#World_Research
Published 16 July 2024
▪️ ကမာကောင်တွေနဲ့ ယောက်သွားကောင်တွေမှာ ဖန်မျှင်စများ မြင့်မားစွာ ပါဝင်နေတာကို ပထမဆုံးအနေဖြင့် တွေ့ရှိထားကြောင်း ဖော်ပြထားပါတယ်။
▪️ ဒါဟာ ပင်လယ်နေသတ္တဝါတွေမှာ ဖန်ပလတ်စတစ်တွေ ကူးစက်နေတာကို တွေ့ခဲ့ရတာဖြစ်ကြောင်း ဘရိုက်တန်တက္ကသိုလ်မှ အဏ္ဏဝါဇီဝဗေဒဌာနမှ ပို့ချသူ ကိုရီနာရှိုကန်က ပြောသွားပါတယ်။
▪️ ဘရိုက်တန်နဲ့ ပို့စ်မောက်တက္ကသိုလ်တို့မှ သုတေသီများက အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်းရှိ ချီချက်စတာဆိပ်ကမ်းမှ စားလို့ရတဲ့ ပင်လယ်စာနမူနာများကို ရယူခဲ့ပါတယ်။
▪️ ဂုံးကမာတွေထဲကနေ တစ်ကီလိုဂရမ်လျှင် ဖန်စပေါင်း ၁၁၂၂၀ ကို တွေ့ရှိခဲ့ကြပြီး ယောက်သွားတွေမှာတော့ ၂၇၄၀ ဖန်မှုန်တွေ့ရှိခဲ့ပါတယ်။
▪️ ယင်းတို့ဟာ ပလတ်စတစ်မှုန်တွေကို အစာအမှတ်နဲ့ ဝါးမျိုခဲ့ကြတာလို့ ရှိုကန်က ရှင်းပြပါတယ်။
ဖန်မျှင်စတွေဟာ ပလတ်စတစ်တစ်မျိုးဖြစ်ပြီး ပစ္စည်းအမျိုးမျိုးမှာ ပါဝင်တတ်ပါတယ်။
▪️ ဖန်မျှင်တွေက လူသားတွေမှာ မျက်လုံး၊ အရေပြား၊ အသက်ရှူလမ်းကြောင်းတို့မှာ ထိခိုက်စေပြီး အဆုတ်ပြဿနာများနဲ့ ကင်ဆာအချို့ ဖြစ်စေနိုင်ပါတယ်။
▪️ ဒီအမှုန်တွေက သတ္တဝါတွေရဲ့ အစာခြေစွမ်းရည်တွေကို ထိခိုက်စေပြီး ကျန်းမာရေးကို ထိခိုက်စေပါတယ်။
▪️ အမှုန်တွေက အသားထဲဝင်ရောက်သွားပြီး မစွန့်ထုတ်နိုင်တော့ကာ ရောင်ရမ်းလာပြီး ရောဂါတွေနဲ့ သေဆုံးခြင်းကိုပါ ဖြစ်စေနိုင်တယ်လို့ ရှင်းထားပါတယ်။
▪️ ဒါဟာ သဘာဝတရားကြီးမှာ မမြင်ရတဲ့ အန္တရာယ်တွေကို သတိပေးရာရောက်ပါတယ်။
▪️ သမုဒ္ဒရာညစ်ညမ်းမှုတွေ ဘယ်လိုများပြားသလဲ ဆိုတာနဲ့ မိုက်ခရိုပလတ်စတစ်တွေက ဂေဟစနစ်နဲ့ လူသားတွေကို ဘယ်လောက်သက်ရောက်နေလဲဆိုတာ သုတေသန တွေ့ရှိလာရတာဖြစ်ပါတယ်။
#Source: New York Post
#World_Health
Published 16 July 2024
▪️ အသက်အရွယ် ကြီးလာတာနဲ့အမျှ အသားအရေ တည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်များ ယိုယွင်းလာပြီး အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေ ပေါ်ပေါက်လာပါတယ်။
▪️ ခန္ဓာကိုယ်တွင်း အိုမင်းလာခြင်းကို မျိုးဗီဇ အချက်အလက်တွေနဲ့ သက်တမ်းတို့က သက်ရောက်စေပြီး ပြင်ပအရေပြား အိုမင်းခြင်းကတော့ ပတ်ဝန်းကျင်နဲ့ နေထိုင်စားသောက်မှု ပုံစံတို့အပေါ် မူတည်နေပါတယ်။
▪️ အချို့အကြောင်းအရာတွေက အိုမင်းရင့်ရော်ခြင်းကို ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်စေနိုင်ပါတယ်။
▪️ (၁) နေရောင်ထိတွေ့မှု များလွန်းခြင်းက ခရမ်းလွန်ရောင်ခြည်များဟာ အရေပြားဆဲလ်တွေထဲက ဒီအင်န်အေကို ထိခိုက်စေပြီး ကော်လာဂျင်များ ပျက်စီးစေကာ အရေးကြောင်းများ၊ တင်းတိပ်များ ဖြစ်ပေါ်စေနိုင်ပါတယ်။
