#Asia_Commercial
Published 27 March 2023
တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးက တရုတ်နိုင်ငံထုတ်ပဲဖြစ်တဲ့ ဘေဒေါဂြိုဟ်တုစနစ်နဲ့ နှစ်ဖက်နှစ်လမ်းချိတ်ဆက်လိုရမယ့် P60 စီးရီးစမတ်ဖုန်းတွေကို ကြာသပတေးနေ့က ထုတ်လုပ်မိတ်ဆက်လိုက်ပါတယ်။
#YMG#Yangon_Media_Group
#DailyNews
Published_ 28 March 2023
၁။သင်္ကြန်ကာလအတွင်းရန်ကုန်နှင့်အနီးဆုံးဖြစ်သည့်လှည်းကူးရှိသူဌေးကျွန်းနှင့်Resortများသို့လာရောက်လည်ပတ်မည့်သူပိုများလာနိုင်
၂။သင်္ကြန်ရေကစားပစ္စည်းများဝယ်သူများပေမယ့် ပစ္စည်းရှားပါးနေ
၃။ ဧပြီလအတွင်း လေဖိအားနည်းရပ်ဝန်းမှအားကောင်းပြီးမုန်တိုင်းငယ်ဖြစ်နိုင်၊နွေကာလမိုးဆက်ရွာဦးမည်
၄။တရုတ်ဂြိုဟ်တုစနစ်နှင့်အပြန်အလှန်ချိတ်ဆက်နိုင်မည့် P60 စီးရီးစမတ်ဖုန်းအသစ်များအားဟွာဝေးမိတ်ဆက်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Military
Published 28 March 2023
ရုရှားနိုင်ငံရဲ့ရပ်တည်မှုကို ခြိမ်းခြောက်လာမယ်ဆိုပါက အမေရိကန်အပါအဝင် မည်သည့်ရန်သူကိုမဆို ဖျက်ဆီးနိုင်တဲ့လက်နက်များ ရုရှားမှာပိုင်ဆိုင်ထားကြောင်း ရုရှားသမ္မတ'ဗလာဒီမာပူတင်'ရဲ့လက်ထောက်မဟာမိတ်တစ်ဦးက သတိပေးလိုက်ကာ အမေရိကန်က ရုရှားရဲ့နျူကလီးယားစွမ်းအားကို အထင်သေးနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
ရုရှားလုံခြုံရေးကောင်စီမှ ဩဇာကြီးမားတဲ့ အတွင်းရေးမှူး'နစ်ကိုလိုင်ပက်ထရူရှက်ဗ်'က အဆိုပါစကားများကိုပြောဆိုခဲ့ရာ နျူကလီးယားအင်အားအကြီးမားဆုံး နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာမယ့်သဘောရှိပေမယ့် ရုရှားဘက်ကတော့ ဒီအဖြစ်ကိုရှောင်လွှဲချင်တယ်လို့ ဆိုပါတယ်။
"အမေရိကန်နိုင်ငံရေးသမားတွေက ရုရှားနဲ့ထိပ်တိုက်ရင်ဆိုင်တဲ့အခါ သူတို့ဘက်က ကာကွယ်ရေးဒုံးကျည်များ ပစ်ခတ်နိုင်စွမ်းရှိပြီး ရုရှားဘက်က ဘာမှတုံ့ပြန်နိုင်မှာမဟုတ်ဘူးလို့ သူတို့ကိုယ်သူတို့ ယုံကြည်နေကြပါတယ်၊ ဒါဟာ အမြင်ကျဉ်းပြီး ရူးမိုက်တဲ့အတွေးတွေပါပဲ" လို့ ပက်ထရူရှက်ဗ်က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
