Published 18 November 2023
ဟေမိုဂလိုဘင်က သွေးနီဥဆဲလ်တွေထဲမှာ တွေ့ရတဲ့ ပရိုတိန်းတစ်မျိုးဖြစ်ပြီး အဆုတ်ကနေ အောက်ဆီဂျင်တွေကို ခန္ဓာကိုယ် အစိတ်အပိုင်းအနှံ့သို့ သယ်ဆောင်သွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို အဆုတ်သို့ ပြန်ပို့ပေးပါတယ်။
အဆိုပါ ဟေမိုဂလိုဘင်တွေ ထုတ်လုပ်ရန် သံဓာတ်က မရှိမဖြစ် အာဟာရဓာတ်ဖြစ်ပါတယ်။
ဒါကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းဖြင့် သွေးနီဥဆဲလ်သစ်များ ဖြစ်ပေါ်စေပြီး ဟေမိုဂလိုဘင် များစေမှာ ဖြစ်ပါတယ်။
(၁) ဟင်းနုနွယ်
ဟင်းနုနွယ်ဟာ သံဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ်ကနေ သံဓာတ်ကို အလွယ်တကူ စုပ်ယူပေးပါတယ်။
(၂) ပဲနီလေး
ပဲနီလေးဟာ သံဓာတ်သာမက ဖောလိတ်လည်း ကြွယ်ဝကာ ဟေမိုဂလိုဘင်ကို ပိုမိုထွက်ရှိစေပါတယ်။
(၃) ခြေလေးချောင်းအသား
အမဲသား သိုးသားတို့လို့ အသားကြီးမျိုးတွေဟာ သံဓာတ်ပေါများပြီး ဟေမိုဂလိုဘင်ကို သိသိသာသာ တိုးများစေပါတယ်။
(၄) ဖရုံစေ့
ဖရုံစေ့မှာ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၅) တိုဖူး
အပင်အခြေပြု သံဓာတ်နဲ့ ပရိုတိန်းပါဝင်တာကြောင့် သက်သက်လွတ် စားသုံးသူတွေမှာ ဟေမိုဂလိုဘင်ကို ထိန်းသိမ်းပေးပါတယ်။
(၆) အခွံကာပင်လယ်စာ
ဂုံး၊ ကရုကမာတို့က သံဓာတ်နဲ့ ဗိုက်တာမင် ဘီ၁၂ ကြွယ်ဝစွာ ပါဝင်ပါတယ်။
(၇) စားတော်ပဲစေ့
သံဓာတ်၊ ပရိုတိန်း၊ အခြားအာဟာရဓာတ်များ ပါဝင်ကာ ပုံမှန်စားပေးပါက ဟေမိုဂလိုဘင်ကို မြှင့်တင်ပေးပါတယ်။
(၈) ချောကလက်မည်း
သံဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး သင့်တင့်ရုံ စားပေးပါက အလုံးစုံကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၉) ပဲစေ့များ
ပဲကြီး၊ ကုလားပဲတို့ဟာ သံဓာတ်ကြွယ်ဝတဲ့အပြင် အစာကြေခြင်း၊ ကိုလက်စ်ထရောလ် လျှော့ချပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
(၁၀) နေကြာစေ့
သံဓာတ်၊ ဗိုက်တာမင်အီး၊ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝကာ ဟေမိုဂလိုဘင်ပမာဏကို မြှင့်တင်ပေးပါတယ်။
အဆိုပါ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဗိုက်တာမင်စီပါဝင်တဲ့ အစားအစာတွေနဲ့ တွဲဖက်စားသုံးပေးပါက သံဓာတ်စုပ်ယူခြင်းကို အားကောင်းစေသလို ညီညွတ်မျှတစွာ စားသုံးခြင်းဖြင့် အလုံးစုံကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times #Yangon_Media_Group
တောင်အာဖရိကမှာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လာတဲ့ Ford ကုမ္ပဏီဟာ နောက်နှစ်မှာ စွမ်းအင်နှစ်မျိုးသုံး ရိန်းဂျားကားများကို ထုတ်လုပ်သွားမှာဖြစ်ပြီး တောင်အာဖရိကနိုင်ငံဟာလည်း လျှပ်စစ်မော်တော်ယာဥ် ထုတ်လုပ်ရာနေရာ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
#World_Industry
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 17 November 2023
၁။ ပြတ်ရွေ့အသေး များစွာရှိသည့် ကျိုင်းတုံဧရိယာတွင် ငလျင်ပြင်းနှင့် ငလျင်ငယ်များ မကြာခဏလှုပ်၊ ယခုလှုပ်သည့် ငလျင်ပြင်းကြောင့် သစ်သားအိမ်များထိခိုက်ခဲ့
၂။ လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် အခြေခံစားသောက်ကုန်အချို့ ဈေးမြင့်လာပြီး ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ်ပုံမှန်သာရှိဟုဆို
၃။ ငပလီဆောင်းဦးပွဲတော် ယာယီရွှေ့ဆိုင်း
၄။ စွမ်းအင်နှစ်မျိုးသုံး ရိန်းဂျားကားများကို တောင်အာဖရိကရှိ စက်ရုံမှ Fordကုမ္ပဏီ ထုတ်လုပ်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published 17 November 2023
အဆီကျဆေး Wegovy ဟာ ပြင်းထန်တဲ့ နှလုံးရောဂါပြဿနာများ ဖြစ်နိုင်ချေကို ၂၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကာ ကိုယ်အလေးချိန်ချဖို့အပြင် အခြားနေရာတွေမှာလည်း အသုံးပြုနိုင်မယ့်လမ်းစ ထွက်ပေါ်လာပြီလို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
