#World_Health
Published 04 March 2026

■ နီပါဗိုင်းရပ်စ်က တောင်အာရှနဲ့ အရှေ့တောင်အာရှတို့မှာ ကျန်းမာရေးအန္တရာယ်ကြီးအဖြစ် ထွက်ပေါ်လာပြီး အသက်ဆုံးပါးနိုင်ခြေ မြင့်မားကာ လူသားချင်း ကူးစက်နိုင်ခြေ ရှိပါတယ်။

■ နီပါဗိုင်းရပ်စ်က Paramyxoviridae မျိုးနွယ် ဟန်နီပါဗိုင်းရပ်စ် မျိုးစိတ်ဖြစ်ပြီး အသီးစားလင်းနို့တွေ သယ်ဆောင်ထားကြပါတယ်။

■ ရောဂါပိုးရှိနေတဲ့ အသီးစားလင်းနို့တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း၊ လင်းနို့အညစ်အကြေးတွေ ထိတွေ့ထားတဲ့ အစားအစာများ စားမိခြင်း၊ ရောဂါကူးစက်နေတဲ့ တိရိစ္ဆာန်များနဲ့ ထိတွေ့ခြင်း၊ လူသားချင်း ခန္ဓာကိုယ်တွင်းအရည်များမှတဆင့် ကူးစက်ခြင်းတို့ကနေ နီပါဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။

■ ရောဂါအစပျိုးချိန်က ၄ ရက်မှ ၁၄ ရက်ကြားအတွင်း ဖြစ်ပြီး ၄၅ ရက်အထိ ကြာရှည်နိုင်ကာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အချို့လူနာတွေမှာ အသက်ရှူပြဿနာများ ဖြစ်နိုင်ပါတယ်။

■ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် မူတည်ပြီး အသက်အန္တရာယ်ဖြစ်နိုင်ခြေက ၄၀ မှ ၇၅ ရာခိုင်နှုန်းကြား ရှိပါတယ်။

■ ဘင်္ဂလားဒေ့ရှ်မှာ ပုံမှန်ပျံ့ပွားတတ်ပြီး အိန္ဒိယမှာတော့ ကာလအလိုက် ရောဂါကူးစက်မှုတွေ ရှိပါတယ်။

■ မလေးရှားနဲ့ စင်္ကာပူတို့မှာ ယခင်က ပျံ့ပွားခဲ့တာတွေ ရှိထားပါတယ်။

■ ရောဂါစစ်ဆေးတွေ့ရှိဖို့အတွက် အဆင့်မြင့် ဇီဝဘေးကင်းရေး ဓာတ်ခွဲခန်းများ လိုအပ်ပါတယ်။

■ လက်ရှိမှာ နီပါဗိုင်းရပ်စ်အတွက် အထူးတလည် ကုသဆေး၊ ကာကွယ်ဆေးတွေ အသိအမှတ်ပြု မရှိသေးပါဘူး။

■ အထူးကြပ်မတ် စောင့်ရှောက်ခြင်းဖြင့်သာ ထောက်ပံ့ကူညီပေးနိုင်ပြီး လိုအပ်ရင် အသက်ရှူကိရိယာများ အသုံးပြုနိုင်ပါတယ်။

■ အဓိကကာကွယ်ရေးနည်းလမ်းတွေကတော့ အသီးများကို ရေဆေးအခွံနွှာစားခြင်း၊ တိရိစ္ဆာန်များနဲ့ မထိတွေ့ခြင်း၊ လူနာတွေနဲ့ ထိတွေ့တဲ့အခါ ကာကွယ်ကိရိယာများ တပ်ဆင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

Source: 24NewsHD