"ရုရှားက ဘယ်သူ့ကိုမှ မခြိမ်းခြောက်ဘူးဆိုပေမယ့် မိမိတိုင်းပြည်ကိုခြိမ်းခြောက်လာမယ့် အမေရိကန်အပါအဝင် ဘယ်ရန်သူကိုမဆို ဖျက်ဆီးနိုင်တဲ့ခေတ်မီလက်နက်များရှိပါတယ်" လို့ ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလက ယူကရိန်းကို အထူးစစ်ဆင်ရေးဆင်နွှဲရတဲ့အကြောင်းအရင်းက ယူကရိန်းဟာ အမေရိကန်ဦးဆောင်တဲ့ နေတိုး(NATO)မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုများကြောင့် လုံခြုံရေးခြိမ်းခြောက်လာတယ်လို့ ယူဆရတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ရတာဖြစ်ကြောင်း ရုရှားက ပြောကြားပါတယ်။
အဲဒီကတည်းက ရုရှားဟာ လူအများမြင်သာအောင် သက်သေချမပြနိုင်ဘဲ အနောက်နိုင်ငံကိုစွပ်စွဲနေခဲ့ကာ ရုရှားတိုင်းပြည်ကိုခြိမ်းခြောက်လာရင် နျူကလီးယားလက်နက်များ အသုံးပြုရန်အသင့်ရှိနေကြောင်း ပြောဆိုနေပါတယ်။
ယူကရိန်းရော ရုရှားနဲ့ပါ နယ်နိမိတ်ထိစပ်နေတဲ့ ဘီလာရုစ်နိုင်ငံမှာ ရုရှားက ဗျူဟာမြောက်နျူကလီးယားဒုံးကျည်များ နေရာချသွားမယ်လို့ စနေနေ့က ပူတင်ကြေညာခဲ့ပြီး ယူကရိန်းကိုစစ်လက်နက်များထောက်ပံ့နေတဲ့ နေတိုးအဖွဲ့ကိုသတိပေးလိုက်ကာ အနောက်နိုင်ငံနဲ့ တင်းမာမှုကိုမြင့်တက်စေခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 28 March 2023
ဒီလိုရာသီတွေမှာ လူအတော်များများ လည်ချောင်းထဲမှာ ယားယံတဲ့ခံစားချက်မျိုး ခံစားကြရပါတယ်။
ရာသီတုပ်ကွေး H3N2 အပြင် ကိုဗစ်ရောဂါနဲ့ အက်ဒီနိုဗိုင်းရပ်စ်တို့လည်း အဖြစ်များနေတဲ့အချိန်မှာ လည်ချောင်းနာခြင်းခံစားကြရပြီး ချောင်းဆိုးဖျားနာကြပါတယ်။
လည်ချောင်းနာ ချောင်းဆိုးခြင်းမှသက်သာစေရန် အနားယူခြင်းနဲ့ လည်ချောင်းစိုစွတ်စေတဲ့ အစားအသောက်များ စားပေးသင့်ကြောင်း ကျွမ်းကျင်သူများကဆိုပါတယ်။
လည်ချောင်းနာခြင်းအပြင် ချောင်းဆိုးနဲ့ အခြားလက္ခဏာများပါ ရှိနေရင် ဆေးနဲ့ကုသဖို့လိုအပ်ပေမယ့် လည်ချောင်းယားယံရုံပဲဆိုရင်တော့ အိမ်မှာတင်သက်သာအောင် ပြုလုပ်နိုင်တဲ့နည်းလမ်းများရှိကြောင်း ဖော်တစ်ဆေးရုံမှ အကြီးတန်းအကြံပေးဒေါက်တာ'ဆက်ဗ်ယာဆာချီဆက်စ်နာ'က ပြောပြခဲ့ပါတယ်။
ပထမဆုံးနည်းလမ်းကတော့ လုံလောက်အောင်အနားယူသင့်ပြီး အသံဖြင့်အလုပ်လုပ်ရတဲ့သူဆိုရင် ချက်ချင်းအနားယူရမှာဖြစ်ပါတယ်။
