#WorldHealth
Published 7 July 2022
'နာတာရှာကုတ်စ်'ဆိုတဲ့အမျိုးသမီးဟာ ရှားပါးရောဂါဝေဒနာတစ်မျိုး ခံစားနေရပြီး ချွေးထွက်ခြင်းကစလို့ ရယ်မောခြင်းအထိပြုလုပ်ခြင်းဖြင့် အသက်အန္တရာယ်ရှိစေနိုင်တဲ့ ဓာတ်မတည့်ခြင်းမျိုး ခံစားနေရပါတယ်။
ဒီလိုပြင်းထန်တဲ့ ရောဂါရှိနေပေမယ့်လည်း 'နာတာရှာကုတ်စ်'ဟာ ကျွမ်းဘားအားကစားမှာ ထူးချွန်ပြီး အဆိုပါဝေဒနာခံစားနေရတဲ့ အခြားသူများကိုလည်း အွန်လိုင်းကနေ အားပေးစကားများ ပြောဆိုပေးနေပါတယ်။
"စိတ်ခံစားမှု ပြင်းထန်ခြင်းမျိုးက ကျွန်မနဲ့ဓာတ်မတည့်ပါဘူး၊ ရယ်မောတာဖြစ်ဖြစ် ငိုတာဖြစ်ဖြစ် ဝမ်းနည်းတာဖြစ်ဖြစ် စိတ်ဖိစီးတာဖြစ်ဖြစ် ခန္ဓာကိုယ်စိတ်အနေအထားပြောင်းလဲတဲ့အခါ ဓာတုဓာတ်ပြုတုန့်ပြုမှုတွေ ဖြစ်စေပါတယ်" လို့ အသက် ၂၇ နှစ်ရှိ'နာတာရှာကုတ်စ်'က အင်စတာဂရမ်နဲ့ တစ်တော့အကောင့်တွေမှာ ပြောကြားခဲ့ပါတယ်။
'ကုတ်စ်'ဟာ ဆဲလ်အများအပြား တုန့်ပြန်ခြင်း ဝေဒနာမျိုးခံစားရတာဖြစ်ပြီး အပြင်းအထန် ဓာတ်မတည့်ခြင်းမျိုး ထပ်ခါထပ်ခါဖြစ်ပွားလေ့ရှိကာ ခန္ဓာကိုယ်အနှံအပြားကို ထိခိုက်စေတတ်ကြောင်း အမေရိကန်တက္ကသိုလ်က ဖော်ပြထားပါတယ်။
'ကုတ်စ်'ဟာ ရယ်မောနေရင်းနဲ့ လည်ပင်းနဲ့လျှာရောင်ရမ်းလာပြီး အသက်ဆုံးရှုံးနိုင်လောက်တဲ့အထိ ဖြစ်ပွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဆဲလ်တွေက တုန့်ပြန်နိုင်စွမ်းအလွန်မြင့်မားပြီး မှားယွင်းစွာနဲ့ ဓာတုဓာတ်ပြုပစ္စည်းအများအပြားထုတ်လွှတ်လိုက်ကာ အရေပြား၊ အစာအိမ်အူလမ်းကြောင်း၊ နှလုံး၊ အသက်ရှူလမ်းကြောင်းနဲ့ အာရုံကြောစနစ်တို့မှာ ဓာတ်မတည့်တဲ့လက္ခဏာတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ အနည်းငယ်လေးအပြောင်းအလဲဖြစ်တာနဲ့ ဓာတုပစ္စည်းများအလွန်အကျွံထွက်ပေါ်လာပြီး သွေးပေါင်ချိန်အလွန်အမင်းကျဆင်းတဲ့ ရှော့ဖြစ်ကာ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိ ဖြစ်တတ်ပါတယ်။
'ကုတ်စ်'ဟာ အသက် ၁၈ နှစ်အရွယ်တုန်းက ပွဲတစ်ခုမှာ ပထမဆုံးအကြိမ်ပြင်းထန်စွာရှော့ဖြစ်ခဲ့ပြီး အသက်ရှူရခက်ခဲလာကာ ဆေးရုံတင်ပို့လိုက်ရပါတယ်။
ဒါပေမဲ့လည်း ဒါဟာသာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး ရှားရှားပါးပါးတုန့်ပြန်မှုမျိုးကြုံတွေ့ခဲ့ရတာဖြစ်ကြောင်း ဆရာဝန်တွေက ရှင်းပြခဲ့ကြပါတယ်။
၂ နှစ်အတွင်းမှာပဲ ဓာတ်မတည့်မှုမျိုး အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသမီးငယ်လေးဟာ အရေးပေါ်အခန်းသို့ ခဏခဏရောက်ရှိနေခဲ့ပါတယ်။
