#World_Health
Published 30 December 2022
မိခင်ဝမ်းဗိုက်ထဲမှာ သန္ဓေသားကန်ရတဲ့အကြောင်းအရင်းကို နောက်ဆုံးမှာတော့ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိပ္ပံဂျာနယ်တစ်ခုမှာ ဖော်ပြထားပါတယ်။
ဗိုက်ထဲက ကလေးတွေဟာ ကိုယ်ဝန်သက်တမ်း ၁၆ ပတ်လောက်ကစပြီး လှုပ်လှုပ်ရွရွဖြစ်လာကာ လူးလှိမ့်ကန်ကြောက်တတ်ကြပါတယ်။
ဒီလိုလှုပ်ရှားမှုတွေက ဖြစ်ချင်သလို ဖြစ်နေတာလို့ ထင်ခဲ့ကြပေမယ့် ဒါဟာ ကလေးတွေရဲ့ခန္ဓာကိုယ်ကို လေ့ကျင့်ရာရောက်ကြောင်း သိလာကြပါတယ်။
ဝမ်းဗိုက်ထဲမှာ လှုပ်ရှားမှုက ကိုယ်လက်ထိန်းချုပ်လှုပ်ရှားခြင်းနဲ့ အစောပိုင်းဖွံ့ဖြိုးမှုတို့မှာ အရေးပါတဲ့အပိုင်းဖြစ်ကြောင်း တိုကျိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များတွေ့ရှိခဲ့ကြပါတယ်။
ယခုလေ့လာမှုအသစ်မှာ သန္ဓေသားတွေရဲ့ လှုပ်ရှားမှုက ခန္ဓာကိုယ်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို လေ့လာသင်ယူနေတဲ့သဘောဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အသက် ၁၀ ရက်အောက်ကလေး ၁၂ ယောက်နဲ့ ၃ လသားအရွယ် ကလေး ၁၀ ယောက်တို့မှာ လှုပ်ရှားမှုစောင့်ကြည့်ခြင်းနည်းပညာဖြင့် အဆစ်အမြစ်လှုပ်ရှားမှုတွေကို လေ့လာခဲ့ကြပါတယ်။
ကလေးတွေရဲ့ လှုပ်ရှားမှုပေါင်းစုံက နောက်ပိုင်းမှာ ဆက်တိုက်လှုပ်ရှားမှုများအဖြစ် ဆောင်ရွက်လာနိုင်အောင် အကူအညီဖြစ်စေပါတယ်။
အာရုံခံလှုပ်ရှားစောင့်ကြည့်ချက်များအရ လှုပ်ရှားမှုတစ်ခုကို အကြိမ်ရေများများလုပ်လေ ပိုပြီးတော့ မှတ်မိတတ်မြောက်လေဖြစ်ကြောင်း 'ကာနာဇာဝါ'က ရှင်းပြခဲ့ပါတယ်။
ဝမ်းဗိုက်ထဲမှာကတည်းက သန္ဓေသားရဲ့ခန္ဓာကိုယ်နဲ့ ဦးနှောက်ဘယ်လိုဖွံ့ဖြိုးလဲဆိုတာကို အခုနောက်ဆုံးတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
နောက်ထပ်တွေ့ရှိမှုအရ ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်က အရက်သေစာသောက်သုံးပါက ကလေးရဲ့ဦးနှောက်ကိုထိခိုက်စေပါတယ်။
သန္ဓေသားတွေက အရက်ပမာဏအနည်းငယ်မျှနဲ့ ထိတွေ့မိရင်တောင် ဦးနှောက်ပုံသဏ္ဍာန်ပြောင်းလဲသွားပြီး ဦးနှောက်ဖွံ့ဖြိုးမှုနှေးကွေးသွားပါတယ်။
Source: NY Post
#Yangon_Media_Group
#World_Health
Published 30 December 2022
ယေဘုယျအားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သူများတွေရဲ့နေရာမှာဝင်ပြီး စဉ်းစားပေးတတ်ကြကြောင်း၊ သူတစ်ပါး ဘာတွေတွေးနေလဲ ခံစားနေရလဲဆိုတာကို ပုံဖော်တတ်ကြကြောင်း PNAS ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဘာအီလန်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ဒေးဗစ်ဂရင်းဘာ့ဂ်'က ဦးဆောင်ပြီး နိုင်ငံပေါင်း ၅၇ နိုင်ငံက အသက်အရွယ်နဲ့ ကျား/မ ကွာခြားမှုကြား စိတ်ပိုင်းဆိုင်ရာဆုံးဖြတ်မှုတွေကို လေ့လာခဲ့ပါတယ်။