လည်ချောင်းကိုအစိုဓာတ်ရရှိစေရန် ရေ၊ စွပ်ပြုတ်နွေးနွေး၊ ကော်ဖီ၊ လက်ဘက်ရည်တို့ သောက်သုံးသင့်ပါတယ်။
အသီးအနှံလတ်လတ်ဆတ်ဆတ်တွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စားသုံးပေးသင့်ပါတယ်။
ရေနွေးနဲ့ဆားဖြင့် ပလုတ်ကျင်းပေးခြင်းကလည်း အရေးကြီးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။
စိုထိုင်းမှုထိန်းပေးတဲ့ကိရိယာဖြင့် လည်ချောင်းကိုထိန်းသိမ်းနိုင်သလို မရှိပါက ရေနွေးငွေ့ရှူပေးခြင်းဖြင့် နာကျင်ခြင်းကို သက်သာစေပါတယ်။
ထိုအချိန်အတွင်း ဆေးလိပ်အရက် ရှောင်ရှားသင့်သလို အဖန်၊ အချဉ်များကို ကန့်သတ်စားသုံးရမှာဖြစ်ပါတယ်။
အနားယူပြီးတော့ လက္ခဏာတွေမသက်သာဘူးဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
Source: India Today
#Yangon_Media_Group
#World_Health
Published 28 March 2023
ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုယ်အလေးချိန်အလွန်တက်လာတဲ့ အမျိုးသမီးတွေက မွေးလာတဲ့ကလေးတွေဟာ နောက်ပိုင်းမှာ အဝလွန်ပြီး ဆီးချိုရောဂါဖြစ်လာနိုင်ချေများကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သန္ဓေသားတွေ မွေးလာတဲ့ကလေးတွေမှာ အာဟာရဓာတ်လွန်ကဲခြင်းဖြင့် သူတို့ရဲ့ဦးနှောက်က ကျန်းမာရေးမညီညွတ်တဲ့အစားအစာတွေကို စားချင်စိတ်ရှိလာကြကြောင်း ရတ်ဂါစ်တက္ကသိုလ်မှ သုတေသီများကဆိုပါတယ်။
ဒီဖြစ်ရပ်ကိုစမ်းသပ်ဖို့အတွက် သုတေသီအဖွဲ့က ကြွက်တွေနဲ့စမ်းသပ်ကြရာ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးကာလတွေမှာ အဆီများတဲ့အစားအစာများ စားသုံးစေခဲ့ကာ အဝလွန်တဲ့အခြေအနေ ရောက်ရှိစေခဲ့ပါတယ်။
နောက်တစ်ဖွဲ့ကိုတော့ ကျန်းမာရေးညီညွတ်တဲ့အစာများသာ ကျွေးခဲ့ပြီး နှိုင်းယှဉ်ကြည့်ခဲ့ကြရာ အဝလွန်တဲ့ကြွက်မိခင်တွေရဲ့ ကလေးတွေဟာ အခြားကလေးတွေထက် သိသိသာသာ အစားများခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးစဉ်ကာလအတွင်း အာဟာရဓာတ်လွန်ကဲခြင်းဖြင့် ဖွံ့ဖြိုးဆဲကလေးတွေရဲ့ဦးနှောက်မှာ အပြောင်းအလဲဖြစ်ပြီး အနာဂတ်မျိုးဆက်တွေကိုပါ ထိခိုက်စေနိုင်ကြောင်း စာတမ်းပြုစုသူပရော်ဖက်ဆာ'မာ့ခ်ရော့စီ'က ဖော်ပြခဲ့ပါတယ်။