ဘဝမှာနေထိုင်ရတာအလွန်ခက်ခဲခဲ့ပြီး ရေမွှေးနံ့သာ၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ ဖယောင်းတိုင်တို့ကိုပါ ဓာတ်မတည့်တော့ဘဲ စားသောက်နေရတာပင် ကံစမ်းရသလို ဖြစ်ခဲ့ပါတယ်။
စားစရာတစ်ခုက ဒီနေ့စားလိုအဆင်ပြေပေမယ့် မနက်ဖြန်စားတဲ့အခါ ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။
မတည့်တဲ့စားစရာတွေကို ရွေးထုတ်ရင်း နောက်ဆုံးမှာတော့ ကြက်သား၊ အာလူး၊ ပန်းဂေါ်ဖီတို့သာကျန်တော့ပြီး အဟာရချို့တဲ့ခြင်း ဖြစ်လာပါတယ်။
ဒီဝေဒနာကြောင့် ဘယ်အချိန်ဘာဖြစ်မလဲဆိုတာ မိသားစုနဲ့အတူ စိုးထိတ်နေရကြောင်း၊ တစ်ချိန်ချိန်မှာ အသက်သေဆုံးနိုင်တယ်ဆိုတာကို လက်ခံထားရကြောင်း၊ အသက် ၂၀ အရွယ်မှာပင် အသုဘအတွက်ပြင်ဆင်ထားရကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ကျန်းမာရေး အခြေအနေအတွက် အနီးစပ်ဆုံးဆေးရုံကိုသိအောင် လုပ်ထားရပြီး အရေးပေါ်ဆေးနည်းတွေသိရှိအောင် လေ့လာထားရပါတယ်။
လေ့ကျင့်ခန်း အားကစားပြုလုပ်လို အရေးပေါ်အခြေအနေဖြစ်လာနိုင်တာကြောင့် ရပ်တန့်သင့်တယ်လို့ ပြောတဲ့သူတွေရှိပါတယ်။
'ကုတ်စ်'ကတော့ အိမ်မှာငြိမ်ငြိမ်နေရင်းတောင် ဓာတ်မတည့်ခြင်းက အချိန်မရွေးဖြစ်တတ်တာကြောင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာအောင်နေထိုင်လျက်ရှိပါတယ်။
Source: New York Post
#Yangon_Media_Group
#Local_News
Published - 7 July 2022
ပြည်တွင်း စက်သုံးဆီ စက်သုံးဆီ ၉၂ နှင့် ၉၅ တစ်လီတာဈေးနှုန်း၏ ယနေ့ပေါက်ဈေးမှာ တစ်လီတာလျှင် ကျပ် ၂၀၀၀ အောက်ထိ ကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ဇူလိုင်လ ၆ ရက်က ၉၂ တစ်လီတာလျှင် ၂၀၇၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၈၃၅ ကျပ်သို့လည်းကောင်း၊ ၉၅ တစ်လီတာဈေး ၂၁၉၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၉၅၅ ကျပ်သို့လည်းကောင်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ဇူလိုင်လ ၆ ရက်က ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၃၈၀ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၄၁၀ ကျပ် ရှိခဲ့ရာမှ ယနေ့ (ဇူလိုင်လ ၇ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၂၂၅ ကျပ် အထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။
