ခဲ့ပြီး နည်းပညာလုံခြုံရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံစလုံးမှ ကတိပြုချက်များ လိုအပ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက အစောပိုင်းက ဖော်ပြထားပါတယ်။
▪️ ၂၀၂၅ မှစတင်ကာ တစ်နှစ်ကို Nvidia မှ အဆင့်မြင့်ဆုံး AI ဆားကစ် ၅ သိန်းကို ယူအေအီးထံတင်သွင်းခွင့် ပြုထားပါတယ်။
▪️ AI နယ်မြေကြီးကို အဘူဒါဘီနောက်ခံပြု G42 အဖွဲ့အစည်းမှ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။
#Source: Reuters
#Local_News
Published 16 May 2025
▪️ နိုင်ငံတကာအသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦများနှင့် ငလျင်ဒဏ်သင့် အဆောက်အဦများ၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို ရုရှားနိုင်ငံမှ ပညာရှင်များ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov (မစ္စတာ အစ်စကန်ဒါ အာဇီဇော့)က ပြောကြားခဲ့သည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများကို ရုရှားနိုင်ငံမှ ပညာရှင်များလာရောက်ပြီး တိုင်းတာစစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများကို ဆန်းစစ်တိုင်းတာမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အတူ ရုရှားနိုင်ငံမှ သိပ္ပံအကယ်ဒမီပညာရှင်များမှ လည်း မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာအသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် အဆောက်အဦများ၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို စစ်ဆေးပေးသွားမည်ဖြစ်သည်။
▪️ ယင်းသို့ဆောင်ရွက်ရာတွင် အဓိကအနေဖြင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်တို့အပြင် ဘုရားစေတီတချို့နှင့် ရှေးဟောင်းအမွေအနှစ် အဆောက်အဦများ၏ အခြေအနေများကို စစ်ဆေးသွားမည် ဖြစ် ရုရှားသံအမတ်ကြီးက ပြောကြားခဲ့သည်။
▪️ ပြီးခဲ့သည့် မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် လူပေါင်း ၃,၀၀၀ ကျော် သေဆုံးပြီး ဘုရား၊ စေတီ၊ သာသနိက အဆောက်အအုံများနှင့် လူနေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ ကြောင်း ၊ထို့ကြောင့် ရှရှားအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ကြသကဲ့သို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများကိုလည်း ဆက်လက်လှူဒါန်းပေးပို့ လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 16 May 2025
