ဟန်ဆာလ်ပူရ်၊ အိန္ဒိယ (Reuters) – ဂျပန် ဆူဇူကီး ကားကုမ္ပဏီ Suzuki Motor သည် လာမည့် ငါးနှစ်မှ ခြောက်နှစ်အတွင်း အိန္ဒိယတွင် ၇၀၀ ဘီလီယံ ရူပီး (အမေရိကန် ဒေါ်လာ ၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဟု မန်နေဂျင်းဘုတ်ဥက္ကဌက အင်္ဂါနေ့က ကြေညာခဲ့ပြီးထိုနေ့တွင်ပင် ကုမ္ပဏီ၏ ပထမဆုံး လျှပ်စစ်ကား ထုတ်လုပ်မှုကို ပထမဆုံး စတင်ခဲ့သည်။
ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံးကားဈေးကွက်ရရှိထားသည့် ဆူဇူကီး သည် အိန္ဒိယတွင် ယင်း၏ ဈေးကွက်ဦးဆောင်ထားမှုကို ထိန်းသိမ်းရန် ကြိုးပမ်းနေပြီး၊ Maruti Suzuki (MRTI.NS) တွင် ရှယ်ယာ အများစုပိုင်ဆိုင်ထားသည့် ဆူဇူကီးသည် အိန္ဒိယတွင် အရောင်းနှင့်ဝင်ငွေ အများဆုံးရရှိထားသည်။
လျှပ်စစ်ကားများ အရောင်းကျဆင်းနေသော်လည်း အိန္ဒိယသည် ဆူဇူကီးကား၏ လျှပ်စစ်ကားများ ထုတ် လုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ပင်မဗဟိုဖြစ်လာမှာဖြစ်ပြီး အဆိုပါကားများကို ဂျပန်သို့ပါ ပြန်လည် တင်ပို့မည့်အပြင် ဥရောပနှင့် အခြားနိုင်ငံ ၁၀၀ခန့်သို့ တင်ပို့ရန်လည်း စီစဉ်ထားသည်။
Maruti က အင်္ဂါနေ့တွင် ဂူဂျာရတ် စက်ရုံ၌ အလယ်အလတ်အရွယ် SUV မော်ဒယ် "e Vitara" ကို စတင် ထုတ်လုပ်ခဲ့ပြီး၊ ထိုကားသည် Hyundai၏ Creta နှင့် Mahindra ၏ XEV 9e တို့နှင့် အပြိုင်အဆိုင်ဖြစ်လာ လိမ့်မည်။
ဆူဇူကီးကားကုမ္ပဏီဥက္ကဋ္ဌ တိုရှီဟိရိုဇူဆူကီးက ယခုစက်ရုံကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ထုတ်လုပ်ရေးပင်မဗဟိုဖြစ်လာပြီး တစ်နှစ်လျှင် ကားအစီး တစ်သန်းထုတ်လုပ်ရန် စီစဉ်ထားသည်ဟု ပြောဆိုသည်။
အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ ကလည်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ ထိုစက်ရုံကို "Make in India" ပန်းတိုင်အတွက် ကြီးမားသော ခုန်ကျော်လွှားမှုအဆင့်တစ်ခုဟု သုံးနှုံးခေါ်ဆိုခဲ့သည်။
မိုဒီသည် ဂျပန်နိုင်ငံသိုု့ မကြာမီ သွားမည့်အစီအစဉ်ရှိပြီး၊ Maruti သည် အိန္ဒိယ-ဂျပန် စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေး ချည်နှောင်မှုများ အတွက် ဥပမာကောင်းကြီးတစ်ခုဖြစ်ကြောင်း သူက ပြောသည်။
ထို့အပြင်သူက အိန္ဒိယပြည်တွင်းထုတ်ကုန်များကို ပြည်သူများ အားပေးဝယ်ယူရန် တိုက်တွန်းခဲ့ပြီး မည်သည့်နေရာက ရင်းနှီးမြှပ်နှံမှုများလာပါစေ ယင်းသည် အမှုထားးစရာမလိုဘဲ အိန္ဒိယမြေပေါ်တွင် ထုတ်လုပ်သည့် မည်သည့်ပစ္စည်းမဆိုပါဝင်ကြောင်းလည်း သူကဆက်လက်ပြောဆိုသည်။
(အမေရိကန် ၁ ဒေါ်လာ = ၈၇.၅၀၆၀ အိန္ဒိယ ရူပီး)