#World_News
Published 4 October 2022
နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံအပေါ်ကနေကျော်ပြီး အင်္ဂါနေ့က ပစ်လွှတ်ခဲ့ပါတယ်။
အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုကြောင့် ဂျပန်မြောက်ပိုင်းမှ ပြည်သူများကို အကာအကွယ်ယူဖို့ သတိပေးခဲ့ရပြီး ရထားပြေးဆွဲမှုများ ယာယီရပ်ဆိုင်းခဲ့ရပါတယ်။
ဒုံးကျည်က ဂျပန်နိုင်ငံအပေါ်ကနေ ဖြတ်သန်းကာ ပစိဖိတ်သမုဒ္ဒရာထဲ ကျသွားဟန်ရှိပြီး ဂျပန်အစိုးရက ပြည်သူများကို အကာအကွယ်ယူထားဖို့ သတိပေးခဲ့ပါတယ်။
ထိုဒုံးကျည်ကို ကာကွယ်ရေးစနစ်တွေနဲ့ ဖျက်ဆီးခဲ့ခြင်းမရှိဘဲ ဒါဟာ ၂၀၁၇ နောက်ပိုင်း မြောက်ကိုရီးယားက ဂျပန်နိုင်ငံအပေါ်ကနေဖြတ်ပြီး ပထမဆုံးအကြိမ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ အကြိမ်ကြိမ်ပစ်လွှတ်ခဲ့ခြင်းနဲ့ သူတို့ရဲ့လုပ်ရပ်တွေက ဂျပန်နိုင်ငံဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေကာ ကြီးမားသောစိန်ခေါ်မှုကြီးအသွင်ဆောင်နေကြောင်း ဂျပန်ထိပ်သီးအစိုးရပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ'ဟီရိုကာဇူမက်ဆူနို'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ယခုဒုံးကျည်က အကွာအဝေး ၄,၆၀၀ ကီလိုမီတာအထိ သွားခဲ့ပြီး အမြင့်ပေ ၁,၀၀၀ ကီလိုအထိ တက်သွားခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
ဒီဒုံးကျည်ဟာ မြောက်ကိုရီးယားပြည်နယ်ဂျာဂန်းမှ စမ်းသပ်ပစ်လွှတ်လိုက်တဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်(IRBM)ဖြစ်နိုင်ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အသံထက်မြန်တဲ့ဒုံးကျည်များအပါအဝင် လတ်တလောစမ်းသပ်မှုအများအပြားကို ထိုပြည်နယ်မှ ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။
ထိုစမ်းသပ်ပစ်လွှတ်ခြင်းကြောင့် ဂျပန်မြောက်ပိုင်းရှိ အရှေ့ဂျပန်ရထားလိုင်းမှ ရထားပြေးဆွဲမှုများ ရပ်ဆိုင်းထားရကြောင်း ဂျပန်ရုပ်သံ NHK မှ ထုတ်လွှင့်ခဲ့ပါတယ်။
ဒုံးကျည်ပစ်ခတ်မှုကြောင့် လေယာဉ် သင်္ဘောတွေ ထိခိုက်ခြင်းမရှိဘူးလို့ သိရပါတယ်။
၂၀၁၇ ခုနှစ်ကလည်း မြောက်ကိုရီးယားဟာ ဟွာဆောင-၁၂ အမည်ရှိ ပဲ့ထိန်းဒုံးကျည်ကို ဂျပန်နိုင်ငံပေါ်ကနေဖြတ်သန်းကာ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ထုတ်လုပ်ရေးအစီအစဉ်များကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်လိုက်ကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ယခုနောက်ဆုံးပစ်လွှတ်မှုက ၁၀ ရက်အတွင်း ၅ ကြိမ်မြောက်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ၃ နိုင်ငံပူးပေါင်းပြီး ရေငုပ်သင်္ဘောတိုက်ခိုက်ရေးစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'က မြောက်ကိုရီးယားရဲ့လုပ်ရပ်က ရိုင်းစိုင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များ စုဆောင်းပြီး ခွဲခြမ်းစိတ်ဖြာသွားမှာဖြစ်ကြောင်း တိုကျိုမှာ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
"မြောက်ကိုရီးယားနဲ့ သံတမန်ရေးလမ်းကြောင်းဖွင့်ထားပေမယ့် နှစ်နိုင်ငံစလုံးအတွက် တာဝန်ရှိပါတယ်၊ ဒီကြီးမားလာတဲ့ ခြိမ်းခြောက်မှုကြီးကို ပြတ်ပြတ်သားသားတုံ့ပြန်သွားမှာပါ" လို့ အရှေ့အာရှဆိုင်ရာ အမေရိကန်ထိပ်သီးသံတမန်'ဒန်နီယယ်ခရစ်တန်ဘရင့်ခ်'က ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Published 4 Oct 2022
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က CNN စီအင်န်အင်န် ရုပ်သံဌာနကို အသရေဖျက်မှုနှင့် တနင်္လာနေ့က တရားစွဲဆိုလိုက်ပါတယ်။ စီအင်န်အင်န်ဟာ သူ့ကို သွားပုပ်လေလွင့်ပြောဆိုသိက္ခာချစည်းရုံးလှုံဆော်မှုတွေကြောင့် ဆုံးရှုုံးနစ်နာမှုတွေအတွက် နစ်နာကြေး ဒေါ်လာ ၄၇၅သန်းကိုပါ တောင်းဆိုလိုက်ပါတယ်။
အမေရိကန် ဖလော်ရီဒါပြည်နယ်က ဖို့တ် လောဒါဒါလီခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး စီအင်န်အင်န်ဟာ သူ့ရဲ့ ဦးဆောင် သတင်းအဖွဲ့အစည်းတစ်ခုရဲ့ သိသာတဲ့ အရှိန်ဩဇာကို အသုံးချပြီး သူ့ကို နိုင်ငံရေးအရ အနိုင်ရဖို့ လုပ်ဆောင်နေတယ်လို့ ထရမ့်က ပြောပါတယ်။
စီအင်န်အင်န်က ဒီကိစ္စနှင့်ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။
စီအင်န်အင်န်ကိုစွဲဆိုတဲ့အမှုမှာ စာမျက်နှာပေါင်း ၂၉ မျက်နှာပါရှိပြီး စီအင်န်အင်န်ဟာ သူ့ကို တိုက်ခိုက်ဝေဖန်ခဲ့တဲ့ ကာလရှည် မှတ်တမ်းတွေရှိခဲ့တယ်။ အခုနောက်ပိုင်း မကြာသေးခင်လတွေမှာ သူတို့ဟာ တိုက်ခိုက်မှုကို အရှိန်မြှင့်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၄ မှာ သူ သမ္မတပြန်အရွေးခံမှာကို စီအင်န်အင်န်က ကြောက်ရွံ့လို့ဖြစ်တယ်လို့ ရီပတ်ဘလီကင်ဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကပြောပါတယ်။
