#Daily_News
Published_ 11 November 2023
၁။ ပန်းတစ်ပွင့်တောင်တွင် တန်ဆောင်တိုင်စုပေါင်းမဟာဘုံကထိန်ပွဲနှင့် ဆေးပေါင်းခချိန်ဆေးဖော်ပြီး အာယုဆေးဒါနလှူဒါန်းမည်
၂။ ယခုနှစ် ဆီးဂိမ်းပြိုင်၌ မြန်မာ့ရိုးရာသိုင်းအားကစားသမားများမှ ရွှေတံဆိပ်ခုနှစ်ခုဖြင့် အများဆုံးဆွတ်ခူးပေးခဲ့
၃။ ရှမ်းမြောက်တွင် ဖြစ်ပေါ်နေမှုများကြောင့် နှမ်းဈေးတစ်တင်းကိုတစ်သောင်းကျော်ဈေးကျ
၄။ အရှေ့တောင်အာရှ၏အကြီးဆုံး ရေပေါ်ဆိုလာစက်ရုံဖွင့်ပွဲအား အင်ဒိုနီးရှားသမ္မတတက်ရောက်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_Health
Published 11 November 2023
အရက်သမားတစ်ယောက် ဖြစ်လာစေနိုင်တဲ့ အခြေအနေတွေကို ဗြိတိန်မှ ဒေါက်တာ ဒေ့ဗ်နီကိုးစ်က The Sun သတင်းစာကို ပြောပြခဲ့ပါတယ်။
လူအတော်များများက အသောက်များနေပြီဆိုတာကို သိရှိကြပေမယ့် အန္တရာယ်ဖြစ်လောက်တဲ့အထိ ဖြစ်နေကြတာကို မသိကြဘူးလို့ ရှင်းပြသွားပါတယ်။
အရက်သမား ဖြစ်လာနိုင်တဲ့ လက္ခဏာတွေကတော့..
- သတိမထားမိဘဲ နေ့စဥ်အရက်သောက်မိခြင်း
- မကြာခဏ သောက်စားပျော်ပါးခြင်း
- အရက်ပါမှ လူမှုပေါင်းသင်းဆက်ဆံခြင်း
- နေ့ခင်းဘက် မကြာခဏသောက်ခြင်း
- အခြားသူများ မသောက်တဲ့အခါ ကသိကအောက်ဖြစ်ခြင်း
- ညွှန်ကြားထားတဲ့ ပမာဏထက် ပိုသောက်သုံးခြင်းတို့ ဖြစ်ပါတယ်။
ဂရမ်မီဆု ၁၆ ကြိမ်ရ အဆိုတော် အဒဲလ်ဟာ အသက် ၂၀ အရွယ်က အရက်သမား ဖြစ်လုနီးပါးဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ပျော်ပါးသောက်စားခြင်းဟာလည်း သွေးထဲက အယ်ကိုဟောပမာဏ(BAC)ကို ၀.၀၈ ရာခိုင်နှုန်းထက် ပိုများစေတဲ့ အရက်သောက်ခြင်းမျိုး ဖြစ်တယ်လို့ အရက်စွဲလမ်းခြင်းဆိုင်ရာ အမျိုးသားအဖွဲ့အစည်းက ဆိုပါတယ်။
ဒါဟာ အချိန် ၂ နာရီအတွင်း အမျိုးသားများ ၅ ခွက်နဲ့အထက် ဒါမှမဟုတ် အမျိုးသမီးများ ၄ ခွက်နဲ့အထက် သောက်သုံးခြင်းနဲ့ သက်ဆိုင်နေပါတယ်။
အမေရိကန် အာဟာရဆိုင်ရာ လမ်းညွှန်ချက်များအရ အမျိုးသမီးတွေက တစ်နေ့ ၁ ခွက်၊ အမျိုးသားတွေက တစ်နေ့ ၂ ခွက်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။
အချို့ကျန်းမာရေး ပညာရှင်များကတော့ ကျန်းမာရေးအတွက် အကောင်းဆုံးက ထိုထက်ပိုပြီး လျှော့သောက်သင့်တယ်လို့ ဆိုပါတယ်။
အောက်စ်ဖို့ဒ်တက္ကသိုလ် လေ့လာချက်အရ အရက်သောက်ခြင်းကြောင့် တရုတ်အမျိုးသားတွေမှာ ရောဂါပေါင်း ၆၀ ကျော် ဖြစ်နိုင်ခြေများစေကြောင်း တွေ့ရှိထားပါတယ်။
