#World_Health
Published 14 July 2025
▪️ အမေရိကန်မှာ ကိုဗစ်မျိုးဗီဇကွဲအသစ်တစ်မျိုး လျင်မြန်စွာပျံ့နှံ့နေပြီး နာကျင်ရတဲ့ လက္ခဏာသစ်လည်း ပါဝင်နေပါတယ်။
▪️ Nimbus လို့ခေါ်တဲ့ NB.1.8.1 မျိုးဗီဇကွဲကို ဇန်နဝါရီလက တရုတ်မှာ စတင်တွေ့ရှိခဲ့ပြီး မေလအထိ အမေရိကန်မှာ မတွေ့သေးပါဘူး။
▪️ ဇွန်လအစောပိုင်းမှာတော့ ကူးစက်မှု ၃၇ ရာခိုင်နှုန်းအထိရှိလာတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဖော်ပြထားပါတယ်။
▪️ အဖြစ်အများဆုံး မျိုးဗီဇကွဲကတော့ အိုမီခရွန် LP.8.1 ဖြစ်ပြီး ၃၈ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေဆဲပါ။
▪️ NB.1.8.1 ကို WHO က စောင့်ကြည့်နေပြီး လက်ရှိကာကွယ်ဆေးတွေက ဒီမျိုးဗီဇကို ကာကွယ်နိုင်ပြီး ရောဂါပြင်းထန်ခြင်း ဆေးရုံတက်ကုသခံယူရခြင်းတို့အထိ မဖြစ်နိုင်ဘူးလို့ သိထားရပါတယ်။
▪️ NB.1.8.1 ကူးစက်သူတွေမှာ ဘလိတ်ဓားမျိုချရသလို လည်ချောင်းနာခြင်းမျိုး ခံစားရတယ်လို့ ပြောလာကြပါတယ်။
▪️ ဗိုင်းရပ်စ်တွေ့တဲ့သူတွေမှာ လည်ချောင်းအလွန်နာတဲ့အကြောင်း ကြားနေရပေမယ့် ကာကွယ်ဆေးထပ်မံထိုးထားသူတွေနဲ့ မထိုးထားသူတွေမှာ ဘယ်သူတွေက လက္ခဏာကို ပိုခံစားရလဲဆိုတာတော့ မသေချာပါဘူး။
▪️ အစောပိုင်း ကိုဗစ်မျိုးဗီဇကွဲတွေရဲ့ လက္ခဏာတွေဖြစ်တဲ့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှာရည်ယိုခြင်း၊ အနံ့အရသာပြောင်းခြင်း၊ နွမ်းနယ်ခြင်း၊ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်းတို့လည်း မျိုးဗီဇကွဲသစ်မှာ ပါဝင်နေပါတယ်။
#Source: AL