“နိုင်ငံရေးမျှခြေရှိတာကို တိမ်းစောင်းသွားစေဖို့ ပူးပေါင်းလုပ်ဆောင်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် စီအင်န်အင်န်ဟာ မတော်တရော်တွေ အမှားတွေနှင့် အသရေဖျက်မှုတွေဖြစ်စေတဲ့ “ လူမျိုးခွဲခြားရေးဝါဒီ” “ ရုရှား လက်ပါးစေ” “ ဆူပူအုံကြွရေးသမား”နှင့် အဆိုးဆုံးက “ဟစ်တလာ” ဆိုပြီး ဆက်တိုက် တံဆိပ်ကပ်တာတွေ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အမှုဖွင့်ရာမှာ ထည့်သွင်းထားပါတယ်။
အခြားသော အဓိက မီဒီယာကုမ္ပဏီကြီးတွေကိုလည်း သူဟာ လာမယ့်အပတ်တွေနှင့်လတွေမှာ ဆက်ပြီးတရားစွဲဆို ဦးမယ်လို့ သမ္မတဟောင်းထရမ့် က သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၁ ဇန်နဝါရီ ၆ ရက်ကိစ္စ ကိုင်တွယ်တဲ့ ကွန်ဂရက် ကော်မတီကိုပင် သူ တရားးစွဲနိုင်တယ်လို့ သူကပြောပါတယ်။
Source Reuters
#Trump
#CNN
#defamation
#World_Health
Published 4 October 2022
လူအများစုဟာ အသက် ၅၀ မှစပြီး အမြင်အာရုံပြောင်းလဲလာကြပြီး မှုန်ဝါးခြင်း၊ ဝေဝါးခြင်းများ ဖြစ်လာကြပါပြီ။
ဒီပျက်စီးမှုက အသက် ၅၀ မှာတင်ရပ်တန့်သွားတာမဟုတ်ဘဲ အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံယိုယွင်းလာခြင်း(AMD)၊ အတွင်းတိမ်၊ ရေတိမ်များ ဖြစ်စေနိုင်ကာ မျက်စိကွယ်စေနိုင်တဲ့ ရောဂါများ ဖြစ်နိုင်ပါတယ်။
အသက် ၅၀ နဲ့အထက်လူကြီးတွေဟာ ၂ နှစ်တစ်ခါ မျက်စိအထူးကုနှင့်ပြသသင့်ပြီး အသက် ၆၅ နှစ်နဲ့အထက် လူကြီးတွေကတော့ တစ်နှစ်တစ်ကြိမ် ပြသသင့်ပါတယ်။
ဆေးလိပ်သောက်သူတွေနဲ့ မျိုးရိုးလိုက် မျက်လုံးပြဿနာရှိသူများကဲ့သို့ လူတွေလည်း ငယ်ရွယ်တဲ့အချိန်ကတည်းက စမ်းသပ်သင့်ပါတယ်။
စမ်းသပ်သင့်တဲ့အကြောင်းအရင်းတစ်ခုက AMD ကို ရှာဖွေမိရန်ဖြစ်ပြီး အစ္စရေးလ်ရှိ သက်ကြီးရွယ်အိုတွေကြား အဓိကအကြောင်းအရင်းဖြစ်ပါတယ်။
အသက် ၇၅ နှစ်အရွယ်လူကြီး ၃ ပုံ ၁ ပုံလောက်မှာ ဒီရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။
ရောဂါအစပိုင်းမှာ မြင်လွှာအလယ်အောက်မှာ အမှုန်ငယ်များ စုပုံလာပါတယ်။
ပုံမှန်အခြေအနေမှာ အလွှာက စွန့်ပစ်အမှုန်တွေကို သန့်ရှင်းပေးရမှာဖြစ်ပေမယ့် အသက်အရွယ်ကြီးလာတဲ့အခါ အားနည်းလာပါတယ်။
မျိုးရိုးနောက်ခံကလည်း ထည်တွက်ရမယ့်အခြေအနေဖြစ်ပြီး ၂ ဆ မှ ၄ ဆအထိ ဖြစ်နိုင်ချေပိုများပါတယ်။
ယနေ့အထိ AMD အတွက် ကုသဆေးမရှိသေးဘဲ အစောပိုင်းအဆင့်မှာ သိရှိခဲ့ရင် အားဆေးများသောက်သုံးပြီး နောက်တစ်ဆင့်ဖြစ်နိုင်ချေနည်းပါးအောင် ကာကွယ်နိုင်ပါတယ်။
၅ နှစ်အတွင်း လေ့လာခဲ့ကြရာမှာ AMD အစပိုင်းအဆင့်ဖြစ်ပွားခဲ့သူတွေထဲက ၃၀ ရာခိုင်နှုန်းဟာ နောက်တစ်ဆင့်ပိုဆိုးလာခဲ့ပါတယ်။
ဒီရောဂါက လုံးဝအမြင်ကွယ်သွားတာမဟုတ်ပေမယ့် မျက်လုံးအစွန်အဖျားတွေကနေသာ မြင်နိုင်တာကြောင့် အမြင်အာရုံကို သိသိသာသာထိခိုက်စေပါတယ်။
