#WorldPolitics
Published 11 April 2022
ဩစတြီးယားနိုင်ငံ အဓိပတိ'ကားလ်နီဟမ်မာ'က တနင်္လာနေ့မှာ ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'နဲ့ မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း၊ စစ်ရေးတိုက်ခိုက်မှုတွေရပ်တန့်ပြီး ရုရှားနဲ့ယူကရိန်းတိုပဋိပက္ခမှာ ကြားဝင်ဖြေရှင်းပေးပြီး ပြေလည်မှုရရှိရေးအတွက် ကူညီပေးနိုင်ဖို့မျှော်လင့်ထားကြောင်း ကြေညာလိုက်ပါတယ်။
ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ရုရှားနိုင်ငံကို အနောက်နိုင်ငံများက ရှောင်ဖယ်ထားဖို့ ကြိုးပမ်းလျက်ရှိရာ ယခု'နီဟမ်မာ'လာရောက်တွေ့ဆုံခြင်းက ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ပိုင်း 'ပူတင်'နဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တစ်ဦး ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်တွေ့ဆုံမှု ဖြစ်လာမှာဖြစ်ပါတယ်။
"ကျွန်တော်တို့က စစ်ရေးပတ်သက်မှုအရ ကြားနေအခြေအနေမှာပဲရှိပါတယ်။ ဒါပေမဲ့ ယူကရိန်းကိုကျူးကျာ်ခဲ့တဲ့အခြေအနေမှာတော့ လူသားချင်းစာနာတဲ့ဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်ပါတယ်။ စစ်ပွဲရပ်တန့်ရပါမယ်။ လူသားချင်းစာနာထောက်ထားခြင်းအကူအညီတွေ၊ အပစ်အခတ်ရပ်စဲခြင်းတွေ၊ စစ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးခြင်းတွေ ပြုလုပ်ဖိုလိုအပ်ပါတယ်" လို့ 'နီဟမ်မာ'က တနင်္ဂနွေနေ့က တွစ်တာမှာဖော်ပြခဲ့ပါတယ်။
ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ 'ဒီမစ်ထရီပက်စ်ကော့ဗ်' ကလည်း 'ပူတင်'နဲ့ 'နီဟမ်မာ'တို့ တနင်္လာနေ့မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း RIA သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။
ရုရှားတိုစစ်ရေးကျူးကျော်မှုစတင်တကည်းက 'ပူတင်'ကို အနောက်နိုင်ငံများမှခေါင်းဆောင်များက ရှောင်ဖယ်ထားကြပေမယ့် မတ်လအစောပိုင်းကတော့ အစ္စရေးလ်ဝန်ကြီးချုပ်'နက်ဖ်တယ်လီဘန်းနက်'က 'ပူတင်'နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
မော်စကိုသို့ သွားရောက်ဖို့ မစီစဉ်ရသေးခင်မှာ 'နီဟမ်မာ'က ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ စနေနေ့ကတွေ့ဆုံခဲ့ပါတယ်။
