#World_Health
Published 1 April 2023
ကျားအင်္ဂါမထောင်မတ်နိုင်တဲ့ အခြေအနေကို ကုသပေးနိုင်မယ့် နှာခေါင်းအစက်ချဆေးကို သိပ္ပံပညာရှင်များ စမ်းသပ်လျက်ရှိပါတယ်။
နာရီဝက်ကျော်လောက်အချိန်ယူရတဲ့ Viagra လို ဆေးမျိုးထက်စာရင် ဒီဆေးက အချိန် ၅ မိနစ်လောက်ဖြင့် အလုပ်ဖြစ်စေမှာပါ။
Spontan လို့အမည်ပေးထားတဲ့ နှာခေါင်းအစက်ချဆေးမှာ vardenafil ဆေးကိုအသုံးပြုထားပြီး အိပ်ရာထဲမှာအခက်အခဲဖြစ်နေတဲ့ သူတွေအတွက်အထောက်အကူပြုတဲ့ဆေးအဖြစ် NHS က အသိအမှတ်ပြုထားပါတယ်။
နှာခေါင်းထဲထည့်လိုက်တာနဲ့ သွေးကြောထဲကိုလျင်မြန်စွာ စုပ်ယူသွားမှာဖြစ်ကာ အတူမနေမီအချိန်မှာတင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အဆိုပါနှာခေါင်းအစက်ချဆေးနဲ့ သာမန်ဆေးတွေကို နှိုင်းယှဉ်ပြီး ဘေးကင်းစိတ်ချရလားဆိုတာကို သက်သေပြမှာဖြစ်ပါတယ်။
အစောပိုင်းစမ်းသပ်ချက်များအရ ၅ မိနစ်ကနေ ၁၅ မိနစ်အတွင်း သွေးစီးဆင်းမှုကောင်းမွန်စေပြီး ယောက်ျားသားတွေ အသင့်ဖြစ်နေစေမှာပါ။
ယူကေမှာ အသက် ၄၀ ကျော်လူဦးရေ တဝက်ခန့်က အင်္ဂါမထောင်မတ်နိုင်တဲ့ဝေဒနာ ခံစားနေရပြီး ဒါတွေဟာ အသက်အရွယ်၊ အရက်၊ စိတ်ဖိစီးမှု၊ သွေးတိုးတို့ကြောင့် ဖြစ်တာပါ။
NHS က ဒီပြဿနာကို စမ်းသပ်ဖြေရှင်းဖို့ ယူရိုငွေ ၁၈.၂ သန်းအသုံးပြုခဲ့ပါတယ်။
ယခုလအတွင်း ယူကေရှိကျန်းမာရေးအကြီးအကဲများက ထိုဝေဒနာအတွက်ဆေးတစ်မျိုးကို ဆေးညွှန်းစာမပါဘဲရောင်းချဖို့ ခွင့်ပြုခဲ့ပါတယ်။
ဆေးတွေအပြိုင်အဆိုင်ပေါ်လာတာကြောင့် ရွေးချယ်စရာများလာတဲ့အပြင် ထောင်မတ်နိုင်စွမ်းကိုလည်း တိုးတက်စေမှာဖြစ်ပါတယ်။
Source: The Sun
#ယောက်ျားများပန်းသေသည့်အခြေအနေ #နှာခေါင်းအစက်ချဆေးသစ်
#YMG#Yangon_Media_Group
#Asia_Development
Published 31 March 2023
ကန္တာရထဲမှ ကမ္ဘာ့အကြီးဆုံး လေစွမ်းအင်နဲ့ ဆိုလာစွမ်းအင်ဓာတ်အားစခန်းကြီးကို တရုတ်နိုင်ငံရဲ့ သတ္တမမြောက်အကြီးဆုံးကန္တာရထဲမှာ ဆောက်လုပ်နေပြီဖြစ်ပါတယ်။
#Asia_Development
#ကန္တာရ #ကမ္ဘာ့အကြီးဆုံး #ဆိုလာစွမ်းအင်ဓာတ်အား
#YMG#Yangon_Media_Group
Published 31 March 2023
အိန္ဒိယနိုင်ငံက ဟိန္ဒူ ဘုရားကျောင်းမှာ ကြမ်းခင်း တစ်ခုပြိုကျခဲ့ရာ အခု မတ်လ ၃၁ရက်သောကြာနေ့အထိ သေဆုံးသူ ၃၅ ဦးရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေပါတယ်။
အိန္ဒိယနိုင်ငံ အလယ်ပိုင်းက အင်ဒိုးမြို့ရဲ ဟိန္ဒူဘုရားကျောင်းထဲမှာရှိတဲ့ အများသုံးလှေကားထစ်ရေတွင်းကြီးကိုဖုံးအုပ်ပေးထားတဲ့ ကြမ်းခင်းပြိုကျပြီးနောက် ဒါဇင်ပေါင်းများစွာသော ဝတ်ပြုဆု တောင်းသူတွေ အဲဒီရေတွင်းကြီးထဲ ပြုတ်ကျသေဆုံးခဲ့ကြရတာဖြစ်ပါတယ်။