ပိုလန်နိုင်ငံမှ တက္ကသိုလ်တစ်ခုရဲ့ လေ့လာချက်အရ အရက်တစ်ခွက်သောက်လျှင်ပင် အခြားသူများကို ဘေးအန္တရာယ် ပြုစေနိုင်ပြီး မသင့်လျော်တဲ့ အပြုအမူ လုပ်စေနိုင်ကြောင်း သိရှိရပါတယ်။
#World_Health #အရက်သမား #လက္ခဏာရပ် #Source: New York Post
#World_News
Published 11 November 2023
အမေရိကန်လေတပ်မှ ပျံသန်းနေတဲ့ အတောင်ပံပုံသဏ္ဍာန်ရှိတဲ့ B-21 Raider ဗုံးကြဲလေယာဉ်ဟာ သောကြာနေ့က ပထမဆုံးပျံသန်းမှု ပြုလုပ်ခဲ့ပါတယ်။
Northrop Grumman မှ ဆောက်လုပ်တာဖြစ်ပြီး တာဝေးပစ် နျူကလီးယားလက်နက်တင် ကိုယ်ပျောက်လေယာဉ်အသစ်မှာ နောက်တစ်ဆင့် မြှင့်တင်လိုက်တာ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနမှ မျက်မြင်တွေ့ရှိသူက ဆိုပါတယ်။
တင်းကျပ်တဲ့ လုံခြုံရေး သတ်မှတ်ချက်များဖြင့် ထုတ်လုပ်ထားတဲ့ B-21 လေယာဉ်အသစ်ဟာ ကယ်လီဖိုးနီးယား ပမ်းဒဲလ်ရှိ လေတပ် Plant 42 ရဲ့ Northrop စက်ရုံကနေ သောကြာနေ့ နံနက် ၆ နာရီ ၅၁ မိနစ်အချိန်မှာ ထွက်ခွာလာခဲ့ပါတယ်။
ဒီပျံသန်းမှုအကြောင်းကို လေတပ်ခေါင်းဆောင်များက လူသိရှင်ကြား ထုတ်ဖော်ခြင်း မရှိပေမယ့် လေကြောင်းစိတ်ပါဝင်စားသူတွေနဲ့ အပျော်တမ်း ဓာတ်ပုံဆရာ အယောက် ၃၀ ကျော်လောက်က လေယာဉ်ထွက်ခွာဖို့ကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။
သူ့အရင် B 2 ရဲ့ တောင်ပံပုံသဏ္ဍာန်အတိုင်းရှိတဲ့ B21 ဟာ သာမန်လက်နက်တွေရော နျူကလီးယားလက်နက်ပါ သယ်ဆောင်နိုင်စွမ်းရှိပြီး လေထဲမှာပင် လောင်စာဖြည့်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။
လေယာဉ်တစ်စီးစာအတွက် ၂၀၁၀ ခုနှစ်က ဒေါ်လာသန်း ၅၅၀ ခန့်ကုန်ကျနိုင်ပေမယ့် ယနေ့ငွေကြေးဖောင်းပွမှုအရ သန်း ၇၅၀ ကုန်ကျနိုင်ပါတယ်။
လေတပ်က ထိုလေယာဉ်အနည်းဆုံး အစင်း ၁၀၀ ခန့်ဝယ်ယူပြီး B1 နဲ့ B2 လေယာဉ်တွေနေရာမှာ စတင်အစားထိုးဖို့ စီစဉ်နေပါတယ်။
B1 က တစ်နာရီပျံသန်းခ ဒေါ်လာ ၆ သောင်းခန့် ကျသင့်ပြီး B2 ကတော့ ၆ သောင်းခွဲခန့်ရှိတယ်လို့ ပင်တဂွန်အချက်အလက်များအရ သိရပါတယ်။
B21 Raider တွေကို စမ်းသပ်ပျံသန်းမှု ပြုလုပ်နေကြောင်း၊ လေတပ်စမ်းသပ်မှုစင်တာက ပြုလုပ်တဲ့ စမ်းသပ်ရေးမှာ အရေးပါတဲ့အဆင့်ဖြစ်ကြောင်း လေတပ်မှပြောရေးဆိုခွင့်ရှိသူ အန်စတီဖာနက်ခ်က ပြောပြသွားပါတယ်။
Northrop ဟာ ဘိုးရင်းနဲ့ လော့ခ်ဟိဒ်မာတင်တို့ရဲ့ အဖွဲ့ကို အနိုင်ရခဲ့တာဖြစ်ကာ ၂၀၁၅ ခုနှစ်က ဗုံးကျဲလေယာဉ် ထုတ်လုပ်ရန် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။