'နီဟမ်မာ'က မော်စကိုသိုသွားရောက်မယ့်အစီအစဉ်အကြောင်း သတင်းထောက်တွေကိုပြောကြားခဲ့ရာမှာ "ရုရှားနဲ့ယူကရိန်းတို ပြေလည်မှုရရှိရေး ကြားဝင်စေ့စပ်သွားမှာဖြစ်ပြီး စစ်ပွဲရပ်တန့်ဖိုတတ်စွမ်းသမျှလုပ်ဆောင်သွားဖိုနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်းဆောင်ရွက်သွားနိုင်ဖို မျှော်လင့်ထားပါတယ်" လို ဩစတြီးယားသတင်းဌာန APA ကို ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း မျှော်မှန်းချက်အောင်မြင်ဖို့ကတော့ အခွင့်အရေးနည်းတယ်လို့ ဝန်ခံခဲ့ပါတယ်။
ဩစတြီးယားက ကြားနေအဖြစ်ကြေညာထားပေမယ့် ယူကရိန်းပြည်သူများအတွက် လူသားချင်းထောက်ထားမှုအကူအညီများ ပံ့ပိုးပေးလျက်ရှိတဲ့အပြင် အရပ်သားတွေအတွက် ဦးထုပ်ခေါင်းဆောင်တွေနဲ့ ကျည်ကာဝတ်စုံတွေထောက်ပံ့ပေးခဲ့ပါတယ်။
ကွန်ဆာဗေးတစ်လက်ယာနိုင်ငံရေးသမား'နီဟမ်မာ'က 'ဇယ်လန်စကီ'နဲ့တယ်လီဖုန်းပြောဆိုခဲ့ပြီးနောက် စာနာထောက်ထားစိတ်ပေါ်ပေါက်လာပြီး ထောက်ပံ့ကူညီပေးချင်ကြောင်း ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။
ဂျာမနီမီဒီယာအချို့နဲ့ ယူကရိန်းအာဏာပိုင်အချို့ကတော့ 'နီဟမ်မာ'မော်စကိုကို သွားရောက်မယ့်ခရီးစဉ်အပေါ် ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
ရုရှားစစ်တပ်များ အဝိုင်းခံထားရတဲ့ ယူကရိန်းမြို့တစ်မြို့ဖြစ်တဲ့ မာရီယူပေါလ်မှလက်ထောက်မြို့တော်ဝန်'ဆာဂျီအိုလော့ဗ်'က အခုလက်ရှိအချိန်မှာ ဒီလိုသွားရောက်ဆွေးနွေးတာက လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီသတင်းဌာန Bild ကို ပြောပြသွားပါတယ်။
"အခုအချိန်အထိ ယူကရိန်းမြေမှာ ရုရှားတို့စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ 'ပူတင်'နဲ့ သွားရောက်တွေ့ဆုံမယ်ဆိုတာကို ကျွန်တော်နားမလည်နိုင်ပါဘူး။ သူနဲ့ ဘယ်လိုလုပ်သွားညှိနှိုင်းလို့ရမှာလဲ" လို့ တီဗီအစီအစဉ်မှာ ပြောကြားသွားပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldNews_Health
Published 11 April 2022
နေ့စဉ် ရေလုံလောက်အောင်မသောက်တဲ့သူတွေဟာ သေစေလောက်တဲ့ ရောဂါဆိုးကံကြမ္မာတွေနှင့် ကြုံလာရမယ့် အန္တရာယ်ရှိနေပါတယ်။
နှလုံးချို့ယွင်းမယ့် အန္တရာယ်က ရှောင်ရှားနိုင်ဖို့အတွက် လူတွေကို နေ့စဉ် ရေကို (၆)ခွက်ကနေ (၈)ခွက်အထိ သောက်သုံးကြဖို့ သိပ္ပံပညာရှင်တွေက တိုက်တွန်းထားပါတယ်။
နှလုံးကနေ သွေးတွေကို ခန္ဓာကိုယ်အနှံ့ မှန်မှန်ကန်ကန် မပို့လွှတ်နိုင်တဲ့အခါ နှလုံးချို့ယွင်းတာ ဖြစ်တတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ နှလုံးဟာ အားနည်းလာတာ ဒါမှမဟုတ် တောင့်လာတာဖြစ်လာလို့ပါ။
ဒါဟာ ရေရှည်အခြေအနေဖြစ်ပြီး အချိန်နှင့်အမျှ ဆိုးရွားလာတတ်ပါတယ်။
