#Local_News
Published 28 January 2026

▪️ ပြည်ပမှ တင်သွင်းသည့်စားအုန်းဆီများကြည့်မြင်တိုင်မြို့နယ်၊KIP ဆိပ်ကမ်းသို့ ယခုလ၂၆ရက်ကရောက်ရှိလာကြောင်း သိရသည်။

▪️ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIP ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်လျှက်ရှိ‌ေကြာင်း သိရသည်။

▪️ ထိုသို့ဆိုက်ကပ်လျှက်ရှိရာတွင် ၂၆.၁.၂၀၂၆ ရက်နေ့၌ ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် MV. TIRTASARI 01/2026 သင်္ဘောဖြင့် Star (3) ဆီကန်သို့ (2650) MT၊ Star (4) ဆီကန်သို့ (2650) စုစုပေါင်း (5300) MT ဝင်ရောက်လျက်ရှိလာကြောင်းသိရသည်။

#YMG/SW #Yangon_Times