မျက်လုံးကိုကြည့်ပြီး စိတ်အကဲခတ်ခြင်းဆိုင်ရာမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးအမှတ်များနေခဲ့ပါတယ်။
တွေ့ရှိချက်တွေအရ အမျိုးသမီးတွေက အမျိုးသားတွေထက် စာနာနားလည်တတ်တယ်ဆိုတဲ့ သဘောတရားဟာ ကမ္ဘာတဝှမ်းက နိုင်ငံအတော်များများမှာ ရှိနေတာဖြစ်ကြောင်း၊ အချက်အလက်အများအပြား အသုံးပြုထားတာကြောင့် စိတ်ချရကြောင်း 'ဂရင်းဘာ့ဂ်'က ဆိုပါတယ်။
ဒီလေ့လာချက်က ကျား/မကွဲပြားခြင်း အကြောင်းအရင်းကို ပိုင်းခြားမရပေမယ့် ဇီဝဆိုင်ရာနဲ့ လှုမှုဆိုင်ရာ အချက်နှစ်ချက်စလုံးရဲ့ ရလဒ်ဖြစ်နေနိုင်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
မျက်လုံးစစ်ဆေးခြင်းအရ လူအတော်များများဟာ အကြောင်းအမျိုးမျိုးကြောင့် မျက်နှာဖတ်အကဲဖြတ်နိုင်ရန် ခက်ခဲလေ့ရှိပါတယ်။
ယခုကဲ့သို့ အမျိုးသား အမျိုးသမီးကွဲပြားချက်ကြား စိတ်ခံစားမှုကွာခြားခြင်းဟာ နိုင်ငံ၊ ဘာသာစကား၊ အသက်အရွယ်အလိုက် တသမတ်တည်းဖြစ်နေတာကို မြင်တွေ့ရပါတယ်။
စာနာသိရှိမှုမှာ ကျား/မခြားနားခြင်းနဲ့ ပတ်သက်တဲ့ လှုမှုဆိုင်ရာနဲ့ ဇီဝဆိုင်ရာအချက်အလက်များအကြောင်း နောက်ထပ်သုတေသနပြုလုပ်ဖို့ မေးခွန်းထုတ်လာကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Technology
Published 29 December 2022
စပိန် မက်ဒရစ်မြို့က ဒီဂျစ်တယ်ပြပွဲတစ်ခုမှာ လာရောက်တဲ့ဧည့်သည်တွေကို အံ့ဖွယ်အရာများပြသလျက်ရှိပြီး ရုပ်ပြသရုပ်ဖော်ပုံများဖြင့် အနုပညာလက်ရာများကို ကွက်ကွက်ကွင်းကွင်းပြသထားပါတယ်။
#Yangon_Media_Group
Published 29 December 2022
ထိုင်းနိုင်ငံနယ်စပ်က ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့က ဂရန်းဒိုင်းမွန်းစီတီး ကာဆီနိုဟိုတယ်မှာ ဗုဒ္ဓဟူးနေ့ည ၁၁နာရီခွဲခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၀ဦးသေဆုံးပြီး ၃၀ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီဟိုတယ်မှာ ဝန်ထမ်း ၄၀၀ခန့်အလုပ်လုပ်နေတယ်လို့ယုံကြည်ရပြီး ဗွီဒီယိုတွေထဲမှာ မီးတောက်ကြီးတွေကြားထဲမှာ လူတွေဟာ လောင်ကျွမ်းနေတဲ့အဆောက်အဦကနေ ခုန်ချကြတာကိုတွေ့မြင်ကြရပါတယ်။