အရင်က လေဆာကုသနည်း အသုံးပြုခဲ့ကြပေမယ့် မြင်လွှာဘေးကိုပါ ထိခိုက်စေပါတယ်။
လတ်တလောမှာတော့ ဆေးတွေကို မျက်လုံးအိမ်ထဲ ထိုးသွင်းခြင်းဖြင့် ယိုယွင်းလာမှုကို နှောင့်နှေးစေပါတယ်။
ဆေးထိုးလိုက်ခြင်းဖြင့် ပုံမှန်မဟုတ်တဲ့ သွေးကြောများ၊ အရည်များဖြစ်မလာစေတော့ဘဲ ယိုယွင်းမှုဖြစ်စဉ်ကို သက်သာစေပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_News
Published 3 October 2022
ကင်မရွန်နိုင်ငံက အလှကုန်ပစ္စည်းတွေ ဆိုရှယ်မီဒီယာတွေမှာ အငြင်းပွားပြီး ပိတ်ပင်ခံထားရပါတယ်။
#Yangon_Media_Group
Published 3 October 2022
တစ်ခါမျှ မမြင်မကြည့် ဖူးခဲ့တဲ့ နာမည်ကျော် ဘီတဲလ်အဖွဲ့ ဂျပန်နိုင်ငံကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၆နှစ်က လာရောက်ဖျော်ဖြေခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းကို ထုတ်ပြန်ပေးခဲ့တဲ့အတွက် ဘီတဲလ်ရဲ့ ပရိဿတ်တွေက အူလှိုက်သည်းလှိုက်ကြိုဆိုခဲ့ကြပါတယ်။ဒီဗွီဒီယိုက တရားရုံးမှာ အသေအလဲကြိုးစားပြီးမှ ထုတ်ပြန်ဖို့ ခွင့်ပြုချက်ရခဲ့တာပါ။
အဲဒီတိတ်ခွေဟာ ၃၅မိနစ်ကြာ အဖြူအမည်းအသံတိတ်ဖြစ်ပါတယ်။ ၁၉၆၆ခုနှစ်မှာ ဗြိတိန်တီးဝိုင်း ဘီတဲလ် လာရောက်လည်ပတ်စဉ်မှာ ရဲက လုံခြုံရေးအတွက် မှတ်တမ်းတင်ရိုက်ကူးထားတာဖြစ်ပါတယ်။
အဲဒီအဖြူအမည်းဗွီဒီယိုမှာ ဘီတဲလ် တေးဂီတအဖွဲ့ဟာ ကီမိုနိုတွေဆင်တူနှင့် လေယာဉ်ပေါ်ကဆင်းလာတာကစပြီး တိုကျိုက ဘူဒိုကန် အားကစားကွင်းကြီးထဲမှာ ပြည့်သိပ်နေတဲ့ ပရိဿတ်ကိုဖျော်ဖြေတင်ဆက်တာတွေနှင့် ရဲတပ်ဖွဲ့ရဲ့ ကန့်လန့်ကာနောက်ကွယ်က လုပ်ငန်းဆောင်ရွက်တဲ့မြင်ကွင်းတွေပါ ပါဝင်ပါတယ်။
ဗွီဒီယိုက တမူထူးခြားနေပါတယ်။ဘီတဲလ်အဖွဲ့ကလွဲပြီး ကျန်တဲ့ အော်ဟစ်နေကြတဲ့ပရိဿတ်တွေ၊ ယာစွန်းဆန္ဒပြသူတွေနှင့် ရင်ဆိုင်နေတဲ့ အရာရှိတွေအထိ အားလုံးရဲ့ မျက်နှာတွေကို ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက် အကြောင်းပြပြီး မှုန်ဝါးထားပါတယ်။
ဒီဗွီဒီယိုကို ဆင်ဆာမဖြတ်ဘဲ ဒီအတိုင်းထုတ်ပြန်ပေးဖို့ ပရိဿတ်တွေနှင့် သတင်းလွတ်လပ်ခွင့် စည်းရုံးလှုပ်ရှားသူတွေက ကာလရှည်ကြာ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ သူတို့ဟာ ဒီကိစ္စကို ဂျပန်ရဲ့ တရားရုံးချုပ်အထိတ်ကခဲ့ပါတယ်။ ဒါဟာ သမိုင်းဝင် မှတ်တမ်းရုပ်ရှင်မို့ သူ့မူလအတိုင်းထားပေးဖို့ စောဒကတက်ခဲ့ကြပါတယ်။