▪️ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆင်သေရေလွှဲဆည်မှ စိုက်ပျိုးရေပြန်လည်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် မတ်လ ၂၈ရက်က ဖြစ်ပွားခဲ့သည့်မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ ရေလှောင်တမံကြီးများ ထိခိုက်ပျက်စီးမှုများမရှိခဲ့သော်လည်း ဆင်သေရေလွှဲဆည်တွင် အလျားပေ ၁၅၀ ခန့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ယာယီပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်၍ ဧပြီ ၈ ရက်တွင် လယ်ယာမြေ ၄၅၂ ဧကကို စိုက်ပျိုးရေစတင်ပြန်လည်ပေးဝေနိုင်ခဲ့ပြီး နောက်ဆက်တွဲငလျင်များကြောင့် ဧပြီ ၁၂ ရက်တွင် ဆင်သေရေလွှဲဆည်မှာ ဒုတိယအကြိမ်ထပ်မံထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းခဲ့ရကြောင်းသည်။
▪️ ထို့ကြောင့် စိုက်ပျိုးရေ အမြန်ပြန်လည်ပေးဝေနိုင်ရန်အတွက်ဌာနရှိ စက်ယန္တရားကြီးများဖြင့် ယာယီရေတားတမံတည်ဆောက်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများကကြီးကြပ်၍ နေ့/ည မပြတ်ဆောင်ရွက်ခဲ့ရာ လက်ယာတူးမြောင်းရေသောက်စနစ်ရှိ လယ်ယာမြေများအား ဧပြီ ၁၇ ရက်တွင် စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ခဲ့ပြီး မေ ၁၂ ရက်တွင် လက်ယာတူးမြောင်းရေသောက်စနစ်ရှိ စိုက်ပျိုးပြီးနွေစပါး ၂၂၇၉ ဧကကို ရာနှုန်းပြည့် စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Science
Published 16 May 2025
▪️ တောရိုင်းချင်ပန်ဇီမျောက်တွေဟာ အပင်တွေကိုအသုံးပြုပြီး ကိုယ်တိုင်ဆေးကုသခြင်း၊ တခြားမျောက်တွေကို ဆေးကုသပေးခြင်းနဲ့ မုဆိုးများထားသွားတဲ့ ကျော့ကွင်းများမှ ဖယ်ရှားပေးခြင်းတို့ ပြုလုပ်ကြောင်း လေ့လာစောင့်ကြည့်ခဲ့ရပါတယ်။
▪️ ဒီလေ့လာချက်ဟာ သမိုင်းဝင်အချက်အလက်တွေနဲ့ ၈ လကြာအောင် ဓာတ်ပုံ ဗီဒီယိုပေါင်းများစွာ ဖမ်းယူရရှိတဲ့ စောင့်ကြည့်မှုတွေကို ပေါင်းစပ်ထားတာပါ။
▪️ လူသားတွေနဲ့ အနီးစပ်ဆုံး ဒီမျိုးနွယ်တွေဟာ အပင်တွေကိုဝါးပြီး ဒဏ်ရာမှာအုံပေးတာတွေ၊ တခြားမျောက်တွေရဲ့ ဒဏ်ရာတွေကို လျှာဖြင့်သန့်ရှင်းပေးတာတွေ၊ မိတ်လိုက်ပြီးနောက် အလေးစွန့်ပစ်ပြီးနောက် သစ်ရွက်များဖြင့် သန့်ရှင်းရေးလုပ်တာတွေကို အထောက်အထား တွေ့ခဲ့ရပါတယ်။
▪️ လူသားတွေသာ တစ်ဦးနဲ့တစ်ဦး ပြုစုစောင့်ရှောက်ပေးတယ်ဆိုတဲ့ အယူအဆတွေကို ယခုတွေ့ရှိချက်တွေက ယှဉ်ပြိုင်လာပြီဖြစ်ပါတယ်။
▪️ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသီ အီလိုဒီဖရေးမန်းက တိရိစ္ဆာန်တွေဟာ တစ်ကောင်နဲ့တစ်ကောင် ရိုင်းပင်းကြပြီး တခြားသူတွေရဲ့ လိုအပ်ချက်ကို သိရှိနိုင်ကာ ဖြေရှင်းပေးနိုင်တယ်လို့ ပြောပါတယ်။
▪️ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာ လူသားတွေ မျိုးစိတ်မဖြစ်ခင်တည်းက ချင်ပန်ဇီ၊ ဘိုနိုဘော့စ်နဲ့ အခြားရှေးမျိုးစိတ်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု အယူအဆတွေ ပြောင်းလဲတိုးတက်လာခဲ့ဟန် ရှိတယ်လို့ လေ့လာယူဆရပါတယ်။
▪️ ဖရေးမန်းက ယူဂန်ဒါရှိ ဘူဒွန်ဂိုသစ်တောထဲမှာ ၈ လတိုင်အောင် တောရိုင်းချင်ပန်ဇီတွေကို စောင့်ကြည့်ခဲ့ပါတယ်။