▪️ (၂) ဆေးလိပ်သောက်ခြင်းကြောင့် ကော်လာဂျင်နဲ့ အီလက်စ်တင်တို့ ပျက်စီးစေပြီး သွေးလည်ပတ်မှု အားနည်းကာ အရွယ်မတိုင်ခင် အရေပြားတွန့်လာနိုင်ပါတယ်။
▪️ (၃) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများဖြစ်တဲ့ အဆင့်ဆင့်ထုပ်ပိုးထားသော စားစရာများ၊ အချိုဓာတ်များတဲ့ စားစရာများ၊ အဆီများဟာ ရောင်ရမ်းခြင်းကို ဖြစ်စေပြီး အရေပြားကို လျင်မြန်စွာ ရင့်ရော်စေပါတယ်။
▪️ (၄) ရေဓာတ်ခန်းခြောက်ခြင်းကြောင့် အရေပြား ခြောက်သွေ့လာကာ အရေးကြောင်းများ ဖြစ်ပေါ်ပြီး ကြာရှည်လာရင် အရေပြားမတင်းရင်းတော့ပါဘူး။
▪️ (၅) အိပ်ရေးပျက်ကပါက အရေပြားပြုပြင်ခြင်း ချို့ယွင်းလာပြီး မျက်ကွင်းညိုခြင်း၊ ဖောင်းအစ်ခြင်း၊ အရေးကြောင်းများ ဖြစ်ပေါ်တတ်ပါတယ်။
▪️ (၆) ကာလကြာရှည်စွာ ဖိစီးမှုများတဲ့အခါ ကော်လာဂျင်နဲ့ အီလက်စ်တင်တို့ ပြိုကွဲလာပြီး အရေပြား လျော့တွဲလာကာ အိုမင်းတဲ့လက္ခဏာ ပေါ်လာပါတယ်။
▪️ (၇) အရက်အလွန်အကျွံ သောက်ခြင်းဖြင့် အရေပြား ခြောက်သွေ့စေပြီး အာဟာရဓာတ်များ ချို့တဲ့လာကာ ရောင်ရမ်းခြင်းနဲ့ ရင့်ရော်ခြင်းလက္ခဏာများ ဖြစ်ပေါ်စေပါတယ်။
▪️ (၈) မိတ်မဖျက်ဘဲ နေခြင်းဟာ ချွေးပေါက်များပိတ်စေပြီး ဝက်ခြံထွက်ကာ အတွန့်များ ဖြစ်ပေါ်တတ်ပါတယ်။
▪️ (၉) အလှကုန်ပစ္စည်းများ အသုံးများခြင်းကြောင့် အရေပြားလွှာ ထိခိုက်စေပြီး သဘာဝအဆီလွှာ ပျက်စီးစေကာ အရေပြား ထိခိုက်နိုင်ပါတယ်။
▪️ (၁၀) ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အထိုင်များခြင်းက သွေးလည်ပတ်မှု အားနည်းစေပြီး အရေပြားကို ထောက်ပံ့ပေးတဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ နည်းပါးစေတာကြောင့် အရွယ်မတိုင်ခင် အရေပြားရင့်ရော်စေပါတယ်။
#Source: DoctorNDTV
ဂျပန်မြို့ငယ်များတွင်လူဦးရေကျဆင်းလာကာ သက်ကြီးရွယ်အိုတွေသာကျန်ရစ်သဖြင့် အိမ်အလွတ်တွေများပြားလာ
ဂျပန်မှာ သက်ကြီးရွယ်အိုတွေများလာပြီး ကလေးမွေးနှုန်းကျဆင်းလာတာကြောင့် ယခုကာလများအတွင်း အိမ်လွတ်တွေများလာပြီး ဝါကာယာမာစီရင်စုမှာ အခြားနေရာတွေထက် အိမ်လွတ်တွေ ပိုများနေပါတယ်။
#World_News
Published 15 July 2024
#ကလေးမွေးနှုန်းကျဆင်း #သက်ကြီးရွယ်အိုတွေသာကျန်ရစ် #အိမ်အလွတ်တွေများ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 15 July 2024
၁။ ရန်ကုန်အပါအဝင်(၅)ရက်ကြာ မိုးကြီးမည့် ဒေသ (၇)ခုရှိ၊ မိုးသက်လေပြင်းပါတိုက်နိုင်
၂။ နှစ်ပတ်ကျော်ကာလအတွင်း ရွှေဈေးကျပ်တစ်သိန်းခွဲနီးပါးမြင့်တက်
