#World_Science
Published 14 July 2025
▪️ အာဖရိကမြေအောက်အနက်ပိုင်းမှာ နှလုံးခုန်နှုန်းကဲ့သို့ တုန်ခါမှုတစ်ခု စည်းချက်မှန်မှန်လှုပ်ခါနေတာကို တွေ့ရှိထားပါတယ်။
▪️ အီသီယိုးပီးယားအောက် အပေါ်ဆုံးလွှာ ၃ ခုဆုံဆည်းရာနေရာမှာ ကျောက်ရည်ပူတွေက အောက်ကနေ အပေါ်ယံလွှာကို ခုန်တိုးနေတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ယူကေ ဆွမ်ဆီးတက္ကသိုလ်မှ ဘူမိပညာရှင် အမ်မာဝက်စ်ဦးဆောင်တဲ့အဖွဲ့က ဒီဖြစ်စဉ်ကို ပိုမိုလေ့လာနိုင်ရန် မျှော်လင့်နေပါတယ်။
▪️ အပေါ်ယံလွှာအောက်က တုန်ခါမှုတွေက ဓာတုအချက်ပြမှုတွေ ထင်ထင်ရှားရှား သယ်ဆောင်လာစေတယ်လို့ ပြောပါတယ်။
▪️ အပေါ်ယံလွှာတွေ ကွဲအက်တာက အတည်တကျရှိမနေဘဲ တစ်ခုနဲ့တစ်ခု ပွတ်တိုက်ဝင်ထွက်နေကြကာ မီးတောင်လှုပ်ရှားမှုလို ဖြစ်စေပြီး မြေမျက်နှာပြင်ပိုင်းကို အောက်ကနေ ပြောင်းလဲဖွဲ့စည်းလာစေပါတယ်။
▪️ အထူးသဖြင့် အာရေးဗီးယား၊ နျူဗီးယား၊ ဆိုမာလီးယားမြေအောက်လွှာဆိုပြီး ကွဲထွက်တဲ့နေရာမှာဖြစ်ကာ မြေဆီလွှာပါးလွှာလာပြီး ချိုင့်ဝှမ်းသစ်ကြီး ဖြစ်လာစေပါတယ်။
▪️ ထိုဒေသမှ မီးတောင်ကျောက်နမူနာများကို ဆန်းစစ်မှုပြုလုပ်ရာမှာ မြေအောက်ပစ္စည်းအလုံးအငွေ့တွေက အပေါ်ဘက်သို့ တုန်ခါတွန်းထွက်နေတာ တွေ့ရပါတယ်။
▪️ မြေအောက်လွှာတွေ ရွေ့လျားတဲ့နှုန်း၊ အထူပမာဏတို့အပေါ် မူတည်ပြီး အငွေ့အလုံးတွေက နှလုံးခုန်နှုန်းလိုမျိုး တုန်ခါနေပါတယ်။
▪️ ဒီလိုဆက်စပ်မှုတွေကနေ မျက်နှာပြင်တုန်ခါခြင်း၊ မြေငလျင်လှုပ်ခြင်း၊ တိုက်ကြီးများကွဲထွက်ခြင်းဖြစ်စဉ်တို့အကြောင်း သိရှိခွင့်ရလာစေမယ်လို့ ဖော်ပြထားပါတယ်။
#Source: Science Alert