မီးလောင်တဲ့အချိန်မှာ ကာဆီနိုထဲ နိုင်ငံခြားသားတွေလည်းရှိနေကြတယ်လို့ ပြည်တွင်းမီဒီယာတွေကရေးသားကြပြီး ဒေသဆိုင်ရာအာဏာပိုင်တွေနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မီးဟာပထမထပ်ကနေစတင်လောင်ကျွမ်းတာဖြစ်ပြီး ကော်ဇော်တွေကြောင့် အခြားအထပ်တွေကို ခပ်မြန်မြန်ကူးစက် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ထိုင်းကယ်ဆယရေးလုပ်အားပေးတစ်ဦးကပြောပါတယ်။
Source: AFP
#DailyNews
Published _ 29 December 2022
၁။ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၅ ဘီလီယံကျော်ရရှိထား
၂။ ဘေးအန္တရာယ်ရှိသည့် အစားအသောက်များကို ပြန်စားသုံး၍ မရအောင်ပြုလုပ်ပြီးမှ စွန့်ပစ်ရန်လိုဟုဆို
၃။ ပြောင်းဈေးကွက် အရောင်းအဝယ်ဖြစ်နေဟုဆို
၄။ မက်ဒရစ်မြို့တွင် ရှေးဟောင်းအီဂျစ်ဖာရိုးဘုရင်များ၏ အုတ်ဂူများနှင့်နေထိုင်မှုပုံစံများအား ဒီဂျစ်တယ်ပုံရိပ်စနစ်ကိရိယာများဖြင့်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Politics
Published 29 December 2022
မကြာသေးမီက ဗြိတိန်လွှတ်တော်အမတ်တွေဟာ နိုင်ငံရပ်ခြားခရီးစဉ်အတွင်း အလွန်အကျူးသောက်စားပျော်ပါးခဲ့ကြကာ ဟိုတယ်ခန်းတွေမှာ ပြည့်တန်ဆာတွေနဲ့ တွေ့ဆုံခဲ့ကြကြောင်း ထွက်ပေါ်လာတဲ့သတင်းများနဲ့ ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်ရုံးက စိုးရိမ်နေရပါတယ်။
ပါတီပေါင်းစုံပါလီမန်အဖွဲ့များ(APPG)မှ စီစဉ်ဆောင်ရွက်တဲ့ နိုင်ငံရပ်ခြားခရီးစဉ်တွေမှာ လွှတ်တော်အမတ်အချို့က လိင်ကိစ္စအပျော်အပါးနဲ့ သောက်စားမူးယစ်တာတွေ ပြုလုပ်ရာမှာ ပါဝင်ပတ်သက်နေတယ်လို့ Times က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
APPG အဖွဲ့မှာ ကိစ္စတစ်ခုကိုအာရုံစိုက်လုပ်ဆောင်ရန် ပါတီပေါင်းစုံမှ တန်းတူအမတ်များဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။
ယခုလအစောပိုင်းက Politico မှ စုံစမ်းစစ်ဆေးမှုတစ်ခုမှာ ကွန်ဆာဗေးတစ်အမတ်ဟောင်းတစ်ဦးက အရှေ့တောင်အာရှတစ်နိုင်ငံကို လည်ပတ်ချိန်မှာ ပြည့်တန်ဆာအိမ် အနီးဆုံးဘယ်နားမှာရှိလဲလို့ မေးမြန်းခဲ့ကြောင်း၊ တရားဝင်ခရီးစဉ်ပြီးဆုံးပြီးနောက် မိန်းမလိုက်စားတယ်ဆိုတဲ့အတိုင်း ဝန်ကြီးဟောင်းတစ်ဦးဟာ တည်းခိုနေထိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်လက်ထောက် ပြောရေးဆိုခွင့်ရှိသူက "အစီရင်ခံစာအချို့ကို တွေ့မြင်ခဲ့ရပြီး အချို့သောအပြုအမူတွေက တကယ်ကိုစိုးရိမ်စရာကောင်းပါတယ်" လို့ Guardian ကို ပြောကြားခဲ့ပါတယ်။
လွှတ်တော်အမတ်ဆိုတာဟာ ပြည်သူအတွက် အားသွန်ခွန်စိုက်လုပ်ကိုင်သင့်တယ်လို့ ယုံကြည်ကြောင်း၊ အများစုက စိန်ခေါ်မှုတွေကို အာရုံစိုက်ဖြေရှင်းသင့်ကြောင်း၊ ထိခိုက်နစ်နာလွယ်သူများကို ထောက်ပံ့ပေးရန်၊ စာသင်ကျောင်းတွေ ပိုကောင်းစေရန် လမ်းတွေ ဘေးကင်းစိတ်ချစေရန် လုပ်ဆောင်သင့်ကြောင်း ဝန်ကြီးချုပ်က ယူဆနေပါတယ်" လို့ ပြောပြခဲ့ပါတယ်။