Source AFP
#အိန္ဒိယနိုင်ငံဟိန္ဒူဘုရားကျောင်းဝင်းကြမ်းခင်းပြိုကျ
#အိန္ဒိယဟိန္ဒူပွဲတော်ကြမ်းခင်းပြိုကျ
#YangonMediaGroup
#Daily_News
Published_ 31 March 2023
၁။ဧပြီလဆန်းတွင်အချိန်အခါမဟုတ် မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်မည်
၂။ရွှေဈေးကျဆင်းမှာကို စောင့်နေသည့်အတွက် ဈေးကွက်ထဲအရောင်းဝယ်မရှိသလောက်ဖြစ်နေ
၃။ သရက်မြို့ရှိ ဇက်ဆိပ်တွင် အမျိုးသားတစ်ဦးရေနစ်သေဆုံး
၄။ကန္တာရများထဲတွင် ကမ္ဘာ့အကြီးဆုံးလေစွမ်းအင်နှင့် ဆိုလာစွမ်းအင်ဓာတ်အားစခန်းကြီး တရုတ်တွင်ဆောက်လုပ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_News
Published 31 March 2023
အပြာကားသရုပ်ဆောင်မင်းသမီး 'စတော်မီဒန်နီယယ်စ်'ကို နှုတ်ပိတ်နေပေးဖို့ 'ဒေါ်နယ်ထရမ့်' လျှို့ဝှက်ငွေပေးတဲ့ကိစ္စအကြောင်း စုံစမ်းစစ်ဆေးပြီးနောက် မန်ဟက်တန်ဂျူရီတရားသူကြီးတစ်ဦးက ထရမ့်ကို စွဲချက်တင်လိုက်ပါတယ်။
အခုအချိန်ဟာ သမ္မတရာထူးအတွက် နောက်ထပ်အရွေးချယ်ခံဖို့ပြင်ဆင်နေတဲ့ အချိန်ဖြစ်သလို ရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ပထမဆုံးအမေရိကန်သမ္မတဟောင်းလည်း ဖြစ်လာပါတယ်။
ထရမ့်ဟာ စီးပွားရေးဆိုင်ရာလိမ်လည်မှုနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၃၀ ကျော်ကိုရင်ဆိုင်နေရကြောင်း CNN က ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။
ထရမ့်ကတော့ သူ့မှာလုံးဝအပြစ်မရှိကြောင်း၊ ၂၀၂၄ သမ္မတရွေးကောက်ပွဲကို လက်လျှော့မှာမဟုတ်ကြောင်း ဆိုပါတယ်။
ဒါ့အပြင် ဒီမိုကရက်တစ်ဦးဖြစ်တဲ့ ဘရက်ဂ်ဟာ ထရမ့်ရဲ့ပြန်လည်ရွေးကောက်ခံရန် အခွင့်အရေးတွေကို ထိခိုက်ဖို့ကြိုးစားနေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။
အပြာကားမင်းသမီးဒန်နီယယ်စ်'ရဲ့ နာမည်အရင်းက 'စတက်ဖာနီကလစ်ဖို့ဒ်'ဖြစ်ပြီး ၂၀၀၆ ခုနှစ်က ထရမ့်နဲ့ ပျော်ပါးဖူးတဲ့အကြောင်း ရေငုံနှုတ်ပိတ်နေရန်အတွက် ငွေများလက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ့်က ဥပဒေရေးရာကာကွယ်ရေးအတွက် ထောက်ခံသူများထံမှ ငွေကြေးကောက်ခံခဲ့ပါတယ်။
နောက် ၄ ရက်အကြာမှာ အဖမ်းခံရလိမ့်မယ်လို့ မတ်လ ၁၈ ရက်နေ့က မှားယွင်းစွာ ခန့်မှန်းခဲ့ပြီးနောက်ပိုင်း စည်းရုံးရေးတွေကနေ ဒေါ်လာ ၂ သန်းကျော် ရရှိထားပါတယ်။
စစ်တမ်းကောက်ယူချက်အရ ၂၀၂၄ ရီပတ်ဘလစ်ကန်ထဲမှာ ထိပ်ဆုံးမှာရှိနေတဲ့ထရမ့်ဟာ ပြိုင်ဘက်အချို့ထံမှ ထောက်ခံစကားတွေ ရရှိထားပါတယ်။