ပြည်တွင်း စက်သုံးဆီဈေးနှုန်း အတက်အကျ ရှိနေခဲ့သည့်ကာလအတွင်း ပုံမှန်ထက် တစ်လီတာလျှင် ၁၀၀ ကျပ်ခန့် ကျဆင်းလာခဲ့ရာမှ ယခုအခါ တစ်လီတာကို ၁၀၀ ကျပ်ထက်ပို၍ ကျလာသည်ကိုလည်းတွေ့ရခြင်း ဖြစ်သည်။
"နဂိုကဆိုရင် ဈေးက တစ်လီတာကို တစ်ရာလောက် ကျတာရှိတယ်။ အခုက ဥပမာပြရရင် ဒီဇယ်ဈေးဆိုရင် တစ်လီတာကို မနေ့က ၂၃၈၀ ကျပ် ရှိခဲ့ပေမဲ့ ဒီနေ့ ၂၁၉၅ ကျပ် ထိ ကျလာပြီးတော့ ပရီမီယံဒီဇယ်ဆိုရင် တစ်လီတာကို ၂၄၁၀ ကျပ် ဖြစ်နေရာကနေ ဒီနေ့ ၂၂၂၅ ကျပ်ထိ ဖြစ်လာတယ်။ ရိုးရိုးဒီဇယ်နဲ့ ပရီမီယံဒီဇယ် ဈေးက တစ်လီတာကို ၁၈၅ ကျပ်ထိ ကျသွားတဲ့သဘောပေါ့။ ဒါပေမဲ့လည်း ဈေးကတော့ အတက်အကျရှိတယ်။ စောင့်ကြည့်ရအုံးမှာပါ"ဟု စက်သုံးဆီ အရောင်းအဝယ်လုပ်နေသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တိုတွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။
ymg/sth
#Yangon_Media_Group
#WorldHealth
Published 7 July 2022
အရက်သောက်ခြင်းက ယောက်ျားများနဲ့ မိန်းမများရဲ့ဦးနှောက်ဆောင်ရွက်ပုံကို ကွဲပြားစွာ သက်ရောက်လျက်ရှိကြောင်း ကြွက်တွေနဲ့လေ့လာမှု ပြုလုပ်ခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အယ်လ်ကိုဟောက ကမ္ဘာပေါ်မှာ စွဲမြဲသောက်သုံးလေ့အရှိဆုံးအရာ တစ်မျိုးဖြစ်ပြီး စိတ်ကျန်းမာရေး ပြဿနာအများအပြားဖြစ်လာကြတဲ့အပြင် ဦးနှောက်ဆောင်ရွက်မှုကိုလည်း သက်ရောက်မှုရှိနေပါတယ်။
ဒါပေမဲ့ eNeuro ဂျာနယ်မှာဖော်ပြချက်အရ အယ်လ်ကိုဟောက ယောက်ျားတွေနဲ့မိန်းမတွေရဲ့ဦးနှောက်တွေအပေါ် သက်ရောက်မှုကွဲပြားစွာရှိကြောင်း ဖော်ပြထားပါတယ်။
အယ်လ်ကိုဟောသက်ရောက်တဲ့ အဓိကအချက် ၂ ချက်က စိတ်ပိုင်းဆိုင်ရာပြဿနာများနဲ့ အရက်စွဲခြင်းတို့ဖြစ်ပေါ်နိုင်ပြီး တစ်မျိုးနဲ့တစ်မျိုးလှည့်လည်ဖြစ်ပွားနေတတ်ပါတယ်။
အရက်စွဲခြင်းဖြင့် စိတ်စိုးရိမ်ပူပန်ခြင်းဖြစ်တတ်ပြီး စိတ်ပူပန်ခြင်းဖြင့် အရက်စွဲသောက်ခြင်းဖြစ်ပေါ်နိုင်ပါတယ်။
ဦးနှောက်အစိတ်အပိုင်းတွေမှာ အပြောင်းအလဲဖြစ်ပေါ်ပြီး စိုးရိမ်ပူပန်ခြင်းများနဲ့ အပြုအမူခံစားချက်တွေအပေါ် သက်ရောက်မှုရှိနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အတိအကျသိရဖို့အတွက် သုတေသီတွေက ကြွက်များဖြင့် စမ်းသပ်ခဲ့ကြရာ အရက်က ကြွက်တွေရဲ့ဦးနှောက်ဆောင်ရွက်ချက် အပြောင်းအလဲများကို ဖြစ်ပေါ်စေကြောင်း အတည်ပြုနိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ကြွက်ထီးနဲ့ကြွက်မဆိုပြီး ခွဲခြားလေ့လာခဲ့ကြတာဖြစ်ပါတယ်။