Òဆားကို လျှော့စားတာ၊ ရေကိုလုံလောက်အောင်သောက်သုံးတာနှင့် အမြဲတမ်း ရေဓာတ်ရှိနေစေတာဟာ နှလုံးကို အထောက်အကူပြုပါတယ်။ပြီးတော့ ရေရှည်မှာ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်Ó လို့ လေ့လာမှုအသစ်ပြုလုပ်ခဲ့တဲ အဖွဲ့ခေါင်းဆောင် ဒေါက်တာ နာတာလီယာဒီမစ်ထရီဗာက ပြောပါတယ်။
ဒေါက်တာ ဒီမစ်ထရီဗာဟာ အမေရိကန်က လူကြီး ၁၂,၀၀၀ ဦးကို လေ့လာတဲ့ အမေရိကန် အမျိုးသားကျန်းမာရေးအင်စတီကျူ သုတေသနအဖွဲ့ကို ဦးဆောင်သူဖြစ်ပါတယ်။
သူတို့ဟာ အသက် ၄၅ နှစ်နှင့် ၆၆ နှစ်အကြားလူကြီးတွေရဲ့ ၂၅ နှစ်ကြာ ကျန်းမာရေးမှတ်တမ်းတွေကို လေ့လာခဲ့ပါတယ်။ သူတို့ဟာ အစပိုင်းမှာ နှလုံးချို့ယွင်းမှုမရှိခဲ့ကြသူတွေဖြစ်ပါတယ်။
အဲဒီထဲက ၁၁.၅၆ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၁,၃၆၆ ဦးဟာ နောက်ပိုင်းမှာ နှလုံးချို့ယွင်းမှုတွေ ဖြစ်လာခဲ့ကြပါတယ်။ အသက်ကြီးရင့်လာတာနှင့် အဖြစ်များလာကြပါတယ်။သုတေသနအဖွဲ့ဟာ သွေးထဲက ဆိုဒီယမ်ပမာဏာကိုစစ်ဆေးခဲ့ကြပါတယ်။
တစ်စုံတစ်ယောက်ရဲ့ ရေဓာတ်ကျဆင်းလာရင် ဆိုဒီယမ်တက်လာတတ်ပါတယ်။ဆိုဒီယမ် ပုံမှန်ပမာဏဟာ ၁၃၅ နှင့် ၁၄၃ mEq/L အကြားရှိရမှာဖြစ်ပါတယ်။ဒါပေမယ့် သက်လတ်ပိုင်းရောက်တဲ့အခါ ဆိုဒီယမ်ပမာဏာက ၁၄၃ mEq/L ဝန်းကျင်ရှိနေရင် အဲဒီထက်ပမာဏာနည်းသူတွေထက်စာရင် နှလုံးချို့ယွင်းမှုဖြစ်နိုင်ချေ ၃၉ ရာခိုင်နှုန်းပိုလာတတ်ပါတယ်။
အသက် ၇၀ ကျော်သူတွေဆိုရင် ၁၄၃ mEq/L ရှိနေပါက နှလုံးရောဂါအန္တရာယ်ဖြစ်နိုင်ချေ ၆၂ ရာခိုင်နှုန်းအထိရှိလာပါတယ်။
အစောပိုင်းတွေ့ရှိချက်တွေအရ ရေဓာတ်ကောင်းကောင်းရှိနေသူတွေဟာ နှလုံးချို့ယွင်းမှုကို ဦးတည်စေတဲ့ နှလုံးအတွင်း အပြောင်းအလဲတွေကို ကာကွယ်နိုင်တာ ဒါမှမဟုတ်အပြောင်းအလဲကို နှေးစေတာ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း တွေ့ရှိရပါတယ်။
ရေဓာတ်ဆိုတာ ရေ ဒါမှမဟုတ် လက်ဖက်ရည် သို့မဟုတ် ဖျော်ရည် အားလုံးပါဝင်ပါတယ်။ရေဓာတ်ဟာ ခန္ဓာကိုယ် ကောင်းစွာလုပ်ဆောင်နိုင်ဖို့ မရှိမဖြစ်အရေးကြီးတဲ့အပြင် နှလုံးသွေးပို့လွှတ်မှုကိုလည်း စွမ်းရည်ကောင်းစေအောင် အထောက်အပံ့ဖြစ်ပါတယ်။
ရေဓာတ်အမြဲတမ်းထိန်းသိမ်းထားတာဟာ သွေးကြောတွေအလုပ်ကောင်းကောင်းလုပ်ဖို့နှင့် သွေးလှည့်ပတ်မှုကို အထောက်အကူပေးပါတယ်။
အဲဒါကြောင့် အမျိုးသမီးတွေဟာ တစ်ရက်ကို ရေ(၆)ခွက်ကနေ (၈)ခွက်အထိနှင့် အမျိုးသားတွေဟာ ရေ(၈)ခွက်ကနေ (၁၂)ခွက်အထိသောက်သုံးကြဖို့ သုတေသနပညာရှင်တွေက ထောက်ခံမှုပေးထားပါတယ်။