▪️ ချင်ပန်ဇီတွေ ဒဏ်ရာကုသတဲ့ဖြစ်ရပ်ပေါင်း ၄၁ ခုမှတ်တမ်းတင်နိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကို ကုသမှုက ၃၄ ကြိမ်၊ တစ်ပါးသူကို ကုသပေးခြင်းက ၇ ကြိမ်နဲ့ ၄ ကြိမ်ဆိုရင် မျိုးစိတ်မနီးစပ်တဲ့ တိရိစ္ဆာန်တွေပင် ပါဝင်ပါတယ်။
▪️ သုတေသနအရဆိုရင် ချင်ပန်ဇီတွေ တောအုပ်ကိုမှီခိုရတာဟာ အစားအစာနဲ့ ခိုလှုံနေရာအတွက်သာမက ဆေးတိုက်အနေနဲ့လည်း အသုံးပြုကြပါတယ်။
▪️ ဒီမျောက်တွေရဲ့ ဆေးပင်အသုံးပြုအသိပညာကနေ လူသားမျိုးနွယ်တွေ တတ်မြောက်လာကြဟန် ရှိတယ်လို့ ဖရေးမန်းက ဆိုပါတယ်။
#Source: NBC News
#World_Science
Published 16 May 2025
▪️ အမေရိကန်ပြည်နယ် အနည်းဆုံး ၃၀ အပါအဝင် ကမ္ဘာ့နေရာအများအပြားရဲ့ မြေအောက်မှာ ဟိုက်ဒရိုဂျင်သိုလှောင်နေရာတွေ ရှိနေမယ်လို့ လေ့လာစူးစမ်းချက်တွေအရ ယူဆထားပါတယ်။
▪️ ဒီလိုသိုလှောင်နေရာတွေကို တွေ့ရှိပါက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကူးပြောင်းရေးကို အရှိန်မြှင့်တင်နိုင်မှာဖြစ်ပေမယ့် ဟိုက်ဒရိုဂျင်စုဖွဲ့မှုပုံစံ ဘယ်လောက်ကြီးမားကြောင်းနဲ့ ဘယ်မှာရှာဖွေရမလဲဆိုတဲ့အကြောင်း အပေါ်ယံသာ သိရှိထားပါတယ်။
▪️ "အဓိကက ဘယ်နေရာမှ ထွက်ရှိပြီး စုဖွဲ့နေတယ်၊ ထိန်းသိမ်းထားရှိတယ်ဆိုတာတွေကို ရှာဖွေရမှာဖြစ်ပါတယ်" လို့ အောက်စ်ဖို့ဒ်တက္ကသိုလ် ဘူမိဓာတုဗေဒမှ ပါမောက္ခခရစ္စဘယ်လင်တင်းက ပြောသွားပါတယ်။
▪️ ကမ္ဘာ့မြေကြီးအပေါ်ယံလွှာက ပြီးခဲ့တဲ့နှစ်ပေါင်း ၁ ဘီလီယံကျော်အတွင်းမှာ လူသားတွေ လက်ရှိလိုအပ်တဲ့စွမ်းအင်တွေအတွက် နှစ်ပေါင်း ၁၇၀,၀၀၀ စာ ဟိုက်ဒရိုဂျင်အလုံအလောက် ထုတ်လုပ်ပေးထားတယ်လို့ လေ့လာပြုစုသူများ ဆိုပါတယ်။
▪️ သေချာမသိရတာက ဟိုက်ဒရိုဂျင် ဘယ်လောက်များများကို အကျိုးရှိရှိ ထုတ်ယူအသုံးချသလဲဆိုတာပါ။
▪️ သုတေသီများက မြေအောက် သဘာဝဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ဖြစ်ပေါ်မှုနဲ့ စုဖွဲ့မှုကို ဖြစ်စေမယ့် ဘူမိလိုအပ်ချက် အခြေအနေစာရင်းကို မေလ ၁၃ ရက်နေ့မှာ ကောက်ချက်ချဖော်ပြခဲ့ပါတယ်။
▪️ သဘာဝ ဟိုက်ဒရိုဂျင်သိုလှောင်နေရာများ ဖြစ်ပေါ်ဖို့ လိုအပ်တဲ့ အဓိကရေမြေအခြေခံ ၃ မျိုးက ဟိုက်ဒရိုဂျင်ရင်းမြစ်၊ သိုလှောင်ကျောက်တုံးများနဲ့ မြေအောက်မှာ ဓာတ်ငွေ့တွေကို ပိတ်လှောင်ထားနိုင်မယ့် သဘာဝပိတ်ဆို့ပစ္စည်းများ ဖြစ်ပါတယ်။
▪️ ဟိုက်ဒရိုဂျင်ဖြစ်ပေါ်စေတဲ့ သဘာဝဖြစ်စဉ် ဒါဇင်ခန့်ရှိတာကို သိရှိထားပြီးဖြစ်ပါတယ်။
▪️ ကမ္ဘာ့အပေါ်ယံလွှာဖိအားနဲ့ အပူလှိုင်းမြင့်မားခြင်းတို့ကြောင့် အထဲက ဟိုက်ဒရိုဂျင်တွေ ထွက်လာပြီး တူးဖော်ထုတ်ယူနိုင်မယ့် ရင်းမြစ်ဖြစ်လာနိုင်စေလာက်တယ်လို့ ယူဆထားပါတယ်။
▪️ မြေအောက်ထဲက အဏုဇီဝပိုးမွှားတွေ ဟိုက်ဒရိုဂျင်ကို အလျင်အမြန် စားသုံးကြတာကို သိရှိထားတာကြောင့် ထိုဘက်တီးရီးယားတွေနဲ့ ထိတွေ့မှုရှိတဲ့ နေရာတွေမှာတော့ ရှာဖွေလို့မကောင်းဘူးလို့ တိုရွန်တိုတက္ကသိုလ် ကမ္ဘာ့သိပ္ပံပါမောက္ခ ဘာဘရာရှားဝုဒ်လိုလာက ပြောပါတယ်။