အယ်လ်ကိုဟောကြောင့် ကြွက်ထီးတွေမှာ ဦးနှောက်နဲ့အပြုအမူပြောင်းလဲတာမျိုးဖြစ်ခဲ့ပေမယ့် ကြွက်မတွေမှာတော့ အဲဒီလိုအပြောင်းအလဲတွေ မတွေ့ခဲ့ရပါဘူး။
ဒါပေမဲ့ဒီသဘောက အမျိုးသမီးတွေရဲ့ဦးနှောက်က အယ်လ်ကိုဟောသက်ရောက်မှုကို ခံနိုင်ရည်ရှိတဲ့သဘောတော့ မဟုတ်ပါဘူး။
ဦးနှောက်ဆောင်ရွက်ချက်ကို ထိရောက်ဆဲဖြစ်ပြီး ကွဲပြားစွာသက်ရောက်နေတာသာဖြစ်ပါတယ်။
နောက်ထပ်စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က လူသားတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အယ်လ်ကိုဟောသောက်ချင်စိတ်ပိုများတာပါပဲ။
အမျိုးသမီးတွေအပေါ် အယ်လ်ကိုဟောက ကွဲပြားစွာသက်ရောက်စေတာဟာ မမျိုးဥစတီးရွိုက်ဟော်မုန်းကြောင့် အဓိကကျနေပါတယ်။
နောက်ထပ်လေ့လာမှုတွေပြုလုပ်ဖို့ လိုအပ်နေပေမယ့် အယ်လ်ကိုဟောဓာတ်ကို ခံနိုင်ရည်ရှိမှုတွေ တုန့်ပြန်မှုတွေစတဲ့အချက်တွေကိုလည်း ထည့်တွက်ဖို့လိုအပ်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 6 July 2022
ထိုင်ဝမ်လေတပ်က ယင်းရဲ့ ပြည်တွင်းထုတ် ခေတ်မီလေ့ကျင့်ရေးဂျက်လေယာဉ် T-5 Brave Eagle ကို ပျံသန်းပြသခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်အင်အားကြီးထွားလာတာကို ဆန့်ကျင်နိုင်ဖို့ ထိုင်ဝမ်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ ကာကွယ်ရေးအင်အားကို မြှင့်တင်နေတာဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ ဆယ်စုနှစ်များစွာသက်တမ်းရှိနေတဲ့ AT-3 လေ့ကျင့်ရေးလေယာဉ်နှင့် ဗီယက်နမ်စစ်ပွဲကာလသုံးခဲ့တဲ့ F-5 တိုက်ခိုက်ရေး လေ့ကျင့်ရေးလေယာဉ်တွေနေရာကို အစားထိုးမှာဖြစ်ပါတယ်။
အခုလေယာဉ်ဟာ ယခင်ရှိပြီး ချင်းကူးတိုက်ဂျက်လေယာဉ်ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ထိုင်ခုံနှစ်ခုံတပ် Brave Eagle ဟာ လေယာဉ်ပုံစံပြုလုပ်မှု အီလက်ထရွန်နစ်နည်းပညာအသစ်တပ်ဆင်ထားပြီး လောင်စာဆီပိုသိုလှောင်နိုင်က ဒုံးကျည်တွေနှင့် ဗုံးတွေသယ်ဆောင်နိုင်ပါတယ်။
ခေတ်မီလေ့ကျင့်ရေးလေယာဉ်တွေကို ထိုင်ဝမ်ရဲ့ လေကြောင်းစက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းက ထုတ်လုပ်တာဖြစ်ပြီး ၂၀၂၆ခုနှစ်မှာ Brave Eagles ၆၆ စင်းအထိ ထိုင်ဝမ်လေတပ်အတွက် ထုတ်လုပ်ပေးဖို့ ရည်မှန်းထားပါတယ်။