စံပြကော်မတီက APPG ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့လုပ်ရပ်တွေက အစိုးရအရေးထက်စာရင် လွှတ်တော်အရေးနဲ့ ပိုမိုပတ်သက်နေပါတယ်။
Times ရဲ့ဖော်ပြချက်အရ လွှတ်တော်အမတ်တစ်ဦးဟာ ဗြိတိန်ရဲ့အရေးကြီးမဟာမိတ်နိုင်ငံသို့ သွားရောက်စဉ်မှာ အမျိုးသမီးအလုပ်သင်တွေကို လိင်မှုကိစ္စဆောင်ရွက်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့တာကြောင့် ပြစ်တင်ရှုတ်ချခံခဲ့ရဖူးပါတယ်။
ဒီလိုလုပ်ရပ်တွေကြောင့် အခန့်မသင့်တဲ့နိုင်ငံမှာဆိုရင် သူတို့ကို ခြိမ်းခြောက်တာတွေရှိလာနိုင်တယ်လို့ အချို့လွှတ်တော်အမတ်တွေက ဆိုပါတယ်။
Source: WION
#Yangon_Media_Group
#Health_Technology
Published 29 December 2022
NHS ဆေးရုံတွေမှာအသုံးပြုနေတဲ့ ဉာဏ်ရည်တု(AI)ဆော့ဖ်ဝဲဟာ လူနာပေါင်းသောင်းချီကို အပြီးတိုင်လေဖြတ်သွားခြင်းမှ ကာကွယ်ပေးနိုင်ခဲ့ပြီလို့ တွေ့ရှိချက်တွေအရ ယူဆရပါတယ်။
ထိုနည်းပညာဖြင့် လေဖြတ်ဖူးတဲ့လူနာတွေကို အမြန်သိရှိနိုင်ကာ ပုံမှန်ဘဝအတိုင်းဆက်လက်နေထိုင်နိုင်မယ့်လူတွေ ၃ ဆခန့်များလာစေခဲ့ပါတယ်။
လေဖြတ်ခြင်းအန္တရာယ်ရှိနေတဲ့ လူပေါင်း ၁ သိန်းကျော်ကို ပိုင်းခြားလေ့လာခဲ့ရာမှာ အပြည့်အဝပြန်လည်ကောင်းမွန်လာသူ ၁၆ ရာခိုင်နှုန်းကနေ ၄၈ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။
ရောဂါဖြစ်နိုင်ချေကို အလျင်အမြန်တွေ့ရှိခြင်းနဲ့ လျင်မြန်ထိရောက်စွာ ကုသခြင်းတို့က ပြန်လည်သက်သာစေတဲ့ အဓိကအကြောင်းအရာတွေဖြစ်ပါတယ်။
ဦးနှောက်ကို ဓာတ်မှန်ရိုက်ပြီး လေဖြတ်လူနာတွေအတွက် ဒီနောက်မှာတော့ ကျန်းမာရေးဌာနတွေအနေနဲ့ လူနာတွေ ဆေးရုံဆင်းနိုင်မယ့်အချိန်ကိုပါ သိရှိစေနိုင်မှာဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း လေဖြတ်ခြင်းခံစားရသူ ၈ သောင်းကျော်ရှိကာ ရောဂါအလျင်အမြန်သိရှိခြင်းနဲ့ ကုသခြင်းတို့က သက်သာစေဖို့ အဓိကအချက်တွေဖြစ်ပါတယ်။
ဦးနှောက်အဓိကနေရာတွေကိုသွားတဲ့ သွေးတွေ ကောင်းကောင်းမလျှောက်ကာ သွေးကြောမကြီးတွေမှာ သွေးခဲပိတ်ဆို့တတ်ပါတယ်။
အချိန်ကြာမြင့်စွာ သွေးမရရှိတဲ့အခါ အကြောသေခြင်း၊ စကားမပြောနိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
လက်ရှိအချိန်မှာ အင်္ဂလန်ရှိ ဆေးရုံ ၂၂ ရုံမှာ လေဖြတ်အန္တရာယ်ရှိသူလူနာပေါင်း ၁၁၁,၀၀၀ မှာ အဆိုပါနည်းပညာဖြင့် ကုသထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 730 of 1055