ဒီလိုကိစ္စတွေဖြစ်ပျက်နေတာဟာ ဒီတိုင်းပြည်ကိုပြိုကွဲသွားစေလိမ့်မယ်လို့ ဒုသမ္မတဟောင်း'မိုက်ခ်ပန့်စ်'က ဆိုပါတယ်။
အိမ်ဖြူတော်က ဘာမှပြောကြားခြင်းမရှိပေမယ့် ဒီမိုကရက်တွေကတော့ ထရမ့်လည်း ဥပဒေပြင်ပမှာ ရှိမနေဘူးလို့ဆိုလိုက်ပါတယ်။
ထရမ့်ကိုဝေဖန်သူတွေရော ထောက်ခံသူတွေအနေနဲ့ တရားဥပဒေအတိုင်း ငြိမ်းချမ်းစွာ ဆက်လက်လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါတယ်လို့ အထက်လွှတ်တော်မှ ထိပ်သီးသံအမတ်'ချက်ခ်ရှုမာ'က ဆိုပါတယ်။
မကြာမီရက်အတွင်းမှာ ထရမ့်အမှုကိုဖွင့်သွားဖွယ်ရှိပြီး ထရမ့်အနေနဲ့ မန်ဟက်တန်ကို လာရောက်ရမှာဖြစ်ပါတယ်။
ထရမ့်ရဲ့ရှေ့နေတွေဖြစ်တဲ့ ဆူဆန်နက်ခယ်လီစ်နဲ့ ဂျိုဆက်တာကိုပီနာတို့က တရားစွဲချက်တွေကို အပြင်းအထန်ချေပသွားမယ်လို့ ဆိုပါတယ်။
ဘရက်ဂ်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ထရမ့်လုပ်ငန်းမှ အခွန်လိမ်လည်မှုနဲ့ပတ်သက်ပြီး အောင်မြင်စွာတရားစွဲဆိုနိုင်ခဲ့ကာ ရာဇဝတ်ဒဏ်ငွေ ဒေါ်လာ ၁.၆၁ သန်းဆောင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
နယူးယော့ခ်တရားရုံးချုပ်မှ တရားသူကြီး'ဟွမ်မာချန်'က ဒီအမှုကို ကြီးကြပ်သွားဖို့ရှိပါတယ်။
Source: Reuters
#နယူးယော့ခ်တရားရုံး #ရာဇဝတ်မှု #အမေရိကန်သမ္မတ
#YMG #Yangon_Media_Group
#World_Health
Published 31 March 2023
ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်နေအောင် အိပ်စက်ခြင်းက အရေးကြီးဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။
လူတစ်ယောက်ဟာ ကောင်းမွန်တဲ့အိပ်စက်မှု ပုံမှန်ရှိနေမယ်ဆိုရင် ရောဂါအများစုကင်းဝေးနေမယ်လို့ ကျွမ်းကျင်သူများက ယူဆနေကြပါတယ်။
နှစ်ခြိုက်စွာအိပ်ပျော်ဖို့အတွက် အိပ်ခန်းလုံလောက်စွာ မှောင်နေဖို့ကလည်း အရေးကြီးပါတယ်။
အိပ်စက်ခြင်းကိုဖြစ်စေတဲ့ မယ်လာတိုနင်ဟော်မုန်းထွက်ရှိမှုကို မီးအလင်းရောင်တွေက ပိတ်ဆို့ထားပါတယ်။
ဒါ့အပြင် အိပ်နေစဉ် မျက်လုံးအကာတပ်ထားတာနဲ့ ပတ်သက်ပြီး သက်ရောက်မှုများကိုလည်း ဖော်ပြလိုက်ပါတယ်။
- အိပ်နေစဉ် အလင်းရောင်တွေ မဝင်စေခြင်းဖြင့် နေ့ဘက်အချိန်အတွင်း မှတ်ဉာဏ်စွမ်းရည်နဲ့ နိုးကြားမှုကို တိုးတက်စေတာကြောင့် မျက်လုံးအကာဖြင့် အလင်းရောင်မဝင်အောင် တပ်ဆင်အိပ်စက်နိုင်ပါတယ်။
- အထူးကြပ်မတ်ဆောင်တွေမှာရှိတဲ့ လူနာတွေဟာ အလင်းရောင်တွေနဲ့ ဆူညံသံတွေ အမြဲကြုံတွေ့နေရတာကြောင့် မျက်လုံးအကာတပ်ပြီးအိပ်မယ်ဆိုရင် REM အိပ်စက်ခြင်းအဆင့်မှာ ကြာကြာရှိနေမှာဖြစ်ပါတယ်။