▪️ ဟိုက်ဒရိုဂျင်က ကားတွေရော ဓာတ်အားပေးစက်ရုံတွေကိုပါ စွမ်းအင်ပေးနိုင်တာကြောင့် ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းကနေ ကူးပြောင်းဖို့ကို အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။
▪️ ကမ္ဘာ့အပေါ်ယံလွှာက ဟိုက်ဒရိုဂျင်အမြောက်အများ ထုတ်လုပ်ပေးနိုင်ကာ လိုအပ်တဲ့ ရေမြေအခြေခံအရာတွေကိုသာ ရှာဖွေဖို့က အဓိကကျလာပါတယ်။
#Source: Livescience
တရုတ်ပြည်ကျန်ဆုပြည်နယ်ဝူရှီမြို့မှာ အိမ်မွေးတိရိစ္ဆာန်များလက်ခံတဲ့ နေရာတွေ များပြားလာပါတယ်။
#Asia_Business
Published 15 May 2025
#အိမ်မွေးတိရိစ္ဆာန် #ဘတ်စ်ကားလမ်းကြောင်းသစ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 15 May 2025
၁။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လေထုအရည်အသွေးတိုင်းတာခြင်းကို လစဉ်လုပ်ဆောင်သွားမည်
၂။ မိုးဦးကျနှင့် မိုးရာသီကာလတွင် ကူးစက်ရောဂါများကို သတိပြုရန်လို
၃။ ငလျင်ဘေးသင့်ကလေးများ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်စေရန် ဆောင်ရွက်ပေးနေ
၄။ တရုတ်၌အိမ်မွေးတိရိစ္ဆာန်တင်ဆောင်နိုင်သည့် ဘတ်စ်ကားလမ်းကြောင်းသစ် လူကြိုက်များလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်းကမ္ဘာ့ရွှေဈေးအကျကြမ်းနေတာကြောင့် ဒီကနေ့မှာ ပြင်ပရွှေဈေးတစ်ကျပ်သားကို ကျပ်တစ်သိန်းကျော်အထိကျဆင်းလာတယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 15 May 2025
#ကမ္ဘာ့ရွှေဈေးကျဆင်း # ပြင်ပရွှေစျေးကျဆင်း
#YMG/NN #Yangon_Times
စစ်ကိုင်းမြို့က ငလျင်ဘေးသင့်ကလေးငယ်တွေ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု တွေဖြစ်ပေါ်စေဖို့ ကလေးပျော်နေရာအစီအစဉ်တွေနဲ့ လူကြီးတွေရဲ့ စိတ်လူမှုဆိုင်ရာပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်လို့ စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 15 May 2025
#ငလျင်ဘေးသင့်ကလေးငယ် #စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုပေး
#YMG/NN #Yangon_Times
မိုးဦးကျနဲ့ မိုးရာသီကာလတွေမှာ ဖြစ်ပေါ်တတ်တဲ့ သွေးလွန်တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှောစတဲ့ကူးစက်ရောဂါတွေကို သတိပြုဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 15 May 2025
#မိုးဦးကျနှင့် မိုးရာသီကာလ #ကူးစက်ရောဂါများကိုသတိပြုရန်လို
#YMG/SW #Yangon_Times
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ယခုမေလမှစတင်ကာ လစဉ်တိုင်း ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရပါတယ်။
#Local_News
Published 15 May 2025
#ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ #လေထုအရည်အသွေးတိုင်းတာခြင်း
#YMG/SW #Yangon_Times
Page 215 of 1859