#Local_News
Published 30 January 2025

▪️ အိန္ဒိယနိုင်ငံတွင် လာမည့်ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် Roadshow ၂ ခု၌ မြန်မာနိုင်ငံမှ ပြခန်းအခမဲ့ ပြသနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

▪️ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၉ ရက်နေ့၌ မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့၏ အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာကု န်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီနှင့် ကော်လ်ကတ္တားမြို့တို့မှ မြန်မာစီးပွားရေးသံမှူးများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် အိန္ဒိယနိုင်ငံခရီးသွားလုပ်ငန်းကုမ္ပဏီဖြစ်သည့် Aerionyx Global Representative မှ တာဝန်ရှိသူများ စုစုပေါင်း ၂၅ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

▪️ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံ၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် Roadshow ၂ ခုတွင် မြန်မာနိုင်ငံမှ ပြခန်းအခမဲ့လာရောက် ပြသနိုင်ရန်၊ မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီးပါက မြန်မာနိုင်ငံသို့ လာရောက်၍ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် အထင်ကရနေရာများသို့ ကွင်းဆင်းလေ့လာနိုင်ရေးစီစဉ် ဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#YMG/SW #Yangon_Times