၃။ မကွေးတွင်ဧရာဝတီမြစ်ရေကြီး၍ မြစ်နားနီးသည့်စာသင်ကျောင်း အချို့ယာယီပိတ်ထားရ
၄။ ဂျပန်မြို့ငယ်များတွင်လူဦးရေကျဆင်းလာကာ သက်ကြီးရွယ်အိုတွေသာကျန်ရစ်သဖြင့် အိမ်အလွတ်တွေများပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 15 July 2024
▪️ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် ဒေါ်နယ်ထရမ့် စည်းရုံးရေးပြုလုပ်နေစဉ် လုပ်ကြံသတ်ဖြတ်သူတစ်ဦး ထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြည်သူတွေကို စိတ်လျှော့ထိန်းသိမ်းကြရန် တနင်္ဂနွေနေ့က အိမ်ဖြူတော်ရုံးဌာနကနေ တောင်းဆိုလိုက်ပါတယ်။
▪️ ပန်ဆယ်ဗေးနီးယားမှာ ထရမ့်စည်းရုံးရေးပွဲ ပြုလုပ်နေစဉ် သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာဟာ အားလုံးအနေနဲ့ နောက်ဆုတ်ထိန်းသိမ်းကြဖို့ သတိပေးလိုက်တဲ့ သဘောဖြစ်ပြီး ကံကောင်းစွာနဲ့ပဲ ထရမ့်ဟာ ဒဏ်ရာပြင်းထန်စွာ မရခဲ့ဘူးလို့ ဘိုင်ဒင်က ပြောသွားပါတယ်။
▪️ နိုင်ငံရေးကို အကြမ်းဖက်ခြင်းနည်းလမ်းဖြင့် ဖြေရှင်းခွင့်မပေးနိုင်ကြောင်း၊ အခြေအနေတွေက အလွန်အရှိန်တက်နေကြောင်း၊ အခုက အရှိန်လျှော့သင့်ပြီဖြစ်ကြောင်း၊ ဒီလိုလျှော့ချဖို့ အားလုံးမှာတာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
▪️ အမေရိကမှာ သဘောထားမတူ ကွဲပြားမှုတွေကို မဲပေးရုံတွေမှာ ဖြေရှင်းကြတာဖြစ်ကြောင်း၊ သေနတ်တွေနဲ့ ဖြေရှင်းရတာ မဟုတ်ကြောင်း ဘိုင်ဒင်က ၇ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ရာ အဓိကသတင်းဌာနများက ထုတ်လွှင့်ပြသခဲ့ပါတယ်။
▪️ အသက် ၈၁ နှစ်ရှိ ဘိုင်ဒင်ဟာ နောက်ထပ်သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေရာမှာ လူအများက နောက်ဆုတ်ကြဖို့ ဖိအားပေးနေကြတဲ့အချိန်မှာ အခုလို မိန့်ခွန်းပြောကြားခဲ့တာဟာ တာဝန်ရှိသူတစ်ဦးရဲ့ဩဇာကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်သမိုင်းမှာ သမ္မတ ၄ ဦး လုပ်ကြံခံခဲ့ရပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာ များစွာဖြစ်ခဲ့သလို သမ္မတလောင်း ကိုယ်စားလှယ်တွေလည်း အချို့ဆိုရင် အသက်အန္တရာယ် ထိခိုက်စေသည်အထိ ပစ်ခတ်ခံရဖူးပါတယ်။
▪️ ယခုလို ထရမ့်ပစ်ခတ်ခံရတဲ့ ကိစ္စကြောင့် ဘိုင်ဒင်အပေါ် ဖိအားတွေလျော့ကျသွားဖို့ အိမ်ဖြူတော်အရာရှိများက မျှော်လင့်နေကြပါတယ်။
▪️ ထရမ့်ကို စကားဖြင့် တိုက်ခိုက်နေကြမယ့်အစား အနာဂတ်ကိုသာ အာရုံစိုက်ကြဖို့လည်း ဘိုင်ဒင်က တိုက်တွန်းလိုက်ပါတယ်။
#Source: Reuters
#World_Health
Published 15 July 2024