နှလုံးကျန်းမာရေးအတွက် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့၊ဆေးလိပ်မသောက်ဖို့၊ အရက်မသောက်ဖို့နှင့် ကဖင်းကို အတန်အသင့်သာ သောက်သုံးဖို့နှင့် ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာတွေစားဖို့ ပညာရှင်တွေက ထောက်ခံပြောကြားထားပါတယ်။ ငန်တဲ့အစားအစာတွေ၊ချိုလွန်းတာတွေနှင့် အဆီများတာတွေကို ကန့်သတ်သင့်ပါတယ်။
Source: NYPost
#Yangon_Media_Group
#WorldHealth
Published 11 April 2022
မိုဒါနာကုမ္ပဏီက ကန်ထရိုက်ပေးထားတဲ့ ရိုဗီက ထုတ်လုပ်ထားတဲ့ မိုဒါနာကိုဗစ်ကာကွယ်ဆေးပေါင်း ၇၆၄,၉၀၀ doses ကို ပြန်လည်သိမ်းယူနေတယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။ အဲဒီမိုဒါနာကိုဗစ်ကာကွယ်ဆေးရည်တွေထဲမှာ ပြင်ပက အရာဝတ္တုတစ်ခုကြောင့် မသန့်မပြန့်ဖြစ်နေတာကို တွေ့ရှိခဲ့လို့ ယခုလိုပြန်လည်သိမ်းယူတာဖြစ်ပါတယ်။
ဘေးကင်းစိတ်ချရမှုဆိုင်ရာ ပြဿနာတစ်စုံတစ်ခု မတွေ့ရသေးကြောင်း မိုဒါနာကပြောပါတယ်။ အဲဒီဆေးတွေကို နော်ဝေ၊ပိုလန်၊ပေါ်တူဂီ၊စပိန်နှင့်ဆွီဒင်နိုင်ငံတွေကို ဇန်နဝါရီလကတည်းက တင်ပို့ထားတာဖြစ်ပါတယ်။
ဆေးထုတ်လုပ်သူကတော့ အဲသလိုမသန့်မပြန့်ဖြစ်တာကို ဆေးတစ်ပုလင်းထဲမှာသာ တွေ့ရှိခဲ့တာဖြစ်ပေမယ့် ကြိုတင်ကာကွယ်နိုင်စေဖို့အတွက် အဲဒီတစ်သုတ်လုံးကို ပြန်သိမ်းယူတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပုလင်းထဲမှာတွေ့တဲ့ မသန့်မပြန့်ဆိုတာ ဘာကိုပြောတာလဲဆိုတာကိုတော့ သူတို့က ဖွင့်မပြောပါဘူး။
ပြီးခဲ့တဲ့နှစ်ကလည်း မိုဒါနာကာကွယ်ဆေးအချို့ပုလင်းတွေကို ဂျပန်နိုင်ငံမှာ အစိုးရက သုံးစွဲမှုရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်တော့ အချို့ပုလင်းတွေထဲမှာ သံမဏိအမှုန်အမွှားတွေတွေ့ရကြောင်း စစ်ဆေးပေါ်ပေါက်ပြီးနောက် မိုဒါနာက ဆေးပုလင်းတွေကိုပြန်သိမ်းယူခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာ ယခုထက်ထိ မိုဒါနာ ကာကွယ်ဆေးပေါင်း သန်း ၉၀၀ doses ကို ထိုးနှံပေးပြီးဖြစ်ပါတယ်။ အခြားဆေးပုလင်းတွေမှာ အဲသလိုမသန့်မပြန့်ဖြစ်တာ ရှိနိုင်မယ့်အန္တရာယ်မရှိနိုင်ဘူးလို့ ယုံကြည်တယ်လို့ မိုဒါနာက သောကြာနေ့ကပြောပါတယ်။
Source Reuters
#Yangon_Media_Group
Published 10 April 2022
တောင်ကိုရီးယားနိုင်ငံသားတွေဟာ ဆိုးလ်မြို့တော်က ဘူဂွမ်ချီယွမ်ချောင်းကို စနေနေ့က သွားရောက်လည်ပတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေရာတစ်ဝိုက်မှာ ချယ်ရီတွေဟာ ဝေနေအောင် အပြည့်အဝဖူးပွင့်နေလို့ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ကူးစက်မှုတွေမြင့်မားနေပေမယ့် ကန့်သတ်ချက်တွေဖြေလျော့ပေးလိုက်တာကြောင့် လည်ပတ်သူတွေ များပြားနေပါတယ်။
