#World_News
Published 26 August 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုနှစ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံလိုပြီး တောင်ကိုရီးယားနဲ့ ကုန်သွယ်ရေးဆွေးနွေးမှုများ လမ်းဖွင့်ပေးထားတယ်လို့ တနင်္လာနေ့က ပြောခဲ့ပါတယ်။
▪️ အိမ်ဖြူတော်သို့ လာရောက်လည်ပတ်တဲ့ တောင်ကိုရီးယားခေါင်းဆောင် လီဂျယ်မြောင်ကို ကြိုဆိုရင်း ထရမ့်က အနာဂတ်မှာကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံလိုကြောင်း သတင်းထောက်တွေကိုပြောသွားပါတယ်။
▪️ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ နျူကလီးယားစွမ်းအင်၊ စစ်အသုံးစရိတ်၊ ဒေါ်လာ ၃၅၀ ဘီလီယံရင်းနှီးမြှုပ်နှံရေး အသေးစိတ်များနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြပါတယ်။
▪️ လီဂျယ်မြောင်က ထရမ့်နဲ့ တွေ့ပြီးနောက် အမေရိကန်အကြီးတန်းအရာရှိများ၊ တောင်ကိုရီးယားနဲ့ အမေရိကန်ကုမ္ပဏီများမှ စီအီးအိုများရဲ့ စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ကြပါတယ်။
▪️ ထရမ့်ပြောခဲ့တာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားဘက်ကတုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။
▪️ တောင်ကိုရီးယားစီးပွားရေးက အမေရိကန်အပေါ် အလွန်အကျွံမှီခိုနေရပါတယ်။
▪️ ထရမ့်က လီဂျယ်မြောင်ကို ကာကွယ်ရေးအသုံးစရိတ်ပိုမိုသုံးစွဲဖို့ ဖိအားပေးသွားနိုင်ပြီး တောင်ကိုရီးယားမှာ အမေရိကန် ၂၈,၅၀၀ ခန့် ထားရှိသွားဖို့ စီစဉ်နေပါတယ်။
Source: Reuters