၂၀၂၂ ဒီဇင်ဘာလက B21 အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့် စမ်းသပ်ပျံသန်းမှု ပြုလုပ်ဖို့အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။
B21 ဟာ အင်ဂျင်နီယာအပိုင်းနဲ့ ထုတ်လုပ်မှုအပိုင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၅ ဝန်းကျင်မှာ အဲလ်စ်ဝေါ့သ်လေတပ်စခန်းသို့ ပို့ဆောင်ရန် ခန့်မှန်းထားပါတယ်။
လေယာဉ်ဟာ ဆဌမမြောက်မျိုးဆက်ဖြစ်ပြီး အခြားလေယာဉ်များနဲ့ ချိတ်ဆက်နိုင်စွမ်းရှိကာ အနာဂတ်မှာ လက်နက်သစ်တွေကို လေယာဉ်စနစ်ထဲသို့ အလွယ်တကူ ပေါင်းစပ်နိုင်စွမ်းရှိနေပါတယ်။
ဒါ့အပြင် ပိုမိုခံနိုင်ရည်ရှိပြီး တွေ့မြင်ရန် ခက်ခဲတဲ့မျက်နှာပြင်ဖြင့် ပြုလုပ်ထားကာ ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်တို့ သက်သာနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
#World_News #အမေရိကန်လေတပ် #ဗုံးကြဲလေယာဉ်အသစ် #Source: Reuters
#World_Health
Published 11 November 2023
ဆီးချိုရောဂါဆိုတာ သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဆီးချိုရောဂါကို ထိန်းချုပ်တဲ့နေရာမှာ မျှတတဲ့ အစားအစာ၊ တက်ကြွစွာ လှုပ်ရှားနေထိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ပမာဏ တိုင်းတာခြင်း၊ ညွှန်ကြားထားတဲ့ ဆေးဝါး၊ အင်ဆူလင်တို့ သောက်သုံးခြင်းတို့ လိုအပ်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ အချို့သော ဖျော်ရည်များ ထည့်သွင်းသောက်သုံးနိုင်ပါတယ်။
အာဟာရပညာရှင် လော့ဗ်နိဘာထရာက အဆိုပါအရည်များကို မျှဝေဖော်ပြထားပါတယ်။
(၁) ပဲနံ့သာစေ့အရည်
ပဲနံ့သာပင်မှာ ပါဝင်တဲ့ ဂလူကိုမန်နန် အမျှင်ဓာတ်တွေက စားသုံးလိုက်တဲ့ သကြားဓာတ်တွေနဲ့ အယ်ကာလွိုက်တွေကို စုပ်ယူမှု ကြာရှည်အောင် ထိန်းသိမ်းပေးပြီး အင်ဆူလင်ထွက်အောင် လှုံ့ဆော်ပေးပါတယ်။
(၂) ဂွေးတောက်ရွက်အရည်
သွေးတွင်းသကြားဓာတ်ကို ကျစေတဲ့ တိုင်းရင်းဆေးတစ်လက်ဖြစ်ပြီး သူ့မှာပါဝင်တဲ့ ဘာဘာရင်းက ဆီးချိုဆေး မက်ဖော်မင်လိုမျိုး လုပ်ဆောင်ပေးပါတယ်။
(၃) သစ်ကြံပိုးခေါက်အကြမ်းရည်
သစ်ကြံပိုးခေါက်က ဂလိုင်ကိုဂျင် သိမ်းဆည်းမှုကို မြှင့်တင်ပေးပြီး သူ့မှာပါတဲ့ သဘာဝဓာတ်တွေက အင်ဆူလင်အဖြစ် ဆောင်ရွက်ပေးပြီး သွေးတွင်းသကြားဓာတ် တည်ငြိမ်အောင် ထိန်းသိမ်းပေးပါတယ်။
မိမိရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ စားစရာပုံစံ သိရှိစေဖို့အတွက် ဆီးချိုရောဂါပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။