ကိုဗစ်ကန့်သတ်ချက်တွေကြောင့် တစ်နှစ်တစ်ကြိမ် ဘူဂွမ်ချီယွမ်ချောင်းမှာ ကျင်းပတဲ့ ချယ်ရီပွင့်ချိန်ပွဲတော်ကို ဖျက်သိမ်းခဲ့တာ (၂)နှစ်ရှိခဲ့တာဖြစ်ပါတယ်။
Source AFP
Published 10 April 2022
အီရန်အနေဖြင့် အခြားနိုင်ငံများက သဘောတူတူ မတူတူ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုမှုကို ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ အီရန်သမ္မတ အီဗရာဟင် ရိုင်စီက ပြောကြားလိုက်ပါတယ်။
ဧပြီ(၉)ရက်က အီရန်အဏုမြူစွမ်းအင်အဖွဲ့အစည်းရဲ့ အမျိူးသားနျူကလီးယားနည်းပညာနေ့ရဲ့ ၁၆ကြိမ်မြောက်အခမ်းအနားနှင့်အတူကျင်းပတဲ့ နိုင်ငံရဲ့နျူကလီးယားစက်မှုလုပ်ငန်းပြပွဲကို တက်ရောက်ရင်း အီရန်သမ္မတရိုင်စီက ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲမှာ သူဟာ အီရန်ရဲ့ နျူကလီးယားအောင်မြင်မှုအသစ်(၇)ခုကိုလည်း ထုတ်ဖော်ခဲ့တယ်လို့ အီရန်သမ္မတ ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရသိရပါတယ်။
သူက နျူကလီယားကို ငြိမ်းချမ်းစွာအသုံးပြုမှုအတွက် အီရန်ရဲ့ အခွင့်အရေးကို အလေးပေးပြောဆိုခဲ့ပြီး အီရန်ဟာ အဲဒီနယ်ပယ်မှာ သုတေသနနှင့်လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ပြောခဲ့ပါတယ်။
Source CMG
#WorldHealth
Published 10 April 2022
အသက်အရွယ်အရအိုမင်းရင့်ရော်လာတဲ့ လူအသားအရည်ဆဲလ်တွေကို နှစ် ၃၀ လောက်ပြန်လည်နုပျိုလာစေမယ့်နည်းလမ်းကို သုတေသီများဖော်ထုတ်လျက်ရှိပြီး ဒီနည်းလမ်းဟာ အရင်နည်းလမ်းတွေထက် ပိုမိုနုပျိုစေကာ ဆဲလ်တွေလည်းသူတို့ရဲ့ မူလလုပ်ဆောင်ချက်တွေ ဆုံးရှုံးစေမှာမဟုတ်ပါဘူး။
ဆဲလ်အဟောင်းတွေရဲ့ လုပ်ဆောင်ချက်တွေကို တချို့တပိုင်းပြန်လည်ပြုပြင်ပြီး ဇီဝသက်တမ်းထပ်မံတိုးချဲ့နိုင်ဖို့ ပြုလုပ်သွားမှာဖြစ်ပါတယ်။
အရေပြားဒဏ်ရာတစ်ခုအတိုင်း ပုံစံတူပြုလုပ်ပြီး စမ်းသပ်ရာမှာ ပြန်လည်နုပျိုသွားတဲ့ဆဲလ်တွေက ငယ်ရွယ်ကျန်းမာတဲ့ဆဲလ်တွေအတိုင်း ပြုမူလုပ်ဆောင်ကြကြောင်း ဖော်ပြထားပါတယ်။
Epigenetics သုတေသနလုပ်ငန်းမှ ဦးဆောင်သုတေသီ ပရော်ဖက်ဆာ'ဝုဖ်ရိတ်ခ်'က ဒီနည်းလမ်းပုံဖော်ခြင်းက တကယ်စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း ပြောပြလိုက်ပါတယ်။
