#Local_News
Published 24 January 2025

▪️ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ကို ခံဝန်လက်မှတ်ထိုးပြီးပြင်းထန်စွာ သတိပေးလိုက်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)ကထုတ်ပြန်လိုက်သည် ။

▪️ အဆိုပါ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့သည် လူမှုကွန်ရက်စာမျက်နှာတွင် ကလေးသူငယ်၏ ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသည့် အပြုအမူအဖြစ် ဝေဖန်မှုများမြင့်တက်နေသည့် အတွက် ဇန်နဝါရီ၂၁ရက်တွင် အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က တာဝန်ရှိသူများဖြစ်သည့် တည်ထောင်သူ ခေါင်းဆောင်မင်းသား အောင်ဇမ္ဗူ၊ မန်နေဂျာ ကိုကျော်ဇေယျနှင့် လူရွှင်တော်ဖြိုးဖြိုးတို့ကို ဗဟိုသဘင်ရုံးမှ ဆင့်ခေါ်ပြီး သဘင်နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များ ရှေ့မှောက်တွင် စိစစ်မေးမြန်းခဲ့ကြောင်းဆိုထားသည်။

▪️ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့မှ လည်း ရည်ရွယ်ချက်မရှိဘဲ သတိလက်လွတ်ပြုမူမိခဲ့သည့် အပေါ် ဝန်ချတောင်းပန်ကာ နောင်တွင် ယင်းကဲ့သို့အပြုအမူမျိုး မဖြစ်ပေါ်စေရန် ၊ ထပ်မံဖြစ်လာပါက ဗဟိုသဘင်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြစ်ဒဏ်ကို ခံယူမည်ဖြစ်ကြောင်း ဝန်ခံကတိပြု ခံဝန်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

▪️ ထို့ကြောင့် ဇန်နဝါရီ ၂၂ရက်တွင် ပြုလုပ်ခဲ့သည့် ဗဟိုသဘင်နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုလိုအပြုအမူမျိုးပြုလုပ်ခြင်းသည် အများပြည်သူနှင့် လူမှုအသိုင်းအဝိုင်းအတွက် စိတ်မချမ်းမြေ့ဖွယ်ရာအပြုအမူအဖြစ် မြန်မာနိုင်ငံသဘင်အစည်းအရုံးအနေဖြင့် လုံးဝ(လုံးဝ) လက်ခံခြင်းမရှိပါကြောင်းနှင့် ၎င်းဇာတ်သဘင်အဖွဲ့ကို ပြင်းထန်စွာသတိပေးလိုက်ပါကြောင်း သိရသည်။

#YMG/NN #Yangon_Times