▪️ တောင်အာဖရိကနဲ့ ယူဂန်ဒါတို့မှာ ပြုလုပ်တဲ့ လက်တွေ့စမ်းသပ်ချက်အရ တစ်နှစ် ၂ ကြိမ်ထိုးရတဲ့ PrEP ဆေးဟာ အမျိုးသမီးငယ်တွေကို HIV ကူးစက်မှုကနေ အပြည့်အဝကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ထိုနိုင်ငံတွေမှာ လန်နာကာပါဗီယာ(Len LA)နဲ့ အခြားဆေးနှစ်မျိုးတို့ကို စမ်းသပ်ရန် လူပေါင်း ၅ ထောင်ခန့် စာရင်းပေးသွင်းခဲ့ကြပါတယ်။
▪️ Len LA ဟာ HIV ပွားဖို့လိုအပ်တဲ့ ပစ္စည်းတွေကို ကာကွယ်ပေးပြီး အရေပြားအောက်ကို ၆ လတစ်ခါ ထိုးသွင်းရကြောင်း သိပ္ပံပညာရှင် လင်ဒါဂေးလ်ဘက်ကာက ဖော်ပြခဲ့ပါတယ်။
▪️ Len LA ထိုးသွင်းခဲ့တဲ့ အမျိုးသမီး ၂၃၁၄ ဦးစလုံးဟာ HIV ကူးစက်ခြင်းမရှိခဲ့တာကြောင့် ၁၀၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ဆိုရမှာပါ။
▪️ ထရူဗာဒါထိုးသွင်းခဲ့တဲ့ အမျိုးသမီး ၁၀၆၈ ဦးထဲမှာ ၁၆ ဦးက ကူးစက်ခဲ့ပြီး ဒက်စ်ကိုဗီထိုးသွင်းတဲ့ ၂၁၃၆ ဦးထဲက ၃၉ ဦးက ကူးစက်ခဲ့ပါတယ်။
▪️ လက်ရှိမှာ HIV ကူးစက်ထားသူအများစုက တသက်တာလုံး ကုသမှုခံယူနေရပြီး ဆက်လက်မကုသရင် ဗိုင်းရပ်စ်က ပြန်ထလာနိုင်ပါတယ်။
▪️ အမ်စတာဒမ်မှ သိပ္ပံပညာရှင်အဖွဲ့က HIV အောင်မြင်စွာ ဖယ်ထုတ်နိုင်တဲ့ နည်းပညာကိုလည်း စမ်းသပ်နိုင်ခဲ့ပါတယ်။
▪️ အခုဆိုရင် ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ကနေ လုံးဝဖယ်ရှားရန် ရည်ရွယ်ပြီး စမ်းသပ်နေကြပါပြီ။
#Source: WION
#World_Health
Published 15 July 2024
▪️ မျက်ခွံတွေ အိုမင်းရင့်ရော်လာခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မီချီဂန်မှ ပလတ်စတစ်ခွဲစိတ် ဆရာဝန် အန်သိုနီယွန်းက မျှဝေသွားပါတယ်။
▪️ မျက်ခွံတွေ အိုမင်းလာတဲ့ လက္ခဏာတွေထဲမှာ မျက်လုံးဖောင်းအစ်ခြင်း၊ မျက်ခွံနားလျော့တွဲခြင်း၊ မျက်ခွံအိတ်ပေါ်ခြင်းတို့ ပါဝင်ပါတယ်။
ဒါတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့..
(၁) နေကာမျက်မှန်တပ်ခြင်း
▪️ နေကာမျက်မှန်က ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးရုံမက မျက်လုံးထောင့်တွေမှာ အရေးကြောင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
(၂) အဆင့်ဆင့်ထုတ်လုပ်ထားသော စားစရာများလျှော့စားခြင်း
▪️ ထိုစားစရာတွေက နှလုံးရောဂါနဲ့ ကင်ဆာ၊ ဆီးချို၊ အဝလွန်ခြင်းတို့ ဖြစ်နိုင်ခြေများစေပြီး မျက်လုံးဖောရောင်စေနိုင်ပါတယ်။
(၃) ဓာတ်မတည့်မှုများကိုထိန်းချုပ်ခြင်း
▪️ မျက်ခွံအရေပြားဟာ အပါးလွှာဆုံး အရေပြားတွေထဲမှာ ပါဝင်ပြီး ဓာတ်မတည့်လို့ယားယံပြီး ပွတ်တိုက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၄) ရက်တီနောလ်မျက်လုံးလိမ်းဆေးသုံးခြင်း
▪️ ရက်တီနောလ်က ကော်လာဂျင်တိုးစေပြီး မျက်ခွံအရေပြား ပါးလွှာတွန့်ခေါက်ခြင်းမှ ကာကွယ်ပေးပါတယ်။
#Source: New York Post
Page 243 of 976