#Local_News
Published 23 January 2025

▪️ (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲအောင်မြင်ခဲ့သည့်
‎တိပိဋကဓရ တိပိဋက ကောဝိဒ(၁၈) ပါးမြောက် ဆရာတော် အရှေ့ဒဂုံမြို့နယ်မှ ပေါ်ထွန်းခဲ့ ကြောင်းသာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှသိရသည်။

▪️ အဆိုပါ ‎(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲ အောင်စာရင်းများကို ‎တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးအဖွဲ့ ၊ နှစ်ဖွဲ့ပူးပေါင်း၍အစည်းအဝေးများပြုလုပ်ပြီး နောက်အောင်စာရင်းများကို ဇန်နဝါရီ ၂၂ ရက်တွင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

▪️ (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲကို (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်မှ (၂၀၂၆) ခုနှစ် ၊ ဇန်နဝါရီ (၂၂) ရက်ထိ (၃၃) ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း၊‌‎(၁၈) ပါးမြောက် တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့ အာဇာနည် ဆရာတော်အဖြစ်ပေါ်ထွန်းခဲ့သည့် သံဃာတော်အရှင်သူမြတ်သည် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ အရှင် ဝိစိတ္တသာရသက်တော် (၅၁) နှစ်၊ သိက္ခာတော်(၃၁)ဝါဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ တိပိဋကဓရ တိပိဋက ကောဝိဒ စာမေးပွဲပထမအကြိမ်မှ(၇၈) ကြိမ်အထိ တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော် (၁၈) ပါးသာ ပေါ်ထွန်းခဲ့ခြင်းဖြစ်ကာ ပထမဆုံးပေါ်ထွန်းတော်မူခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတာ်မှာ မင်းကွန်းဆရာတော်ဘုရားကြီးဖြစ်ကြောင်းသိရသည်။

‎#YMG/NN #Yangon_Times