သက်တမ်း ၂၃နှစ်ရှိပြီဖြစ်တဲ့ AT-3 လေ့ကျင့်ရေးလေယာဉ်ဟာ ဒီနှစ်မေလတုန်းကပျက်ကျခဲ့တဲ့အတွက် အိုမင်းနေတဲ့ တိုက်လေယာဉ်တွေအပေါ် စိတ်ပူပန်မိတွေရှိခဲ့ကြပါတယ်။
Source: AFP
#WorldBotanical
Published 6 July 2022
လန်ဒန်မြို့ ကယူးဂါးဒင်းစ်မှ ပညာရှင်များက ပထမဆုံးဦးဆုံးသော ကမ္ဘာ့အကြီးဆုံး ဧရာမရေပေါ်လီလီပန်းခေါ် ကြာပန်းမျိုးစိတ်အသစ်ကို တွေ့ရှိခဲ့ကြောင်း တနင်္လာနေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 6 July 2022
၁။ ဇူလိုင်လအတွင်း အနည်းဆုံးမုန်တိုင်းနှစ်ကြိမ် ဖြစ်ပေါ်နိုင်ဟုဆို
၂။ မြန်မာနိုင်ငံမှ ထိုင်းသို့သွားမည့် MOU လုပ်သားများ ကွာရန်တင်းဝင်ရမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကမ္ဘာ့အကြီးဆုံး ဧရာမရေပေါ်ကြာပန်းမျိုးစိတ်အသစ်ကို တွေ့ရှိခဲ့ကြောင်း ကယူးဂါးဒင်းစ်ကြေညာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldNews
Published 6 July 2022
ကွယ်လွန်သူမိသားစုထံမှ ခွင့်ပြုချက်မရယူဘဲ အလောင်းတွေကိုခွဲခြမ်းဖြတ်တောက်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောင်းစားခဲ့တဲ့ ကိုလိုရာဒိုမှဈာပနလုပ်ငန်းပိုင်ရှင်ဟောင်းတစ်ဦးကို လိမ်လည်လှည့်ဖျားမှုဖြင့် တရားစွဲဆိုခဲ့ရာ အင်္ဂါနေ့က အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
'မီဂန်ဟက်စ်'ဆိုတဲ့ အမျိုးသမီးဟာ Sunset Mesa လိုခေါ်တဲ့ ဈာပနလုပ်ငန်းတစ်ခုနဲ့ Donor Services လိုခေါ်တဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းလုပ်ငန်းတို့ကို အဆောက်အအုံတစ်ခုတည်းမှာပဲ ဖွင့်လှစ်လုပ်ကိုင်နေသူဖြစ်ပြီး လိမ်လည်လှည့်ဖျားမှုဖြင့် အမေရိကန်တရားသူကြီး'ဂေါ်ဒွန်ဂယ်လာဂါ'ရှေ့မှောက်မှာ တရားရင်ဆိုင်ခဲ့ရပါတယ်။
အရင်ကတော့ အပြစ်မရှိဘူးလို့ ဝန်ခံခဲ့တဲ့'ဟက်စ်'ကို တရားသူကြီး'ဂယ်လာဂါ'က ဇန်နဝါရီလမှာ စီရင်ချက်ချရန်ချိန်းဆိုခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်မှ ၁၅ နှစ်အထိချမှတ်ခဲ့ပါတယ်။
အသက် ၄၅ နှစ်ရှိ'ဟက်စ်'ဟာ သေဆုံးသွားသူတွေအတွက် အလောင်းတွေကိုမီးသဂြိုဟ်ပေးဖို့ တောင်းဆိုခဲ့တဲ့ မိသားစုတစ်ဒါဇင်လောက်ကို လိမ်လည်လှည့်ဖျားခဲ့ကြောင်း အင်္ဂါနေ့ကဝန်ခံခဲ့တာဖြစ်ပါတယ်။
အလောင်းတွေကို မီးရှိသဂြိုဟ်ခြင်းမလုပ်ဘဲနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းခွဲခြမ်းရေးလုပ်ငန်းဖြင့် အလောင်းတွေရဲ့ ဦးခေါင်း၊ ကျောရိုး၊ ခြေလက်တိုကိုဖြတ်ယူပြီး ပညာရေးကဏ္ဍများနဲ့ ခွဲစိတ်သင်ကြားရေးလုပ်ငန်းတွေကို ရောင်းချခဲ့ကြောင်း တရားခွင်မှာ သက်သေဖော်ပြခဲ့ပါတယ်။