"အဝလွန်မိခင်တွေကနေ မွေးလာတဲ့ကလေးတွေဟာ အရွယ်ရောက်တဲ့အချိန်မှာ ပိုမိုသွယ်လျတဲ့မိခင်တွေကနေ မွေးလာတဲ့ကလေးတွေထက် ကိုယ်အလေးချိန်ပိုများနိုင်ပြီး ဒီလိုမျိုးစမ်းသပ်ချက်များအရ ကလေးဘဝမှာ မသင့်လျော်တဲ့အစားအစာများ စားတတ်တဲ့အကျင့်တွေ တတ်မြောက်လာတတ်ပါတယ်"
ဒီအတွက်ဖြေရှင်းနည်းတွေကို ရှာဖွေကြရာမှာ ခန္ဓာကိုယ်သွယ်လျချင်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။
ရရှိလာတဲ့အချက်အလက်များအရ နောင်အခါ ကိုယ်အလေးချိန်ကျဆင်းလာနိုင်တဲ့ နည်းလမ်းများဖြစ်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။
ကမ္ဘာ့အဝလွန်ရောဂါဖက်ဒရေးရှင်းရဲ့ ခန့်မှန်းချက်အရ နောက် ၁၂ နှစ်အတွင်း ကမ္ဘာ့လူဦးရေရဲ့ ၅၁ ရာခိုင်နှုန်းဟာ အဝလွန်လာနိုင်ချေရှိတယ်လို့ သိရပါတယ်။
အပြောင်းအလဲတွေ ဘယ်လိုဖြစ်လဲဆိုတာကို သေချာမသိသေးတာကြောင့် လုပ်စရာတွေရှိသေးသလို အလွန်အကျွံစားသုံးခြင်းကို ဖြစ်စေတဲ့အခြေအနေတွေကိုလည်း သိလာရကြောင်း ရော့စီကပြောကြားလိုက်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 28 March 2023
လက်နက်အများကြီးကိုင်ဆောင်ထားတဲ့ အသက် ၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦးက တင်နက်ဆီပြည်နယ်ရဲ့ မြို့တော် နက်ရှ်ဗီးလ်က ပုဂ္ဂလိကခရစ်ယာန်ကျောင်းတစ်ကျောင်းကို မတ် ၂၇ ရက်တနင်္လာနေ့က ဝင်ရောက်ပစ်ခတ်တဲ့အတွက် ကလေးငယ်(၃)ဦးနှင့် ဝန်ထမ်း(၃)ဦးသေဆုံးခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရဲတွေက အဲဒီအမျိုးသမီးကို ပစ်သတ်ခဲ့ပါတယ်။
ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို ချက်ခြင်းမသိရသေးပေမယ့် သူမဟာ ကျောင်းရဲ့ အသေးစိတ်မြေပုံကိုတော့ ရေးဆွဲ ခဲ့ပါတယ်။ အဲဒီအထဲမှာ အဆောက်အအုံရဲ့ ဝင်ပေါက်တွေလည်းပါဝင်ပါတယ်။ ကြေညာစာတမ်းတစ်ခုနှင့် အခြားစာတွေ လည်းတွေ့ရပြီး ရဲက အဲဒါတွေကိုစစ်ဆေးနေတယ်လို့ ပြည်နယ်ရဲချုပ် ဂျွန်ဒရိတ်က သတင်းထောက်တွေကိုပြောပါတယ်။
သူမဟာ အသက်၂၈နှစ်အရွယ် အော်ဒရေးအဲလစ်ဇဘက်ဟေးလ်ဆိုသူဖြစ်ပြီး နက်ရှ်ဗီးလ်ဒေသမှာနေထိုင်သူဖြစ်တယ်။ အမည်ကိုအသံထွက်ကြည့်ပြီး အမျိုးသမီးတစ်ဦးလို့ရည်ညွှန်းတာဖြစ်တယ်လို့လည်း ရဲချုပ်ကပြောပါတယ်။