"ရင့်ရော်ခြင်းဖြစ်စဉ်ကိုလျှော့ချဖို့ ပြန်လည်ညွှန်ကြားစရာမလိုတဲ့ မျိုးဗီဇဆဲလ်တွေကို တဖြည်းဖြည်းတွေ့ရှိလာတော့မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကနေ အလွန်တန်ဖိုးရှိတဲ့တွေ့ရှိချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်"
ပရော်ဖက်ဆာ'ရိတ်ခ်'ဓာတ်ခွဲခန်းမှ သုတေသီဒေါက်တာ'ဒီလ်ဂျိဂီးလ်'က ဆဲလ်တွေကို မူလလုပ်ဆောင်ချက်မပျက်စီးစေဘဲ ပြန်လည်နုပျိုအောင်ပြုလုပ်နိုင်ကြောင်း သက်သေပြထားနိုင်ခဲ့ပြီး ဆဲလ်အဟောင်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်အသက်ဝင်စေမှာဖြစ်ကြောင်း ပြောပြပါတယ်။
လူတွေအသက်ကြီးလာတဲ့အခါ ဆဲလ်စွမ်းဆောင်ရည်တွေကျဆင်းလာပြီး မျိုးရိုးဗီဇများ၊ ဒီအင်န်အေများ လုပ်ဆောင်ချက်ကျဆင်းလာကာ အိုမင်းလာစေတာဖြစ်ပါတယ်။
ယခုပြန်လည်နုပျိုစေတဲ့နည်းလမ်းက ဆဲလ်များကိုပြုပြင်ခြင်း အစားထိုးခြင်းများဖြင့်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။
နဂို ဆဲလ်လုပ်ဆောင်ချက်တွေကို မပျက်စီးစေဘဲ ဆဲလ်တွေကိုပြန်လည်ငယ်ရွယ်စေမှာဖြစ်ပါတယ်။
အဆိုပါတွေ့ရှိချက်ကြောင့် အခြားဆေးပညာပိုင်းဆိုင်ရာ တွေ့ရှိချက်တွေပါ ထွက်ပေါ်လာနိုင်ချေရှိနေပါတယ်။
အယ်လ်ဇိုင်းမားရောဂါနဲ့ မျက်လုံးအတွင်းတိမ်လိုရောဂါတွေမှာပါ ဆဲလ်တွေကိုပြန်လည်နုပျိုအောင်ပြုလုပ်နိုင်ဖို့ ရှိနေပါတယ်။
Source: The National.
#Yangon_Media_Group
#WorldHealth
Published 10 April 2022
လူအတော်များများက သူတိုနဲ့ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့တဲ့အခါ ကိုဗစ်ရောဂါကူးစက်မှုအန္တရာယ်ကို သတိပေါ့လျော့စွာနေထိုင်တတ်ကြကြောင်း လေ့လာချက်အသစ်တစ်ခုတွေ့ရှိခဲ့ပါတယ်။
မိတ်ဆွေအပေါင်းအသင်းတွေနဲ့တွေ့ဆုံမှုက ကိုဗစ်ရောဂါအပေါ်ဘယ်လောက်သက်ရောက်မှုရှိသလဲဆိုတာကို Eline L.E. De Vries နဲ့ Hyunjung Crystal Lee တို့က Experimental Psychology ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
သူငယ်ချင်းမိတ်ဆွေတွေရှိနေတဲ့အခါ လူတစ်ယောက်အနေနဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေကို လိုက်နာမှုလျော့နည်းလာသလားဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။
ကပ်ရောဂါနှစ်နှစ်တာကာလအတွင်း လူအများစုဟာ သူတို့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေနဲ့ ပြောဆိုဆက်ဆံမှုကန့်သတ်ခြင်းခံခဲ့ရတာက ဒီလိုအကျိုးဆက်တွေဖြစ်လာရတဲ့ အကြောင်းအရင်းဖြစ်နေနိုင်ပါတယ်။
