#Local_News
Published 24 January 2025

▪️ (၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ယခုလအတွင်း ရန်ကုန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

▪️ အဆိုပါ (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကို ဆေးသုတေသနဆောင်ရွက်မှုများမှသည် ပိုမိုကောင်းမွန်သော ကျန်းမာရေးဆီသို့ "Better Health through Medical Research" ဟူသော ဆောင်ပုဒ်ဖြင့် ဇန်နဝါရီလ ၂၆ ရက် မှ ၃ဝ ရက် အထိ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

▪️ ယင်းညီလာခံတွင် သုတေသနစာတမ်း ၇၁ စောင်နှင့် သုတေသနပိုစတာ ၄၅ စောင်တို့ကို တင်သွင်းဖတ်ကြားသွားမည်ဖြစ်ပြီး အဆိုပါညီလာခံသို့ ပြည်တွင်းပြည်ပမှ သုတေသီများတက်ရောက်ကြမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ ဟောပြောပွဲ၊ Symposium လေးခုနှင့် Scientific Talk နှစ်ခုတို့ကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်းသိရသည်။

#YMG/NN #Yangon_Times