#Covid_Vaccine
Published 1 Nov 2022
လက်မောင်းကနေ ထိုးရတာမဟုတ်ဘဲနဲ့ ပါးစပ်ကနေရှူသွင်းရတဲ့ ကိုဗစ်ကာကွယ်ဆေးအသစ်တစ်မျိုးကို ယခုသီတင်းပတ်အတွင်း တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ မိတ်ဆက်ခဲ့ပြီး ကမ္ဘာ့ပထမဆုံးအမျိုးအစား ဖြစ်လာဖွယ်ရှိနေပါတယ်။
တရုတ်ဆေးဝါးကုမ္ပဏီ ကန်ဆီနိုဘိုင်အိုလော့ဂျစ်(CanSino Biologics)မှ ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အားမြှင့်ကာကွယ်ဆေး(booster)အဖြစ် အသုံးပြုရန် တရုတ်အာဏာပိုင်များမှ စက်တင်ဘာလက အသိအမှတ်ပြုထားပါတယ်။
အခုဆိုရင် အဆိုပါကာကွယ်ဆေးကို ပထမဆုံးစတင်အသုံးပြုနေကြပါပြီ။
ထိုကာကွယ်ဆေးဟာ ကော်ဖီပါဆယ်ခွက်လိုပုံစံနဲ့ ထည့်ထားပြီး ပါးစပ်ကနေစုပ်ယူရှိုက်သွင်းနိုင်မယ့် ပြွန်လေးပါရှိပါတယ်။
"အသက်ရှူစနစ်ရဲ့ အမြှေးပါးနံရံတွေက ခန္ဓာကိုယ်ထဲက ပထမဆုံးရောဂါကာကွယ်ရေးဖြစ်ပါတယ်၊ ဒါကြောင့် ရောဂါခုခံအားမြှင့်တင်ဖို့ တိုက်ရိုက်ရောက်ရှိအောင် ရှူသွင်းရတဲ့ကာကွယ်ဆေး ထုတ်လုပ်လိုက်တာဖြစ်ပါတယ်" လို့ ရှန်ဟိုင်းယူနိုက်တက်မိသားစုဆေးရုံမှ ဆေးမှူးအရာရှိချုပ်ဒေါက်တာ'ကျောင်ဟွေ'က ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။
အဆိုပါဆေးရုံမှာ ရှူသွင်းရတဲ့ကာကွယ်ဆေးကို အသုံးပြုသွားမှာဖြစ်တဲ့အပြင် ထိုးနှံရတဲ့ကာကွယ်ဆေးတွေလည်း ထိုးပေးနေပါတယ်။
ရှူသွင်းရတဲ့ကာကွယ်ဆေးက ရောဂါကူးစက်မှုကို ကာကွယ်နိုင်စွမ်းရှိရုံသာမက ကာကွယ်ဆေးထိုးရမှာ နှောင့်နှေးသူတွေအတွက်လည်း အဆင်ပြေစေမှာဖြစ်ကြောင်း ဩစတြေးလျ စိန့်ဗင်းဆန့်စ်ကျန်းမာရေးဆေးရုံမှ ဆေးမှူးချုပ်'အာဝင်လို'ကလည်း မှတ်ချက်ပြုလိုက်ပါတယ်။
ဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်ရန် တရုတ်မှာ ကိုဗစ်စည်းမျဉ်းတင်းကြပ်စွာ ထုတ်ပြန်ထားတာကြောင့် အခုလို ကာကွယ်ဆေးထုတ်ဝေဖို့က အလွန်အရေးကြီးနေပါတယ်။
ရှန်ဟိုင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ WeChat အကောင့်မှာ ယခုသီတင်းပတ်အတွင်း ရှူသွင်းရတဲ့ကာကွယ်ဆေးကို စတင်ပေးဝေနေပြီလို့ ကြေညာထားပါတယ်။
တရုတ်အစိုးရရဲ့အချက်အလက်များအရ နိုင်ငံ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ဆေးထိုးထားပါတယ်။
တရုတ်ဟာ ပြည်တွင်းထုတ်ကာကွယ်ဆေးများကိုသာ အဓိကထားထိုးနှံခဲ့ကြပြီး ပြည်ပက တင်သွင်းခြင်းမရှိပါဘူး။
ရှန်ဟိုင်းရဲ့ ကာကွယ်ဆေးအသစ်က အခြားနိုင်ငံတွေမှာပါ လိုက်လံထုတ်လုပ်စေနိုင်လိမ့်မယ်လို့ 'အာဝင်လို'က မျှော်လင့်နေပါတယ်။
Source: Reuters
#Yangon_Media_Group
Published 1 Nov 2022
