#World_Science
Published 26 August 2025
▪️ ကမ္ဘာဂြိုဟ်နဲ့ ၄.၃ အလင်းနှစ်ကွာဝေးတဲ့နေရာမှာ Alpha Centauri A လို့ခေါ်တဲ့ကြယ် တည်ရှိပြီး ကျွန်ုပ်တို့နေနဲ့ ဆင်တူတဲ့ အနီးဆုံးကြယ်ဖြစ်ပါတယ်။
▪️ နာမည်ကျော် Avatar ရုပ်ရှင်တွေထဲမှာ Pandora လို့ခေါ်တဲ့ စိတ်ကူးယဉ်လဂြိုဟ်က အဆိုပါကြယ်ရှိနေတဲ့ စကြဝဠာထဲရှိနေပါတယ်။
▪️ တကယ့်လက်တွေ့မှာလည်း ဒီဂြိုဟ်ကြီးဟာ Alpha Centauri A ကို လှည့်ပတ်နေဖွယ်ရှိတယ်လို့ အာကာသနက္ခတ်ပညာရှင်များက James Webb Space အဝေးကြည့်မှန်ပြောင်းအသုံးပြုပြီး တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီဂြိုဟ်ဟာ သက်ရှိတွေနေနိုင်လောက်တဲ့ အပူချိန်နေရာလောက်ကနေခွာပြီး ကြယ်ကိုလှည့်ပတ်နေပုံ ပေါ်ပါတယ်။
▪️ Alpha Centauri A မှာ Alpha Centauri B နဲ့ Proxima Centauri ဆိုတဲ့ အပေါင်းအပါတွေလည်းရှိပြီး Alpha Centauri A နဲ့ B တို့ကို ရှာဖွေရတာ ခက်ခဲလှပါတယ်။
▪️ ဒီဂြိုဟ်တွေ ကြယ်တွေနားမှာ တောက်ပတဲ့အလင်းရောင်တွေ ဆွဲအားသက်ရောက်မှုတွေ ရှိနေပေမယ့် James Webb Space အဝေးကြည့်မှန်ပြောင်းကနေ တွေ့ရှိနိုင်ခဲ့တာဖြစ်ပါတယ်။
▪️ ဒီဂြိုဟ်ဟာ စေတန်နဲ့ ဂျူပီတာတို့လိုဂြိုဟ်တွေနဲ့ အရွယ်အစားထုထည် နီးစပ်ဖွယ်ရှိပြီး လတွေလည်း ရှိနေနိုင်ပါတယ်။
▪️ အချို့လတွေဆိုရင် သူတို့ရဲ့ အရွယ်အစားတွေ အခြေအနေတွေက ပြောရခက်ပေမယ့် သက်ရှိတွေနေထိုင်ဖို့ ထောက်ပံ့နိုင်ဖွယ်ရှိပါတယ်။
▪️ ဒီဂြိုဟ်တည်ရှိမှုကို အတည်ပြုနိုင်ဖို့ နောက်ထပ်စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားဖို့ လိုအပ်နေပါတယ်။
Source: NPR