သူမဟာ လိင်ပြောင်းထားသူတစ်ဦးလို့သိရပြီး သူမဟာ အမျိုးသားအဖြစ် ဒါမှမဟုတ်အမျိုးသမီးအဖြစ် ဘယ်လို အသတ်မှတ်ခံထားသလဲဆိုတာကိုတော့မသိရပါဘူး။
နက်ရှ်ဗီးလ်ရဲဌာနဟာ တနင်္လာနေ့ မနက်၁၀နာရီ ၁၃နိနစ်ခန့်မှာ ကျောင်းပစ်ခတ်မှုသတင်းရရှိလို့ အခင်းဖြစ်တဲ့နေရာ ရဲအရာရှိတွေ ရောက်ရှိသွားတဲ့အခါ အဆောက်အဦဒုတိယထပ်ကနေ သေနတ်ပစ်သံတွေကြားရတယ်လို့ ရဲပြောရေးဆိုခွင့် ရသူ ဒွန်အာရွန်က သတင်းထောက်တွေကိုပြောပါတယ်။
ရဲအရာရှိနှစ်ဦးက အဲဒီပစ်ခတ်သူကို အဆောက်အဦရဲ့ ဧည့်စောင့်ခန်းမမှာ သေနတ်နှင့်ပစ်ခဲ့ပါတယ်။ သူမဟာ ၁၀နာရီ ၂၇ မိနစ်မှာသေဆုံးသွားပါတယ်။
အဲဒီအမျိုးသမီးဟာ ယခင်က ဒီကျောင်းက ကျောင်းသူဟောင်းတစ်ဦးလည်းဖြစ်တယ်လို့ ဒရိတ်က ပြောပါတယ်။ သူမဟာ အဝင်တံခါးတစ်ခုကို သေနတ်နှင့်ပစ်ခတ်ပြီးဝင်ရောက်ခဲ့တာလို့ ရဲချုပ်ကပြောပါတယ်။
မွန်ရိုးကာရယ်ဂျူနီယာကလေးဆေးရုံရောက်ပြီးနောက် သေနတ်ဒဏ်ရာကြောင့် ကလေးငယ်(၃)ဦးသေဆုံးခဲ့ပါတယ်။ ကျောင်းဝန်ထမ်း(၃)ဦးလည်း သေနတ်နှင့်ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားကလေးတွေဟာ အားလုံးအသက်(၉)နှစ်အရွယ်တွေဖြစ်ကြပြီး သူတို့ဟာ အိဗလင်း ဒိုင်ခေါ့စ်၊ဟာလီစကရပ်နှင့် ဝီလျံကင်နေတို့ဖြစ်ကြပါတယ်။ သေဆုံးခဲ့တဲ့ ဝန်ထမ်း(၃)ဦးက အသက်၆၁နှစ်အရွယ် ကျောင်း ထိန်းသိမ်းစောင့်ရှောက်သူ မိုက်ဟေးလ်၊အသက် ၆၁နှစ်အရွယ် အစားဝင်ကျောင်းဆရာမ စင်သီယာပိခ်နှင့် ကျောင်းအုပ် ဆရာမကြီးဖြစ်တဲ့ အသက်၆၀အရွယ် ကက်သရင်းကွန်းတို့ဖြစ်ကြပါတယ်။
သေသွားခဲ့သူတွေကလွဲပြီး ကျန်သူတွေ သေနတ်နှင့်အပစ်မခံရဘူးလို့ ရဲကပြောပါတယ်။
Source Reuters
#နက်ရှ်ဗီးခရစ်ယာန်ကျောင်းသေနတ်ပစ်မှုကလေး(၃)ဦးသေဆုံး
#တင်နက်ဆီပြည်နယ်၊နက်ရှ်ဗီးခရစ်ယာန်ကျောင်းသေနတ်ပစ်မှု
#YangonMediaGroup
#World_Entertainment
Published 25 March 2023
နယူးယော့ခ်မြိုရှိ အမွှာတာဝါနှစ်ခုကြား ကြိုးတန်းလျှောက်ခဲ့တာ နှစ်ပေါင်း ၅၀ နီးပါးကြာမြင့်ပြီဖြစ်ပေမယ့် 'ဖီလစ်ပီတစ်'က ဆက်ပြီးကြိုးတန်းလျှောက်ဖို စဉ်းစားနေဆဲဖြစ်ပါတယ်။
#YMG#Yangon_Media_Group
Page 562 of 948