ကိုယ်အလေးချိန်ချတဲ့ ကုထုံးကနေ နှလုံးသွေးကြော ပြဿနာများ ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်တဲ့ ကုထုံးဖြစ်လာနိုင်တယ်လို့ ကလိဗ်လန်းဆေးရုံမှ လေ့လာမှုဦးဆောင်သူ ဒေါက်တာ မိုက်ကယ်လင်ကော့ဖ်က ပြောပြခဲ့ပါတယ်။
Wegovy နဲ့ Ozempic ထုတ်လုပ်သူ Novo Nordisk တို့မှ သုတေသနပြုလုပ်ရာမှာ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ လူပေါင်း ၁၇,၆၀၀ ပါဝင်စမ်းသပ်ခံခဲ့ပါတယ်။
စမ်းသပ်ခံတွေက အသက် ၄၅ နှစ်နဲ့အထက်ဖြစ်ပြီး နှလုံးသွေးကြောရောဂါ အခံရှိကြကာ BMI ၂၇ နဲ့အထက်၊ ဆီးချိုမရှိဖူးသူများ ဖြစ်ပါတယ်။
လူနာတဝက်ကို Wegovy ထိုးဆေးပေးပြီး ကျန်တဝက်ကို အာနိသင်မရှိတဲ့ဆေး ထိုးပေးကာ အချိန်ကာလ ၃ နှစ်ကျော် စောင့်ကြည့်ခဲ့ပါတယ်။
Wegovy ဆေးထိုးတဲ့လူတွေထဲက ၆.၅ ရာခိုင်နှုန်းဟာ နှလုံးနဲ့ပတ်သက်တဲ့ အခြေအနေ တစ်မျိုးမျိုးကြောင့် သေဆုံးသွားခဲ့ပြီး အာနိသင်မရှိတဲ့ဆေး ထိုးတဲ့သူတွေထဲမှာတော့ ၈ ရာခိုင်နှုန်း သေဆုံးခဲ့ပါတယ်။
Wegovy ထိုးတဲ့သူတွေဟာ ကိုယ်အလေးချိန် ပျမ်းမျှအားဖြင့် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စမ်းသပ်ကာလတလျှောက် ထိန်းထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရောင်ရမ်းခြင်း၊ ကိုလက်စ်ထရောလ်၊ သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်တို့မှာလည်း တိုးတက်လာတာကို မြင်တွေ့ခဲ့ရကြောင်း လော့စ်အိန်ဂျလိစ်မှ နှလုံးအထူးကု ဒေါက်တာမာသာဂူလာတီက မှတ်ချက်ပြုလိုက်ပါတယ်။
ဒီရလဒ်တွေဟာ ကိုယ်အလေးချိန် ကျခြင်းကြောင့် ဖြစ်တာလား ဒါမှမဟုတ် ဆေးရဲ့အာနိသင်ကြောင့် ဖြစ်တာလားဆိုတာ သေချာမသိကြသေးပါဘူး။
Wegovy ဆေးရဲ့အညွှန်းမှာ နှလုံးအတွက် အကျိုးပြုစေတယ်ဆိုတာကို ထည့်သွင်းခွင့်ရဖို့ Novo Nordisk က အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးထံ တောင်းဆိုထားပါတယ်။
ဒါပေမဲ့ ဒီဆေးတွေကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားရတယ်လို့ ဖော်ပြလာကြပါတယ်။
မူးဝေခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးများကြောင့် စမ်းသပ်ခံသူ ၁၇ ရာခိုင်နှုန်းက Wegovy ကို ဆက်လက်အသုံးမပြုတော့ပါဘူး။
Source: New York Post.
#World_Health
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 16 November 2023
၁။ ဖားအောက်ဆရာတော်ကြီး စင်ကာပူဆေးရုံ၌ နှလုံးအထူးကုသမှုအောင်မြင်ခဲ့ ၊ရန်ကုန်သို့ပြန်လည်ရောက်ရှိ သီတင်းသုံးနေ
၂။ ကျွှဲကောစိုက်ဧကနှင့် သက်တမ်းတိုးရန် စစ်တမ်းများ လိုက်လံကောက်ယူနေ
၃။ ရှမ်းပြည်မြောက်ပိုင်းရှိ ပြောင်းစိုက်တောင်သူများ ဝယ်ယူသူမရှိသဖြင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေဟုဆို
၄။ ခေတ်မီဆန်းပြား နည်းပညာများကြောင့် ကန္တာရကို ဟင်းသီးဟင်းရွက်စိုက်ခင်းများအဖြစ် ပြောင်းလဲနိုင်ခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ဖုန်တွေသဲတွေ ပြည့်နေပြီး ရေရှားပါးတဲ့ ဂိုဘီကန္တာရ အနောက်မြောက်ပိုင်းမှာ နေထိုင်တဲ့ လူငယ်စုံတွဲဟာ ခေတ်မီရေသွင်းစနစ်ကို အသုံးပြုပြီး အသီးအနှံတွေ စိုက်ပျိုးကာ စီးပွားဖြစ်နေပုံကို ဖော်ပြသွားပါတယ်။
#Asia_Development
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group
၁၆ နိုဝင်ဘာ ၂၀၂၃
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာလီဖိုနီးယားက ဖီလိုလီခြံဝင်းမှာတွေ့ဆုံကြပြီးနောက် ဆန်ဖရန်စစ္စကိုက ကျေးလက်အိမ် ဥယျဉ်ထဲ အတူတကွလမ်းလျှောက်ခဲ့ကြပါတယ်။ အဲဒီနောက် ဘိုင်ဒင်က ရှီကို ကားစီလိုက်ပို့ပေးရင်း စကားစမြည်ပြောကြပါတယ်။
Source CCTV+
Page 267 of 826