#World_Science
Published 24 January 2026

■ ၂၀၂၆ ဇန်နဝါရီ ၃ ရက်နေ့က ကမ္ဘာဟာ သူ့ပတ်လမ်းကြောင်းအတွင်း နေနဲ့ အနီးစပ်ဆုံးနေရာသို့ ရောက်ရှိခဲ့ပါတယ်။

■ တစ်နာရီကို တစ်သိန်းကီလိုမီတာနှုန်းဖြင့် ကျော်ဖြတ်ခဲ့ချိန်မှာ Wolf Moon အထူးလ ရောက်ရှိလာခြင်းနဲ့ Quadrantid ဥက္ကာခဲကြွေခြင်းတို့လည်း ဖြစ်ပျက်ခဲ့ပါတယ်။

■ ဇန်နဝါရီ ၃ ရက်နေ့က ကမ္ဘာဟာ နေလုံးကနေ ကီလိုမီတာ ၁၄၇ သန်းခန့် ကွာဝေးခဲ့ပါတယ်။

■ ဒီအကွာအဝေးကြောင့် နေဟာ ကောင်းကင်ထဲမှာ ၃ ရာခိုင်နှုန်းခန့် ပိုကြီးမားသလို မြင်ရစေပါတယ်။

■ ဒါပေမဲ့ အပူလှိုင်းမဖြတ်စေခဲ့ဘဲ ရာသီဥတုတွေဟာ ကမ္ဘာ့ဝင်ရိုး ၂၃.၄ ဒီဂရီတိမ်းစောင်းတာကြောင့် ဖြစ်ကာ ဒါကြောင့်ပဲ ကမ္ဘာ့မြောက်ဖက်ခြမ်းက ဆောင်းတွင်းပဲ ကျရောက်နေတာ ဖြစ်ပါတယ်။

■ ဒါ့အပြင် Wolf Moon အထူးလကလည်း ၂၀၂၆ အတွက် ပထမဆုံးဖြစ်ပျက်ခဲ့ပြီး ဒါက လဟာ ကမ္ဘာနဲ့ အနီးစပ်ဆုံးသို့ ရောက်ရှိခဲ့ကာ အလွန်ကြီးမားလင်းထိန်နေခဲ့ပါတယ်။

■ ဒါတင်မကဘဲ Quadrantids ဥက္ကာခဲကြွေခြင်းကလည်း အများဆုံးဖြစ်ပွားနေပြီး 2003 EH1 ရှေးဟောင်းဂြိုဟ်မွှားမှ အစအနများကို ကမ္ဘာက ဖြတ်သန်းသွားချိန်မှာ မီးအလင်းတန်းတွေ တွေ့ရတာ ဖြစ်ပါတယ်။

■ နာဆာ(NASA)လို အဖွဲ့အစည်းတွေအတွက်တော့ ဒါတွေဟာ မြင်ကွင်းသပ်သပ်ဆိုတာထက် အများကြီးပိုပါတယ်။

■ နေနဲ့ကမ္ဘာအနီးစပ်ဆုံးဖြစ်စဉ်က ဂြိုဟ်တုကိရိယာများ ချိန်ညှိခြင်းနဲ့ ဆိုလာဓာတ်ရောင်ခြည် လေ့လာခြင်းတို့အတွက် အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။

■ သာမန်လူတွေအတွက်တော့ ဒီဖြစ်ရပ်တွေဟာ အာကာသကပေးတဲ့ မရိုးနိုင်တဲ့ဖြစ်စဉ်တွေ ဖြစ်ပါတယ်။

Source: India Today.