'ဟက်စ်'ရဲ့ရှေ့နေဖြစ်သူ'ဒန်ရှက်ဖာ'က ထောင်ဒဏ်ကို ၂ နှစ်အထိလျှော့ချဖိုကြိုးပမ်းခဲ့ပြီး 'ဟက်စ်'ဟာအဖမ်းခံရပြီးနောက် အာမခံနဲ့လွတ်မြောက်နေခဲ့ပါတယ်။
ခွင့်ပြုချက်မရဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းရောင်းချခံခဲ့ရတဲ့အလောင်းတွေရဲ့ မိသားစုဝင်နှစ်ဦးနဲ့ မိတ်ဆွေတစ်ဦးတို့ဟာလည်း တရားဝင်ကြားနာပွဲမှာ တက်ရောက်ခဲ့ကြပါတယ်။
'ဟက်စ်'ကအပြစ်ရှိကြောင်းဝန်ခံလိုက်တာကိုလည်း ကျေနပ်ပါကြောင်းပြောကြားခဲ့ပါတယ်။
အစားထိုးခွဲစိတ်ရန် နှလုံး၊ ကျောက်ကပ်၊ အရွတ်စတဲ့ကိုယ်တွင်းအင်္ဂါများ ရောင်းချခြင်းဟာ အမေရိကန်မှာ တရားမဝင်ပါဘူး။
ဒါပေမဲ့ သုတေသနလုပ်ငန်းနဲ့ ပညာရေးလုပ်ငန်းအတွက် ရုပ်ကလာပ်များနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ရောင်းချခြင်းကိုတော့ အစိုးရဥပဒေမှာ မကန့်သတ်ထားပါဘူး။
မီးသဂြိုဟ်ဖို့တောင်းဆိုတဲ့ မိသားစုတွေထံမှ 'ဟက်စ်'ဟာ ဒေါ်လာ ၁ ထောင်လောက်အထိကောက်ခံခဲ့ပေမယ့် မီးရှိခြင်းမလုပ်ခဲ့တဲ့အပြင် အလောင်းလှူဒါန်းခြင်းအတွက် အခမဲ့မီးသဂြိုဟ်ဖို့ကိုလည်း ကမ်းလှမ်းခဲ့ပါသေတယ်။
မိသားစုဝင်အများအပြားက ရုပ်ကလာပ်အမျိုးမျိုးကရရှိတဲ့ အကြွင်းအကျန်တွေနဲ့ အမှိုက်ပုံးတွေက ရောထားတဲ့ပြာတွေကိုသာ ရရှိခဲ့ကြောင်း အာဏာပိုင်များကဖော်ပြခဲ့ပါတယ်။
လူတစ်ဦးဆိုရင် သက်ဆိုင်ရာရုပ်အလောင်းရဲ့အရိုးပြာတွေမရဘဲနဲ့ ကွန်ကရစ်အရောအနှောတွေကိုသာ ရရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က ရိုက်တာသတင်းဌာနရဲ့တင်ပြချက်အရ အလောင်းတစ်ခုရဲ့ရွှေသွားကို နှုတ်ယူပြီးရောင်းစားခဲ့ရာမှ ဒေါ်လာ ၄ သောင်းရရှိဖူးကြောင်း ဝန်ထမ်းဟောင်းတစ်ဦးက စွပ်စွဲခဲ့ပါတယ်။
ထိုလုပ်ငန်းများမှာ လုပ်ကိုင်ခဲ့ဖူးတဲ့ ဝန်ထမ်းဟောင်းတွေက ရိုက်တာကိုပြောပြရာမှာ မိသားစုဝင်တွေရဲ့ခွင့်ပြုချက်မယူဘဲ အလောင်းတွေကို ခွဲခြမ်းဖြတ်တောက်ကြတယ်လို့ ပြောပြခဲ့ကြပါတယ်။
ရိုက်တာကဖော်ပြပြီး တစ်လအကြာမှာ FBI က ထိုနေရာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဈာပနလုပ်ငန်းနဲ့ မီးသဂြိုဟ်ရာနေရာကို ပိတ်ပင်ခဲ့ပါတယ်။
အစိုးရတရားသူကြီးအဖွဲ့ဝင်တစ်ဦးက 'ဟက်စ်'ကို ၂၀၂၀ ခုနှစ်မှာ တရားစွဲချက်တင်ခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1058 of 1212