ဒါပေမယ့် တရားရုံးချုပ်က ၂၀၁၈ မှာ အဲဒီကိစ္စကို ပယ်ချခဲ့ပါတယ်။ အဲဒီနောက် အရုပ်တွေကို မှုန်ဝါးပစ် တဲ့တည်းဖြတ်လုပ်ငန်းတွေ နှစ်အနည်းငယ်လုပ်ဆောင်ပြီးမှာ ဒီရုပ်သံကို ပြီးခဲ့တဲ့လက ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်လို့ အဆိုပါကိစ္စကို တရားရုံးမှာ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့တဲ့ အရပ်ဖက်အုပ်စုခေါင်းဆောင် ဆာတိုရှီရှင်ကိုင်းက ပြောပါတယ်။
ဘီတဲလ်ဟာ ဂျပန်မှာ ယခုထက်ထိ ခေတ်စားနေပေမယ့် သူတို့ဟာ ဂျပန်ကို တစ်ခေါက်ပဲ လာဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။
Source AFP
#Never-before-seen_Beatles_footage
#Beatles_japan
#Beatles
#DailyNews
Published _ 3 October 2022
၁။ ဂျပန်နိုင်ငံရှိ စားသောက်ဆိုင်နှင့် ဟိုတယ်လုပ်ငန်းများ၌ ပြည်ပလုပ်သား လိုအပ်ချက်များနေနေ
၂။ ခွေးကိုက်ခံရသူများကို ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ ထိုးနိုင်ရန် စီစဉ်ပေးနေ
၃။ ဓာတ်ဆီတစ်လီတာ ကျပ် ၂၀၀၀ အောက်ကျဆင်းလာ
၄။ ကင်မရွန်းတွင် အသားဖြူအလှကုန်ပစ္စည်းများ ဘေးထွက်အန္တရာယ်ရှိသော်ငြား ဆက်လက်အသုံးပြုနေကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 3 Oct 2022
ဟာရီကိန်း အိုင်ယန်ကြောင့် ဖလော်ရီဒါပြည်နယ်မှာ သေဆုံးသူပေါင်း ၇၇ ဦး အထိရှိပြီလို့ စီအင်န်အင်န်က ပြောပါတယ်။ အင်အားအကြီးမားဆုံးမုန်တိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ဟာရီကိန်းအိုင်ယန်ဟာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်ကို ပြင်းထန်စွာတိုက်ခတ်ခဲ့ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်က မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူတွေကို အစွမ်းကုန်ကူညီဖို့ သူစိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါတယ်။
ဖလော်ရီဒါပြည်နယ် မက်လာချာ ကျွန်းပေါ်မှာ ကြောက်မက်ဘွယ်ဟာရီကိန်းတိုက်ခတ်ပြီးနောက် မြင်တွေ့ရတဲ့ အပျက်အစီးတွေက ကြီးမားလှပါတယ်။ ဆုံးရှုံးမှုတန်ဖိုးဟာ ဒေါ်လာ ၃.၈ ဘီလျံကျော်ခန့်ရှိမယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
အမေရိကန်ကမ်းခြေစောင့်တပ်ကတော့ သူတို့ဟာ ဟာရီကိန်းမုန်တိုင်းအတွင်းနစ်မြုပ်သွားတဲ့ လှေတစ်စီးပေါ်က ပျောက်ဆုံးသွားတဲ့ ရွှေ့ပြောင်းလာသူ ၁၆ ဦးကို ရှာဖွေတဲ့အလုပ်တွေ ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာပါတယ်။
Source: AFP
#Hurricane_Ian
#Florida_Ian
#US_Hurricane
Page 707 of 950