#World_Health #သွေးတွင်းသကြားဓာတ် #သောက်သုံးစရာ(၃)မျိုး #အာဟာရပညာရှင် #Source: NDTV
အစ္စရေးလ်တို့က ဂါဇာကမ်းမြောင်ကို စစ်ဆင်ရေးပြုလုပ်နေရာမှာ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စ်တိုင်း ဒုက္ခသည်စခန်းများ အထိအခိုက်များနေပြီး ဆေးရုံတွေနဲ့ ကုလသမဂ္ဂမှ ကြီးကြပ်နေတဲ့ကျောင်းများ အကြီးအကျယ် ပစ်ခတ်ခံနေရပါတယ်။
#World_Crisis
Published_ 10 November 2023
#ပါလက်စ်တိုင်း #အစ္စရေးလ်လေကြောင်းတိုက်ခိုက်
#Daily_News
Published_ 10 November 2023
၁။ တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၌ ရွှေကြာသင်္ကန်းကပ်လှူ ပူဇော်ပွဲပြုလုပ်မည်၊ အများပြည်သူတန်ဆောင်တိုင်ဆီမီးပူဇော်နိုင်
၂။ ကြက်မဲဥကို နာမကျန်းဖြစ်သူများ ဝယ်ယူစားသုံးမှုများလာပြီး ကြက်ဥစားသုံးရန် ကိုယ်တိုင်မွေးမြူခြင်းများလည်းရှိလာဟုဆို
၃။ မွန်ပြည်နယ်၌ယခုနှစ်ဆားထုတ်ရာသီအတွက် ဆားလုပ်ကွက်၉၀ နှင့်ဧက ၄၅၀၀ ထုတ်လုပ်မည်
၄။ ပါလက်စ်တိုင်းစစ်ဘေးရှောင်များ ခိုလှုံနေသည့်ကျောင်းများကို အစ္စရေးလ်လေကြောင်းတိုက်ခိုက်မှုများပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#World_News
Published 10 November 2023
အီရတ်မှာ ချို့ယွင်းသွားခဲ့တဲ့ ဒရုန်းတစ်ခုကြောင့် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်းသို့ အမေရိကန် ပိုမိုဝင်ရောက်ပတ်သက်ခြင်း မပြုလာနိုင်အောင် တားဆီးသွားနိုင်ဖွယ် ရှိနေပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့ နံနက်အရုဏ်ချိန်မှာ အီရန်ထောက်ပံ့နေတဲ့ စစ်သွေးကြွတွေက အာဘီလ်လေတပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး အမေရိကန်လေတပ် ကာကွယ်ရေးစနစ်များကို ထိုးဖောက်ဝင်ရောက်ကာ နံနက် ၅ နာရီအချိန်မှာ အမေရိကန်တပ်များ နေထိုင်နေတဲ့ စစ်တန်းလျားဒုတိယထပ်ကို ဝင်တိုက်ခဲ့ကြောင်း အမေရိကန် အရာရှိ ၂ ဦးက ပြောပြသွားပါတယ်။
ဒါပေမဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တပ်ဆင်ထားတဲ့ ဒရုန်းဟာ မဖောက်ခွဲနိုင်ခဲ့ဘဲ စစ်မှုထမ်းတစ်ဦးသာ ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်တွေ ကံကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ပေါက်ကွဲမှုသာ ဖြစ်ခဲ့ပါက အစုလိုက်အပြုံလိုက် သေဆုံးနိုင်ဖွယ်ရှိပါတယ်။
