၃၀ ဧပြီ ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည်အား ကျန်ရှိသည့်ပြစ်ဒဏ်များအား သတ်မှတ်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းသိရသည်။

နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့်ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ် ကျင့်  ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်  နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း ဧပြီ ၃၀ ရက် ညပိုင်းထုတ်ပြန် သော  အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျ ရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက် ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊စေတနာထားသောအားဖြင့်  လည်းကောင်းယခုကဲ့သို့ ပြောင်းလဲသတ်မှတ်ပေးလိုက်ခြင်းဖြစ်သည်ဟုလည်း သတင်းတွင်ဖော်ပြထားသည်။