- ဈေးကွက်မှာရောင်းချနေတဲ့ မျက်လုံးအကာအများစုက ကူရှင်ပါပြီးနူးညံ့တာကြောင့် ဝတ်ထားသူကို စိတ်ပြေလျော့စေမှာဖြစ်ပါတယ်။
- မျက်လုံးအကာက အလင်းရောင်ကိုကာထားတဲ့အပြင် မျက်လုံးကိုတည်ငြိမ်စေကာ လျင်မြန်စွာအိပ်ပျော်စေနိုင်ပါတယ်။
ဒါပေမဲ့ အခြားအခြေအနေအမျိုးမျိုးကြောင့် အိပ်မပျော်တဲ့လူတွေမှာတော့ မျက်လုံးအကာက အသုံးမဝင်နိုင်ပါဘူး။
အသက်ကြီးလာခြင်း၊ အလုပ်ကြောင့် အိပ်ချိန်မမှန်ခြင်းတို့ကလည်း မယ်လာတိုနင်ကို ထိခိုက်စေပါတယ်။
ဒီလိုအခြေအနေမျိုးတွေမှာတော့ မယ်လာတိုနင်ပါတဲ့ အိပ်ဆေးတွေကို အိပ်ချိန်အနီးသောက်သုံးခြင်းဖြင့် အိပ်စက်ခြင်းစက်ဝန်းကို အကူအညီဖြစ်စေနိုင်ပါတယ်။
Source: India Today
#မျက်လုံးအကာ #အိပ်စက်ခြင်း #အထောက်အကူ
#YMG #Yangon_Media_Group
#Local_News
Published 31 March 2023
မြန်မာရေလုပ်သား ငါးဦးပါ ငါးဖမ်းလှေတစ်စီးကို မလေးရှားရေပိုင်နက်တွင် မလေးရှားပင်လယ်ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ(မလေးရှားပင်လယ်ရေကြောင်းပို့ဆောင်ရေးအေဂျင်စီ) က မတ်လ ၂၉ ရက် ညအချိန် ဖမ်းမိခဲ့ကြောင်း သိရသည်။
ပီနန်းပြည်နယ် ရေကြောင်းညွန်ကြားရေးမှူးဌာနမှ ပုံမှန်လှည့်ကင်းဆောင်ရွက်နေစဉ်ဒေသတွင်း ဒေသခံ C အတန်းအစား ငါးဖမ်းသင်္ဘောတစ်စင်းကို မလေးရှားရေကြောင်းကင်းလှည့်သင်္ဘောမှ တွေ့ရှိခဲ့ရာက အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Perak ၊ Pantai Remis အခြေစိုက်ဒေသခံ ငါးဖမ်းစက်လှေကို Muka Head ၏ အနောက်မြောက်ဘက် ရေမိုင် ၃၂ ဒသမ ၇မိုင်တွင် စစ်ဆေး ထိန်းသိမ်းခဲ့ပြီး ယင်းလှေ၏ ရေယာဉ်မှူးတစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ငါးဦးကိုတွေ့ရှိရသောကြောင့်လှေပေါ် လိုက်ပါသူများအား စစ်ဆေးရာ တရားဝင် သက်သေခံအထောက်အထား၊ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာမရှိကြောင်း သိရသည်။
ယင်းကြောင့် လှေလိုင်စင် စည်းကမ်းဖောက်ဖျက်ကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ယင်းတို့အားလုံးကို မလေးရှား ပင်လယ်ရေကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိထံ မလွှဲပြောင်းမီ Batu Maung Limbongan ဆိပ်ခံတံတားတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊အရင်က ဖမ်းဆီးခြင်း နှင့် သတိပေးချက်များကို လိုက်နာခြင်းမရှိသူများဖြစ်နေပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်းလည်း မလေးရှား ရေကြောင်းသွားလာရေးက အသိပေးထားသည်။
ymg/mt
#မြန်မာရေလုပ်သား #ငါးဖမ်းလှေ #မလေးရှား #ရေပိုင်နက်
#YMG #Yangon_Media_Group
Page 559 of 948