စမ်းသပ်လေ့လာမှုများပြုလုပ်ပြီးနောက် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် ဗိုင်းရပ်စ်ကူးစက်နိုင်ချေနည်းနိုင်တယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာထင်မြင်မှုရှိနေတတ်ကြပြီး သူစိမ်းတွေ ဒါမှမဟုတ် သိပ်ပြီးမရင်းနှီးတဲ့သူတွေနဲ့ တွေ့ဆုံရာမှာတော့ အဲဒီလိုစိတ်ပိုင်းဆိုင်ရာထင်မြင်မှုမျိုး မတွေ့ရဘူးလို့သုံးသပ်ထားပါတယ်။
ပထမစမ်းသပ်မှုမှာ စမ်းသပ်ခံမယ့်သူ ၄၉၅ ဦးကို အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပါတယ်။တစ်ဖွဲ့ကို ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်နဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေကို ရေးချခိုင်းပြီး နောက်တစ်ဖွဲ့ကလူတွေကိုတော့ သိပ်မရင်းနှီးတဲ့လူတစ်ယောက်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ချရေးခိုင်းလိုက်ပါတယ်။
ထို့နောက် နှစ်ဖွဲစလုံးကလူတွေကို ကိုဗစ်ရောဂါဆိုးရွားစွာဖြစ်စေနိုင်တဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့စားသောက်ခြင်းအကြောင်းနဲ့ ရောဂါကာကွယ်ခြင်းအပြုအမူများအကြောင်းပါဝင်တဲ့ သတင်းဆောင်းပါးကို ဖတ်ခိုင်းခဲ့ပါတယ်။
အဲဒီနောက် စမ်းသပ်ခံသူတွေအတွက် သုတေသီများစီစဉ်ထားတဲ့ အွန်လိုင်းစတိုးကနေ ပစ္စည်းတစ်ခုကို ရွေးချယ်ဝယ်ယူခိုင်းပါတယ်။
ထိုပစ္စည်းတွေထဲမှာ အစားအစာမုန့်တွေနဲ့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများဖြစ်တဲ့ နှာခေါင်းစည်း၊ လက်ဆေးရည်စတဲ့ပစ္စည်းများ ပါဝင်ပါတယ်။
ရင်းနှီးတဲ့မိတ်ဆွေအကြောင်းရေးထားတဲ့သူတွေထဲက ၂၇ ရာခိုင်နှုန်းဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့စားစရာကို ရွေးချယ်ခဲ့ကြပြီး သိပ်ပြီးမရင်းနှီးတဲ့သူအကြောင်းရေးထားတဲ့သူတွေထဲကတော့ ၂၁ ရာခိုင်နှုန်းကသာ စားစရာကိုရွေးချယ်ခဲ့ပါတယ်။
ဒါကြောင့် မိတ်ဆွေအပေါင်းအသင်းအကြောင်းရေးတဲ့သူတွေက ကူးစက်မှုအန္တရာယ်ပိုဖြစ်နိုင်တဲ့ အပြုအမူကိုပြုလုပ်နိုင်ချေပိုများနေတာကိုတွေ့ရှိရပါတယ်။
ဒါ့အပြင်မိတ်ဆွေအပေါင်းအသင်းထံမှ ရောဂါကူးစက်တယ်လို မြင်ယောင်ကြည့်ခိုင်းတဲ့အခါ သိပ်ပြီးဂရုစိုက်တဲ့ပုံမပေါ်ကြောင်းလည်း တွေ့ရှိရပါတယ်။
မိတ်ဆွေတွေထံမှ ရောဂါကူးစက်ဖူးတဲ့လူတွေက ရောဂါထပ်မံကူးစက်နိုင်ချေနည်းပါးတယ်လို့ ယူဆတတ်ကြပါတယ်။
အဆိုပါတွေ့ရှိချက်များအရ ကိုဗစ်ရောဂါကာကွယ်ရေးအစီအစဉ်တွေမှာ မိသားစုဝင်တွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ရှိနေခိုက် သတိပေါ့လျော့တတ်ခြင်းကိုလည်း သတိပေးသင့်ကြောင်း ဖော်ပြထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Page 1059 of 1126