လူပေါင်း ၁၃၇ ဦးသေဆုံးခဲ့ရတဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က မော်ဘီ မြစ်ကူးကြိုးတံတား ပြတ်မကျခင် စက္ကန့်ပိုင်းအလို မြင်ကွင်းကို CCTV ကင်မရာက မှတ်တမ်းတင်လိုက်နိုင်ပါတယ်။
အဲဒီမှတ်တမ်းမှာ တံတားကြိုးမပြတ်ခင် စက္ကန့်ပိုင်းကလေးမှာ လူငယ်အချို့က တံတားကို တမင်သက်သက် လှုပ်ခါနေကြတာကိုတွေ့ရပါတယ်။
ဝန်ကြီးချုပ် မိုဒီရဲ့ ဇာတိ ဂူဂျာရတ်ပြည်နယ်က ဒီအဖြစ်ဆိုးကို သူ့တစ်သက်မှာ ဒီလောက်ထိခိုက်ကြေကွဲရတာမျိုး မကြုံဖူးဘူးလို့ မိုဒီက ဆို့နင့်စွာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
Source AFP
#Morbi_Bridge
#India_Bridge_Tragedy
#India_ Gujarat
Published 31 Oct 2022
ဆိုးလ်မြို့တော်မှာ ဟော်လိုဝင်ပွဲတော်လူအုပ်ပြုံတိုးမှုကြောင့် လူပေါင်း ၁၅၀ကျော်သေဆုံးခဲ့ရပြီးနောက် တိုကျိုမြို့လယ် ရှီဘူယာမှာ အောက်တိုဘာ ၃၁ ရက် ယနေ့ညက ဟော်လိုဝင်လူအုပ်ကြီးကို ရဲက ထိန်းသိမ်းပေးနေကြရပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါတွေကြောင့် မကျင်းပဖြစ်ခဲ့တဲ့ ပထမဆုံးဟော်လိုဝင်ပွဲတော်ကို ဂျပန်နိုင်ငံမြို့တော်မှာ ပြန်လည်ကျင်းပခဲ့ရာမှာ လုံခြုံရေးတွေ တင်းကြပ်စွာနှင့် လူအုပ်ကိုထိန်းနေကြတာဖြစ်ပါတယ်။
တိုကျို ရဲတွေက လူတွေကို အမိန့်တွေ လေးစားလိုက်နာကြဖို့ အော်ဟစ်ပြောဆိုနေကြပါတယ်။
ရှီဘူယာဘူတာရုံရှေ့မှာ လူတွေဟာ ပြည့်ကျပ်နေတာကို တွေ့ကြရပါတယ်။
လူငယ်တွေဟာ ဟော်လိုဝင် အဝတ်အစားတွေနှင့် လမ်းပေါ်မှာ ပျော်ရွှင်နေကြချိန်မှာ ရဲတွေက စည်းကမ်းတကျရှိကြဖို့ ထပ်ခါတလဲလဲ အော်ဟစ်သတိပေးနေကြရပါတယ်။
ပြီးခဲ့တဲ့ စနေညက တောင်ကိုးရီးယာနိုင်ငံ ဆိုးလ်မြို့တော်မှာ ဟော်လိုဝင်ပွဲ လူအုပ်ပြုံတိုးမှုကြောင့် လူပေါင်း ၁၅၀ကျော် သေဆုံးခဲ့ရပြီး အများစုမှာ ဆယ်ကျော်သက်ရွယ် အမျိုးသမီးတွေဖြစ်ကြပါတယ်။
Source: AFP
#Tokyo_ Halloween_crowds
#Japan_Halloween_Security
#Haloween_Tragedy
#World_Auction
Published 31 October 2022
လာမယ့်လ လေလံတင်ပွဲမတိုင်ခင် စင်္ကာပူမှာ တိုင်ရန်နိုဆောရပ်စ်အရိုးစုပြပွဲ ပြုလုပ်သွားမှာဖြစ်ရာ ကျွမ်းကျင်သူများက အခုလိုငွေအင်အားနဲ့ ရှေးဟောင်းအရိုးများကို အရောင်းအဝယ်လုပ်တာဟာ သိပ္ပံပညာအတွက် အန္တရာယ်များတယ်လို့ မြင်နေကြပါတယ်။
#Yangon_Media_Group
Published 31 Oct 2022
ဘယ်လ်ဂျီယမ်နိုင်ငံမှာ FiFe ဖီဖီကမ္ဘာ့ပြပွဲ ပိတ်ပွဲကို ကျင်းပခဲ့ပါတယ်။ ဖီဖီကမ္ဘာ့ပြပွဲဟာ နိုင်ငံတကာ ကြောင်ပြပွဲကြီး တစ်ခုဖြစ်ပြီး နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။
ယခုနှစ်မှာ ဘယ်လ်ဂျီယမ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပတာဖြစ်ပါတယ်။