ဂါဇာစစ်ပွဲမှာ အစ္စရေးလ်ကို ထောက်ခံနေတဲ့ အမေရိကန်ကို တုန့်ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ၃ ပတ်အတွင်း အီရတ်နဲ့ ဆီးရီးယားရှိ အီရန်ကျောထောက် နောက်ခံပြု စစ်သွေးကြွများက အမေရိကန်တပ်များကို ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုပေါင်း ၄၀ ခန့် ပြုလုပ်ထားပြီးဖြစ်တယ်လို့ ပင်တဂွန်မှ အချက်အလက်များနဲ့ အရာရှိ ၂ ဦးရဲ့ အဆိုအရ သိရပါတယ်။
အမေရိကန် တပ်သားပေါင်း ၃,၄၀၀ ခန့်အခြေချနေတဲ့ အီရတ်နဲ့ ဆီးရီးယားတို့မှာ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုများကို အမေရိကန် လေကြောင်း ကာကွယ်ရေးစနစ်များက ဝင်ရောက်ဖျက်ဆီးနေတာကြောင့် လူဒါဇင်ခန့်အချို့သာ ဒဏ်ရာအသေးစား ရရှိခဲ့ပါတယ်။
အီရန်နဲ့ မဟာမိတ်တွေရော အမေရိကန်ကပါ ထိပ်တိုက်တွေ့ဆုံမှုကို မလိုလားပေမယ့် တကယ်ဖြစ်လာနိုင်ခြေ မြင့်မားနေပြီး ပဋိပက္ခအတွင်းသို့ အမေရိကန် ပါဝင်လာနိုင်လောက်တဲ့ တိုက်ခိုက်မှုကြီး တကယ်ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေးဗစ်ရှန်ကာက ပြောပြသွားပါတယ်။
အီရတ်နဲ့ ဆီးရီးယား စစ်သွေးကြွတွေက အမေရိကန်တပ်တွေကို သတ်ပစ်ဖို့ထက် အနှောင့်အယှက်ဖြစ်ရုံသာ တိုင်းတာတွက်ချက်ပြီး တိုက်ခိုက်နေတယ်လို့ ထင်မြင်ကြောင်း၊ ယင်းတို့ဒီထက်ပိုပြီး လုပ်ဆောင်နိုင်စွမ်းရှိကြောင်း သုံးသပ်သွားပါတယ်။
သမ္မတဂျိုးဘိုင်ဒင်က အဆိုပါ အဖြစ်အပျက်အပေါ် ဘယ်လိုတုန့်ပြန်မလဲဆိုတာကို သေချာမသိရသေးဘဲ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲအတွက် အလုပ်များနေပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်တောင်ပိုင်းသို့ ပါလက်စ်တိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့က ဝင်ရောက်သောင်းကျန်းကာ အစ္စရေးလ်တွေကို သတ်ဖြတ်ဖမ်းဆီးသွားပြီးနောက် ဂါဇာမှာ စစ်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တနင်္ဂနွေနေ့မှာ အမေရိကန်တပ်များ အများစုတိုက်ခိုက်ခံနေရတဲ့ အီရတ်သို့ သွားရောက်ကာ ထိုနေရာမှာ လှုပ်ရှားနေတဲ့ စစ်သွေးကြွတွေကို နှိမ်နင်းရန်နဲ့ တင်းမာမှုမြင့်တက်လာခြင်းကို တားဆီးရန် အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာအယ်ဆူဒါနီကို တိုက်တွန်းခဲ့ပါတယ်။
ဝန်ကြီးချုပ်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ယင်းတို့ရဲ့ ဘာသာရေးတာဝန်ကို ဆန့်ကျင်ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ အင်အားကြီး စစ်သွေးကြွအဖွဲ့မှ ဗိုလ်မှူးအယ်လီတာကီက ပြောကြားခဲ့ပါတယ်။
#World_News #ဂါဇာစစ်ပွဲ #ဒရုန်းဖြင့်တိုက်ခိုက်ခံရ #Source: Reuters
Page 271 of 826