ကမ္ဘာ့အချောအလှဆုံးကြောင်ပြိုင်ပွဲကို ပိတ်ပွဲနှင့်အတူကျင်းပခဲ့ရာမှာ အခန်းကဏ္ဍအမျိုးမျိုးအတွက် ကြောင် ၂၆ ကောင်က သရဖူဆောင်းခဲ့ကြပါတယ်။
အဲဒီကြောင်ပြိုင်ပွဲမှာ တစ်ကမ္ဘာလုံးက ကြောင်ပေါင်း ၂၀၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲမြို့ မြောက်ဘက် နက်ကာဟာ ပြပွဲခန်းမကြီးမှာ ကျင်းပခဲ့ကြပြီး တစ်ကမ္ဘာလုံးက ပြခန်းပေါင်း ၁၅၀၀ ကျော်လာရောက်ခင်းကျင်းခဲ့ကြပါတယ်။ တစ်ရက်တစ်ရက်ကိုလည်း ကြောင်ချစ်သူ ထောင်ပေါင်းများစွာ လာရောက်လည်ပတ်ခဲ့ကြပါတယ်။
Source: AFP
#DailyNews
Published _ 31 October 2022
၁။ ဆောင်းအဝင်ကာလတွင် ဆောင်းတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျောနှင့် ကိုဗစ်ဖြစ်ပွားမှုများ သတိပြုရန်လို
၂။ တရားမဝင်ကုန်သွယ်မှုအား ထိန်းချုပ်ရန် ယာဉ်ပါ၊ ကုန်ပါ စာရင်းချုပ်ပုံစံပြုလုပ်ရမည်ဟုဆို
၃။ ရွှေဈေးကွက်အတွင်း မှောင်ခိုဈေးကွက်မရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ်သာရှိဟုဆို
၄။ ဒိုင်နိုဆောင်အရိုးစုလေလံတင်ရောင်းချခြင်းအပေါ် သိပ္ပံပညာရှင်များစိုးရိမ်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 31 Oct 2022
◉ရုပ်ရှင်သရုပ်ဆောင်နှင့် “Produce 101 Season 2” ပြိုင်ပွဲဝင်ဟောင်း လီဂျီဟန် Lee Ji Han ဟာ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော် အီတေးဝန်ကြေကွဲစရာဖြစ်ရပ်ထဲ သေဆုံးခဲ့ရ
◉အောက်တိုဘာ ၂၉ ရက် အီတေးဝန် မတော်တဆဖြစ်ရပ်တွင် လီဂျီဟန် ကွယ်လွန်ခဲ့သည်မှာ မှန်ကန်ပါတယ်လို့ သူ့ရဲ့ အေဂျင်စီ 935 Entertainmentက အောက်တိုဘာ ၃၀ရက်တွင် အတည်ပြု
◉“ အဲဒီသတင်းမမှန်ပါဘူးလို့ ကျွန်တော်တို့က ယုံထားခဲ့တာ။ အခုတော့ သတင်းကြားရတော့ အတော်တုန်လှုပ်သွားရတယ်။ မိသားစုဟာ အလွန်ထိခိုက်ကြေကွဲနေကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အထူးသတိထားနေရတယ်။ သူကောင်းမွန်ရာ ငြိမ်းအေးစွာနားခိုနိုင်ပါစေ” လို့ အေဂျင်စီကိုယ်စားလှယ်ကပြော
◉လီဂျီဟန်ဟာ ၂၀၁၇ခုနှစ်မှာ “Produce 101 Season 2”မှာ သီချင်းဆိုဝင်ရောက်ယှဉ်ပြိုင်ရင်း လူသိများလာသူဖြစ်ပြီး ၂၀၁၉ခုနှစ်ကထုတ်လုပ်သည့် “Today Was Another Nam Hyun Day”ဟုဆိုသည့် ဝက်ဘ်ဒရာမာတွင် သရုပ်ဆောင်မင်းသားဖြစ်ခဲ့
◉သူသေဆုံးချိန်တွင် အသက် ၂၄နှစ်ရှိပြီဖြစ်
◉စနေနေ့ည ဖြစ်ခဲ့သော ဟော်လိုဝင်ပွဲ လူအုပ်ပြိုလဲမှုကြောင့် လူပေါင်း ၁၅၄ ဦးကျော်သေဆုံးခဲ့ပြီး အများစုမှာ ဆယ်ကျော်သက်များဖြစ်ကြ
Source Soompi
#Lee_Ji_Han
#Itaewon_tragedy
#South_Korea_haloween
Page 711 of 983